ရောမ ၅:၁-၂၁

  • ခ​ရစ်​တော်​ကြောင့် ဘု​ရား​သခင်​နဲ့ ပြန်​လည်​သင့်မြတ်​လာ (၁-၁၁)

  • အာ​ဒံ​ကြောင့် သေဆုံး​ရ၊ ခ​ရစ်​တော်​ကြောင့် အသက်​ရှင်​ရ (၁၂-၂၁)

    • အပြစ်​နဲ့​သေခြင်း လူ​အား​လုံး​ဆီ ပျံ့​နှံ့ (၁၂)

    • ဖြောင့်​မတ်​ရာရောက်​စေ​တဲ့ လုပ်​ရပ်​တစ်​ခု (၁၈)

 ကျွန်​တော်​တို့​ဟာ ယုံ​ကြည်​ခြင်း​ကြောင့် ဖြောင့်​မတ်​သူ​အဖြစ် သတ်​မှတ်​ခံ​ရ​ပြီ။+ ဒါ​ကြောင့် သခင်​ယေရှု​ခရစ်​အား​ဖြင့် ဘု​ရား​သခင်​နဲ့ အမြဲ ခင်​မင်​ရင်း​နှီး​နေ​ကြ​စို့။*+ ၂  အဲ​ဒီ​သခင်​ကို ယုံ​ကြည်​ခြင်း​အား​ဖြင့် မဟာ​က​ရု​ဏာ​တော် ခံ​စား​ရ​နိုင်​မယ့် အခွင့်​အလမ်း ပွင့်​သွား​တယ်။ အခု အဲ​ဒီ​က​ရု​ဏာ​ကို ကျွန်​တော်​တို့ ခံ​စား​နေ​ရ​တာ။+ ဘု​ရား​သခင်​ရဲ့ ဘုန်း​တော်​ကို​ရ​မယ်​ဆို​တဲ့ မျှော်​လင့်​ချက်​နဲ့ ရွှင်​လန်း​နေ​ကြ​စို့။* ၃  အဲ​ဒီ​အပြင် ဆင်း​ရဲ​ဒုက္ခ ရောက်​နေ​ချိန်​မှာ​လည်း ရွှင်​လန်း​နေ​ကြ​စို့။*+ ဆင်း​ရဲ​ဒုက္ခ​ဟာ ခံ​နိုင်​ရည်​ကို ဖြစ်​ပေါ်​စေ​တယ်​ဆို​တာ ကျွန်​တော်​တို့ သိ​ထား​လို့​ပဲ။+ ၄  ခံ​နိုင်​ရည်​က​လည်း ဘု​ရား​သခင်​ရဲ့ နှစ်​သက်​မှု​ကို ရ​စေ​တယ်။+ ဘု​ရား​သခင်​ရဲ့ နှစ်​သက်​မှု​ကို ရ​တာ​က​လည်း မျှော်​လင့်​ချက် ရှိ​စေ​တယ်။+ ၅  အဲ​ဒီ​မျှော်​လင့်​ချက်​ကြောင့် စိတ်​ပျက်​ရ​မှာ မဟုတ်​ဘူး။+ ဘာ​လို့​လဲ​ဆို​တော့ ဘု​ရား​သခင်​က ကျွန်​တော်​တို့​ကို ပေး​ထား​တဲ့ သန့်​ရှင်း​သော စွမ်း​အား​တော်​အား​ဖြင့် ကျွန်​တော်​တို့​ကို ချစ်မြတ်​နိုး​ကြောင်း ဖော်​ပြခဲ့လို့​ပဲ။+ ၆  ကျွန်​တော်​တို့ အား​နည်း​နေ​တာ​တောင်+ ခ​ရစ်​တော်​က သတ်​မှတ်​ချိန်​ရောက်​တဲ့​အခါ ဘု​ရား​တ​ရား​မဲ့​သူ​တွေ​အတွက် အသေခံ​ခဲ့​တယ်။ ၇  ဖြောင့်​မတ်​သူ​အတွက် အသေခံ​မယ့်​သူ သိပ်​ရှား​တယ်။  သူ​တော်​ကောင်း​အတွက်​တော့  အသေခံ​ဝံ့​သူ  ရှိ​ကောင်း​ရှိ​နိုင်​တယ်။ ၈  ခ​ရစ်​တော်​က​တော့ ကျွန်​တော်​တို့ အပြစ်​ရှိ​သူ​တွေ ဖြစ်​နေ​တာ​တောင် အသေခံ​ပေး​ခဲ့​တယ်။ ဒီ​နည်း​နဲ့ ဘုရား​သခင်​က ကျွန်​တော်​တို့​ကို ချစ်မြတ်​နိုး​ကြောင်း ဖော်​ပြတယ်။+ ၉  အခု​ဆို​ရင်  ခ​ရစ်​တော်ရဲ့​သွေး​ကြောင့် ဖြောင့်​မတ်​သူ​အဖြစ် သတ်​မှတ်​ခံ​ရ​ပြီမို့လို့+ အမျက်​တော် မသင့်​တော့​ဘဲ ခ​ရစ်​တော်​ကြောင့် ကယ်​တင်​ခံ​ရ​မယ်​ဆို​တာ+ ပို​လို့​တောင် စိတ်​ချ​နိုင်​တယ်။ ၁၀  ရန်​သူ​တွေ ဖြစ်​နေ​ချိန်​မှာ​တောင် သား​တော်ရဲ့​သေခြင်း​ကြောင့်  ဘု​ရား​သခင်​နဲ့ ကျွန်​တော်​တို့ ပြန်​လည်​သင့်မြတ်​လာခဲ့​တာ။+ အခု​လို ပြန်​လည်​သင့်မြတ်​နေ​ချိန်​မှာ​ဆို​ရင် အသက်​ရှင်​နေ​တဲ့ သား​တော်​အား​ဖြင့် ကယ်​တင်​ခံ​ရ​မယ်​ဆို​တာ ပို​လို့​တောင် စိတ်​ချ​နိုင်​တယ်။ ၁၁  အဲ​ဒီ​အပြင် သခင်​ယေရှု​ခ​ရစ်​အား​ဖြင့် ဘုရား​သခင်​နဲ့ ခင်​မင်​ရင်း​နှီး​လာ​တဲ့​အတွက်​လည်း ကျွန်​တော်​တို့ ပျော်​ရွှင်​ကြ​တယ်။ ယေရှု​ကြောင့် ဘု​ရား​သခင်​နဲ့ ပြန်​လည်​သင့်မြတ်​ခွင့်​ကို ကျွန်​တော်​တို့ ရခဲ့​ကြ​တာ။+ ၁၂  အပြစ်​ဟာ  လူ​တစ်​ယောက်​ကြောင့်  လူ့​လော​က​ထဲ  ရောက်​လာ​တယ်။ အပြစ်​ကြောင့် သေခြင်း​လည်း ပေါ်​ပေါက်​လာ​တယ်။+ ဒါ​ကြောင့် လူ​အား​လုံး​ဟာ အပြစ်​ရှိ​သူ​တွေ ဖြစ်​သွား​တဲ့အတွက်  သေဆုံး​ကြ​ရ​တယ်။+ ၁၃  ပညတ်​တ​ရား မရှိ​ခင်​က​တည်း​က လူ့​လော​က​မှာ  အပြစ်​ဆို​တာ  ရှိ​ခဲ့​တယ်။ ဒါ​ပေမဲ့ အဲ​ဒီ​တုန်း​က ပညတ်​​ဥပဒေ​ မရှိ​တဲ့​အတွက် အပြစ်​ကျူး​လွန်​သူ​အဖြစ် ဘယ်​သူ့​ကို​မှ  သတ်​မှတ်​လို့​မရ​ဘူး။+ ၁၄  အာ​ဒံ​လက်​ထက်​က​နေ မော​ရှေ​လက်​ထက်​အထိ သေခြင်း​က ဘုရင်​တစ်​ပါး​လို ကြီး​စိုး​ခဲ့​တယ်။ အာ​ဒံ အပြစ်​ကျူး​လွန်​ခဲ့​သလို မကျူး​လွန်​တဲ့​သူ​တွေ​ကို​တောင် ကြီး​စိုး​ခဲ့​တယ်။ အာ​ဒံ​ဟာ နောင်​တစ်​ချိန်​မှာ ပေါ်​ထွန်း​လာ​မယ့်​သူ​နဲ့ ဆင်​တူ​တယ်။+ ၁၅  အပြစ်​ကျူး​လွန်​ခြင်း​နဲ့ ဆု​လက်​ဆောင်​ဆို​တာ  မတူ​ဘူး။  လူ​တစ်​ယောက်​ရဲ့  အပြစ်​ကြောင့်  လူ​များ​စွာ သေရ​တယ်။ ဒါ​ပေမဲ့ လူ​တစ်​ယောက်​ရဲ့ မဟာ​က​ရု​ဏာ​ကြောင့်+  လူ​များ​စွာ​က+ ဘုရား​သခင်​ရဲ့ မဟာ​က​ရု​ဏာ​တော်​နဲ့ ဆု​လက်​ဆောင်​ကို အလျှံ​ပယ် ခံ​စား​ရ​တယ်။ အဲ​ဒီ​တစ်​ယောက်​ဟာ ယေရှု​ခ​ရစ်​ပဲ။ ၁၆  လူ​တစ်​ယောက် ကျူး​လွန်​တဲ့ အပြစ်​နဲ့+ ဆု​လက်​ဆောင်​က အကျိုး​ဆက်​ချင်း​လည်း မတူ​ဘူး။ ကျူး​လွန်​တဲ့ အပြစ်​တစ်​ခု​ကြောင့် လူ​အား​လုံး အပြစ်​ရှိ​သူ​တွေလို့ သတ်​မှတ်​ခံ​ရ​တယ်။+ ဒါ​ပေမဲ့ လူ​များ​စွာ အပြစ်​ကျူး​လွန်​ပြီး​နောက်​မှာ ဘု​ရား​သခင်​က ဆု​လက်​ဆောင် ပေး​သနား​ခဲ့​တယ်။ အဲ​ဒီ​ဆု​လက်​ဆောင်​ကြောင့် လူ​တွေ​ဟာ ဖြောင့်​မတ်​သူ​အဖြစ် သတ်​မှတ်​ခံ​ရ​တယ်။+ ၁၇  လူ​တစ်​ယောက်​ရဲ့ အပြစ်​ကြောင့် သေခြင်း​က ဘု​ရင်​တစ်​ပါး​လို ကြီး​စိုး​ခဲ့​တယ်။+ ဒါ​ပေမဲ့ ကျွန်​တော်​တို့​ကို ဖြောင့်​မတ်​သူ​တွေ ဖြစ်​လာ​စေ​တဲ့ မဟာ​က​ရု​ဏာ​တော်​နဲ့ ဆု​လက်​ဆောင်​က​တော့ သာ​လွန်​မြင့်မြတ်လှ​ပါ​တယ်။+ အဲ​ဒါ​တွေ​ကို ရ​ရှိ​သူ​တွေ​ဟာ ယေရှု​ခ​ရစ်​ကြောင့်+ အသက်​ရှင်​ပြီး ဘု​ရင်တွေ​အဖြစ် အုပ်​ချုပ်​ရ​လိမ့်​မယ်။+ ၁၈  ဒီ​တော့ အပြစ်​တစ်​ခု​ကြောင့် လူ​အမျိုး​မျိုး  ပြစ်​ဒဏ်​စီ​ရင်​ခံ​ရ​တယ်။+ အလား​တူ၊ ဖြောင့်​မတ်​ရာရောက်​စေ​တဲ့ လုပ်​ရပ်​တစ်​ခု​ကြောင့် လူ​အမျိုး​မျိုး​က+ ဖြောင့်​မတ်​သူ​တွေ​အဖြစ် သတ်​မှတ်​ခံ​ရ​ပြီး အသက်​ရ​နိုင်​ကြ​မယ်။+ ၁၉  လူ​တစ်​ယောက်​ရဲ့ မနာ​ခံ​မှု​ကြောင့် လူ​များ​စွာ အပြစ်​ရှိ​သူ​တွေ ဖြစ်​လာ​တယ်။+ အလား​တူ၊ လူ​တစ်​ယောက်​ရဲ့ နာ​ခံ​မှု​ကြောင့် လူ​များ​စွာ ဖြောင့်​မတ်​သူ​တွေ ဖြစ်​လာ​တယ်။+ ၂၀  ဘု​ရား​သခင်​က လူ​တွေ အပြစ်​များ​စွာ​ကျူး​လွန်​မှန်း သိ​လာ​စေ​ဖို့ ပညတ်​တ​ရား ပေး​ခဲ့​တယ်။+ ဒါ​ပေမဲ့ လူ​တွေ​ကျူး​လွန်​တဲ့ အပြစ်​တွေ များ​သလောက် ဘု​ရား​သခင်​ရဲ့ မဟာ​က​ရု​ဏာ​တော်​က​လည်း တိုး​များ​သည်​ထက် တိုး​များ​လာ​တယ်။ ၂၁  ဘာ​အတွက် တိုး​များ​ရ​တာ​လဲ။ အပြစ်​နဲ့ သေခြင်း​က ဘု​ရင်​တစ်​ပါး​လို စိုး​မိုး​နေ​သလို+ မဟာ​က​ရု​ဏာ​တော်​က​လည်း လူ​တွေ​ကို ဖြောင့်​မတ်​သူ​အဖြစ် သတ်​မှတ်​ပြီး ဘု​ရင်​တစ်​ပါး​လို စိုး​မိုး​နေ​ဖို့​ပဲ။ ဒီ​နည်း​နဲ့ လူ​တွေ​က သခင်​ယေရှု​ခ​ရစ်​ကြောင့် ထာ​ဝ​ရ​အသက် ရ​နိုင်​ကြ​မယ်။+

အောက်ခြေမှတ်ချက်များ

“ဘု​ရား​သခင်​နဲ့ ခင်​မင်​ရင်​နှီး​ခွင့် ရ​ကြ​ပြီ” လည်း​ဖြစ်​နိုင်။
“ရွှင်​လန်း​နေ​ကြ​တယ်” လည်း​ဖြစ်​နိုင်။
“ရွှင်​လန်း​နေ​ကြ​တယ်” လည်း​ဖြစ်​နိုင်။