ဒေသနာ ၁:၁-၁၈

  • အရာရာ​ဟာ အချည်း​နှီး​ပဲ (၁-၁၁)

    • ကမ္ဘာ​မြေ ထာ​ဝ​စဉ်​တည် ()

    • သဘာ​ဝ ရေ​သံ​သရာ (၅-၇)

    • အသစ်​အဆန်း​ဆို​လို့ ဘာ​မှ​မရှိ ()

  • လူ့​ဉာဏ်​ပညာ အကန့်​အသတ်​ရှိ (၁၂-၁၈)

    • လေ​ကို​ဖမ်း​ဆုပ်​ဖို့ အား​ထုတ် (၁၄)

 ဂျေရု​ဆ​လင်​မြို့​ရဲ့​ဘု​ရင်၊ ဒါဝိဒ်ရဲ့​သား​တော်+ နည်း​ပြဆ​ရာ*+ ပြော​တဲ့ စကား​တွေ။  ၂  “တ​ကယ် အချည်း​နှီး​ပဲ။ တ​ကယ် အချည်း​နှီး​ပဲ။ အရာရာ​ဟာ အချည်း​နှီး​ပါ​ပဲ”+ လို့ နည်း​ပြဆ​ရာ ပြော​တယ်။  ၃  လူ​ဟာ နေ​အောက်​မှာ အလုပ်​ကို ကြိုး​စား​လုပ်​ဆောင်​ပေမဲ့ဘာ​အကျိုး​များ ရလို့​လဲ။+  ၄  လူမျိုး​တစ်​ဆက် လွန်​သွား​တယ်။ လူမျိုး​တစ်​ဆက် ပေါ်​လာ​တယ်။ ကမ္ဘာ​မြေက​တော့ ထာ​ဝ​စဉ်​တည်​တယ်။+  ၅  နေ​မင်း​ဟာ ထွက်​လာ​လိုက်၊ ဝင်သွား​လိုက်​နဲ့ပြန်​ထွက်​မယ့်​နေ​ရာ​ဆီ အပြေး​အလွှား​သွား​နေ​တယ်။+  ၆  လေ​ဟာ တောင်​ဘက်ကို​ တိုက်လိုက်၊ မြောက်​ဘက်​ကို လှည့်​ပြီး​တိုက်​လိုက်​နဲ့မပြတ်​တမ်း လှည့်​ပတ်​တိုက်​ခတ်​ပြီး လည်​မြဲလည်​ပတ်​နေ​တယ်။  ၇  မြစ်​ချောင်း​အားလုံး ပင်လယ်​ထဲ စီးဝင်​ကြ​တယ်။ ဒါ​ပေမဲ့ ပင်လယ်​ပြည့်​သွား​တယ်​ဆို​တာ မရှိ​ဘူး။+ မြစ်​ချောင်း​တွေ​ဟာ ပြန်​စီး​ဆင်း​လာ​နိုင်​ဖို့ စတင်​စီး​ဆင်း​ခဲ့​တဲ့ နေရာ​ဆီ ပြန်​သွား​တတ်​တယ်။+  ၈  အရာရာ​ဟာ ပင်​ပန်း​ငြီး​ငွေ့​စ​ရာ​ပဲ။ အကုန်​အစင် ဖော်​ပြနိုင်​တဲ့​သူ တစ်ယောက်​မှ​ မရှိ​ဘူး။ မျက်​လုံး​က မြင်​ရ​တာ​ကို မကျေ​နပ်​နိုင်​ဘူး။ နား​က​လည်း ကြား​လို့​ကို မဝနိုင်​ဘူး။  ၉  ဖြစ်​ဖူး​တဲ့​အရာတွေ ပြန်​ဖြစ်​လာ​လိမ့်​မယ်။ လုပ်​ဖူး​တဲ့​အရာတွေ​ကို ပြန်​လုပ်​ကြ​လိမ့်​မယ်။ နေ​အောက်​မှာ အသစ်​အဆန်း​ဆို​လို့ ဘာ​မှ​မရှိ​ဘူး။+ ၁၀  “ကြည့်​စမ်း။ ဒါ​အသစ်​အဆန်း​ပဲ” လို့ ပြော​လောက်​စ​ရာ ဘာ​များ​ရှိ​လို့​လဲ။ ဟိုး​အရင်​က​တည်း​က တည်​ရှိ​ပြီး​သား၊ငါ​တို့​ခေတ်​မတိုင်​ခင်​က​တည်း​က တည်​ရှိ​ပြီး​သား​အရာတွေ​ချည်း​ပဲ။ ၁၁  အတိတ်​က​လူ​တွေ​ကို ဘယ်​သူ​မှ သတိ​မရ​ကြ​ဘူး။ နောင်​ပေါ်​လာ​မယ့် လူ​တွေ​ကို​လည်း ဘယ်​သူ​မှ သတိ​ရ​မှာ မဟုတ်​ဘူး။ သူတို့​ကို​လည်း နောက်​နောင်​ပေါ်​လာ​မယ့်​သူ​တွေ သတိ​ရ​မှာ မဟုတ်​ဘူး။+ ၁၂  နည်း​ပြဆ​ရာ​ဖြစ်​တဲ့ ငါ​က ဂျေရု​ဆ​လင်​မြို့​မှာ အစ္စရေး​ဘု​ရင်​အဖြစ် နန်း​စံ​နေ​တယ်။+ ၁၃  ကမ္ဘာ​ပေါ်​မှာ လုပ်​ဆောင်​သမျှ​ကို၊+ လူ​သား​တွေ​အတွက် ဘု​ရား​သခင်​ပေး​ထား​တဲ့ စိတ်​ပျက်​စရာ​ အလုပ်​အားလုံး​ကို ဉာဏ်​ပညာ​သုံး​ပြီး လေ့​လာ​စူး​စမ်း​ဖို့+ ငါ စိတ်​ပိုင်း​ဖြတ်​လိုက်​တယ်။ ၁၄  နေ​အောက်​မှာ လုပ်​ဆောင်​နေ​တဲ့  အလုပ်​အားလုံး​ကို ငါမြင်တယ်။ ကြည့်​ပါ​ဦး။ အားလုံး​ဟာ အချည်း​နှီး​ပဲ။ လေ​ကို​ဖမ်း​ဆုပ်​ဖို့ အား​ထုတ်​နေ​တာ​ပဲ။+ ၁၅  ကောက်​တဲ့​အရာ​ကို ဖြောင့်​အောင် မလုပ်​နိုင်​ဘူး။ မရှိ​တဲ့​အရာ​ကို​လည်း ရေ​တွက်​လို့ မရ​နိုင်​ဘူး။ ၁၆  “ငါ့​အရင် ဂျေရု​ဆ​လင်​မြို့​မှာ​ရှိ​ခဲ့​တဲ့ လူ​တွေ​ထက် သာ​လွန်​တဲ့​ဉာဏ်​ပညာ​ကို ငါ​ဆည်း​ပူး​ထား​တယ်။+ ငါ့​ရင်​ထဲ​မှာ ဉာဏ်​ပညာ​နဲ့ ဗ​ဟု​သု​တ အများ​ကြီး​ရှိ​တယ်”+ လို့ စိတ်​ထဲ​မှာ ငါ​ပြော​တယ်။ ၁၇  ဉာဏ်​ပညာ​အကြောင်း၊ ရူး​မိုက်​ခြင်း​အကြောင်း၊ မိုက်​မဲ​ခြင်း​အကြောင်း သိ​နိုင်​ဖို့ ငါ​ကြိုး​စား​တယ်။+ ဒါ​လည်း လေကို​ဖမ်း​ဆုပ်​ဖို့ အား​ထုတ်​နေ​တာ​ပဲ​ဆို​တာ ငါ​သိ​လာ​တယ်။ ၁၈  ဉာဏ်​ပညာ​ရှိ​လေ စိတ်​ပျက်​စ​ရာ ကြုံ​ရ​လေ​ပဲ။ ဗ​ဟု​သု​တ​ကြွယ်​လေ စိတ်​ဆင်း​ရဲရ​လေ​ပဲ။+

အောက်ခြေမှတ်ချက်များ

ဒါ​မှ​မဟုတ်၊ “လူ​တွေ​ကို စု​ရုံး​သူ။”