မဿဲ ၁၉:၁-၃၀

  • အိမ်​ထောင်​ပြု​ခြင်း​နဲ့ ကွာ​ရှင်း​ခြင်း (၁-၉)

  • တစ်​ကိုယ်​ရေ​ဘဝ​ရဲ့ ဆု​ကျေး​ဇူး (၁၀-၁၂)

  • က​လေး​တွေ​ကို ယေရှု​ကောင်း​ချီး​ပေး (၁၃-၁၅)

  • ချမ်း​သာ​တဲ့​လူငယ် မေး​ခွန်း​ထုတ် (၁၆-၂၄)

  • နိုင်​ငံ​တော်​အတွက် ကိုယ်​ကျိုး​စွန့်​ခြင်း (၂၅-၃၀)

၁၉  ​အဲဒီ​လို ပြော​ပြီး​တဲ့​နောက် ယေရှု​က ဂါ​လိ​လဲ​နယ်​က​နေ ထွက်​သွား​တယ်။ ဂျော်​ဒန်​မြစ်​ကို ဖြတ်​ပြီး ယုဒ​နယ်​စပ်​ကို ရောက်​လာ​တယ်။+ ၂  အဲဒီ​မှာ လိုက်​ပါ​လာ​တဲ့ လူ​အုပ်​ကြီး​ထဲ​က လူ​နာ​တွေ​ကို ကု​သပေး​တယ်။ ၃  ဖာ​ရိ​ရှဲ​တွေ​က ယေရှု​ကို အကဲ​စမ်း​ချင်​တဲ့​အတွက် “ယောက်ျား​တစ်​ယောက်​ဟာ ဇနီး​ကို ဘာ​အကြောင်း​နဲ့​ပဲ​ဖြစ်​ဖြစ် ကွာ​ရှင်း​ခွင့် ရှိ​သလား”+ ဆို​ပြီး မေး​တယ်။ ၄  ယေရှု​က “အစ​အဦး​မှာ ဖန်​ဆင်း​ရှင်​က ယောက်ျား​နဲ့ မိန်း​မကို ဖန်​ဆင်း​ခဲ့​တဲ့​အကြောင်း မဖတ်​ဖူး​ဘူး​လား။+ ၅  ‘ဒါ​ကြောင့် ယောက်ျား​က မိ​ဘ​ကို ထား​ခဲ့​ပြီး ဇနီး​နဲ့ မခွဲ​အတူ နေ​လိမ့်​မယ်။ သူတို့​နှစ်​ယောက်​ဟာ တစ်​သား​တစ်​ကိုယ်​တည်း ဖြစ်​လိမ့်​မယ်’+ လို့ ပြော​ခဲ့​တာ​ကို​လည်း မဖတ်​ဖူး​ဘူး​လား။ ၆  သူတို့​ဟာ နှစ်​ယောက် မဟုတ်​တော့​ဘဲ တစ်​သား​တစ်​ကိုယ်​တည်း ဖြစ်​သွား​ပြီ။ ဒါ​ကြောင့် ဘုရား​သခင် တွဲ​ဖက်​ထား​သူ​တွေ​ကို ဘယ်​သူ​မှ မခွဲ​ကြ​နဲ့”+ လို့ ဖြေတယ်။ ၇  “ဒါ​ဆို ကိုယ့်​ဇနီး​ကို ကွာ​ရှင်း​မယ်​ဆို​ရင် ကွာ​ရှင်း​စာ​ချုပ် ပေး​ဖို့ မော​ရှေ ဘာ​လို့ ခွင့်​ပြု​ခဲ့​တာ​လဲ”+ ဆို​ပြီး သူတို့ မေး​တော့၊ ၈  ယေရှု​က “ခင်​ဗျား​တို့ ခေါင်း​မာ​လို့ မော​ရှေ​က ကွာ​ရှင်း​ခွင့်​ပြု​ခဲ့​တာ။+ အစ​တုန်း​က အဲဒီ​လို မဟုတ်​ဘူး။+ ၉  ကျွန်​တော် ပြော​မယ်။ ကိုယ့်​ဇနီး​ကို လိင်​အကျင့်​ယို​ယွင်း​မှု* ကြောင့် မဟုတ်​ဘဲ တ​ခြား​အကြောင်း​ကြောင့် ကွာ​ရှင်း​ပြီး တ​ခြား​သူ​နဲ့ လက်​ထပ်​တဲ့​သူ​ဟာ အိမ်​ထောင်​ရေး ဖောက်​ပြန်​သူ​ပဲ”+ လို့ ပြော​တယ်။ ၁၀  တ​ပည့်တွေ​က “ဒီ​အတိုင်း​သာ​ဆို​ရင် အိမ်​ထောင်​မပြု​ဘဲ နေ​တာ​က​မှ ပို​ကောင်း​ဦး​မယ်” လို့ ပြော​တဲ့​အခါ၊ ၁၁  ယေရှု​က “ဒါ​ကို လူ​တိုင်း​ လက်မ​ခံ​ကြ​ဘူး။ ဆု​ကျေး​ဇူး ရ​ထား​သူ​တွေ​ပဲ လက်ခံ​ကြ​တယ်။+ ၁၂  တ​ချို့​က မွေး​ရာ​ပါ ချို့​ယွင်း​ချက်​ကြောင့် အိမ်​ထောင်​မပြု​ကြ​ဘူး။ တ​ချို့​က သင်း​ကွပ်​ခံ​ရလို့ အိမ်​ထောင်​မပြု​ကြ​ဘူး။ တ​ချို့​ကျ​တော့ ကောင်း​ကင်​နိုင်​ငံ​အတွက် ပို​ပြီး လုပ်​ဆောင်​ချင်​လို့ အိမ်​ထောင်​မပြု​ကြ​ဘူး။* အိမ်​ထောင်​မပြု​ဘဲ နေ​ချင်​တယ်​ဆို​ရင် နေ​နိုင်​ပါ​တယ်”+ လို့ ပြော​တယ်။ ၁၃  လူ​တွေ​က သူတို့​ရဲ့ ကလေး​တွေ​ပေါ် လက်​တင်​ပြီး ဆု​တောင်း​ပေး​စေ​ချင်​လို့ က​လေး​တွေ​ကို ယေရှု​ဆီ ခေါ်​လာ​တဲ့​အခါ တ​ပည့်တွေ တား​ကြ​တယ်။+ ၁၄  ဒါ​ပေမဲ့ ယေရှု​က “နေ​ပါ​စေ။​ ကလေး​တွေ လာ​တာ​ကို မတား​ကြ​နဲ့။ ကောင်း​ကင်​နိုင်​ငံ​ဟာ ဒီ​က​လေး​ငယ်​လို လူ​တွေရဲ့ နိုင်​ငံ​ပဲ”+ လို့ ပြော​ပြီး၊ ၁၅  က​လေး​တွေ​အပေါ်​မှာ လက်​တင်​တယ်။ ပြီး​တော့ အဲဒီ​က​နေ ထွက်​သွား​တယ်။ ၁၆  လူ​တစ်​ယောက်​က ယေရှု​ဆီ လာ​ပြီး “ဆ​ရာ၊ ထာ​ဝ​ရ​အသက် ရ​ဖို့ ကျွန်​တော် ဘာ​ကောင်း​မှု လုပ်​ရ​မလဲ” လို့ မေး​တဲ့​အခါ၊+ ၁၇  ယေရှု​က “ကောင်း​မှု​အကြောင်း ကျွန်​တော့်​ကို ဘာ​လို့ မေး​တာ​လဲ။ ဘု​ရား​သခင် တစ်ပါး​တည်း​သာ ကောင်းမြတ်​တယ်။+ အသက် ရ​ချင်​ရင် ပညတ်​တွေ​ကို အမြဲ လိုက်​နာ​ပါ”+ လို့ ဖြေတယ်။ ၁၈  အဲဒီ​လူ​က “ဘယ်​ပညတ်​တွေ​လဲ” လို့ မေး​တော့ ယေရှု​က “လူ့​အသက် မသတ်​နဲ့။+ အိမ်​ထောင်​ရေး မဖောက်​ပြန်​နဲ့။+ မခိုး​နဲ့။+ မဟုတ်​မမှန် သက်​သေမထွက်​ဆို​နဲ့။+ ၁၉  မိ​ဘ​ကို ရို​သေပါ။+ လူ​လူ​ချင်း​ကို ကိုယ်​နဲ့​ထပ်တူ ချစ်​ပါ”+ ဆို​တာ​တွေ​ပေါ့​လို့ ဖြေတယ်။ ၂၀  “အဲ​ဒါ​တွေ​အားလုံး​ကို ကျွန်​တော် လိုက်​နာ​နေ​ပါ​တယ်။ နောက်​ထပ် ဘာ​လို​သေး​လဲ” လို့ အဲဒီ​လူငယ် မေး​တဲ့​အခါ၊ ၂၁  ယေရှု​က “ပြည့်​ဝ​စုံလင်​သူ ဖြစ်​ချင်​ရင် ခင်​ဗျားရဲ့ ပစ္စည်းတွေ​ကို ရောင်း​ပြီး ဆင်း​ရဲ​သား​တွေ​ကို ပေး​ကမ်း​ပါ။ ကောင်း​ကင်​ဘဏ္ဍာ​ကို+ ရ​လိမ့်​မယ်။ ပြီး​မှ ကျွန်​တော့်​နောက်​လိုက် လုပ်​ပါ”+ လို့ ပြော​တယ်။ ၂၂  ဒီ​စကား​ကို ကြား​တဲ့​အခါ အလွန် ချမ်း​သာ​တဲ့ အဲဒီ​လူငယ်​ဟာ ဝမ်း​နည်း​ပြီး ထွက်​သွား​တယ်။+ ၂၃  ယေရှု​က “ကျွန်​တော် မှန်​တာ​ကို ပြော​မယ်။ ချမ်း​သာ​တဲ့​သူ​တွေ ကောင်း​ကင်​နိုင်​ငံ​ဝင်​ဖို့ သိပ်​ခက်​တယ်။+ ၂၄  ကျွန်​တော် ပြော​ဦး​မယ်။ ဘု​ရား​သခင့်​နိုင်​ငံ​တော်​ကို ချမ်း​သာ​တဲ့​သူ ဝင်​တာ​ထက် အပ်​ပေါက်​ထဲ ကု​လား​အုတ် လျှို​ဝင်​တာ​က​မှ လွယ်​ဦး​မယ်” လို့ ပြော​တယ်။+ ၂၅  ဒါ​ကို တ​ပည့်တွေ ကြား​တဲ့​အခါ တ​အံ့​တ​သြ ဖြစ်​ပြီး “ဒါ​ဆို​ရင် ကယ်​တင်​ခံ​ရ​မယ့်​သူ ရှိ​နိုင်​ပါ​ဦး​မလား”+ လို့ မေး​တယ်။ ၂၆  ယေရှု​က သူတို့​ကို စူး​စိုက်​ကြည့်​ပြီး “လူ​တွေ​အတွက်​တော့ ဒါ​ဟာ မဖြစ်​နိုင်​တဲ့​အရာ​ပဲ။ ဘု​ရား​သခင်​အတွက်​တော့ အရာ​အားလုံး ဖြစ်​နိုင်​တယ်”+ လို့ ဖြေလိုက်​တယ်။ ၂၇  အဲဒီ​နောက် ပေတရု​က “ကျွန်​တော်​တို့ ရှိ​သမျှ​ကို စွန့်​ပြီး သခင့်​နောက်​ကို လိုက်​လာ​ပါ​ပြီ။ ကျွန်​တော်​တို့ ဘာ​များ ရ​မှာ​လဲ”+ လို့ မေး​တယ်။ ၂၈  ယေရှု​က “ကျွန်​တော် မှန်​တာ​ကို ပြော​မယ်။ ဘု​ရား​သခင်​က အရာ​အား​လုံး အသစ် ဖြစ်​အောင် လုပ်​တဲ့​အချိန်​မှာ လူ​သား​ဟာ ဘုန်း​ကြီး​တဲ့ ရာ​ဇ​ပလ္လင်​ပေါ် ထိုင်​လိမ့်​မယ်။ အဲဒီ​အခါ ကျွန်​တော့်​နောက် လိုက်​တဲ့ ခင်​ဗျား​တို့​ဟာ ပလ္လင် ၁၂ ခု​ပေါ် ထိုင်​ပြီး အစ္စရေး ၁၂ နွယ်​ကို တ​ရား​စီ​ရင်ရ​လိမ့်​မယ်။+ ၂၉  ကျွန်​တော့်​နာ​မည်​ကြောင့် မိ​ဘ၊ ညီ​အစ်​ကို​မောင်​နှ​မ၊ သား​သမီး၊ အိမ်၊ မြေယာ တစ်​ခု​ခု​ကို စွန့်​လွှတ်​လိုက်​ရ​သူ​တိုင်း အဆ ၁၀၀ ပြန်​ရ​မယ့်​အပြင် ထာ​ဝ​ရ​အသက်​ကို​ပါ ရ​လိမ့်​မယ်။+ ၃၀  “ရှေ့​ဆုံး​က လူ​အတော်​များ​များ နောက်​ဆုံး​ကို ရောက်​လိမ့်​မယ်။ နောက်​ဆုံး​က​လူ​တွေ ရှေ့​ဆုံး​ကို ရောက်​လိမ့်​မယ်။+

အောက်ခြေမှတ်ချက်များ

ခက်​ဆစ်​ကို​ကြည့်။
မူ​ရင်း၊ “မိန်း​မစိုး​အဖြစ် ခံ​ယူ​ကြ​တယ်။”