တမန်တော် ၇:၁-၆၀

  • ဂျူး​တ​ရား​ရုံး​ချုပ်​မှာ သတေ​ဖန် ဟော​ပြော (၁-၅၃)

    • ဘိုး​ဘေး​တို့​ခေတ်​ကာလ (၂-၁၆)

    • မော​ရှေ​ရဲ့ဦး​ဆောင်​မှု။ အစ္စရေးတွေ ရုပ်​တု​ကိုးကွယ် (၁၇-၄၃)

    • လူ​ဆောက်​တဲ့​ဗိမာန်​တွေ​မှာ ဘု​ရား​သခင် မစံမြန်း (၄၄-၅၀)

  • သတေ​ဖန်​ကို ကျောက်​ခဲ​နဲ့​ပေါက်​သတ် (၅၄-၆၀)

 အဲဒီ​အခါ ပု​ရော​ဟိတ်​မင်း​က “သူတို့​ပြော​တာ အမှန်​ပဲ​လား” လို့​မေး​တော့၊ ၂  သတေ​ဖန်​က “ညီ​အစ်​ကို​တို့၊ လူ​ကြီး​မိ​ဘ​တို့၊ နား​ထောင်​ကြ​ပါ။ ကျွန်​တော်​တို့​ရဲ့​ဘိုး​ဘေး အာဗြဟံ​က ခါ​ရန်​မြို့​မှာ+ မနေ​ခင် မက်​ဆို​ပို​တေး​မီး​ယား​ပြည်​မှာ ရှိ​နေ​တုန်း ဘုန်း​တန်ခိုး​ကြီး​တဲ့ ဘု​ရား​သခင်​က သူ့​ဆီ ရောက်​လာ​ပြီး၊ ၃  ‘နေ​ရင်း​ပြည်​နဲ့ ဆွေ​မျိုး​သား​ချင်း​တွေ​ကို ထား​ခဲ့​ပြီး ငါ​ပြမယ့်​ပြည်​ကို သွား​ပါ’+ လို့ ပြော​တယ်။ ၄  အာဗြဟံ​လည်း ခါလဒဲ​ပြည်​က​နေ ထွက်​ပြီး ခါ​ရန်​မြို့​မှာ နေ​ထိုင်​တယ်။ သူ့​ဖခင် သေဆုံး​ပြီး​နောက်+ ဘု​ရား​သခင်​က ခင်​ဗျား​တို့ အခု​နေ​ထိုင်​တဲ့ ဒီ​ပြည်​မှာ သူ့​ကို ပြောင်း​ရွှေ့​နေ​ထိုင်​စေ​ခဲ့​တယ်။+ ၅  အဲဒီ​အချိန်​မှာ ခြေ​ချ​လောက်​တဲ့ မြေနေ​ရာ​ကို​တောင် သူ့​အတွက် အမွေ​မပေး​သေး​ဘူး။ ဒါ​ပေမဲ့ သူ​နဲ့ သူ့​မျိုး​နွယ်​ကို အဲဒီ​ပြည် အပိုင်​ပေး​မယ်​ဆို​ပြီး ဘု​ရား​သခင် ကတိ​ပေး​ခဲ့​တယ်။+ အဲဒီ​တုန်း​က သူ သား​သမီး​တောင် မရ​သေး​ဘူး။ ၆  ဒါ့​အပြင် သူ့​မျိုး​နွယ်​ဟာ တ​ခြား​တိုင်း​ပြည်​မှာ တိုင်း​တစ်ပါး​သား​အဖြစ် နေ​ရ​လိမ့်​မယ်၊ အဲဒီ​မှာ နှစ်​ပေါင်း ၄၀၀ ကျွန်​ခံ​ပြီး ညှဉ်း​ဆဲ​ခံ​ရ​လိမ့်​မယ်​လို့+ ဘု​ရား​သခင် ပြော​ခဲ့​တယ်။ ၇  ‘သူတို့​ကို ကျွန်​အဖြစ် ခိုင်း​စေ​တဲ့ လူမျိုး​ကို ငါ​တ​ရား​စီ​ရင်​မယ်။+ ပြီး​တဲ့​နောက် သူတို့​ဟာ အဲဒီ​ပြည်​က​နေ​ထွက်​ပြီး ဒီ​နေ​ရာ​မှာ ငါ့​ကို ဝတ်​ပြု​ကြ​လိမ့်​မယ်’+ လို့​လည်း ပြော​ခဲ့​တယ်။ ၈  “ဘု​ရား​သခင်​က အရေ​ဖျား​ဖြတ်​ခြင်း​နဲ့​ဆိုင်​တဲ့ ပဋိ​ညာဉ်​ကို​လည်း အာဗြ​ဟံ​နဲ့ ဖွဲ့​ခဲ့​တယ်။+ အာဗြဟံ​က သား​အိဇက်​ကို  ရ​ပြီး​တော့+  ရှစ်​ရက်​မြောက်​နေ့​မှာ  အရေ​ဖျား​  ဖြတ်​ပေး​တယ်။+ အိဇက်​က သား​ယာကုပ်​ကို ရတယ်။* ယာကုပ်​က ကျွန်​တော်​တို့​ရဲ့ ဘိုး​ဘေး​ဖြစ်လာ​မယ့် သား ၁၂ ယောက်​ကို​ရတယ်။ ၉  ဘိုး​ဘေး​တွေ​က  ညီ​ယောသပ်​ကို မနာ​လို​ဖြစ်​ပြီး+ အီဂျစ်​ပြည်​ဆီ ရောင်း​စား​လိုက်​ကြ​တယ်။+ ဒါ​ပေမဲ့  ဘု​ရား​သခင်​ဟာ  ယော​သပ်​နဲ့​အတူ​ရှိ​တဲ့​အ​တွက်၊+ ၁၀  ဒုက္ခ​ဆင်း​ရဲ အမျိုး​မျိုး​ထဲ​က​နေ သူ့​ကို ကယ်​တင်​ခဲ့​တယ်။ အီဂျစ်​ဘု​ရင် ဖာ​ရော​မင်း​ရှေ့​မှာ မျက်​နှာ​သာ​ရ​စေ​ပြီး ဉာဏ်​ပညာ​ကို​ပေး​တဲ့​အတွက် ဖာ​ရော​မင်း​က ယောသပ်​ကို အီဂျစ်​ပြည်​နဲ့ နန်း​တော်​တစ်​ခု​လုံး အုပ်​ချုပ်​ဖို့ ခန့်​အပ်​ခဲ့​တယ်။+ ၁၁  ဒါ​ပေမဲ့ အီဂျစ်​ပြည်​နဲ့ ခါ​နန်​ပြည်​တစ်​ဝန်း​လုံး​မှာ အငတ်​ဘေး​ဆိုက်​ပြီး အကြီး​အကျယ် ဒုက္ခရောက်​တော့ ဘိုး​ဘေး​တွေ​မှာ စား​စ​ရာ​မရှိ ဖြစ်​ခဲ့​တယ်။+ ၁၂  အီဂျစ်​ပြည်​မှာ အစာ​ရေ​စာ​ရှိ​တယ်​ဆို​တဲ့ သတင်း​ကို ယာကုပ်​ကြား​တဲ့​အခါ ကျွန်​တော်​တို့​ရဲ့ ဘိုး​ဘေး​တွေ​ကို ပထ​မအကြိမ် လွှတ်​လိုက်​တယ်။+ ၁၃  ဒုတိ​ယ​အကြိမ်​မှာ ယော​သပ်​က သူ​ဘယ်​သူ​လဲ​ဆို​တာ အစ်ကို​တွေ​ကို အသိ​ပေး​တယ်။ ဖာရော​မင်း​က​လည်း ယော​သပ်​ရဲ့​အမျိုး​တွေ​ကို​ သိ​သွား​တယ်။+ ၁၄  ယောသပ်​က​ ဖခင်  ယာကုပ်​နဲ့ ဆွေ​မျိုး​သား​ချင်း​အား​လုံး၊​ စုစုပေါင်း ၇၅ ယောက်​ကို+ အီဂျစ်​ပြည်​ကို​လာ​ဖို့ ခေါ်​လိုက်​တယ်။+ ၁၅  ဒါ​နဲ့ ယာကုပ်​က အီဂျစ်​ပြည်​ကို ရောက်​လာ​တယ်။+ နောက်​ဆုံး သူ​ရော​ကျွန်​တော်​တို့​ရဲ့ ဘိုး​ဘေး​တွေ​ပါ အဲဒီ​မှာ ကွယ်​လွန်​သွား​တယ်။+ ၁၆  အရိုး​တွေ​ကို  ရှေခင်​မြို့​ဆီ သယ်​သွား​ကြ​တယ်။ အဲဒီ​မြို့မှာ ဟာ​မော်ရဲ့ သား​တွေ​ဆီ​က​နေ အာဗြဟံ  ငွေ​ပေး​ဝယ်​ခဲ့​တဲ့ ဂူ​ထဲ​မှာ သင်္ဂြိုဟ်​ကြ​တယ်။+ ၁၇  “အာဗြဟံ​ကို​ပေး​ခဲ့​တဲ့ ဘု​ရားရဲ့​ကတိ  ပြည့်​စုံ​ချိန်  နီး​လာ​တဲ့​အခါ အီဂျစ်​ပြည်​မှာ အစ္စရေး​လူမျိုး တိုး​ပွား​များ​ပြား​လာ​တယ်။ ၁၈  နောက်​တော့  အီဂျစ်​ပြည်​မှာ  ယော​သပ်​ကို​မသိ​တဲ့ ဘု​ရင်​တစ်ပါး နန်း​တက်​လာ​တဲ့​အ​ခါ၊+ ၁၉  ကျွန်​တော်​တို့​ရဲ့​လူမျိုး​ကို အကောက်​ကြံ​တော့​တယ်။ ကျွန်​တော်​တို့​ရဲ့ ဘိုး​ဘေး​တွေ​ကို မတ​ရား​ညှဉ်း​ဆဲ​ပြီး မွေး​ကင်း​စ​ က​လေး​တွေ​ကို အရှင်​မထားဘဲ​ စွန့်​ပစ်​ခိုင်း​တယ်။+ ၂၀  အဲဒီ​အချိန်​မှာ ချစ်​စ​ရာ​ကောင်း​တဲ့* မော​ရှေ မွေး​ဖွား​လာ​တယ်။ သူ့​ကို ဖခင်​ရဲ့​အိမ်​မှာ သုံး​လ​တိ​တိ ပြု​စု​စောင့်​ရှောက်​ခဲ့​တယ်။+ ၂၁  နောက်​ဆုံး သူ့​ကို စွန့်​လွှတ်​လိုက်​ရ​ပေမဲ့+ ဖာ​ရော​မင်း​ရဲ့ သမီး​တော်​က ကောက်​ယူ​ပြီး သား​အဖြစ် မွေး​စား​လိုက်​တယ်။+ ၂၂  မော​ရှေ​ဟာ အီဂျစ်​လူ​မျိုး​တွေရဲ့ အတတ်​ပညာ​အားလုံး​ကို သင်​ယူ​ခဲ့ရ​ပြီး ပြော​တတ်​ဆို​တတ်​သူ၊ လုပ်​ရည်​ကိုင်​ရည်​ရှိ​သူ ဖြစ်​လာ​တယ်။+ ၂၃  “မော​ရှေ​က အသက် ၄၀ ပြည့်​တဲ့​အခါ ညီ​အစ်​ကို အစ္စရေး​လူမျိုး​တွေ​ဆီ လည်​ပတ်​ဖို့ ဆုံး​ဖြတ်​လိုက်​တယ်။+ ၂၄  အစ္စရေး​တစ်​ယောက်​ကို အီဂျစ်​လူ ညှဉ်း​ဆဲ​နေ​တာ မြင်​တဲ့​အခါ ညှဉ်း​ဆဲ​ခံ​ရ​သူ​ကို ကာ​ကွယ်​ပေး​ပြီး အီဂျစ်​လူ​ကို လက်​စား​ချေ​တဲ့​အနေ​နဲ့ ရိုက်​သတ်​ပစ်​လိုက်​တယ်။ ၂၅  သူ့​ကို​သုံး​ပြီး အစ္စရေးတွေ​ကို ဘု​ရား​သခင် ကယ်​တင်​တော့​မယ်​ဆို​တာ​ကို ညီ​အစ်​ကို​တွေ နား​လည်​မယ်​လို့ သူ​ထင်​ခဲ့​ပေမဲ့ သူတို့ နား​မလည်​ကြ​ဘူး။ ၂၆  နောက်​တစ်​နေ့ သူတို့​ဆီ ပြန်​သွား​တဲ့​အခါ လူ​နှစ်​ယောက် ရန်​ဖြစ်​နေ​တာ​ကို တွေ့​တော့ ‘မင်း​တို့​ဟာ ညီ​အစ်​ကို​တွေ​ပဲ။ ဘာ​လို့ အချင်း​ချင်း အနိုင်​ကျင့်​နေ​တာ​လဲ’ လို့​ပြော​ပြီး ဖျန်​ဖြေပေး​ဖို့ ကြိုး​စား​တယ်။ ၂၇  ဒါ​ပေမဲ့ အနိုင်​ကျင့်​တဲ့​သူ​က မော​ရှေ​ကို တွန်း​ဖယ်​ပြီး ‘မင်း​ကို ဘယ်​သူ ခေါင်း​ဆောင်​ခန့်​ထား​လို့​လဲ။ ဘယ်​သူ​က တ​ရား​သူ​ကြီး လုပ်​ခိုင်း​လို့​လဲ။ ၂၈  မနေ့​က အီဂျစ်​လူ​ကို သတ်​သလို ငါ့​ကို သတ်​ချင်​လို့​လား’ ဆို​ပြီး ပြော​တယ်။ ၂၉  ဒါ​ကို​ကြား​တဲ့​အခါ မော​ရှေ​ထွက်​ပြေး​ပြီး မိ​ဒျန်​ပြည်​မှာ တိုင်း​တစ်ပါး​သား​အဖြစ် နေ​ထိုင်​တယ်။ အဲဒီ​ပြည်​မှာ အိမ်​ထောင်​ကျ​ပြီး  သား​နှစ်​ယောက်​ရ​တယ်။+ ၃၀  “နှစ်​ပေါင်း ၄၀ ကြာ​ပြီး​တဲ့​နောက် ဆိုင်း​နိုင်း​တောင်​အနီး တော​အရပ်​မှာ ကောင်း​ကင်​တ​မန်​တစ်ပါး​က ချုံ​ပုတ်​မှာ​လောင်​နေ​တဲ့  မီး​အသွင်​နဲ့  ပေါ်​လာ​တယ်။+ ၃၁  ဒါ​ကို မော​ရှေ မြင်​တဲ့​အခါ အံ့သြ​ပြီး အနီး​ကပ်​ကြည့်​ဖို့ အနား​တိုး​သွား​တယ်။ အဲဒီ​အခါ ယေဟောဝါ* ဘု​ရား​က၊ ၃၂  ‘ငါ​ဟာ ဘိုး​ဘေး​တို့​ရဲ့​ဘု​ရား၊ အာဗြဟံ​ရဲ့​ဘု​ရား၊ အိ​ဇက်​ရဲ့​ဘု​ရား၊ ယာကုပ်​ရဲ့ ဘု​ရား​ပဲ’ လို့ ပြော​လိုက်​တာ​ကို သူ​ကြား​တယ်။+ ဒါ​နဲ့ သူ ထိတ်​လန့်​ပြီး ရှေ့​မတိုး​ရဲ​တော့​ဘူး။ ၃၃  ယေဟောဝါ* ဘု​ရား​က ‘မင်း​ရပ်​နေ​တဲ့​နေ​ရာ​ဟာ သန့်​ရှင်း​မြင့်မြတ်​တဲ့ မြေဖြစ်​လို့ ဖိ​နပ်​ချွတ်​ပါ။ ၃၄  အီဂျစ်​ပြည်​မှာ ငါ့​လူ​တွေ ဖိ​နှိပ်​ခံ​နေ​ရ​တာ ငါ​အသေအချာ​မြင်​တယ်။ သူတို့​ရဲ့ ညည်း​တွား​သံ​ကို ငါ​ကြား​တယ်။+ သူတို့​ကို ကယ်​တင်​ဖို့ ငါ​ဆင်း​လာ​ပြီ။ အခု မင်း​ကို အီဂျစ်​ပြည်​ဆီ ငါ​စေ​လွှတ်​မယ်’ လို့ ပြော​တယ်။ ၃၅  အဲဒီ​မော​ရှေ​ဟာ ‘မင်း​ကို ဘယ်​သူ ခေါင်း​ဆောင် ခန့်​ထား​လို့​လဲ၊ ဘယ်​သူ​က တ​ရား​သူ​ကြီး လုပ်​ခိုင်း​လို့​လဲ’ ဆို​ပြီး သူတို့ ငြင်း​ပယ်​ခဲ့​သူ​ပဲ။+ ဘု​ရား​သခင်​က ချုံ​ပုတ်​မှာ​ပေါ်​လာ​တဲ့ ကောင်း​ကင်​တ​မန်​ကို​သုံးပြီး မော​ရှေ​ကို ခေါင်း​ဆောင်​အဖြစ်၊ ကယ်​တင်​သူ​အဖြစ် စေ​လွှတ်​လိုက်​တယ်။+ ၃၆  မော​ရှေ​က ကျွန်​တော်​တို့​ရဲ့ ဘိုး​ဘေး​တွေ​ကို အီဂျစ်​ပြည်​က​နေ ခေါ်​ထုတ်​ခဲ့​တယ်။+ အီဂျစ်​ပြည်​နဲ့ ပင်လယ်​နီ​မှာ​သာ​မက+ နှစ်​ပေါင်း ၄၀ လှည့်​လည်​ခဲ့ရ​တဲ့ တော​ထဲ​မှာ​ပါ+ ထူးဆန်း​တဲ့​အရာတွေ၊ အံ့​ဖွယ်​အမှု​တွေ လုပ်​ပြခဲ့​တယ်။+ ၃၇  “‘ကျွန်​တော်​နဲ့​တူ​တဲ့ ပရော​ဖက်​တစ်​ယောက်​ကို  ခင်​ဗျား​တို့​ထဲ​က​နေ ဘုရား​သခင် ပေါ်​ထွန်း​စေ​မယ်’+ လို့ အစ္စရေးတွေ​ကို ပြော​ခဲ့​တဲ့​သူ​ဟာ အဲဒီ​မော​ရှေ​ပဲ​ပေါ့။ ၃၈  တော​ထဲ​မှာ အစ္စရေးတွေ​နဲ့​အတူ​ရှိ​ခဲ့​တာ သူ​ပဲ။ ဆိုင်းနိုင်း​တောင်​ပေါ်​မှာ  စကား​လာ​ပြော​တဲ့+ ကောင်း​ကင်​တမန်​နဲ့​ရော+ ဘိုး​ဘေး​တွေ​နဲ့​ပါ သူ အတူ​ရှိ​ခဲ့​တယ်။ သူ​က တည်​မြဲတဲ့ ဗျာဒိတ်​တော်​ကို ရ​ရှိ​ပြီး ကျွန်​တော်​တို့​ကို ပေး​ခဲ့​တယ်။+ ၃၉  ကျွန်​တော်​တို့​ရဲ့ ဘိုး​ဘေး​တွေ​က​တော့ သူ့​စကား​ကို နား​မထောင်​ကြ​ဘူး။ သူ့​ကို ပစ်​ပယ်​ပြီး+ အီဂျစ်​ပြည်​ကို ပြန်​ချင်​နေ​ကြ​တယ်။+ ၄၀  အာ​ရုန်​ကို​လည်း ‘ကျုပ်​တို့​ကို ဦး​ဆောင်​ခေါ်​သွား​မယ့် ဘု​ရားတွေ လုပ်​ပေး​စမ်း​ပါ။ အီဂျစ်​ပြည်​က​နေ ကျုပ်​တို့​ကို ခေါ်​ထုတ်​လာ​တဲ့ မော​ရှေ​တစ်​ယောက် ဟို​မှာ ဘာ​ဖြစ်​နေ​မှန်း မသိ​ဘူး’ လို့​ပြော​ကြ​တယ်။+ ၄၁  အဲဒီ​နောက် နွား​သငယ်​ရုပ်​တု သွန်း​လုပ်​ပြီး အဲဒီ​ရုပ်​တု​ဆီ ပူ​ဇော်​ပသကြ​တယ်။ လက်​နဲ့​လုပ်​တဲ့​အရာတွေ​ကို ဂုဏ်​ပြု​တဲ့​အနေ​နဲ့ မြူး​ထူး​ပျော်​ပါး​ကြ​တယ်။+ ၄၂  ဒါ​ကြောင့် ဘု​ရား​သခင်​က သူတို့​ကို စွန့်​ပစ်​ပြီး ကောင်း​ကင်​ပေါ်​က ကြယ်​တွေ​ကို ဝတ်​ပြု​ဖို့ ခွင့်​ပြု​လိုက်​တယ်။+ ပရော​ဖက်​ကျမ်း​မှာ ‘အို အစ္စရေး​အမျိုး၊ မင်း​တို့​က တော​ကန္တာရ​မှာ နှစ်​ပေါင်း ၄၀ လှည့်​လည်​ခဲ့​တုန်း​က ပူဇော်​သက္ကာတွေ၊ လက်​ဆောင်​အလှူ​တွေ​ကို ငါ့​ဆီ ပူ​ဇော်​တာ​မှ မဟုတ်​တာ။ ၄၃  မင်း​တို့ ပင့်​လာ​တဲ့ မော​လုပ်​ရဲ့ တဲ​ဆီ၊+ ရဲ​ဖန်​ကြယ်​နတ်​ဘုရား​ဆီ ပူ​ဇော်​ကြ​တာ။ အဲ​ဒါ​တွေ​ဟာ မင်း​တို့​ကိုးကွယ်​ဖို့ လုပ်​ထား​တဲ့ ရုပ်​တု​တွေ​ပဲ။ ဒါ​ကြောင့် ငါ​က မင်း​တို့​ကို ဗာ​ဗု​လုန်​မြို့​ထက် ဝေး​တဲ့​နေ​ရာ​ဆီ ပြည်​နှင်​ဒဏ်​ပေး​မယ်’+ ဆို​ပြီး ရေး​ထား​တဲ့​အတိုင်း​ပါ​ပဲ။ ၄၄  “တော​ကန္တာရ​မှာ​တုန်း​က ကျွန်တော်​တို့​ရဲ့  ဘိုး​ဘေး​တွေ​ဆီ​မှာ သက်သေ​ခံ​ချက်​တဲ​တော်  ရှိ​တယ်။ မြင်​ခဲ့ရ​တဲ့​ပုံ​စံ​အတိုင်း ဆောက်​ရ​မယ်​ဆို​ပြီး မော​ရှေ​ကို ဘု​ရား​သခင် မိန့်မှာ​ထား​သလို  အဲဒီ​တဲ​တော်​ကို  တည်​ဆောက်​တယ်။+ ၄၅  ဘိုး​ဘေး​တွေ​က အဲဒီ​တဲတော်​ကို ဆက်​ခံ​ပြီး လူမျိုး​ခြား​တွေ​ပိုင်တဲ့​ပြည်​ထဲ ယောရှု​နဲ့​အတူ သယ်​ဆောင်​သွား​ခဲ့​တယ်။+ အဲဒီ​လူမျိုး​ခြား​တွေ​ကို ဘိုး​ဘေး​တွေ​ရှေ့​က​နေ ဘု​ရား​သခင် နှင်​ထုတ်​ခဲ့​တယ်။+ အဲဒီ​တဲ​တော်​ဟာ ဒါဝိဒ်​မင်း​လက်​ထက်​အထိ ရှိ​ခဲ့​တယ်။ ၄၆  ဒါဝိဒ်​ဟာ ဘု​ရား​သခင့်​ရှေ့​မှာ  မျက်​နှာ​သာ​ရ​တဲ့​အတွက် ယာကုပ်​ရဲ့​ဘု​ရား​သခင်  စံ​မြန်း​ရာ​နေ​ရာကို တည်​ဆောက်​ခွင့်​ရ​ဖို့ တောင်း​လျှောက်​ခဲ့​တယ်။+ ၄၇  တ​ကယ်​တမ်း​ကျ​တော့ အိမ်​တော်​ကို တည်​ဆောက်​ခွင့်​ရ​သူ​ဟာ ရှော​လ​မုန်​ပဲ။+ ၄၈  ဒါ​ပေမဲ့ အမြင့်​ဆုံး​ဘု​ရား​သခင်​က လူ​ဆောက်​တဲ့​ဗိမာန်​တွေ​မှာ စံ​မြန်း​တာ​မှ မဟုတ်​တာ။+ ပရော​ဖက်​တစ်​ယောက်​က၊ ၄၉  ‘ယေဟောဝါ* ဘု​ရား ပြော​တယ်– ကောင်း​ကင်​ဟာ ငါ့​ရာ​ဇ​ပလ္လင်​ပဲ။+ ကမ္ဘာ​မြေဟာ ငါ့​ခြေ​တင်​ခုံ​ပဲ။+ ငါ့​အတွက် ဘယ်​လို​အိမ်​မျိုး​ကို မင်း​တို့ ဆောက်​ပေး​မှာ​လဲ။ ဘယ်​နေ​ရာ​မှာ ငါ​စံ​မြန်း​ရ​မလဲ။ ၅၀  ဒါ​တွေ​အားလုံး​ကို ငါ​ကိုယ်​တိုင် ဖန်​ဆင်း​ထား​တာ မဟုတ်​လား’+ လို့ ပြော​ခဲ့​သလို​ပါ​ပဲ။ ၅၁  “ခေါင်း​မာ​သူတို့၊  စိတ်​နှလုံး​နဲ့​  နား​ကို ပိတ်​ထား​သူတို့၊* ခင်​ဗျား​တို့​ဟာ ဘိုး​ဘေး​တွေ​လို​ပဲ သန့်​ရှင်း​သော စွမ်းအား​တော်​ကို အမြဲ ဆန့်​ကျင်​နေ​ကြ​တာ​ပဲ။+ ၅၂  ခင်​ဗျား​တို့​ရဲ့​ဘိုး​ဘေး​တွေ​က ဘယ်​ပရော​ဖက်​ကို မညှဉ်း​ဆဲ​ဘဲ နေ​ခဲ့​ဖူး​လို့​လဲ။+ ဖြောင့်​မတ်​သူ လာ​တော့​မယ်​လို့ ကြို​ဟော​တဲ့​သူ​တွေ​ကို သူတို့ သတ်​ခဲ့​ကြ​တယ်။+ အခု​လည်း ခင်​ဗျား​တို့​က အဲဒီ​ဖြောင့်​မတ်​သူ​ကို သစ္စာ​ဖောက်​ပြီး သတ်​ဖြတ်​လိုက်​ကြ​ပြီ။+ ၅၃  ကောင်း​ကင်​တ​မန်​တွေ​က​တစ်ဆင့် ရ​ရှိ​ခဲ့​တဲ့ ပညတ်​တ​ရား​ကို+ ခင်​ဗျား​တို့ မစောင့်​ရှောက်​ကြ​ဘူး” လို့ ပြော​တယ်။ ၅၄  ဒါ​ကို​ကြား​တော့ ဒေါသ​ကြောင့် သူတို့ မခံ​မရပ်​နိုင်​ဖြစ်​လာ​ပြီး သတေ​ဖန်​ကို  ကြည့်​ရင်း  အံ​ကြိတ်​ကြ​တယ်။ ၅၅  သန့်​ရှင်း​သော  စွမ်းအား​တော်​နဲ့ ပြည့်​နေ​တဲ့ သတေ​ဖန်​က​တော့ ကောင်း​ကင်​ကို စေ့​စေ့​ကြည့်​လိုက်​တဲ့​အခါ ဘုရား​သခင်​ရဲ့ ဘုန်း​တော်​ကို​ရော ဘု​ရား​သ​ခင်​ရဲ့ ညာ​ဘက်​မှာ ရပ်​နေ​တဲ့ ယေရှု​ကို​ပါ မြင်​လိုက်​ရ​တယ်။+ ၅၆  ဒါ​နဲ့ သူ​က  “ကြည့်​ပါ၊  ကောင်း​ကင်​ပွင့်​လာ​တာ၊ ဘု​ရား​သခင်​ရဲ့ ညာ​ဘက်​မှာ+ လူ​သား​ရပ်​နေ​တာ​ကို+  ကျွန်​တော်​မြင်​တယ်” လို့ ပြော​တော့၊ ၅၇  သူတို့​က နား​ကိုပိတ်​ပြီး  အသံ​ကုန်​အော်ရင်း​ သတေဖန်​ဆီ   တစ်​ဟုန်​ထိုး   ပြေး​သွား​ကြ​တယ်။ ၅၈  အဲဒီ​နောက် မြို့​ပြင်​ဆွဲ​ထုတ်​ပြီး ကျောက်​ခဲ​နဲ့ ပေါက်​ကြ​တယ်။+ သူ့​ကို​စွပ်​စွဲ​တဲ့ သက်သေ​တွေ​က+ သူတို့​ရဲ့​အ​ပေါ်ဝတ်ရုံကို  ချွတ်​ပြီး  ရှောလု​လို့​ခေါ်တဲ့  လူငယ်​ရဲ့​ ခြေ​ရင်း​မှာ ထား​ကြ​တယ်။+ ၅၉  သူတို့ ကျောက်​ခဲ​နဲ့ ဝိုင်း​ပေါက်​နေ​တုန်း​မှာ သတေ​ဖန်​က “သခင်​ယေရှု၊ ကျွန်​တော့်​အသက်​ကို သိမ်း​ယူ​လိုက်​ပါ”  လို့  အသနား​ခံ​တယ်။ ၆၀  အဲ​ဒီ​နောက် ဒူး​ထောက်​ပြီး “ယေဟောဝါ* ဘုရား၊​ ဒီ​အပြစ်​အတွက် သူတို့​ကို ဒဏ်​မခတ်​ပါ​နဲ့”+ လို့ အသံ​ကျယ်​ကျယ် ကြွေး​ကြော်​ပြီး​နောက် သေခြင်း​မှာ အိပ်​ပျော်​သွား​တယ်။

အောက်ခြေမှတ်ချက်များ

“အရေ​ဖျားဖြတ်​ပေး​တယ်” လည်း​ဖြစ်​နိုင်။
ဒါ​မှ​မဟုတ်၊ “ဘု​ရား​ရှေ့​မှာ သိပ်​ချစ်​စ​ရာ​ကောင်း​တဲ့။”
မူ​ရင်း၊ “စိတ်​နှလုံး​နဲ့ နား​ကို အရေ​ဖျား မဖြတ်​ထား​သူတို့။”