ဟီဘရူး ၂:၁-၁၈

  • ခါ​တိုင်း​ထက် ပို​ပြီး အာ​ရုံ​စိုက် (၁-၄)

  • အရာ​အား​လုံး​ကို ယေရှု​အောက်​မှာ ချ​ထား (၅-၉)

  • ယေရှု​နဲ့ ညီ​အစ်​ကို​တွေ (၁၀-၁၈)

    • ကယ်​တင်​ဖို့ အရည်​အချင်း​ပြည့်​မီ​တဲ့ ကိုယ်​စား​လှယ်​ချုပ် (၁၀)

    • သနား​ကြင်​နာ​တတ်​တဲ့ ပု​ရော​ဟိတ်​မင်း (၁၇)

 ဒါ​ကြောင့်  ယုံ​ကြည်​ခြင်း​က​နေ တရွေ့​ရွေ့ မျော​ပါ​မသွား​ဖို့+ ကြား​ခဲ့​တာ​တွေ​ကို ခါ​တိုင်း​ထက် ပို​ပြီး​အာ​ရုံ​စိုက်​ဖို့ လို​တယ်။+ ၂  ကောင်း​ကင်​တမန်​တွေ​က​တစ်​ဆင့်+ ဘိုး​ဘေး​တွေ​ကို ဘု​ရား​သခင်​ပြော​ခဲ့​တဲ့ စ​ကား​က မှန်​ကန်​တဲ့​အတွက် အပြစ်​ကျူး​လွန်​သူ​တွေ၊ မနာ​ခံ​သူ​တွေ တ​ရား​သဖြင့် ပြစ်​ဒဏ်​ခံ​ရ​တယ်​ဆို​ရင်၊+ ၃  ဘု​ရား​သခင်​ရဲ့ ကယ်​တင်​ခြင်း​သတင်း​ကို ကျွန်​တော်​တို့ လျစ်​လျူ​ရှု​မယ်​ဆို​ရင် ပြစ်​ဒဏ်​က​နေ လွတ်​မြောက်​နိုင်​ပါ့​မလား။+ အဲ​ဒီ​ကယ်​တင်​ခြင်း​သတင်း​ကို သခင်​ကိုယ်​တိုင် ဦး​ဆုံး​ဟော​ပြော​ခဲ့​တယ်။+ ကြား​နာ​ခဲ့ရ​သူ​တွေ တစ်​ဆင့်​ပြန်​ပြော​ပြလို့ ကျွန်​တော်​တို့ သိ​ခဲ့ရ​တယ်။ ၄  ဘု​ရား​သခင်​က​လည်း အံ့​ဖွယ်​အမှု​တွေ၊ ထူး​ဆန်း​တဲ့​အရာတွေ၊ တန်​ခိုး​တွေ ပြပြီး၊+ သန့်​ရှင်း​သော စွမ်း​အား​တော်ရဲ့ ဆု​ကျေး​ဇူး​တွေ​ကို အလို​တော်​နဲ့​အညီ ပေး​သနား​ပြီး+ အဲဒီ​သတင်း​ကို အတည်​ပြု​ပေး​ခဲ့​တယ်။ ၅  ကျွန်​တော်​တို့​ပြော​နေ​တဲ့ နောင်​တစ်​ချိန်​တည်​ရှိ​မယ့် ကမ္ဘာ​ကို အုပ်​ချုပ်​ဖို့ ကောင်း​ကင်​တ​မန်​တွေ​ကို ဘု​ရား​သခင် တာ​ဝန်​မပေး​ဘူး။+ ၆  တစ်​ခါ​တုန်း​က  သက်​သေတစ်​ယောက်​က “လူ​ဟာ  ဘာ​မို့လို့ ကိုယ်​တော် အောက်​မေ့​နေ​ရ​တာ​လဲ။ လူ​သား​ဟာ ဘာ​မို့လို့ ကိုယ်​တော် ဂရု​စိုက်​နေ​ရ​တာ​လဲ။+ ၇  ကိုယ်​တော်​က သူ့​ကို ကောင်း​ကင်​တ​မန်​တွေ​ထက် အနည်း​ငယ် နိမ့်​ကျ​စေ​တယ်။ ဘုန်း​အသရေ၊ ဂုဏ်​အသရေ​နဲ့ ချီး​မြှောက်​တယ်။ လက်​ရာ​တော်တွေ​ကို အုပ်​စိုး​ဖို့ ခန့်​အပ်​တယ်။ ၈  အရာ​အား​လုံး​ကို သူ့​ခြေ​အောက်​မှာ ချ​ထား​တယ်”+  လို့​ရေးခဲ့​တယ်။ ယေရှု​ကို အရာ​အား​လုံး အုပ်​ချုပ်​ခွင့်​ပြု​တုန်း​က+ ဘု​ရား​သခင် အုပ်​ချုပ်​ခွင့်​မပြု​ဘဲ ချန်​ထား​တဲ့​အရာ​ဆို​လို့ တစ်​ခု​မှ မရှိ​ဘူး။+ အခု၊ အရာ​အား​လုံး​ကို  ယေရှု​အုပ်​ချုပ်​နေ​တာ ကျွန်​တော်​တို့ မတွေ့​ရ​သေး​ပေမဲ့၊+ ၉  ကောင်း​ကင်​တ​မန်​တွေ​ထက် အနည်း​ငယ်​နိမ့်​ချ​ခံ​ရ​တဲ့ ယေရှု​က+ အသေခံ​ခဲ့​တဲ့​အတွက်+ ဘုန်း​အသရေ၊ ဂုဏ်​အသရေ​နဲ့ ချီး​မြှောက်​ခံ​ရ​ပြီဆို​တာ​ကို​တော့ ကျွန်​တော်​တို့ တွေ့​ရ​တယ်။ ယေရှု​ဟာ ဘု​ရား​သခင်​ရဲ့ မဟာ​က​ရု​ဏာ​တော်​အား​ဖြင့် လူ​အား​လုံး​အတွက် အသေခံ​ခဲ့​တယ်။+ ၁၀  အရာ​အား​လုံး​ဟာ ဘု​ရား​သခင့် ဘုန်း​တော်​အတွက် တည်​ရှိ​နေ​ပြီး ဘု​ရား​သခင်​ကြောင့် တည်​ရှိ​နေ​တယ်။ သား​တွေ​အများ​ကြီး​ကို ဂုဏ်​တင်​ချီး​မြှောက်​ဖို့+ ကိုယ်​စား​လှယ်​ချုပ်​ကို+ ဆင်း​ရဲ​ဒုက္ခ​ခံ​ရ​အောင်+ ဘု​ရား​သခင် ခွင့်​ပြု​လိုက်​တာ​ဟာ သင့်​တော်​တယ်။ ဒီ​နည်း​နဲ့ ကိုယ်​စား​လှယ်​ချုပ်​က အဲ​ဒီ​သား​တွေ​ကို ကယ်​တင်​ဖို့ အရည်​အချင်း ပြည့်​မီ​သွား​တယ်။ ၁၁  သန့်​စင်​ပေး​တဲ့ ယေရှု​ရဲ့ ဖခင်​နဲ့ သန့်​စင်​ခံ​ရ​သူ​တွေရဲ့+ ဖခင်​ဟာ တစ်​ပါး​တည်း​ပဲ။+ ဒါ​ကြောင့် ယေရှု​က သူ​တို့​ကို ညီ​အစ်​ကို​တွေလို့ ခေါ်​ ဖို့ ရှက်​ကြောက်​မနေ​ဘဲ၊+ ၁၂  “နာ​မတော်​ကို ညီ​အစ်​ကို​တွေ​သိ​အောင် ကြေ​ညာ​ပါ့​မယ်။ လူ​စု​လူ​ဝေး​အလယ်​မှာ ကိုယ်​တော့်​ကို ချီး​မွမ်း​သီ​ချင်း​ဆို​ပါ့​မယ်”+ လို့​ပြော​ခဲ့​တယ်။ ၁၃  “ကိုယ်​တော့်​ကို ကျွန်​တော် ကိုး​စား​ပါ့​မယ်၊”+ “ကျွန်​တော်​က ယေဟောဝါ* ပေး​သနား​တဲ့ က​လေး​တွေ​နဲ့ အတူ​ရှိ​နေ​တယ်”+ လို့​လည်း ပြော​ခဲ့​တယ်။ ၁၄  အဲ​ဒီ “က​လေး​တွေ” ဟာ သွေး​သား​ခ​န္ဓာ​ရှိ​သူ​တွေ  ဖြစ်​တဲ့​အတွက် ယေရှု​လည်း သွေး​သား​ခ​န္ဓာ​ကို ယူ​ခဲ့ရတယ်။+  သေခြင်း​ကို  ဖြစ်​ပေါ်​စေ​တဲ့+  မာရ်​နတ်​ကို+ မိမိ​ရဲ့​သေခြင်း​အား​ဖြင့် ဖျက်​ဆီး​နိုင်​ဖို့​ပဲ။ ၁၅  သေရ​မှာ​ကို ကြောက်​တဲ့​စိတ်​နဲ့ တစ်​သက်​လုံး ကျွန်​ခံ​နေ​ရ​သူ​တွေ​ကို လွတ်​မြောက်​စေ​ဖို့​ပဲ။+ ၁၆  တ​ကယ်​တော့ ယေရှု​က ကောင်း​ကင်​တ​မန်​တွေ​ကို ထောက်​မနေ​တာ မဟုတ်​ဘူး။ အာ​ဗြ​ဟံ​ရဲ့ မျိုး​နွယ်​ကို+ ထောက်​မနေ​တာ။ ၁၇  ဘု​ရား​သခင်​ရဲ့​အလုပ်​ကို သနား​ကြင်​နာ​စိတ်​နဲ့ သစ္စာ​ရှိ​ရှိ လုပ်​ဆောင်​တဲ့ ပု​ရော​ဟိတ်​မင်း ဖြစ်​နိုင်​ဖို့ ယေရှု​ဟာ မိမိ​ရဲ့ “ညီ​အစ်​ကို​တွေ” နဲ့ အရာရာ​မှာ မဖြစ်​မနေ တူ​ခဲ့ရ​တယ်။+ ဒါ​မှ လူ​တွေရဲ့​အပြစ်​အတွက် အပြစ်​ဖြေရာ ပူ​ဇော်​သက္ကာ​ကို+ ပူ​ဇော်​နိုင်​မှာ​ကိုး။+ ၁၈  စမ်း​သပ်​ခံ​ရ​တဲ့​အခါ ကိုယ်​တိုင် ဆင်း​ရဲ​ဒုက္ခ​ခံ​ဖူး​တဲ့​အတွက်+ စမ်း​သပ်​ခံ​ရ​သူ​တွေ​ကို သူ ကူ​ညီ​မစ​ပေး​နိုင်​တယ်။+

အောက်ခြေမှတ်ချက်များ