မဿဲ ၁၀:၁-၄၂

  • တမန်​တော် ၁၂ ယောက် (၁-၄)

  • အမှု​ဆောင်​လုပ်ငန်း​အတွက် ညွှန်​ကြား​ချက်​တွေ (၅-၁၅)

  • တ​ပည့်တွေ ညှဉ်း​ဆဲ​ခံ​ရ​မယ် (၁၆-၂၅)

  • ဘု​ရား​သခင်​ကို ကြောက်​ပါ၊ လူ​ကို မကြောက်​ပါ​နဲ့ (၂၆-၃၁)

  • ငြိမ်သက်​ခြင်း​ကို မဟုတ်​ဘဲ ဓား​ကို ယူ​ဆောင်​လာ (၃၂-၃၉)

  • ယေရှု​ရဲ့​တ​ပည့်တွေ​ကို ကြို​ဆို​လက်ခံ​ခြင်း (၄၀-၄၂)

၁၀  ယေရှု​က တပည့် ၁၂ ယောက်​ကို ခေါ်​ပြီး နတ်ဆိုး​တွေ​ကို နှင်​ထုတ်​နိုင်​တဲ့ တန်ခိုး၊+ ရောဂါ​ဝေဒနာ အမျိုး​မျိုး ကုသနိုင်​တဲ့​တန်ခိုး​ကို ပေး​အပ်​တယ်။ ၂  တမန်​တော် ၁၂ ယောက်​ရဲ့ နာ​မည်​က​တော့–+ ပေတရုလို့ ခေါ်​တဲ့ ရှိ​မုန်​နဲ့+ သူ့​ညီ အန္ဒြေ၊+ ဇေဗေဒဲရဲ့ သား ယာကုပ်​နဲ့ သူ့ညီ ယောဟန်၊+ ၃  ဖိလိပ္ပု၊ ဗာသော​လ​မဲ၊+ သော​မ၊+​ အခွန်​ခံ မဿဲ၊+ အာလ​ဖဲ​ရဲ့ သား ယာကုပ်၊ သဒ္ဒဲ၊ ၄  စိတ်​ထက်​သန်​သူ ရှိ​မုန်၊ ယေရှု​ကို နောက်​ပိုင်း​မှာ သစ္စာ​ဖောက်​သွား​တဲ့ ယုဒ​ရှ​ကာ​ရုတ်+ တို့ ဖြစ်​တယ်။ ၅  ယေရှု​က တမန်​တော် ၁၂ ယောက်​ကို စေ​လွှတ်​ပြီး အခု​လို​မှာ​တယ်–+​ “လူမျိုး​ခြား​တွေ​ဆီ မသွား​ကြ​နဲ့။ ရှ​မာ​ရိ​မြို့​တွေ​ထဲ မဝင်​ကြ​နဲ့။+ ၆  အစ္စရေး​အမျိုး​ထဲ​က ပျောက်​နေ​တဲ့ သိုး​တွေ​ဆီ​ကိုပဲ သွား​ကြ​ပါ။+ ၇  သွား​တဲ့​အခါ ‘ကောင်းကင်​နိုင်ငံ နီး​နေ​ပြီ’ ဆို​ပြီး ဟော​ပြော​ကြ​ပါ။+ ၈  ဖျား​နာ​သူ​တွေ​ကို ကျန်း​မာ​အောင် လုပ်​ပေး​ပါ။+ လူ​သေတွေ​ကို အသက်​ပြန်​ရှင်​လာ​အောင် လုပ်​ပေး​ပါ။ အနာ​ကြီး​ရောဂါသည်​တွေ​ကို ကုသ​ပေး​ပါ။ နတ်​ဆိုး​တွေ​ကို နှင်​ထုတ်​ပါ။ အခ​မဲ့ ရ​ထား​တဲ့​အတွက် အခ​မဲ့ ပေး​ကမ်း​ကြ​ပါ။ ၉  ခါး​ပိုက်​ဆောင်​အိတ်​ထဲ ရွှေ​ငွေ​တွေ၊ ကြေး​တွေ မဆောင်​ထား​ကြ​နဲ့။+ ၁၀  လမ်း​ခ​ရီး​အတွက် ရိက္ခာ​အိတ် မဆောင်​ထား​ကြ​နဲ့။ အလုပ်​လုပ်​တဲ့​သူ​ဟာ ကျွေး​မွေး​တာ ခံ​ထိုက်​တယ်။+ အင်္ကျီ၊ ဖိနပ်၊ တောင်​ဝှေး​တွေ​ကို အပို​မဆောင်​ထား​ကြ​နဲ့။+ ၁၁  “မြို့​တစ်​မြို့၊ ရွာ​တစ်​ရွာ​ထဲ ဝင်​တဲ့​အခါ ထိုက်​တန်​သူ​ကို ရှာ​ပြီး အဲဒီ​မြို့​ရွာ​က​နေ မထွက်​မချင်း သူ့​အိမ်​မှာ​ပဲ တည်း​ခို​ပါ။+ ၁၂  အိမ်​ထဲ​ဝင်​တဲ့​အခါ အိမ်​သား​တွေ​ကို ‘ငြိမ်သက်​ခြင်း ရှိ​ပါ​စေ’ ဆို​ပြီး နှုတ်​ဆက်​ပါ။ ၁၃  သူတို့ လက်ခံ​ရင် အဲဒီ​အိမ်​မှာ ငြိမ်သက်​ခြင်း သက်​ရောက်​လိမ့်​မယ်။+ လက်မခံ​ရင်​တော့ ငြိမ်သက်​ခြင်း​ဟာ ခင်​ဗျား​တို့​ဆီ​ပဲ ပြန်​သက်​ရောက်​လိမ့်​မယ်။ ၁၄  ခင်​ဗျား​တို့​ကို လက်မခံ​ဘူး၊ ခင်​ဗျား​တို့​စကား​ကို နား​မထောင်​ဘူး​ဆို​ရင် အဲဒီ​အိမ်၊ အဲဒီ​မြို့​က​နေ ထွက်​ခွာ​တဲ့​အခါ ခြေ​ထောက်​က ဖုန်​တွေ​ကို ခါ​လိုက်​ပါ။+ ၁၅  ကျွန်​တော် မှန်​တာ​ကို ပြော​မယ်။ တရား​စီရင်ရာ​နေ့​မှာ အဲဒီ​မြို့​ဟာ သော​ဒုံ​မြို့​နဲ့ ဂေါ​မော​ရ​မြို့​ထက်+ ပို​ခံ​ရ​လိမ့်​မယ်။ ၁၆  “ဝံပုလွေ​အုပ်​ထဲ သိုး​တွေ လွှတ်​လိုက်​သလို ခင်​ဗျား​တို့​ကို လွှတ်​လိုက်​ပြီ။ ဒါ​ကြောင့် မြွေလို သတိ​ကြီး​ပြီး ချိုး​ငှက်​လို အပြစ်​ကင်း​ကြ​ပါ။+ ၁၇  လူ​တွေ​ကို သတိ​ထား​ပါ။ ခင်ဗျား​တို့​ကို တရား​ရုံး​ပို့​ပြီး+ တရား​ဇရပ်တွေ​မှာ+ ရိုက်​နှက်​ကြ​လိမ့်​မယ်။+ ၁၈  ကျွန်​တော့်​ကြောင့် ခင်ဗျား​တို့​ကို ဘုရင်​ခံ​တွေ၊ ဘု​ရင်တွေ​ရှေ့ ပို့​ဆောင်​ကြ​လိမ့်​မယ်။+ ဒီ​နည်း​နဲ့ သူတို့​ကို​ရော လူမျိုး​ခြား​တွေ​ကို​ပါ သက်သေခံ​ခွင့်​ရ​လိမ့်​မယ်။+ ၁၉  ခင်ဗျား​တို့​ကို အပ်​နှံ​တဲ့​အခါ ဘယ်​လို ပြော​ရ​မလဲ၊ ဘာ​ပြော​ရ​မလဲ ဆို​ပြီး တွေး​ပူ​မနေ​ပါ​နဲ့။ ပြော​ရ​မယ့် စကား​ကို အဲဒီ​အချိန်​ကျ​ရင် သိ​လာ​လိမ့်​မယ်။+ ၂၀  ခင်​ဗျား​တို့​ပဲ ပြော​ရ​မှာ မဟုတ်​ဘူး၊ ကောင်း​ကင်​အဖဆီ​က လာ​တဲ့ စွမ်းအား​တော်​က ကူ​ပြော​ပေး​လိမ့်​မယ်။+ ၂၁  ဒါ့​အပြင် ညီ​အစ်​ကို​တွေ အသတ်​ခံ​ရ​အောင် အချင်း​ချင်း အပ်​နှံ​လိမ့်​မယ်။ ဖခင်​က သား​သမီး​ကို အပ်​လိမ့်​မယ်။ သား​သမီး​က​လည်း မိဘ​ကို ဆန့်​ကျင်​ပြီး အသတ်​ခံ​ရ​အောင် လုပ်​ကြ​လိမ့်​မယ်။+ ၂၂  ကျွန်​တော့်​နာ​မည်​ကြောင့် ခင်​ဗျား​တို့​ကို လူ​တွေ မုန်း​ကြ​လိမ့်​မယ်။+ ဒါ​ပေမဲ့ အဆုံး​ထိ ခံ​နိုင်​ရည် ရှိ​တဲ့​သူ​ဟာ ကယ်​တင်​ခံ​ရ​လိမ့်​မယ်။+ ၂၃  ခင်​ဗျား​တို့​ကို ဒီ​မြို့​မှာ ညှဉ်း​ဆဲ​ရင် နောက်​တစ်​မြို့​ကို ထွက်​ပြေး​ပါ။+ ကျွန်​တော် မှန်​တာ​ကို ပြော​မယ်။ အစ္စရေး​မြို့​ရွာ​တွေ​ကို လှည့်​လည်​ဟော​ပြော​လို့ မပြီး​ခင် လူ​သား ရောက်​လာ​လိမ့်​မယ်။ ၂၄  “တ​ပည့်​ဟာ ဆ​ရာ​ထက် မသာ​နိုင်​ဘူး။ ကျွန်​က​လည်း သခင်​ထက် မသာ​နိုင်​ဘူး။+ ၂၅  တ​ပည့်​ဟာ ဆ​ရာ​လို၊ ကျွန်​ဟာ သခင်​လို ဖြစ်​လာရင်​ပဲ+ ကျေ​နပ်​သင့်​ပြီ။ လူ​တွေ​က အိမ်​ထောင်​ဦး​စီး​ကို​တောင် ဗေ​လ​ဇေ​ဗု​လ*+ လို့ ခေါ်​ရင် အိမ်​သူ​အိမ်​သား​တွေ​ကို​ဆို​ရင်​တော့ ပို​ဆိုး​မှာ​ပေါ့။ ၂၆  ဒါ​ကြောင့် သူတို့​ကို မကြောက်​ပါ​နဲ့။ ဖုံး​ကွယ်​ထား​သမျှ ပေါ်​လာရ​လိမ့်​မယ်။ လျှို့ဝှက်​ချက်​မှန်​သမျှ သိ​လာရ​လိမ့်​မယ်။+ ၂၇  အမှောင်​ထဲ​မှာ ကျွန်​တော် ပြော​တဲ့ စကား​တွေ​ကို အလင်း​မှာ ပြော​ကြ​ပါ။ ကျွန်​တော် တိုး​တိုး​လေး ပြော​တဲ့ စကား​တွေ​ကို အိမ်​မိုး​ပေါ်​က​နေ ကြေ​ညာ​ကြ​ပါ။+ ၂၈  ကိုယ်​ခန္ဓာ​ကို သတ်​နိုင်​ပေမဲ့ အသက်​ကို* မဖျက်​ဆီး​နိုင်​တဲ့ လူ​တွေ​ကို မကြောက်​ပါ​နဲ့။+ ကိုယ်​ခန္ဓာ​ရော​ အသက်​ကို​ပါ ဂေဟင်နာ* အရပ်​မှာ ဖျက်​ဆီး​နိုင်​တဲ့​အရှင်​ကို​ပဲ ကြောက်​ကြ​ပါ။+ ၂၉  စာ​ငှက်​နှစ်​ကောင်​ကို ငွေ​တစ်​ပြား​နဲ့* ဝယ်​လို့ ရ​တယ် မဟုတ်​လား။ အဖဘု​ရား မသိ​ဘဲ​နဲ့ အဲဒီ​စာ​ငှက်​တစ်​ကောင်​မှ မြေပေါ် မကျ​ဘူး။+ ၃၀  ခင်ဗျား​တို့​ရဲ့ ဆံပင်​တွေ​ကို​တောင် အကုန် ရေ​တွက်​ထား​တယ်။ ၃၁  ဒါ​ကြောင့် မ​ကြောက်​ပါ​နဲ့။ ခင်​ဗျား​တို့​ဟာ စာ​ငှက်​လေး​တွေ​ထက် ပို​တန်​ဖိုး​ရှိ​ပါ​တယ်။+ ၃၂  “လူ​တွေ​ရှေ့​မှာ ကျွန်​တော့်​ကို အသိ​အမှတ်​ပြု​သူ​တိုင်း​ကို+ ကောင်း​ကင်​အဖရှေ့​မှာ ကျွန်တော် အသိ​အမှတ်​ပြု​မယ်။+ ၃၃  လူ​တွေ​ရှေ့​မှာ ကျွန်​တော့်​ကို ငြင်း​ပယ်​သူ​ကို​တော့ ကောင်း​ကင်​အဖရှေ့​မှာ ငြင်း​ပယ်​မယ်။+ ၃၄  ကမ္ဘာ​မြေပေါ် ငြိမ်သက်​ခြင်း​ကို ကျွန်​တော် ယူ​ဆောင်​လာ​တယ်​လို့ မထင်​ကြ​နဲ့။ ငြိမ်သက်​ခြင်း​အစား ဓား​ကို ယူ​ဆောင်​လာ​တယ်။+ ၃၅  အဖေနဲ့ သား၊ အမေနဲ့ သမီး၊ ယောက္ခ​မနဲ့ ချွေး​မ စိတ်​ဝမ်း​ကွဲ​ပြား​စေ​ဖို့ ကျွန်​တော် ရောက်​လာ​တာ။+ ၃၆  ကိုယ့်​အိမ်​သူ​အိမ်​သား​တွေ​ဟာ ကိုယ့်​ရန်​သူ ဖြစ်​လိမ့်​မယ်။ ၃၇  ကျွန်​တော့်​ထက် မိ​ဘ​ကို ပို​ချစ်​တဲ့​သူ​ဟာ ကျွန်​တော့်​တ​ပည့် မဖြစ်​ထိုက်​ဘူး။ ကျွန်​တော့်​ထက် သား​သမီး​ကို ပို​ချစ်​တဲ့​သူ​က​လည်း ကျွန်​တော့်​တ​ပည့် မဖြစ်​ထိုက်​ဘူး။+ ၃၈  ဒုက္ခ​သစ်​တိုင်​ကို* ထမ်း​ပြီး ကျွန်​တော့်​နောက်​ကို မလိုက်​တဲ့​သူ​ဟာ ကျွန်​တော့်​တ​ပည့် မဖြစ်​ထိုက်​ဘူး။+ ၃၉  ကိုယ့်​အသက်​ကို* ကယ်​ဖို့ ကြိုး​စား​သူ​ဟာ အသက်​ဆုံး​ရ​လိမ့်​မယ်။ ကျွန်​တော့်​ကြောင့် အသက်​ဆုံး​တဲ့​သူ​က​တော့ အသက်​ပြန်​ရှင်​ရ​လိမ့်​မယ်။+ ၄၀  “ခင်​ဗျား​တို့​ကို ကြို​ဆို​လက်ခံ​သူ​ဟာ ကျွန်​တော့်​ကို လက်ခံ​တဲ့​သူ​ပဲ။ ကျွန်​တော့်​ကို လက်ခံ​သူ​ဟာ ကျွန်​တော့်​ကို စေ​လွှတ်​တဲ့​အရှင်​ကို လက်ခံ​တဲ့​သူ​ပဲ။+ ၄၁  လူ​တစ်​ယောက်​ကို ပရော​ဖက်​ပဲ ဆို​ပြီး ကြို​ဆို​လက်ခံ​တဲ့​သူ​ဟာ ပရော​ဖက် ရ​မယ့် အကျိုး​ကျေး​ဇူး​ကို ခံစား​ရ​လိမ့်​မယ်။+ လူ​တစ်​ယောက်​ကို ဖြောင့်​မတ်​သူ​ပဲ ဆို​ပြီး ကြို​ဆို​လက်ခံ​တဲ့​သူ​ဟာ ဖြောင့်​မတ်​သူ ရ​မယ့် အကျိုး​ကျေး​ဇူး​ကို ခံစား​ရ​လိမ့်​မယ်။ ၄၂  က​လေး​ငယ်​နဲ့​တူ​တဲ့ ဟော​ဒီ​လူ​တွေ​ကို ကျွန်​တော့်​တ​ပည့်​ပဲ ဆို​ပြီး ရေ​အေး​တစ်​ခွက် တိုက်​တယ် ဆို​ပါ​စို့။ ကျွန်​တော် မှန်​တာ​ကို ပြော​မယ်။ သူ အကျိုး​ကျေး​ဇူး မခံစား​ရ​ဘဲ မနေ​ဘူး။”+

အောက်ခြေမှတ်ချက်များ

နတ်​ဆိုး​မင်း စာ​တန်​ကို ရည်​ညွှန်း​တဲ့ နာ​မည်။
ခက်​ဆစ်​ကို​ကြည့်။
ခက်​ဆစ်​ကို​ကြည့်။
မူ​ရင်း၊ “အဿရိ​တစ်​ပြား။” နောက်​ဆက်​တွဲ ခ၁၄ ကို​ကြည့်။
ခက်​ဆစ်​ကို​ကြည့်။
ခက်​ဆစ်​ကို​ကြည့်။