မဿဲ ၄:၁-၂၅

  • မာရ်​နတ်​က ယေရှု​ကို သွေး​ဆောင် (၁-၁၁)

  • ဂါ​လိ​လဲ​ပြည်​မှာ ယေရှု ဟော​ပြော​ခြင်း စတင် (၁၂-၁၇)

  • ဦး​ဆုံး​တ​ပည့်တွေ​ကို ခေါ် (၁၈-၂၂)

  • ယေရှု ဟော​ပြော၊ သွန်သင်၊ ကု​သပေး (၂၃-၂၅)

 အဲဒီ​နောက် စွမ်းအား​တော်​က ယေရှု​ကို တော​ထဲ သွား​ဖို့ လမ်း​ညွှန်​တယ်။ အဲဒီ​မှာ မာရ်​နတ်​က* သူ့​ကို သွေး​ဆောင်​တယ်။+ ၂  ယေရှု​ဟာ ရက်​ပေါင်း ၄၀ အစာ​ရှောင်​ထား​တဲ့​အတွက် ဆာ​လောင်​နေ​တယ်။ ၃  အဲဒီ​အခါ ဖြား​ယောင်း​သွေး​ဆောင်​သူ+ ရောက်​လာ​ပြီး “မင်း ဘုရား​သခင်​ရဲ့ သား မှန်​ရင် ဒီ​ကျောက်​ခဲ​တွေ​ကို မုန့်​ဖြစ်​စေ​လို့ အမိန့်ပေး​လိုက်​လေ” ဆိုပြီး ပြော​တော့၊ ၄  ယေရှု​က “‘လူ​ဟာ အစား​အစာ​နဲ့​ပဲ အသက်​ရှင်​ရ​မှာ မဟုတ်​ဘူး၊ ယေဟောဝါ​ရဲ့* နှုတ်​ထွက်​စကား မှန်​သမျှ​နဲ့ အသက်​ရှင်​ရ​မယ်’ လို့ ကျမ်း​စာ​မှာ ရေး​ထား​တယ်”+ ဆို​ပြီး ပြော​တယ်။ ၅  ဒါ​နဲ့ မာရ်နတ်​က ယေရှု​ကို သန့်​ရှင်း​တဲ့ မြို့​ဆီ ခေါ်​သွား​တယ်။+ ဗိမာန်​တော်​အမိုး​ပေါ်​မှာ ရပ်​ခိုင်း​ပြီး၊+ ၆  “မင်း ဘုရား​သခင်​ရဲ့ သား မှန်​ရင် ဒီ​က​နေ ခုန်​ချ​လိုက်​ပါ​လား။ ‘ဘုရား​က ကောင်း​ကင်​တမန်​တွေ​ကို မိန့်မှာ​ထား​လိမ့်​မယ်၊’ ‘သူတို့ လက်​နဲ့ ပင့်​ထား​မှာ ဖြစ်​လို့ မင်း ကျောက်​တုံး​နဲ့ ထိမိ​ခိုက်မိ​မှာ မဟုတ်​ဘူး’+ လို့ ကျမ်း​စာ​မှာ ရေး​ထား​တာ​ပဲ” ဆို​ပြီး ပြော​တယ်။ ၇  ယေရှု​က “‘ယေဟောဝါ* ဘုရား​ကို အကဲ​မစမ်း​ရ’+ လို့​လည်း ကျမ်း​စာ​မှာ ရေး​ထား​တယ်” ဆို​ပြီး ပြော​တယ်။ ၈  မာရ်နတ်​က ယေရှု​ကို မြင့်မားလှ​တဲ့ တောင်​ပေါ် ခေါ်​သွား​ပြန်​တယ်။ လောကတိုင်းနိုင်ငံ​တွေ​နဲ့ ဘုန်း​စည်း​စိမ်​အားလုံး​ကို ပြပြီး​နောက်၊+ ၉  “ငါ့​ကို တစ်​ကြိမ်​ပဲ ရှိခိုး​ဦး​ချ​မယ်​ဆို​ရင် ဒါ​တွေ​အားလုံး မင်း​ကို ပေး​မယ်” လို့ ပြော​တယ်။ ၁၀  ယေရှု​က “စာတန်၊ ထွက်​သွား​စမ်း။ ‘ယေဟောဝါ* ဘုရား​ကို ကိုးကွယ်​ရ​မယ်။+ ကိုယ်တော် တစ်ပါး​တည်း​ကို​ပဲ ဝတ်​ပြု​ရ​မယ်’ လို့ ကျမ်း​စာ​မှာ ရေး​ထား​တယ်”+ ဆို​ပြီး ပြန်​ပြော​တယ်။ ၁၁  အဲဒီ​အခါ မာရ်နတ် ထွက်​သွား​တယ်။+ ကောင်း​ကင်​တမန်​တွေ ရောက်​လာ​ပြီး ယေရှု​ကို အလုပ်​အကျွေး​ပြု​ကြ​တယ်။+ ၁၂  ယေရှု​က ယောဟန် အဖမ်း​ခံ​ရ​တဲ့+ သတင်း​ကို ကြား​တော့ ဂါ​လိ​လဲ​ပြည်​ကို ထွက်​သွား​တယ်။+ ၁၃  အဲဒီ​နောက် နာ​ဇရက်​မြို့​က​နေ ထွက်​ခွာ​ပြီး ဇာဗုလုန်​နဲ့ နဿလိ​နယ်၊ အိုင်​ကမ်း​နား​က ကပေရ​နောင်​မြို့​မှာ+ သွား​နေ​တယ်။ ၁၄  ဒါ​ကြောင့် ပရောဖက် ဟေရှာယ​က​တစ်ဆင့် ပြော​ခဲ့​တဲ့ ဒီ​စကား​တွေ ပြည့်​စုံ​လာ​တယ်– ၁၅  “ပင်လယ်​ဘက်​ကို သွား​တဲ့ လမ်း​တစ်​လျှောက်၊ ဂျော်​ဒန်​မြစ် အနောက်​ဘက်​ခြမ်း​က ဇာဗုလုန်​နဲ့ နဿလိ​နယ်​သား​တို့၊ ဂါလိလဲ​နယ်​သား လူမျိုး​ခြား​တို့၊ ၁၆  မှောင်​မိုက်​မှာ နေ​ထိုင်​သူ​တွေ တောက်​ပတဲ့ အလင်း​ကို မြင်​ရ​ပြီ။ သေခြင်း​အရိပ်​အောက်​မှာ နေ​ထိုင်​သူ​တွေ​အပေါ် အလင်း+ ထွန်း​လင်း​ပြီ။”+ ၁၇  အဲဒီ​အချိန်​က​စပြီး ယေရှု​က “နောင်တ​ရ​ကြ​ပါ။ ကောင်းကင်​နိုင်ငံ နီး​နေ​ပြီ” လို့ ဟော​ပြော​တယ်။+ ၁၈  ယေရှု​က ဂါလိလဲ​အိုင်​တစ်​လျှောက် သွား​နေ​တုန်း ပေတရုလို့ ခေါ်​တဲ့ ရှိမုန်​နဲ့+ သူ့​ညီ အန္ဒြေကို တွေ့​တယ်။ အဲ​ဒီ​တံ​ငါ​သည်​နှစ်​ယောက် ပိုက်​ကွန်​ချ​နေ​တာ​ကို မြင်​တဲ့​အခါ၊+ ၁၉  “ကျွန်တော့်​နောက်​ကို လိုက်​ခဲ့​ပါ။ ခင်ဗျား​တို့​ကို လူ​ဖမ်း​တဲ့ တံငါ​သည်​တွေ ဖြစ်​စေ​မယ်”+ လို့ ပြော​တယ်။ ၂၀  သူတို့​လည်း ပိုက်​ကွန်​တွေ​ကို ချက်​ချင်း ထား​ရစ်​ပြီး ယေရှု​နောက်​ကို လိုက်​ကြ​တယ်။+ ၂၁  အဲဒီ​က​နေ ဆက်​သွား​တော့ ယာကုပ်​နဲ့ ယောဟန်​ဆို​တဲ့ ညီ​အစ်ကို​နှစ်​ယောက်​ကို တွေ့​တယ်။+ သူတို့​က ဖခင်​ဇေဗေဒဲ​နဲ့​အတူ လှေ​ထဲ​မှာ ပိုက်​ကွန် ဖာ​နေ​တယ်။ ယေရှု ခေါ်​လိုက်​တဲ့​အခါ၊+ ၂၂  သူတို့​လည်း ချက်ချင်း​ပဲ ဖခင်​နဲ့ လှေ​ကို ထား​ရစ်​ပြီး လိုက်​ကြ​တယ်။ ၂၃  အဲဒီ​နောက် ယေရှု​က ဂါ​လိ​လဲ​နယ်​တစ်​လျှောက်​လုံး လှည့်​လည်​ပြီး+ တ​ရား​ဇရပ်တွေ​မှာ+ သွန်သင်​ပေး​တယ်။ နိုင်ငံ​တော်​သတင်း​ကောင်း​ကို ဟော​ပြော​ပြီး လူ​တွေရဲ့ ရောဂါ​ဝေဒနာ အမျိုး​မျိုး​ကို ကု​သပေး​တယ်။+ ၂၄  အဲဒီ​သတင်း​ဟာ ဆီး​ရီး​ယား​တစ်​ပြည်​လုံး​ကို ပျံ့​နှံ့​သွား​တယ်။ နတ်​ဆိုး​ပူး​သူ၊+ ဝက်ရူး​ပြန်​သူ၊+ လေ​ဖြတ်​သူ​တွေ​က​အစ ရောဂါ​ဝေဒနာ အမျိုးမျိုး စွဲ​ကပ်​နေ​သူ​တွေ​ကို+ ခေါ်​လာ​ကြ​တဲ့​အတွက် ယေရှု ကုသ​ပေး​တယ်။ ၂၅  ဒါ​ကြောင့် ဂါ​လိ​လဲ​နယ်၊ ဒေ​ကာ​ပေါ​လိ​နယ်၊ ယုဒ​နယ်၊ ဂျေရု​ဆ​လင်​မြို့​နဲ့ ဂျော်​ဒန်​မြစ် အနောက်​ဘက်​ကမ်း​က လူ​တွေ အုပ်​လိုက်​ကြီး ယေရှု​နောက်​ကို လိုက်​ကြ​တယ်။

အောက်ခြေမှတ်ချက်များ

ခက်​ဆစ်​ကို​ကြည့်။