တမန်တော် ၃:၁-၂၆

  • ခြေ​ဆွံ့​နေ​တဲ့ သူ​တောင်း​စား​ကို ပေတရု ကုသပေး (၁-၁၀)

  • ရှော​လ​မုန်​စင်္ကြံ​မှာ ပေတရု​ဟော​ပြော (၁၁-၂၆)

    • “အရာ​အားလုံး​ကို န​ဂို​အတိုင်း​ဖြစ်​အောင် လုပ်ပေး​မယ့်​အချိန်” (၂၁)

    • မော​ရှေ​နဲ့​တူ​တဲ့ ပရော​ဖက် (၂၂)

 ဆုတောင်း​ချိန်​ဖြစ်​တဲ့ မွန်း​လွဲ ၃ နာ​ရီ​မှာ* ပေတရု​နဲ့ ယောဟန်​က ဗိမာန်​တော်​ဆီ တက်​သွား​ကြ​တယ်။ ၂  အဲဒီ​အချိန်​မှာ  မွေး​ရာ​ပါ  ခြေ​ဆွံ့​သူ​တစ်​ယောက်​ကို လူ​တွေ ထမ်း​လာ​ပြီး တင့်​တယ်​ လို့​ခေါ်​တဲ့ တံခါး​နား​မှာ ချ​ထား​ကြ​တယ်။  ပေး​ကမ်း​စွန့်​ကြဲ​ကြ​ပါ​ဆို​ပြီး ဗိမာန်​တော်​ထဲ ဝင်​လာ​သူ​တွေ​ကို သူ​တောင်း​ရမ်း​နိုင်​အောင် အဲဒီ​လို နေ့​တိုင်း​ချ​ထား​လေ့​ရှိ​တယ်။ ၃  ဗိမာန်​တော်​ထဲ​ဝင်​တော့​မယ့်  ပေတရု​နဲ့  ယောဟန်​ကို မြင်​တဲ့​အခါ သူ​က ပေး​ကမ်း​စွန့်​ကြဲ​ကြ​ပါ​ဆို​ပြီး အသနား​ခံ​တယ်။ ၄  ပေတရု​နဲ့ ယောဟန်​က သူ့​ကို စေ့​စေ့​ကြည့်​လိုက်​တယ်။ ပြီး​တော့ ပေတရု​က “ကျွန်​တော်​တို့​ကို ကြည့်​ပါ​ဦး” လို့ ​ပြော​တဲ့​အခါ၊ ၅  သူ​က တစ်​ခု​ခု​ရ​တော့​မယ် အထင်​နဲ့ သူတို့​ကို အာ​ရုံ​စိုက်​ကြည့်​နေ​တယ်။ ၆  ပေတရု​က “ကျွန်​တော့်​မှာ ရွှေ​ငွေ​တွေ​တော့ မရှိ​ဘူး။ ရှိ​တာ​ကို​ပဲ ပေး​မယ်။ နာ​ဇ​ရက်​မြို့​သား ယေရှု​ခ​ရစ်ရဲ့​နာ​မည်​ကို အမှီ​ပြု​ပြီး ပြော​မယ်။ ထပြီး​ လမ်း​လျှောက်​ပါ”+  လို့​ပြော​တယ်။ ၇  အဲ​ဒီ​နောက် သူ့​ညာ​လက်​ကို ကိုင်​ပြီး ဆွဲ​ထူ​လိုက်​တဲ့​အခါ+ ချက်​ချင်း​ပဲ ခြေ​နှစ်​ဖက်​စ​လုံး သန်​မာ​လာ​တယ်။+ ၈  ပြီး​တော့ သူ​ထ​ခုန်​ပြီး+ လမ်း​လျှောက်​တော့​တယ်။ လမ်း​လျှောက်​ရင်း၊ ခုန်​ပေါက်​ရင်း၊ ဘု​ရား​သခင်​ကို ချီး​မွမ်း​ရင်း တမန်​တော်တွေ​နဲ့​အတူ ဗိမာန်​တော်​ထဲ ဝင်​သွား​တယ်။ ၉  ဘု​ရား​သခင်​ကို ချီး​မွမ်း​ရင်း သူ​လမ်း​လျှောက်​သွား​တာ​ကို အဲဒီ​မှာ​ရှိ​တဲ့​လူ​တွေ မြင်​တယ်။ ၁၀  ဒီ​လူ​ဟာ တင့်​တယ်​ လို့​ခေါ်​တဲ့ ဗိမာန်​တော်​တံခါး​နား​မှာ ထိုင်​ပြီး ပေး​ကမ်း​စွန့်​ကြဲ​ကြ​ပါ​လို့ တောင်း​ရမ်း​တဲ့​သူ​ဖြစ်​မှန်း+ လူ​တွေ မှတ်​မိ​သွား​တယ်။ သူ့​အဖြစ်​ကို မြင်​တဲ့​အခါ​အံ့သြ​ပြီး မယုံ​နိုင်​အောင် ဖြစ်​ကုန်​တယ်။ ၁၁  ပေတရု​နဲ့ ယောဟန်​ရဲ့​လက်​ကို အဲဒီ​လူ ကိုင်​ထား​တုန်း​မှာ သူတို့​ရှိ​နေ​တဲ့ ရှော​လ​မုန်​စင်္ကြံ​ဆီ+ လူ​တွေ​ပြေး​ဝင်​လာ​ပြီး  တ​အံ့​တ​သြ  ဖြစ်​နေ​ကြ​တယ်။ ၁၂  ဒါ​ကို မြင်​တဲ့​အခါ ပေတရု ပြန်​ပြော​လိုက်​တာ​က “အစ္စရေး​တို့၊ ကျွန်​တော်​တို့​ကို ဘာ​လို့ တ​အံ့​တ​သြ​ ကြည့်​နေ​တာ​လဲ။ ကျွန်​တော်​တို့​ရဲ့ တန်ခိုး​ကြောင့်၊ ဘုရား​တ​ရား​ကိုင်း​ရှိုင်း​မှု​ကြောင့်  ဒီ​လူ လမ်း​ပြန်​လျှောက်​နိုင်​တာ​လို့ ထင်​နေ​ကြ​တာ​လား။ ၁၃  ဘိုး​ဘေး​တို့​ရဲ့​ဘု​ရား၊ အာဗြဟံ​ရဲ့​ဘု​ရား၊ အိ​ဇက်​ရဲ့​ဘု​ရား၊ ယာကုပ်​ရဲ့​ဘု​ရား​က+ မိမိ​ရဲ့​ကျွန်+ ယေရှု​ကို ဘုန်း​ထင်​ရှား​စေ​ပြီ။+ ခင်​ဗျား​တို့​က​တော့ သူ့​ကို အပ်​နှံ​လိုက်​ကြ​ပြီ။+ ပိလတ်​မင်း​က လွှတ်​မယ်​လို့ ဆုံး​ဖြတ်​တာ​တောင် ပိလတ်​မင်း​ရှေ့​မှာ သူ့​ကို ခင်​ဗျား​တို့ ငြင်း​ပယ်​ခဲ့​ကြ​ပြီ။ ၁၄  သန့်​ရှင်း​ဖြောင့်​မတ်​သူ​ကို ငြင်း​ပယ်​ပြီး လူ​သတ်​သမား​ကို​တော့ လွှတ်​ပေး​ဖို့ ခင်​ဗျား​တို့ တောင်း​ဆို​ခဲ့​ကြ​တယ်။+ ၁၅  ဒီ​နည်း​နဲ့ အသက်​ရဲ့ ကိုယ်​စား​လှယ်​ချုပ်​ကို+ ခင်​ဗျား​တို့ သတ်​ပစ်​ကြ​တယ်။ ဒါ​ပေမဲ့ ဘု​ရား​သခင်​က သူ့​ကို  သေရာ​က​နေ  အသက်​ပြန်​ရှင်​အောင် လုပ်​ပေး​လိုက်​တာ ကျွန်​တော်​တို့ မျက်​မြင်​သက်​သေပဲ။+ ၁၆  ယေရှု​ရဲ့ နာ​မည်​ကြောင့်၊ သူ့​နာ​မည်​ကို ကျွန်​တော်​တို့ ယုံ​ကြည်​တဲ့​အတွက်​ကြောင့် ခင်​ဗျား​တို့ သိ​ခဲ့​မြင်​ခဲ့​ဖူး​တဲ့ ဒီ​လူ​ဟာ အခု​လို ပြန်​သန်​စွမ်း​လာ​တာ။ ယေရှု​အား​ဖြင့်ရ​တဲ့ ကျွန်​တော်​တို့​ရဲ့ ယုံ​ကြည်​ခြင်း​ကြောင့် ဒီ​လူ လုံး​ဝ​ကျန်း​မာ​လာ​တာ ခင်​ဗျား​တို့ အမြင်​ပဲ။ ၁၇  ညီ​အစ်​ကို​တို့၊ ခင်​ဗျား​တို့​လည်း ခင်​ဗျား​တို့​ရဲ့ အုပ်​စိုး​ရှင်​တွေ​လို+ မသိ​နား​မလည်​လို့ အဲဒီ​လို​လုပ်​ခဲ့​မှန်း+ ကျွန်​တော်​သိ​ပါ​တယ်။ ၁၈  ဘု​ရား​သခင်​က ခ​ရစ်​တော် ဒုက္ခ​ခံ​ရ​မယ်​ဆို​တာ ပရော​ဖက်​တွေ​က​တစ်ဆင့် ကြို​ဟော​ပြီး​သား​ပဲ။+ အဲဒီ​အတိုင်း​ဖြစ်​ပျက်​လာ​ဖို့ ဘုရား​သခင် ခွင့်​ပြု​လိုက်​တဲ့​အတွက် အခု​လို ဖြစ်​လာ​တာ​ပါ။ ၁၉  “ဒါ​ကြောင့် ခင်​ဗျား​တို့​ရဲ့​အပြစ်​တွေ​ကို ပယ်​ဖျက်​စေ​ချင်​တယ်​ဆို​ရင်+ နောင်​တ​ရ​ကြ​ပါ။+ ဘု​ရား​သခင်​ဆီ ပြန်​လှည့်​လာ​ကြ​ပါ။+ ဒါ​ဆို​ရင် ယေဟောဝါ* ဘု​ရား​ဆီ​က လန်း​ဆန်း​စေ​တဲ့​အချိန်​ကာလ  ရောက်​လာ​မယ်။ ၂၀  ခင်​ဗျား​တို့​အတွက် ခန့်​ထား​တဲ့ ခ​ရစ်​တော်​ကို စေ​လွှတ်​ပေး​မယ်။ သူ​ဟာ ယေရှု​ပဲ။ ၂၁  ရှေး​ခေတ် သန့်​ရှင်း​တဲ့​ပရော​ဖက်​တွေ​က​တစ်ဆင့် ဘု​ရား​သခင် ပြော​ခဲ့​တဲ့​အတိုင်း အရာ​အားလုံး​ကို န​ဂို​အတိုင်း​ဖြစ်​အောင် လုပ်​ပေး​မယ့်​အချိန် မရောက်​မချင်း ကောင်း​ကင်​မှာ​ပဲ သူ​ရှိ​နေ​မယ်။ ၂၂  တ​ကယ်​ဆို​ရင် မော​ရှေ​က ‘ကျွန်​တော်​နဲ့​တူ​တဲ့ ပရော​ဖက်​တစ်​ယောက်​ကို ခင်​ဗျား​တို့​ထဲ​က​နေ ယေဟောဝါ* ဘုရား​ ပေါ်​ထွန်း​စေ​မယ်။+ သူ​ပြော​သမျှ​ကို နား​ထောင်​ပါ။+ ၂၃  အဲဒီ​ပရော​ဖက်​ပြော​တာ​ကို နား​မထောင်​ရင် ဘုရား​သခင် ဖျက်​ဆီး​လိမ့်​မယ်’+ လို့ ပြော​ခဲ့​တယ်။ ၂၄  ရှ​မွေ​လ​က​စ​ပြီး နောက်​ပိုင်း​ပေါ်​ထွန်း​တဲ့ ပရော​ဖက်​အားလုံး​က​လည်း အဲဒီ​အကြောင်း​ကို* ရှင်း​ရှင်း​လင်း​လင်း ဟော​ခဲ့​ကြ​ပြီ။+ ၂၅  ခင်​ဗျား​တို့​ဟာ ပရော​ဖက်​တွေရဲ့ သား​မြေး​တွေ​ပဲ။ ဘိုး​ဘေး​တွေ​နဲ့​ဖွဲ့​တဲ့ ပဋိ​ညာဉ်ရဲ့ အမွေ​ခံ​တွေ​ပဲ။+ အဲဒီ​ပဋိ​ညာဉ်​မှာ ဘု​ရား​သခင်​က အာဗြဟံ​ကို ‘ကမ္ဘာ​ပေါ်​မှာ​ရှိ​တဲ့ လူ့​မိသား​စု​အားလုံး မင်း​ရဲ့​မျိုး​နွယ်​ကြောင့် ကောင်း​ချီး​ရ​လိမ့်​မယ်’ လို့ ကတိ​ပေး​ခဲ့​တယ်။+ ၂၆  ဘု​ရား​သခင်​က ခင်​ဗျား​တို့​ကို ကောင်း​ချီး​ခံစား​စေ​ချင်​လို့၊ ဆိုး​ညစ်​တဲ့​အကျင့်​တွေ​ကို ကျော​ခိုင်း​စေ​ချင်​လို့ ကျွန်​ဖြစ်​သူ ယေရှု​ကို ပေါ်​ထွန်း​စေ​ပြီး​တဲ့​နောက် ခင်​ဗျား​တို့​ဆီ ဦး​ဆုံး​စေ​လွှတ်​ခဲ့တယ်။”+

အောက်ခြေမှတ်ချက်များ

မူ​ရင်း၊ “နေ​ထွက်​ပြီး​နောက် ၉ ချက်​တီး။”
ဒါ​မှ​မဟုတ်၊ “ဒီ​အချိန်​ကာလ​အကြောင်း။”