၁ ယောဟန် ၅:၁-၂၁

  • ယေရှု​ကို ယုံ​ကြည်​တဲ့​သူ​ လော​က​ကို​အောင်နိုင် (၁-၁၂)

    • ဘု​ရား​သခင်​ကို ချစ်​တယ်​ဆို​တာ ()

  • ဆု​တောင်း​ခြင်း​ရဲ့​အစွမ်း​ကို စိတ်​ချ (၁၃-၁၇)

  • ဆိုး​ညစ်​တဲ့​လော​က​မှာ စောင့်​ရှောက်​ခံ​ရ (၁၈-၂၁)

    • တစ်​လော​က​လုံး​ဟာ ဆိုး​ညစ်​သူ​ရဲ့ သြဇာ​အောက်​မှာ ရှိ​နေ (၁၉)

 ယေရှု​ဟာ ခရစ်​တော် ဖြစ်​တယ်​လို့ ယုံကြည်​ရင် သူ​ဟာ ဘုရား​သခင်​ရဲ့ သား​သမီး​ပဲ။+ အဖ​ဘုရား​ကို ချစ်​တဲ့​သူ​ဟာ ဘုရားရဲ့ သား​သမီး​ကို​လည်း ချစ်​တယ်။ ၂  ဘုရား​သခင်​ကို ချစ်​ပြီး ပညတ်​ချက်​တွေ​ကို လိုက်နာ​မယ်​ဆို​ရင် ဘုရားရဲ့ သား​သမီး​တွေ​ကို ချစ်​တဲ့​သူ ဖြစ်​မှန်း+ ကျွန်တော်​တို့ သိ​နိုင်​တယ်။ ၃  ဘုရား​သခင်​ကို ချစ်​တယ်​ဆို​တာ ပညတ်​ချက်​တွေ လိုက်နာ​တာ​ကို ဆိုလို​တယ်။+ ပညတ်​ချက်​တွေ​ဟာ လိုက်နာ​ဖို့ ခက်ခဲ​လွန်း​တဲ့​အရာ မဟုတ်​ပါ​ဘူး။+ ၄  ဘုရား​သခင်​ရဲ့ သား​သမီး​ဟာ လောက​ကို အောင်​နိုင်​တဲ့​သူ​ပဲ။+ လောက​ကို အောင်​နိုင်​စေ​တာ​က​တော့ ကျွန်တော်​တို့​ရဲ့ ယုံကြည်​ခြင်း​ပဲ။+ ၅  လောက​ကို အောင်​နိုင်​တာ ဘယ်သူ​လဲ။+ ယေရှု​ဟာ ဘုရား​သခင်​ရဲ့​သား ဖြစ်​တယ်​ဆို​တာ​ကို ယုံကြည်​တဲ့​သူ​ပဲ။+ ၆  ယေရှု​ခရစ်​က ရေ​နဲ့​ရော သွေး​နဲ့​ပါ ရောက်​လာ​တယ်။ ရေ​တစ်​မျိုး​တည်း​နဲ့ မဟုတ်​ဘဲ+ ရေ​နဲ့​ရော သွေး​နဲ့​ပါ+ ရောက်​လာ​တယ်။ ဒါ​ကို အမှန်​တရား ဖြစ်​တဲ့ စွမ်း​အား​တော်​က သက်သေခံ​တယ်။+ ၇  သက်သေ သုံး​ခု ရှိ​တယ်– ၈  စွမ်းအား​တော်၊+ ရေ​နဲ့+ သွေး ဖြစ်​တယ်။+ အဲ​ဒီ​သုံး​ခု​ဟာ အကြောင်း​အရာ တစ်​ခု​တည်း​ရဲ့ သက်သေပဲ။ ၉  လူ​တွေရဲ့ သက်သေကို လက်ခံ​တယ်​ဆို​ရင် ဘုရား​သခင်​ရဲ့ သက်သေကို ပို​လို့​တောင် လက်ခံ​ရ​မယ်။ သားတော်​နဲ့​ပတ်သက်​တဲ့ သက်သေကို ဘုရား​သခင် ကိုယ်တိုင် ပေး​ခဲ့​တယ်။ ၁၀  ဘုရား​သခင်​ရဲ့ သား​ကို ယုံကြည်​တဲ့​သူ​ဟာ ဘုရား​သခင် ပေး​တဲ့ သက်သေကို စိတ်​နှလုံး​ထဲ​မှာ လက်ခံ​တဲ့​သူ​ပဲ။ ဘုရား​သခင်​ကို မယုံ​ကြည်​တဲ့​သူ​က​တော့ ဘုရား​သခင်​ဟာ မုသာ​သုံး​တဲ့​သူ​ပဲ​လို့ ပြော​ရာ​ရောက်​တယ်။+ သားတော်​နဲ့​ပတ်​သက်​ပြီး ဘုရား​သခင် ပေး​တဲ့ သက်သေကို မယုံ​လို့​ပဲ။ ၁၁  ဘုရား​သခင် ပေး​တဲ့ သက်​သေက​တော့ ထာဝရ​အသက် ဖြစ်​တယ်။+ အဲ​ဒီ​အသက်​ကို သား​တော်​က​တစ်​ဆင့် ကျွန်တော်​တို့ ရ​တယ်။+ ၁၂  ဘုရား​သခင်​ရဲ့ သား​ကို လက်ခံ​ရင် ထာဝရ​အသက် ရ​မယ်၊ လက်​မခံ​ရင် ထာဝရ​အသက် ရ​မှာ မဟုတ်​ဘူး။+ ၁၃  သား​တော်ရဲ့ နာမည်​ကို ယုံကြည်​တဲ့​အတွက်+ ခင်ဗျား​တို့ ထာဝရ​အသက် ရ​မယ်​ဆို​တာ သိ​စေ​ချင်​လို့+ ဒီအကြောင်း​တွေ​ကို ကျွန်တော် ရေး​လိုက်​တာ။ ၁၄  အလို​တော်​နဲ့​အညီ ဆုတောင်း​မယ်​ဆို​ရင် ဘုရား နားထောင်​မယ်​ဆို​တာ စိတ်ချ​တယ်။+ ၁၅  ကျွန်တော်​တို့ ဆုတောင်း​သမျှ​ကို ဘုရား​ နားထောင်​မယ်​ဆို​တာ သိ​ထား​တဲ့​အတွက် တောင်းလျှောက်​တဲ့​အရာတွေ ရမယ်​ဆိုတာ​ကို​လည်း ယုံကြည်​စိတ်ချ​တယ်။+ ၁၆  ညီ​အစ်ကို​တစ်ယောက် မသေထိုက်​တဲ့​အပြစ်​ကို ကျူးလွန်​နေ​တာ တွေ့ရင် သူ့​အတွက် ဆုတောင်း​ပေး​ပါ။ ဘုရား​သခင်​က သူ့​ကို အသက်​ပေး​လိမ့်​မယ်။+ မသေထိုက်​တဲ့​အပြစ်​ကို ကျူးလွန်​သူ​တွေ​နဲ့​ပတ်​သက်​ပြီး ပြော​နေ​တာ​ပါ။ သေထိုက်​တဲ့ အပြစ်​လည်း ရှိ​တယ်။+ အဲ​ဒီ​လို​အပြစ်​အတွက် ဆုတောင်း​ပေး​ရ​မယ်​လို့ ကျွန်တော် ပြော​နေ​တာ မဟုတ်​ဘူး။ ၁၇  မဖြောင့်မတ်​မှု​မှန်​သမျှ​ဟာ အပြစ်​ပဲ။+ ဒါ​ပေမဲ့ မသေထိုက်​တဲ့​အပြစ်​လည်း ရှိပါ​တယ်။ ၁၈  တစ်​ယောက်​ယောက်​ဟာ ဘုရား​သခင့် သား​သမီး​မှန်​ရင် အပြစ်​လုပ်​လေ့ မရှိ​ဘူး​ဆို​တာ ကျွန်တော်​တို့ သိ​တယ်။ ဘုရား​သခင်​ရဲ့ သား​တော်​က သူ့​ကို စောင့်ရှောက်​လိမ့်​မယ်။ ဆိုးညစ်​သူ​က သူ့​ကို ထိ​ခိုက်​အောင် မလုပ်​နိုင်​ဘူး။+ ၁၉  ကျွန်တော်​တို့​ဟာ ဘုရား​သခင်​ရဲ့ ဘက်​တော်​သား​တွေ ဖြစ်​မှန်း၊ တစ်​လောက​လုံး​က​တော့ ဆိုးညစ်​သူ​ရဲ့ သြဇာ​အောက်​မှာ ရှိ​နေ​မှန်း+ ကျွန်တော်​တို့ သိ​တယ်။ ၂၀  ကမ္ဘာ​မြေကို သား​တော် ရောက်​လာခဲ့​မှန်း ကျွန်တော်​တို့ သိ​တယ်။+ စစ်မှန်​တဲ့ အရှင်​အကြောင်း သိကျွမ်း​နိုင်​ဖို့ လိုအပ်​တဲ့ ထိုး​ထွင်း​သိ​မြင်​မှု​ကို သူ​ပေး​တယ်။ ကျွန်တော်​တို့​ဟာ သား​တော်​ယေရှု​ခရစ်​အား​ဖြင့် စစ်မှန်​တဲ့​အရှင်​နဲ့ တစ်​စိတ်​တစ်​ဝမ်း​တည်း ဖြစ်​နေ​တယ်။+ အဲ​ဒီ​အရှင်​ဟာ စစ်မှန်​တဲ့ ဘု​ရား​သခင်၊ ထာဝရ​အသက်​ရဲ့ ရင်း​မြစ်​ပဲ။+ ၂၁  သား​သမီး​တို့၊ ရုပ်တု​ဆင်းတု​ကို ဝေး​ဝေး ရှောင်​ကြ​ပါ။+

အောက်ခြေမှတ်ချက်များ