တမန်တော် ၄:၁-၃၇

  • ပေတရု​နဲ့ ယောဟန်​ကို ဖမ်း​ဆီး (၁-၄)

    • ယုံ​ကြည်​သူ အမျိုး​သား ၅,၀၀၀ ရှိ​လာ ()

  • ဂျူး​တ​ရား​ရုံး​ချုပ်​မှာ စစ်​ကြော​ခံ​ရ (၅-၂၂)

    • “မဟော​ဘဲ မနေ​နိုင်” (၂၀)

  • ရဲ​စွမ်း​သတ္တိ​ရှိ​ဖို့ ဆုတောင်း (၂၃-၃၁)

  • ပိုင်​ဆိုင်​ရာတွေ​ကို ဝေ​မျှ​သုံး​စွဲ (၃၂-၃၇)

 လူတွေ​ကို ပေတရု​နဲ့ ယောဟန် ဟော​ပြော​နေ​တုန်း ဗိမာန်​တော်​မှူး​နဲ့ ပု​ရော​ဟိတ်​မင်း​တွေ၊ ဇဒ္ဒုကဲ​တွေ*+ ရောက်​လာ​ကြ​တယ်။ ၂  တမန်​တော်​တွေ​က  လူ​တွေ​ကို သွန်သင်​နေ​တဲ့​အတွက်၊ သေရာ​က​နေ ယေရှု အသက်​ပြန်​ရှင်​လာ​တဲ့​အကြောင်း  လူ​သိ​ရှင်​ကြား ဟော​နေ​တဲ့​အတွက်+ သူတို့ စိတ်​အ​နှောင့်​အယှက်​ဖြစ်​ကြ​တယ်။ ၃  ဒါ​နဲ့ တမန်​တော်တွေ​ကို ဖမ်း​ဆီး​လိုက်​တယ်။+  ည​နေ​စောင်း​ဖြစ်​နေ​လို့ နောက်​တစ်​နေ့အထိ  ချုပ်​ထား​လိုက်​တယ်။ ၄  တမန်​တော်တွေ ပြော​တာ​ကို နား​ထောင်​သူ​တွေ​ထဲ​က အတော်​များ​များ​က​တော့ ယုံ​ကြည်​သူ​တွေ​ဖြစ်​လာ​ကြ​တာ အမျိုး​သား​ချည်း​ပဲ ၅,၀၀၀ လောက်​ရှိ​တယ်။+ ၅  နောက်​တစ်​နေ့​ရောက်​တော့ ဂျေရု​ဆ​လင်​မြို့​မှာ ခေါင်း​ဆောင်​တွေ၊ အကြီး​အကဲ​တွေ၊ ကျမ်း​တတ်​တွေ စု​ဝေး​ကြ​တယ်။ ၆  ပု​ရော​ဟိတ်​မင်း အန္နတ်၊+ ကယာဖ၊+ ယောဟန်၊ အလက်​ဇန္ဒား​နဲ့​ ပုရော​ဟိတ်​မင်း​ရဲ့  ဆွေ​မျိုး​တွေ​လည်း​ ပါတယ်။ ၇  ပေတရု​နဲ့ ယောဟန်​ကို အလယ်​မှာ ရပ်​ခိုင်း​ပြီး “မင်း​တို့​က ဘယ်​သူ့​အခွင့်​အာ​ဏာ​နဲ့၊ ဘယ်​သူ့​နာ​မည်​နဲ့ အခု​လို​လုပ်​တာ​လဲ” လို့ စစ်​ဆေး​မေး​မြန်း​ကြ​တယ်။ ၈  အဲဒီ​အခါ သန့်​ရှင်း​သော​စွမ်းအား​တော် ပြည့်​နေ​တဲ့+ ပေတရု​က– “ခေါင်း​ဆောင်​နဲ့  အကြီး​အကဲ​များ​ခင်ဗျာ၊ ၉  ခြေ​မသန်​တဲ့​သူ​ကို ကူညီ​ပေး​လိုက်​တဲ့​အကြောင်း၊+  သူ​ပြန်​ကောင်း​သွား​အောင် ဘယ်​သူ လုပ်​ပေး​လိုက်​တဲ့​အကြောင်း  သိ​ချင်​တယ်​ဆို​ရင်  ကျွန်​တော်​တို့ အစစ်​ဆေး​ခံ​ပါ​မယ်။ ၁၀  ဒီ​လူ အခု​လို ကျန်း​ကျန်း​မာ​မာ​နဲ့ ရပ်​နေ​တာ​ဟာ နာ​ဇ​ရက်​မြို့​သား ယေရှု​ခရစ်​ရဲ့ အခွင့်​အာ​ဏာ​ကြောင့်၊+ အဲဒီ​ယေရှု​ကြောင့်​ပဲ​ဆို​တာ ခင်​ဗျား​တို့​ကို​ရော အစ္စရေး​အားလုံး​ကို​ပါ အသိ​ပေး​ပါ​တယ်။ အဲဒီ​ယေရှု​ကို ခင်​ဗျား​တို့ သစ်​တိုင်​တင်​ပြီး ကွပ်​မျက်​လိုက်​ပေမဲ့+ ဘု​ရား​သခင်​က သေရာ​က​နေ အသက်​ပြန်​ရှင်​လာ​အောင် လုပ်​ပေး​လိုက်​ပြီ။+ ၁၁  ‘တိုက်​ကို တည်​ဆောက်​တဲ့  ခင်​ဗျား​တို့  အရေး​မလုပ်​ပေမဲ့  ထိပ်​ဆုံး​က  ထောင့်​ချုပ်​ကျောက်’ ဖြစ်​လာ​တာ သူ​ပဲ။+ ၁၂  အဲ​ဒီ​အပြင် သူ​က​လွဲ​လို့ ဘယ်​သူ​မှ ကျွန်​တော်​တို့​ကို မကယ်​တင်​နိုင်​ဘူး။ ဘာ​လို့​လဲ​ဆို​တော့ ကျွန်​တော်​တို့​ကို ကယ်​တင်​ဖို့ ကမ္ဘာ​ပေါ်​မှာ ဘု​ရား​သခင် ရွေး​ချယ်​ထား​တာ သူ့​နာ​မည်​ပဲ​ရှိ​တယ်။+ တ​ခြား​နာမည်​ မရှိ​ဘူး”+ လို့​ပြော​လိုက်​တယ်။ ၁၃  ပေတရု​နဲ့ ယောဟန်​ဟာ ပညာ​မတတ်​သူ​တွေ၊*  သာ​မန်​လူ​တွေ​ဖြစ်​လျက်​နဲ့+ အဲဒီ​လို ဘွင်း​ဘွင်း​ရှင်း​ရှင်း* ပြော​တာ​ကို သူတို့​မြင်​တဲ့​အခါ အံ့သြ​သွား​ကြ​တယ်။  ဒီ​တမန်​တော်​နှစ်​ယောက် ယေရှု​နဲ့​အတူ ရှိ​ခဲ့​ဖူး​လို့​ပဲ​ဆို​တာ သူတို့  သဘော​ပေါက်​သွား​ကြ​တယ်။+ ၁၄  ပြန်​ကျန်း​မာ​လာ​ပြီး​နောက် တမန်​တော်​နှစ်​ယောက်​နဲ့​အတူ ရပ်​နေ​တဲ့​လူ​ကို ကြည့်​ပြီး+ သူတို့ တစ်​ခွန်း​မှ ပြန်​မပြော​နိုင်​ကြ​ဘူး။+ ၁၅  ဒါ​နဲ့ တမန်​တော်​နှစ်​ယောက်​ကို ဂျူး​တ​ရား​ရုံး​ချုပ်* ခန်း​မထဲ​က​နေ ထွက်​သွား​ခိုင်း​ပြီး​နောက် အချင်း​ချင်း တိုင်​ပင်​ကြ​တယ်။ ၁၆  “ဒီ​လူ​တွေ​ကို  ဘယ်​လို​လုပ်​ရင် ကောင်း​မလဲ။+ ထူး​ခြား​တဲ့ အံ့​ဖွယ်​အမှု​ကို သူတို့ လုပ်​ပြထား​တော့ ဂျေရု​ဆ​လင်​တစ်​မြို့​လုံး သိ​ကုန်​ပြီ။+ ငါ​တို့ ဘယ်​လို​မှ ငြင်း​လို့ရ​မှာ မဟုတ်​ဘူး။ ၁၇  ဒီ​သတင်း  ပိုပျံ့​မသွား​အောင် အဲဒီ​နာ​မည်​ကို အမှီ​ပြု​ပြီး ဘယ်​သူ့​ကို​မှ ထပ်​မဟော​ဖို့ သူတို့​ကို ခြိမ်း​ခြောက်​ပြီး တား​မှ​ဖြစ်​မယ်”+ လို့​ပြော​ကြ​တယ်။ ၁၈  အဲဒီ​နောက် သူတို့​က တမန်​တော်တွေ​ကို ပြန်​ခေါ်​လိုက်​တယ်။ ယေရှု​ရဲ့​နာ​မည်​ကို အမှီ​ပြု​ပြီး လုံး​ဝ မဟော​ပြော​ဖို့၊ မသွန်သင်​ဖို့ အမိန့်​ပေး​တယ်။ ၁၉  အဲဒီ​အခါ ပေတရု​နဲ့ ယောဟန်​က “ဘု​ရား​သခင့်​စကား​ထက် ခင်​ဗျား​တို့​ရဲ့​စကား​ကို နား​ထောင်​မယ်​ဆို​ရင် ဘုရား​သခင်​ရှေ့​မှာ မှန်​ကန်​ပါ့​မလား​ဆို​တာ ခင်ဗျား​တို့​ကိုယ်​တိုင်​ပဲ ဆုံး​ဖြတ်​ကြ​ပါ​တော့။ ၂၀  ကျွန်​တော်​တို့​က​တော့ ကြား​ခဲ့​မြင်​ခဲ့​တာ​တွေ​ကို မဟော​ဘဲ မနေ​နိုင်​ပါ​ဘူး”+ လို့​ ပြန်​ပြော​လိုက်​တယ်။ ၂၁  ဒါ​နဲ့ သူတို့​ကို ပြစ်​ဒဏ်​ပေး​ဖို့​အ​ကြောင်း​ရင်း ရှာ​မရ​ဘူး။ လူ​တွေ​က​လည်း ဖြစ်​ပျက်​ခဲ့​တာ​တွေ​ကြောင့် ဘု​ရား​သခင်​ရဲ့​ဘုန်း​တော်​ကို ချီး​မွမ်း​နေ​ကြ​တဲ့​အတွက် အဲဒီ​လူ​တွေ​ကို​ပါ ကြောက်​နေ​ရ​တယ်။+ ဒါ​ကြောင့် ပေတရု​နဲ့ ယောဟန်​ကို နောက်​တစ်​ကြိမ် ခြိမ်း​ခြောက်​ပြီး​တော့ လွှတ်​လိုက်​တယ်။ ၂၂  အံ့​ဖွယ်​နည်း​နဲ့ ပြန်​ကျန်း​မာ​လာ​သူ​ဟာ အသက် ၄၀ ကျော်​နေ​ပြီ။ ၂၃  ပေတရု​နဲ့​ယောဟန်​က ပြန်​လွတ်​လာ​တဲ့​အခါ  ယုံ​ကြည်​သူ​ချင်း​တွေ​ဆီ သွား​ပြီး ပု​ရော​ဟိတ်​မင်း​တွေ၊ အကြီး​အကဲ​တွေ ပြော​ဆို​သမျှ ပြန်​ပြော​ပြကြ​တယ်။ ၂၄  ဒီ​သတင်း​ကို  ကြား​တဲ့​အခါ ဘု​ရား​သခင်​ဆီ သူတို့ တ​ညီ​တ​ညွတ်​တည်း ဆုတောင်း​ကြ​တယ်။ “အချုပ်​အခြာ​အာ​ဏာ​ပိုင်​ရှင်၊ ကိုယ်​တော်​ဟာ  ကောင်း​ကင်၊  မြေကြီး၊​ သမုဒ္ဒ​ရာ​နဲ့  အဲဒီ​မှာ  ရှိ​ရှိ​သမျှ​ကို  ဖန်​ဆင်း​တဲ့​အရှင်​ပါ။+ ၂၅  ကိုယ်​တော်​က သန့်​ရှင်း​သော စွမ်းအား​တော်​ကို​သုံး​ပြီး ကိုယ်​တော့်​ကျွန် ဘိုး​ဘေး​ဒါဝိဒ်​က​တစ်ဆင့်+​ ‘လူမျိုး​တွေ ဘာ​လို့ ဆူ​ပူ​အုံ​ကြွ​နေ​တာ​လဲ၊ လူ​တွေ​က အကျိုး​မရှိ​တဲ့​အရာ​ကို ဘာ​လို့ တွေး​တော​ကြံ​စည်​နေ​တာ​လဲ။ ၂၆  ယေဟောဝါ​နဲ့* ကိုယ်​တော် ဘိသိက်​ပေး​ထား​သူ​ကို*  ဆန့်​ကျင်​ဖို့ ကမ္ဘာ​ပေါ်​က ဘု​ရင်တွေ၊ အုပ်​စိုး​ရှင်​တွေ စု​ဝေး​နေ​တယ်’+ ဆို​ပြီး ပြော​ခဲ့​ပါ​တယ်။ ၂၇  ကိုယ်​တော် ဘိ​သိက်​ပေး​ထား​တဲ့+ သန့်​ရှင်း​တဲ့​ကျွန် ယေရှု​ကို ဆန့်​ကျင်​ဖို့ ဟေ​ရုဒ်​မင်း၊ ပု​န္တိ​ပိလတ်​မင်း​တို့​က+ လူမျိုး​ခြား​တွေ၊ အစ္စရေးတွေ​နဲ့​အတူ ဒီ​မြို့​မှာ စုဝေး​ကြ​ပါ​ပြီ။ ၂၈  ကိုယ်​တော်  ကြို​ပြော​ထား​တဲ့​အတိုင်း လုပ်​ဆောင်​ဖို့ သူတို့​စု​ဝေး​နေ​ကြ​တာ​ပါ။  တန်ခိုး​တော်​ကြောင့်၊ အလို​တော်​ကြောင့် အခု​လို ဖြစ်​ပျက်​လာ​တာ​ပါ။+ ၂၉  ယေဟောဝါ* ဘု​ရား၊ သူတို့​ရဲ့ ခြိမ်း​ခြောက်​စကား​ကို ကြား​လှည့်​ပါ။ တ​ရား​စကား​တော်​ကို ရဲရဲရင့်ရင့် ဟော​ပြော​နိုင်​ခွင့် ပေး​သနား​ပါ။ ၃၀  အနာ​ရော​ဂါ​တွေ  ပျောက်​ကင်း​စေ​ဖို့ တန်ခိုး​တော်​ကို ဆက်​ပြီး​ပြပေး​ပါ။ သန့်​ရှင်း​တဲ့​ကျွန်​ဖြစ်​သူ ယေရှု​ရဲ့​နာ​မည်​ကို​သုံး​ပြီး+ အံ့​ဖွယ်​အမှု​တွေ၊ ထူး​ဆန်း​တဲ့​အရာတွေ​ကို+ ဆက်​လုပ်​ဆောင်​ခွင့်​ပေး​ပါ” လို့ ဆုတောင်း​ကြ​တယ်။ ၃၁  အဲဒီ​လို တိုး​လျှိုး​အသနား​ခံ​ပြီး​တဲ့​အခါ သူတို့​စု​ဝေး​တဲ့​နေ​ရာ တုန်​လှုပ်​သွား​တယ်။ သူတို့​အားလုံး သန့်​ရှင်း​သော စွမ်းအား​တော်​နဲ့​ပြည့်​ပြီး+ ဘု​ရား​သခင်​ရဲ့ တ​ရား​စကား​တော်​ကို ရဲရဲရင့်ရင့် ဆက်​ဟော​ပြော​ကြ​တယ်။+ ၃၂  အဲဒီ​နောက် ယုံ​ကြည်​သူ​အားလုံး​က တစ်​စိတ်​တစ်​သဘော​တည်း ဖြစ်​ပြီး ဘယ်​သူ​မှ သူ့​ပစ္စည်း ငါ့​ပစ္စည်း မခွဲ​ခြား​တော့​ဘဲ ရှိ​တာ​တွေ​ကို ဝေ​မျှ​သုံး​စွဲ​ကြ​တယ်။+ ၃၃  တမန်​တော်တွေ​လည်း သခင်​ယေရှု​ရဲ့ ထ​မြောက်​ခြင်း​အကြောင်း  ထိ​ထိ​ရောက်ရောက် သက်သေ​ခံ​ကြ​တယ်။+ သူတို့​အားလုံး မဟာ​ကရု​ဏာ​တော်​ကို  ကြွယ်​ဝ​စွာ ခံစား​ရ​တယ်။ ၃၄  သူတို့​ထဲ​မှာ ချို့​ငဲ့​သူ တစ်​ယောက်​မှ မရှိ​ဘူး။+ အိမ်​ပိုင်​ယာ​ပိုင် ရှိ​သူ​တွေ​က အိမ်​တွေ၊ ယာ​တွေ ရောင်း​ချ​ပြီး ရ​လာ​တဲ့​ငွေ​ကို ယူ​လာ​ကြ​တယ်။ ၃၅  အဲဒီ​နောက် တမန်​တော်တွေ​ဆီ အပ်​လိုက်​တဲ့​အတွက်+ လူ​တိုင်း​ကို လို​အပ်​သလောက် ဝေ​မျှ​ပေး​ကြ​တယ်။+ ၃၆  ဆိုက်​ပရပ်​ကျွန်း​သား ယော​သပ်​လို့​ခေါ်​တဲ့ လေ​ဝိသား​တစ်​ယောက် ရှိ​တယ်။ တမန်​တော်တွေ​က သူ့​ကို ‘နှစ်​သိမ့်​ခြင်း​ရဲ့​သား’ လို့ အဓိပ္ပာယ်ရ​တဲ့ ဗာ​န​ဗ​ဆို​ပြီး+ ခေါ်​ကြ​တယ်။ ၃၇  သူ​က ကိုယ်​ပိုင်​လယ်​တစ်​ကွက်​ကို ရောင်း​ပြီး ရ​လာ​တဲ့​ငွေ​ကို တမန်​တော်တွေ​ဆီ အပ်​လိုက်​တယ်။+

အောက်ခြေမှတ်ချက်များ

ခက်​ဆစ်​ကို​ကြည့်။
စာ​မတတ်​သူ​တွေ မဟုတ်​ဘဲ ဘာ​သာ​ရေး​ကျောင်း​ မတက်​ခဲ့​သူ​တွေ​ကို ဆိုလို။
ဒါ​မှ​မဟုတ်၊ “သတ္တိ​ရှိ​ရှိ။”
ခက်​ဆစ်​ကို​ကြည့်။
ဒါ​မှ​မဟုတ်၊ “ခ​ရစ်​တော်​ကို။”