တမန်တော် ၂၄:၁-၂၇

  • ပေါလု​ကို စွဲ​ချက်​တင်​ကြ (၁-၉)

  • ဖေလ​ဇ်​မင်း​ရှေ့ ပေါလု ထု​ချေ​ပြော​ဆို (၁၀-၂၁)

  • ပေါလု​ရဲ့​အမှု​ကို နှစ်​နှစ်​ကြာ ဆိုင်း​ထား (၂၂-၂၇)

၂၄  ငါး​ရက်​အကြာ​မှာ ပု​ရော​ဟိတ်​မင်း အာ​န​နိ​က+ ကဲ​သရိ​မြို့​ကို ရောက်​လာ​တယ်။ ပေါလု​ရဲ့​အမှု​ကို ဘုရင်​ခံ​ဆီ+ စွဲ​ချက်​တင်​ဖို့ ရှေ့​နေ တေ​ရ​တု​လု​နဲ့ အကြီး​အကဲ​တ​ချို့​ကို​ပါ ခေါ်​လာ​တယ်။ ၂  တေ​ရ​တု​လု​ကို ပြော​ဆို​ခွင့်​ပေး​လိုက်​တဲ့​အခါ သူ စ​ပြီး စွဲ​ချက်​တင်​တော့​တယ်– “ကြီးမြတ်​တဲ့  ဖေလ​ဇ်​မင်း၊  မင်း​ကြီး​ရဲ့ကျေး​ဇူး​ကြောင့်  ကျွန်​တော်​တို့​ အေး​ချမ်း​သာ​ယာ​စွာ  နေ​ထိုင်​နေ​ရ​ပါ​တယ်။ မင်း​ကြီး​ရဲ့ အမြော်​အမြင် ကြီး​မား​မှု​ကြောင့် တိုး​တက်​ပြောင်း​လဲ​မှု​တွေ​ကို​လည်း ဒီ​လူမျိုး​တွေ ခံစား​နေ​ရ​ပါ​တယ်။ ၃  အဲဒီ​ကျေး​ဇူး​တွေ​ကို အချိန်​တိုင်း၊ နေ​ရာ​တိုင်း​မှာ ခံစား​နေ​ရလို့ အထူး​ကျေး​ဇူး​တင်​ကြောင်း  ပြော​ကြား​လို​ပါ​တယ်။ ၄  ဒါ​ပေမဲ့ မင်း​ကြီး​ရဲ့ အချိန်​တွေ​ကို အလ​ဟ​ဿ မဖြစ်​စေ​ချင်​လို့ အကျဉ်း​ချုံး​ပြီး လျှောက်​လဲ​ပါ့​မယ်။ ကရု​ဏာ​ရှေ့​ထား​ပြီး ကြား​နာ​ပေး​ဖို့ ပန်​ကြား​အပ်​ပါ​တယ်။ ၅  ဒီ​လူ​ဟာ မြေတစ်​ပြင်​လုံး​မှာ​ရှိ​တဲ့ ဂျူး​တွေ ပုန်​ကန်​ထ​ကြွ​အောင် သွေး​ထိုး​လှုံ့​ဆော်​ပေး​တဲ့+ အဖျက်​သမား*+ ဖြစ်​နေ​မှန်း၊ နာ​ဇ​ရက်​မြို့​သား​တွေရဲ့+ ဂိုဏ်း​ချုပ် ဖြစ်​နေ​မှန်း ကျွန်​တော်​တို့ စစ်​ဆေး​တွေ့​ရှိ​ရ​ပါ​တယ်။ ၆  ဗိမာန်​တော်​ကို​လည်း ညစ်​ညူး​အောင်​လုပ်​ဖို့ ကြိုး​စား​တဲ့​အတွက် သူ့​ကို ဖမ်း​ဆီး​လိုက်​ပါ​တယ်။+ ၇  * ၈  သူ့​ကို မင်း​ကြီး​ကိုယ်​တိုင် စစ်​ဆေး​ကြည့်​ရင် ကျွန်​တော်​တို့ စွဲ​ချက်​တွေ မှန်​မမှန် သိ​ရ​ပါ​လိမ့်​မယ်။” ၉  ဂျူး​တွေ​က​လည်း အဲဒီ​စွဲ​ချက်​တွေ မှန်​ပါ​တယ်​ဆို​ပြီး ထောက်​ခံ​ပြော​ဆို​ကြ​တယ်။ ၁၀  ဘု​ရင်​ခံ​က ခေါင်း​ညိတ်​ပြပြီး  လျှောက်​လဲ​ခွင့်​ပေး​လိုက်​တဲ့​အခါ ပေါလု​က– “မင်း​ကြီး​ဟာ ဒီ​လူမျိုး​ကို နှစ်​ပေါင်း​များ​စွာ တ​ရား​စီ​ရင်ခဲ့​မှန်း ကျွန်​တော် ကောင်း​ကောင်း​သိ​ပါ​တယ်။ ဒါ​ကြောင့် ဝမ်း​မြောက်​ဝမ်း​သာ  ထု​ချေ​လျှောက်​ထား​ပါ​မယ်။+ ၁၁  ဘု​ရား​သခင်​ကို ဝတ်​ပြု​ကိုးကွယ်​ဖို့ ဂျေရု​ဆ​လင်​မြို့​ကို ကျွန်​တော်​တက်​လာခဲ့​တာ ၁၂ ရက် မကျော်​သေး​ပါ​ဘူး။+ ဒီ​အချက် မှန်​မ​မှန် မင်း​ကြီး​ကိုယ်​တိုင် စစ်​ဆေး​ကြည့်​လို့ ရ​ပါ​တယ်။ ၁၂  ဗိမာန်​တော်​မှာ တစ်​ယောက်​ယောက်​နဲ့ ကျွန်​တော် ငြင်း​ခုံ​နေ​တာ၊ တ​ရား​ဇ​ရပ်​မှာ​ဖြစ်​စေ၊ မြို့​ထဲ​မှာ​ဖြစ်​စေ  လူ​အုပ်​ကို ဆူ​ပူ​အုံ​ကြွ​လာ​အောင် ကျွန်​တော်​လုပ်​နေ​တာ သူတို့ တစ်​ခါ​မှ မတွေ့​ဖူး​ပါ​ဘူး။ ၁၃  အခု​စွဲ​ချက်​နဲ့ ပတ်​သက်​ပြီး​တော့​လည်း သက်​သေအထောက်​အထား မပြနိုင်​ကြ​ပါ​ဘူး။ ၁၄  ဒါ​ပေမဲ့ ကျွန်​တော်​က ပညတ်​ကျမ်း​နဲ့ ပရော​ဖက်​ကျမ်း​တွေ​မှာ ရေး​သား​ထား​သမျှ​ကို ယုံ​ကြည်​တဲ့​အတွက်+ နာ​ဇ​ရက်​မြို့​သား​တွေရဲ့ ဂိုဏ်း​ဆို​ပြီး သူတို့​ခေါ်​တဲ့ လမ်း​စဉ်​အတိုင်း ဘိုး​ဘေး​တို့​ရဲ့​ဘု​ရား​သခင်​ကို+ ဝတ်​ပြု​ကြောင်း ဝန်​ခံ​ပါ​တယ်။ ၁၅  ဖြောင့်​မတ်​သူ​ရော မဖြောင့်​မတ်​သူ​တွေ​ပါ+ ရှင်​ပြန်​ထ​မြောက်​လာ​မယ့်​အကြောင်း+ သူတို့​မျှော်​လင့်​သလို ကျွန်​တော်​လည်း ဘု​ရား​သခင်​ကို အမှီ​ပြု​ပြီး မျှော်​လင့်​ပါ​တယ်။ ၁၆  ဒါ​ကြောင့် ကျွန်​တော်​က ဘု​ရား​သခင်​ရှေ့၊ လူ​ရှေ့​မှာ ကြည်​လင်​တဲ့ အမှား​အမှန်​သိ​စိတ် ရှိ​နိုင်​ဖို့ အမြဲကြိုး​စား​ပါ​တယ်။+ ၁၇  တကယ်​တော့ လူမျိုး​ချင်း​တွေ​ကို ပေး​ကမ်း​ဖို့၊+ ဘု​ရား​သခင်​ဆီ အလှူ​တွေ​ဆက်​သဖို့ ဂျေရု​ဆ​လင်​ကို နှစ်​အတော်​ကြာ​ပြီး​မှ ရောက်​လာ​တာ​ပါ။ ၁၈  အဲဒီ​ကိစ္စတွေ ဆောင်​ရွက်​တဲ့​အခါ​မှာ​လည်း လူ​တွေ​အုပ်​လိုက်​နဲ့ လုပ်​တာ​မျိုး၊ ရုန်း​ရင်း​ဆန်​ခတ် ဖြစ်​တာ​မျိုး မရှိ​ခဲ့​ပါ​ဘူး။ မော​ရှေ​ပညတ်​မှာ​ပါ​တဲ့​အတိုင်း ဗိမာန်​တော်​မှာ ကျွန်​တော် ကိုယ်​ကို​သန့်​စင်​တာ​ကို​ပဲ သူတို့​တွေ့​ကြ​ပါ​တယ်။+ ဒါ​ပေမဲ့ အာ​ရှ​နယ်​က​လာ​တဲ့ ဂျူး​တ​ချို့​တော့ ရှိ​ပါ​တယ်။ ၁၉  စွပ်​စွဲ​စ​ရာ​ရှိ​တယ်​ဆို​ရင် အဲဒီ​ဂျူး​တွေ​လည်း မင်း​ကြီး​ရှေ့ ရောက်​လာ​ပြီး ကျွန်​တော့်​ကို စွပ်​စွဲ​သင့်​ပါ​တယ်။+ ၂၀  ဒါ​မှ​မဟုတ် ဂျူး​တ​ရား​ရုံး​ချုပ် အဖွဲ့​ဝင်​တွေ​ရှေ့​မှာ စစ်​ဆေး​တုန်း​က ကျွန်​တော့်​မှာ ဘာ​အမှား​တွေ့​ခဲ့​လဲ​ဆို​တာ ဒီ​မှာ​ရှိ​တဲ့​လူ​တွေ ကိုယ်​တိုင် လျှောက်​လဲ​ကြ​ပါ​စေ။ ၂၁  အဲဒီ​တုန်း​က ‘လူ​သေတွေ ရှင်​ပြန်​ထ​မြောက်​လာ​မယ့်​အကြောင်း​ကို ကျွန်​တော်​ယုံ​ကြည်​လို့ အခု​လို စစ်​ကြော​စီ​ရင်​ခံ​နေ​ရ​တာ​ပါ’+ လို့​ပဲ ပြော​မိ​ပါ​တယ်” ဆို​ပြီး ပြော​တယ်။ ၂၂  ဖေလ​ဇ်​မင်း​က သခင်​ရဲ့​လမ်း​စဉ်​အကြောင်း+  အတော်​များ​များ သိ​ထား​ပေမဲ့ “တပ်​မှူး​လု​သိ ရောက်​လာ​မှ ဒီ​အမှု​ကို ငါ​စီ​ရင်​ဆုံး​ဖြတ်​မယ်”  လို့​ပြော​ပြီး အမှု​ကို ဆိုင်း​ထား​လိုက်​တယ်။ ၂၃  ပေါလု​ကို အကျယ်​ချုပ်​ထား​ပြီး သူ့​လူ​တွေ လာရောက်​ပြု​စု​တာ​ကို မတား​မြစ်​ဖို့ တပ်​စု​မှူး​ကို အမိန့်​ပေး​လိုက်​တယ်။ ၂၄  ရက်​အတန်​ကြာ​တော့ ဖေလ​ဇ်​မင်း​က ဂျူး​လူမျိုး ကြင်​ရာ​တော် ဒ​ရု​သိ​လ​နဲ့​အတူ ရောက်​လာ​ပြီး ပေါလု​ကို လူ​လွှတ်​ခေါ်​တယ်။ ခ​ရစ်​တော်​ယေရှု​နဲ့​ဆိုင်​တဲ့ ယုံ​ကြည်​ခြင်း​အကြောင်း သူ​ဟော​တာ​ကို နား​ထောင်​တယ်။+ ၂၅  ဒါ​ပေမဲ့ ဖြောင့်​မတ်​ခြင်း၊ ချုပ်​တည်း​ခြင်း၊ ရောက်​လာ​မယ့် တ​ရား​စီ​ရင်​ခြင်း​အကြောင်း​တွေ​ကို+ ပေါလု​ဟော​ပြော​တဲ့​အခါ ဖေလ​ဇ်​မင်း​က ကြောက်​လန့်​လာ​ပြီး “အခု​တော့ ပြန်​လိုက်​ဦး။ အခွင့်​သာ​မှ ငါ​ပြန်​ခေါ်​မယ်” လို့​ပြော​တယ်။ ၂၆  ပြီး​တော့ ဖေလ​ဇ်​မင်း​က ပေါလု ငွေ​ပေး​မလား​ဆို​တဲ့ မျှော်​လင့်​ချက်​နဲ့ သူ့​ကို မကြာ​မကြာ​ခေါ်​ပြီး စကား​စ​မြည်​ပြော​တယ်။ ၂၇  နှစ်​နှစ်​ကြာ​တော့ ဖေလ​ဇ်​မင်း​ရဲ့ အရိုက်​အရာ​ကို ပေါ​ကိ​ဖေတ္တု ဆက်​ခံ​တယ်။ ဖေလ​ဇ်​မင်း​က ဂျူး​တွေ​ရှေ့​မှာ မျက်​နှာ​ရ​ချင်​တော့+ ပေါလု​ကို ဆက်​ပြီး အကျဉ်း​ချ​ထား​လိုက်​တယ်။

အောက်ခြေမှတ်ချက်များ

ဒါ​မှ​မဟုတ်၊ “ဒုက္ခ​ပေး​တဲ့​သူ။”