ရောမ ၁၃:၁-၁၄

  • အထက်​အာ​ဏာ​ပိုင်​တွေ​ကို​ လက်​အောက်​ခံခြင်း (၁-၇)

    • အခွန်​ဆောင်​ခြင်း (၆၊ ၇)

  • မေတ္တာ​ထား​တာ​ဟာ ပညတ်​ကို လိုက်​နာ​တာပဲ (၈-၁၀)

  • နေ့​အချိန်​မှာ လူ​တွေ​ကျင့်​ကြံ​သလို ကျင့်​ကြံ​ပြုမူ (၁၁-၁၄)

၁၃  အထက်​အာ​ဏာ​ပိုင်​တွေ​ကို လူ​တိုင်း* လက်​အောက်​ခံ​ရ​မယ်။+ ဘာ​လို့​လဲ​ဆို​တော့ ဘု​ရား​သခင်​ရဲ့ ခွင့်​ပြု​ချက်​မရှိ​ရင် အာ​ဏာ​ပိုင်​ဆို​တာ မရှိ​ဘူး။+ ဘု​ရား​သခင်​က လက်​ရှိ​အာ​ဏာ​ပိုင်​တွေ​ကို အတိုင်း​အတာ​တစ်​ခု​အထိ အခွင့်​အာ​ဏာ ပေး​အပ်​ထား​တယ်။+ ၂  ဒါ​ကြောင့် အာ​ဏာ​ပိုင်​တွေ​ကို ဆန့်​ကျင်​သူ​ဟာ ဘု​ရား​သခင်​ရဲ့ အစီ​အစဉ်​ကို ဆန့်​ကျင်​သူ​ပဲ။ အဲ​ဒီ​လို​ဆန့်​ကျင်​သူ​ဟာ ပြစ်​ဒဏ်​စီ​ရင်​ခံ​ရ​မယ်။ ၃  ကောင်း​တာ​လုပ်​တဲ့​သူ​တွေ​ဟာ  အုပ်​စိုး​ရှင်​တွေ​ကို ကြောက်​နေ​စ​ရာ  မလို​ဘူး။ မကောင်း​တာ​လုပ်​တဲ့​သူ​တွေ​ပဲ ကြောက်​ရ​မှာ။+ အာ​ဏာ​ပိုင်​တွေ​ကို မကြောက်​ဘဲ နေ​ချင်​သလား။ ကောင်း​မွန်​ရာ​ကို အမြဲလုပ်​ဆောင်​ပါ။+ ဒါ​ဆို​ရင် အာ​ဏာ​ပိုင်​တွေ ချီး​မွမ်း​တာ ခံ​ရ​လိမ့်​မယ်။ ၄  သူ​တို့​ဟာ ခင်​ဗျားရဲ့ ကောင်း​ကျိုး​အတွက် ဘု​ရား​သခင်​ခန့်​ထား​တဲ့ အမှု​ထမ်း​တွေ​ပဲ။ မကောင်း​တာ လုပ်​နေ​ရင်​တော့ သူ​တို့​ကို ကြောက်​ရ​လိမ့်​မယ်။ အာ​ဏာ​ပိုင်​တွေ​ဟာ ဓား​ကို အကြောင်း​မဲ့ ဆောင်​ထား​တာ မဟုတ်​ဘူး။ သူ​တို့​ဟာ ဘု​ရား​သခင်​ရဲ့ အမှု​ထမ်း​တွေ ဖြစ်​တဲ့​အတွက် မကောင်း​မှု​ပြု​ကျင့်​သူ​တွေ​ကို အမျက်​သင့်​စေ​မယ့်* လက်​စား​ချေ​သူ​တွေ​ပဲ။ ၅  အမျက်​တော်​ကြောင့်​သာ မဟုတ်​ဘဲ  ကိုယ့်​ရဲ့  အမှား​အမှန်​သိ​စိတ်​ကြောင့်​လည်း အာ​ဏာ​ပိုင်​တွေ​ကို မလွဲ​မသွေ လက်​အောက်​ခံ​ရ​မယ်။+ ၆  ဒါ​ကြောင့်  ခင်​ဗျား​တို့  အခွန်​ဆောင်​ပါ။ အာဏာ​ပိုင်​တွေ​ဟာ  ပြည်​သူ​တွေ​အတွက် အမှု​ထမ်း​ဖို့ ဘု​ရား​သခင် ခန့်​ထား​သူ​တွေ​ဖြစ်​လို့ ဒီ​တာ​ဝန်​ကို​ အမြဲ​ထမ်း​ဆောင်​ကြ​တယ်။ ၇  လူ​အား​လုံး​ကို ပေး​သင့်​ပေး​ထိုက်​ရာတွေ ပေး​ကြ​ပါ– အခွန်​ဆောင်​သင့်​သူ​ကို အခွန်​ဆောင်​ပါ။+ ဆက်​ကြေး​ပေး​သင့်​သူ​ကို ဆက်​ကြေး​ပေး​ပါ။ ကြောက်​သင့်​သူ​ကို ကြောက်​ပါ။+ ရိုသေ​သင့်​သူ​ကို ရိုသေပါ။+ ၈  အချင်း​ချင်း​အပေါ် မေတ္တာ​ကြွေး​က​လွဲ​လို့ ဘာ​အကြွေး​မှ မတင်​စေ​နဲ့။+ လူ​လူ​ချင်း​ကို ချစ်​တဲ့​သူ​ဟာ ပညတ်​တ​ရား​ကို အပြည့်​အဝ လိုက်​နာ​နေ​တာ​ပဲ။+ ၉  “လူ​လူ​ချင်း​ကို ကိုယ်​နဲ့​ထပ်​တူ ချစ်​ပါ”+ ဆို​တဲ့ ပညတ်​ဟာ “အိမ်​ထောင်​ရေး မဖောက်​ပြန်​နဲ့။+ လူ့​အ​သက် မသတ်​နဲ့။+ မခိုး​နဲ့။+ လို​ချင်​တပ်​မက်​စိတ် မရှိ​နဲ့”+ ဆို​တဲ့ ပညတ်​တွေ​က​အစ ကျန်​တဲ့​ပညတ်​ရှိ​သမျှ​ရဲ့ အနှစ်​ချုပ်​ပဲ။ ၁၀  မေတ္တာ​ဟာ သူ​တစ်​ပါး​ကို နစ်​နာ​အောင် မလုပ်​တတ်​ဘူး။+ ဒါ​ကြောင့် မေတ္တာ​ထား​တာ​ဟာ ပညတ်​အား​လုံး​ကို လိုက်​နာ​နေ​တာ​ပဲ။+ ၁၁  ဒါ​ကြောင့် ကျွန်​တော်​ပြော​တာ​တွေ​ကို လိုက်​နာ​ကြ​ပါ။ အိပ်​ပျော်ရာ​က​နေ နိုး​ထ​ရ​မယ့်​အချိန်+ ရောက်​နေ​ပြီဆို​တာ ခင်​ဗျား​တို့ သိ​တာ​ပဲ။ ကယ်​တင်​ခံ​ရ​မယ့်​အချိန်​ဟာ ကျွန်​တော်​တို့ ယုံ​ကြည်​သူ​တွေ ဖြစ်​လာ​တုန်း​က​ထက် အခု ပို​နီး​နေ​ပြီ။ ၁၂  ည​အချိန် ကုန်​ဆုံး​ပြီး နေ့​အချိန် ရောက်​လု​ပြီ။ ဒါ​ကြောင့် မှောင်​မိုက်​နဲ့​ဆိုင်​တဲ့ အကျင့်​တွေ​ကို စွန့်​ပစ်​ပြီး+ အလင်း​ရဲ့​လက်​နက်​တွေ​ကို ကိုင်​ဆောင်​ထား​ကြ​စို့။+ ၁၃  အထိန်း​အကွပ်​မဲ့ ပွဲ​လုပ်​တာ၊ သောက်​စား​မူး​ယစ်​တာ၊ လိင်​အကျင့်​ယို​ယွင်း​တာ၊  မျက်​နှာ​ပြောင်​တိုက်​တာ၊*+ ခိုက်​ရန်​ဖြစ်​တာ၊ မနာ​လို​ဖြစ်​တာ​တွေ​ကို+ ရှောင်​ပြီး နေ့​အ​ချိန်​မှာ လူ​တွေ​ကျင့်​ကြံ​သလို သိက္ခာ​ရှိ​ရှိ ကျင့်​ကြံ​ပြု​မူ​ကြ​စို့။+ ၁၄  သခင်​ယေရှု​ခရစ်​ကို အတု​ယူ​ပါ။*+ အပြစ်​ရှိ​တဲ့​အ​လို​ဆန္ဒတွေ​ကို ဖြည့်​ဆည်း​ဖို့ မကြံ​စည်​ပါ​နဲ့။+

အောက်ခြေမှတ်ချက်များ

ခက်​ဆစ် “အသက်” ကို​ကြည့်။
ဒါ​မှ​မဟုတ်၊ “ပြစ်​ဒဏ်​ကျ​ရောက်​စေ​မယ့်။”
ခက်​ဆစ်​ကို​ကြည့်။
မူ​ရင်း၊ “ဝတ်​ဆင်​ပါ။”