ဟီဘရူး ၅:၁-၁၄

  • လူ​သား ပု​ရော​ဟိတ်​မင်း​တွေ​ထက်​သာ​တဲ့​ ယေရှု (၁-၁၀)

    • မေလ​ခိဇေ​ဒက်​လို ပု​ရော​ဟိတ်​မျိုး (၁၀)

    • ဆင်း​ရဲ​ဒုက္ခ​ခံ​ခြင်း​အား​ဖြင့် နာ​ခံ​တတ်​ဖို့ သင်ယူခဲ့ ()

    • သူ့​အား​ဖြင့် ထာ​ဝ​ရ​ကယ်​တင်​ခြင်း​ရ​ဖို့ လမ်းပွင့် ()

  • ရင့်​ကျက်​မှု​မရှိ​တဲ့​အဖြစ်​ကို သတိ​ပေး (၁၁-၁၄)

 လူ​တွေ​ကိုယ်​စား  ဘု​ရားသ​ခင်​အတွက်​ အမှု​ဆောင်​ဖို့​ လူ​တွေ​ထဲ​က  ရွေး​ချယ်​ခန့်​အပ်​ခံ​ရ​တဲ့  ပုရော​ဟိတ်​မင်း​က+  အလှူ​တွေ၊  ပူ​ဇော်​သက္ကာတွေ ဆက်​သပြီး အပြစ်​ဖြေပေး​ရ​တယ်။+ ၂  မသိ​နား​မလည်​ဘဲ အမှား​လုပ်​မိ​သူ​တွေ​ကို သနား​စာ​နာ​စိတ်​နဲ့ သူ​ဆက်​ဆံ​ပေး​နိုင်​တယ်။ သူ​ကိုယ်​တိုင်​က အား​နည်း​ချက်​ရှိ​နေ​တာ​ကိုး။ ၃  ဒါ​ကြောင့် သူ​က အပြစ်​ဖြေ​ရာ​အလှူ​ကို လူ​တွေ​အ​တွက် ဆက်​သရ​သလို မိမိ​ကိုယ်​တိုင်​အတွက်​လည်း ဆက်​သရ​တယ်။+ ၄  လူ​တစ်​ယောက်​က ပု​ရော​ဟိတ်​မင်း တာ​ဝန်​ကို ကိုယ့်​သဘော​နဲ့​ကိုယ် ယူ​လို့ရ​တာ မဟုတ်​ဘူး။ အာ​ရုန်​လို​ပဲ ဘု​ရား​သခင်​ခန့်​အပ်​မှ​သာ ပု​ရော​ဟိတ်​မင်း ဖြစ်​နိုင်​တာ​ပါ။+ ၅  အလား​တူ၊ ခရစ်​တော်​လည်း ပု​ရော​ဟိတ်​မင်း​တာ​ဝန်​ကို ကိုယ့်​သဘော​နဲ့​ကိုယ် ယူ​ပြီး မိမိ​ကိုယ်​ကို ချီး​မြှောက်​ခဲ့​တာ မဟုတ်​ဘူး။+ “မင်း​ဟာ ငါ့​သား​ပဲ။ ဒီ​နေ့၊ ငါ​ဟာ မင်း​ရဲ့​ဖခင်​ဖြစ်​လာ​ပြီ”+ လို့ ပြော​ခဲ့​တဲ့ ဘု​ရား​သခင်​က သူ့​ကို ချီး​မြှောက်​ခဲ့​တာ။ ၆  “မင်း​ဟာ မေလ​ခိဇေ​ဒက်​လို ပု​ရော​ဟိတ်​မျိုး ထာ​ဝ​စဉ်​ဖြစ်​ရ​လိမ့်​မယ်”+  လို့​လည်း ကျမ်း​တစ်​ချက်​မှာ ဘု​ရား​သခင် ပြော​ထား​တယ်။ ၇  ခ​ရစ်​တော်​က  လူ​သား​တစ်​ဦး​အဖြစ် ကမ္ဘာ​မြေပေါ် အသက်​ရှင်​ခဲ့​တုန်း​က မိမိ​ကို သေခြင်း​က​နေ ကယ်​တင်​ပေး​နိုင်​တဲ့​အရှင်​ဆီ အော်​ဟစ်​ငို​ကြွေး​ပြီး တိုး​လျှိုး​အသနား​ခံ​ခဲ့​တယ်။ မျက်​ရည်​ကျ​ပြီး အသနား​ခံ ဆု​တောင်း​ခဲ့​တယ်။+ ဘု​ရား​သခင်​ကို  ကြောက်​ရွံ့​ရို​သေတဲ့​အတွက် သူ​ဆု​တောင်း​တာ​ကို ဘု​ရား​သခင် နား​ထောင်​ခဲ့​တယ်။ ၈  ဘု​ရား​သခင်​ရဲ့​သား​ဖြစ်​ပေမဲ့ ဆင်း​ရဲ​ဒုက္ခ​ခံ​ခြင်း​အား​ဖြင့် နာ​ခံ​တတ်​ဖို့ သင်​ယူ​ခဲ့​တယ်။+ ၉  သူ အရည်​အချင်း လုံး​ဝ​ပြည့်​မီ​သွား​တဲ့​နောက်+ နာ​ခံ​သူ​အား​လုံး​ဟာ သူ့​အား​ဖြင့် ထာ​ဝ​ရ​ကယ်​တင်​ခြင်း​ရ​ဖို့ လမ်း​ပွင့်​သွား​တယ်။+ ၁၀  ဘာ​လို့​လဲ​ဆို​တော့ ဘု​ရား​သခင်​က သူ့​ကို မေလ​ခိဇေ​ဒက်​လို ပု​ရော​ဟိတ်​မင်း​ဖြစ်​ဖို့ ခန့်​အပ်​လိုက်​လို့​ပဲ။+ ၁၁  သူ​နဲ့​ပတ်​သက်​ပြီး  ပြော​စ​ရာ​အများ​ကြီး​ရှိ​ပေမဲ့ ခင်​ဗျား​တို့​မှာ သိ​ချင်​တတ်​ချင်​စိတ်​မရှိ​တော့* ရှင်း​ပြဖို့ ခက်​တယ်။ ၁၂  တ​ကယ်​တော့  အခု​လောက်​ဆို ခင်​ဗျား​တို့​ဟာ ဆ​ရာတွေ ဖြစ်​သင့်​ပြီ။ ဒါ​ပေမဲ့ ဘု​ရား​သခင်​ရဲ့ ဗျာဒိတ်​တော်​နဲ့​ဆိုင်​တဲ့ အခြေ​ခံ​အကြောင်း​တွေ​ကို တ​ခြား​လူ​ဆီ​က ပြန်​သင်​ယူ​ဖို့ လို​နေ​သေး​တယ်။+ ခင်​ဗျား​တို့​ဟာ မာ​တဲ့​အစာ မစား​ဘဲ နို့​ကို​သာ သောက်​သုံး​နေ​တဲ့​လူ​နဲ့ တူ​နေ​တယ်။ ၁၃  နို့​ကို အမြဲသောက်​သုံး​တဲ့​သူ​ဟာ  က​လေး​ပဲ။  ဒါ​ကြောင့် ဖြောင့်​မတ်​ခြင်း​နဲ့​ဆိုင်​တဲ့ တ​ရား​စ​ကား​ကို အကျွမ်း​တ​ဝင် မရှိ​ဘူး။+ ၁၄  မာ​တဲ့​အစာ​ကို​တော့ ရင့်​ကျက်​သူ​တွေ​ပဲ စား​တယ်။ သူ​တို့​ဟာ ပိုင်း​ခြား​သိ​မြင်​နိုင်​စွမ်း​ကို အမြဲအသုံး​ပြု​ပြီး အမှား​အမှန် ခွဲ​ခြား​သိ​နိုင်​အောင် လေ့​ကျင့်​ထား​တယ်။

အောက်ခြေမှတ်ချက်များ

ဒါ​မှ​မဟုတ်၊ “ခင်​ဗျား​တို့ နား​ထိုင်း​တော့။”