တမန်တော် ၁၁:၁-၃၀

  • တမန်​တော်တွေ​ကို ပေတရု အသိ​ပေး (၁-၁၈)

  • ဆီး​ရီး​ယား​ပြည် အန္တိ​အုတ်​မြို့​ရောက် ပေါလု​နဲ့ ဗာနဗ (၁၉-၂၆)

    • ခ​ရစ်​ယာန်​ဆို​တဲ့ နာ​မည်​ကို တ​ပည့်တွေ ဦး​ဆုံး​ခံ​ယူ (၂၆)

  • အငတ်​ဘေး​ဆိုက်​မယ့်​အကြောင်း အာ​ဂဗု ကြိုဟော (၂၇-၃၀)

၁၁  လူမျိုး​ခြား​တွေ​လည်း  ဘု​ရား​သခင်​ရဲ့ တ​ရား​စကား​ကို​လက်​ခံ​တဲ့​အကြောင်း ယုဒ​ပြည်​မှာ​ရှိ​တဲ့ တမန်​တော်တွေ​နဲ့ ညီ​အစ်​ကို​တွေ ကြား​သိ​သွား​တယ်။ ၂  ဒါ​ကြောင့် ဂျေရု​ဆ​လင်​မြို့​ကို ပေတရု ရောက်​လာ​တဲ့​အခါ အရေ​ဖျား​ဖြတ်​တာ​ကို ထောက်​ခံ​သူ​တွေ​က+ သူ့​ကို​ကဲ့​ရဲ့​ပြီး၊ ၃  “ခင်​ဗျား​က အရေ​ဖျား​မဖြတ်​ထား​သူ​တွေရဲ့ အိမ်​ထဲ​ဝင်​ပြီး သူတို့​နဲ့​အတူ စား​သောက်​ခဲ့​တယ်​ပေါ့” ဆို​ပြီး ပြော​ကြ​တယ်။ ၄  ဒါ​နဲ့ ပေတရု​လည်း အဲဒီ​ကိစ္စ​နဲ့​ပတ်​သက်​ပြီး သူတို့​ကို အသေး​စိတ် ပြန်​ရှင်း​ပြတယ်– ၅  “ယု​ပ္ပေ​မြို့​မှာ  ကျွန်​တော်​ဆု​တောင်း​နေ​တုန်း စိတ်​အာ​ရုံ​တစ်​ခု မြင်​တယ်။ အဲဒီ​စိတ်​အာ​ရုံ​မှာ စ​တု​ရန်း​ပုံ ပိတ်​ထည်​ကြီး​လို​အရာ​တစ်​ခု ကောင်း​ကင်​က​နေ အပြန့်​လိုက်​ကျ​လာ​ပြီး ကျွန်​တော့်​ရှေ့ ရောက်​လာ​တယ်။+ ၆  အဲ​ဒါ​ကို သေချာ​ကြည့်​လိုက်​တော့ ခြေ​လေး​ချောင်း​သတ္တ​ဝါ​တွေ၊ သား​ရဲတွေ၊ တွား​သွား​သတ္တ​ဝါ​တွေ၊ မိုး​ကောင်း​ကင်​ငှက်​တွေ​ကို မြင်​တယ်။ ၇  အဲဒီ​အခါ  ‘ပေတရု၊ ထပြီး​ သတ်​စား​ပါ’ ဆို​တဲ့​အသံ​ကို ကျွန်​တော်​ကြား​လိုက်​ရ​တယ်။ ၈  ကျွန်​တော်​က​လည်း ‘မစား​နိုင်​ပါ​ဘူး၊ သခင်။ ညစ်​ညူး​တဲ့​အရာ၊ မစင်​ကြယ်​တဲ့​အရာ တစ်​ခု​မှ မစား​ဖူး​ပါ​ဘူး’ လို့​ပြော​လိုက်​တယ်။ ၉  အဲဒီ​အခါ ‘ဘု​ရား​သခင်​စင်​ကြယ်​စေ​ပြီး​သား​အရာ​ကို ညစ်​ညူး​တယ်​လို့ မပြော​ပါ​နဲ့​တော့ဆို​တဲ့​အသံ​ကို ကျွန်​တော်​ကြား​ရ​ပြန်​တယ်။ ၁၀  အဲဒီ​အသံ​ကို သုံး​ကြိမ်​ကြား​ရ​ပြီး​တဲ့​နောက် အဲ​ဒါ​တွေ​အားလုံး​ကို  ကောင်း​ကင်​ဆီ ပြန်​ဆွဲ​ယူ​သွား​တယ်။ ၁၁  အဲဒီ​အချိန်​မှာ​ ကဲသရိ​မြို့​က​နေ လွှတ်​လိုက်​တဲ့ လူ​သုံး​ယောက်​က  ကျွန်​တော်​တို့​နေ​တဲ့ အိမ်​ရှေ့​မှာ ရပ်​နေ​တယ်။+ ၁၂  စွမ်းအား​တော်​က စိတ်​ချ​လက်​ချ လိုက်​သွား​ဖို့ ကျွန်​တော့်​ကို​ပြော​တယ်။ ဒီ​ညီ​အစ်​ကို​ခြောက်​ယောက်​လည်း အတူ​လိုက်​ခဲ့​တယ်။ ပြီး​တော့ ဖိတ်​ခေါ်​တဲ့​သူ​ရဲ့​အိမ်​ထဲ ကျွန်​တော်​တို့ ဝင်​သွား​တယ်။ ၁၃  “အဲဒီ​လူ​က သူ့​အိမ်​မှာ ကောင်း​ကင်​တ​မန်​တစ်ပါး လာရပ်​နေ​တာ​ကို မြင်​တဲ့​အကြောင်း ကျွန်​တော်​တို့​ကို ပြော​ပြတယ်။ ကောင်း​ကင်​တ​မန်​က​ ‘ယုပ္ပေ​မြို့​ဆီ လူ​လွှတ်​ပြီး ပေတရုလို့​ခေါ်​တဲ့ ရှိမုန်​ကို ခေါ်​ ဖိတ်​ပါ။+ ၁၄  သူ​က မင်း​နဲ့ အိမ်​သား​တွေ ဘယ်​လို​ကယ်​တင်​ခြင်း​ရ​နိုင်​မယ်​ဆို​တာ​ကို ဟော​ပြော​လိမ့်​မယ်’ လို့ သူ့​ကို ပြော​တယ်။ ၁၅  ကျွန်​တော် ဟော​ပြော​နေ​တုန်း​မှာ​ပဲ သန့်​ရှင်း​သော စွမ်းအား​တော်​ဟာ အရင်​တုန်း​က ကျွန်​တော်​တို့​အပေါ် သက်​ရောက်ခဲ့​သလို သူတို့​အပေါ်​မှာ​လည်း သက်​ရောက်​လာ​တယ်။+ ၁၆  ‘ယောဟန်​က ရေ​နဲ့ နှစ်ခြင်း​ပေး​ခဲ့​တယ်။+ ခင်​ဗျား​တို့​က​တော့ သန့်​ရှင်း​သော စွမ်းအား​တော်​နဲ့ နှစ်ခြင်း​ခံ​ရ​လိမ့်​မယ်’+ ဆို​ပြီး သခင်​ပြော​လေ့​ရှိ​တာ​ကို ကျွန်​တော် ပြန်​အမှတ်​ရ​မိ​တယ်။ ၁၇  ဘု​ရား​သခင်​က သခင်​ယေရှု​ခ​ရစ်​ကို ယုံ​ကြည်​တဲ့ ကျွန်​တော်​တို့​ကို အဲဒီ​ဆု​လက်​ဆောင် ပေး​ခဲ့​သလို သူတို့​ကို​လည်း ပေး​တယ်​ဆို​ရင် ကျွန်​တော်​က ဘယ်​သူ​မို့လို့ ဘု​ရား​သခင်​ကို တား​ဆီး​နိုင်​မှာ​လဲ။”+ ၁၈  ဒီ​အကြောင်း​တွေ​ကို  ကြား​တဲ့​အခါ ပေတရု​ကို သူတို့ မကန့်​ကွက်​တော့​ဘူး။ “ဘု​ရား​သခင်​က လူမျိုး​ခြား​တွေ​ကို​လည်း အသက်​ရ​နိုင်​ဖို့ နောင်​တ​ရ​ခွင့် ပေး​သနား​လိုက်​ပြီပဲ” ဆို​ပြီး ဘု​ရား​ကို ဂုဏ်​တင်​ချီး​မွမ်း​ကြ​တယ်။+ ၁၉  သတေ​ဖန်​ကို အကြောင်း​ပြု​ပြီး ပေါ်​ပေါက်​လာ​တဲ့ ညှဉ်း​ဆဲ​ခြင်း​ကြောင့် အရပ်ရပ်​ဆီ ကွဲ​လွင့်​သွား​သူ​တွေ​ဟာ+ ဖို​နီး​ရှား​ပြည်၊  ဆိုက်​ပရပ်​ကျွန်း၊  အန္တိ​အုတ်​မြို့​အထိ ရောက်​သွား​တယ်။ ဒါ​ပေမဲ့ ဂျူး​တွေ​ကို​ပဲ တ​ရား​စကား​အကြောင်း ဟော​ပြော​ကြ​တယ်။+ ၂၀  သူတို့​ထဲ​မှာ ဆိုက်​ပရပ်​ကျွန်း​သား၊ ကု​ရေ​နေ​ပြည်​သား တ​ချို့​လည်း ပါ​တယ်။ သူတို့​က အန္တိ​အုတ်​မြို့​ကို ရောက်​လာ​ပြီး သခင်​ယေရှု​အကြောင်း သတင်း​ကောင်း​ကို ဂရိ​စကား​ပြော​တဲ့​လူ​တွေ​ဆီ ဟော​ပြော​ကြ​တယ်။ ၂၁  သူတို့​အပေါ် ယေဟောဝါ​ရဲ့* လက်​တော် သက်​ရောက်​လာ​တဲ့​အတွက် လူ​အမြောက်​အမြား​ဟာ ယုံ​ကြည်​သူ​တွေ၊ သခင့်​နောက်​လိုက်​တွေ ဖြစ်​လာ​တယ်။+ ၂၂  ဂျေရု​ဆ​လင်​မြို့​မှာ​ရှိ​တဲ့ အသင်း​တော်​က အဲဒီ​သတင်း​ကို ကြား​သိ​တဲ့​အခါ ဗာ​န​ဗ​ကို+ အန္တိ​အုတ်​မြို့​အထိ လွှတ်​လိုက်​တယ်။ ၂၃  ဗာ​န​ဗ ရောက်​လာ​တဲ့​အခါ ဘု​ရား​သခင်​ရဲ့ မဟာ​ကရု​ဏာ​တော်​ကို မြင်​ရ​တော့ ဝမ်း​သာ​အား​ရ​ဖြစ်​ပြီး သခင်​ကို အမြဲသစ္စာ​ရှိ​သွား​ဖို့ စိတ်​ပိုင်း​ဖြတ်​ထား​ကြ​ပါ​ဆို​ပြီး သူတို့​အားလုံး​ကို အား​ပေး​တယ်။+ ၂၄  ဗာ​န​ဗ​ဟာ သူ​တော်​ကောင်း​ဖြစ်​ပြီး သန့်​ရှင်း​သော စွမ်းအား​တော်​နဲ့ ပြည့်​ဝ​သူ၊ ယုံ​ကြည်​ခြင်း​ခိုင်​ခံ့​သူ ဖြစ်​တယ်။ ဒါ​ကြောင့် လူ​အတော်​များ​များ​လည်း သခင်​ကို ယုံ​ကြည်​လာ​ကြ​တယ်။+ ၂၅  ဒါ​နဲ့ ဗာ​န​ဗ​က ရှောလု​ကို မတွေ့​တွေ့​အောင်​ရှာ​ဖို့ တာ​ရှု​မြို့​ဆီ ထွက်​သွား​တယ်။+ ၂၆  ရှောလု​ကို​တွေ့​တော့ အန္တိ​အုတ်​မြို့​ဆီ ခေါ်​သွား​တယ်။ သူတို့​နှစ်​ယောက်​က တစ်​နှစ်​ပတ်​လုံး အဲဒီ​အသင်း​တော်​နဲ့​အတူ စု​ဝေး​ပြီး လူ​များ​စွာ​ကို သွန်သင်​ပေး​ကြ​တယ်။ တ​ပည့်တွေ​က ဘု​ရား​သခင့် လမ်း​ညွှန်​ချက်​အရ ခ​ရစ်​ယာန်​ဆို​တဲ့​နာ​မည်​ကို အန္တိ​အုတ်​မြို့​မှာ ဦး​ဆုံး​ခံ​ယူ​ကြ​တယ်။+ ၂၇  အဲဒီ​အချိန်​မှာ ပရော​ဖက်​တ​ချို့​က+ ဂျေရု​ဆ​လင်​မြို့​က​နေ အန္တိ​အုတ်​မြို့​ဆီ ရောက်​လာ​တယ်။ ၂၈  အာ​ဂဗုလို့​ခေါ်​တဲ့+ ပရော​ဖက်​က ထ​ပြီး မြေတစ်​ပြင်​လုံး​မှာ အကြီး​အကျယ်​အငတ်​ဘေး ကျ​ရောက်​မယ်​လို့ စွမ်းအား​တော် အကူ​အညီ​နဲ့ ကြို​ဟော​တယ်။+ က​လော​ဒိ​မင်း​လက်​ထက်​မှာ အဲဒီ​အငတ်​ဘေး တ​ကယ်​ဖြစ်​ခဲ့​တယ်။ ၂၉  ဒါ​ကြောင့် တ​ပည့်တွေ​က ယုဒ​ပြည်​မှာ​ရှိ​တဲ့ ညီ​အစ်​ကို​တွေ​ဆီ တတ်​နိုင်​သလောက်+ ကယ်​ဆယ်​ရေး အထောက်​အပံ့​တွေ+ ပို့​ပေး​ဖို့ ဆုံး​ဖြတ်​လိုက်​တယ်။ ၃၀  အဲဒီ​ဆုံး​ဖြတ်​ချက်​အတိုင်း ဗာ​န​ဗ​နဲ့ ရှောလု​က​တစ်ဆင့် အကြီး​အကဲ​တွေ​ဆီ ပို့​ပေး​ကြ​တယ်။+

အောက်ခြေမှတ်ချက်များ