ရောမ ၁၄:၁-၂၃

  • အချင်း​ချင်း အကဲ​ဖြတ်​ဝေ​ဖန်​တာ​မျိုး မလုပ်​ပါ​နဲ့ (၁-၁၂)

  • သူ​တစ်​ပါး​အတွက် တိုက်​မိ​လဲ​စ​ရာ မဖြစ်​ပါ​စေနဲ့ (၁၃-၁၈)

  • ငြိမ်​သက်​မှု၊ စည်း​လုံး​မှု​ရှိ​ဖို့ လုပ်​ဆောင်​ပါ (၁၉-၂၃)

၁၄  ယုံကြည်​ခြင်း​အား​နည်း​သူ​ကို ကြို​ဆို​လက်​ခံ​ပါ။+  ဒါ​ပေမဲ့ အမြင်​ချင်း​မတူ​တာ​ကို* အကဲ​ဖြတ်​ဝေ​ဖန်​တာ​မျိုး မလုပ်​ပါ​နဲ့။ ၂  ယုံ​ကြည်​ခြင်း​ခိုင်​ခံ့​သူ​က ဘာ​မဆို စား​တယ်။ ယုံ​ကြည်​ခြင်း​အား​နည်း​သူ​က​တော့ ဟင်း​သီး​ဟင်း​ရွက်​ပဲ စား​တယ်။ ၃  ဘာ​မဆို​စား​တဲ့​သူ​က မစား​တဲ့​သူ​ကို အထင်​မသေး​ပါ​နဲ့။ မစား​တဲ့​သူ​က​လည်း စား​တဲ့​သူ​ကို ပြစ်​တင်​ဝေ​ဖန်​တာ​မျိုး မလုပ်​ပါ​နဲ့။+ သူ့​ကို ဘု​ရား​သခင် ကြို​ဆို​လက်​ခံ​ထား​ပြီပဲ။ ၄  ခင်​ဗျား​က ဘယ်​သူ​မို့လို့ သူ​တစ်​ပါး​ရဲ့​အစေ​ခံ​ကို ပြစ်​တင်​ဝေ​ဖန်​တာ​လဲ။+ သူ့​သခင်​ဟာ ခင်​ဗျား​မဟုတ်​ဘူး၊ ဘု​ရား​သခင်​ပဲ။ သူ့​လုပ်​ရပ် မှား​သလား၊ မှန်​သလား​ဆို​တာ​ကို ဘု​ရား​သခင်​ပဲ ဆုံး​ဖြတ်​ပိုင်​ခွင့်​ရှိ​တယ်။+ ယေဟောဝါ* ကူ​ညီ​ပေး​လို့ ရှေ့​တော်​မှာ သူ ရပ်​တည်​နေ​တာ။ ၅  နေ့​တစ်​နေ့​ဟာ  တ​ခြား​နေ့​တွေ​ထက်  ပို​ထူးမြတ်​တယ်​လို့  လူ​တစ်​ယောက် ယူ​ဆ​တယ်။+ နောက်​တစ်​ယောက်​က​တော့ နေ့​ရက်​တိုင်း​ဟာ​အ​တူ​တူ​ပဲ​လို့  ယူ​ဆ​တယ်။+  ဘယ်​လို​ပဲ ယူဆ​ပါ​စေ ကိုယ်​မှန်​တယ်​ဆို​တာ ကိုယ်​တိုင် စိတ်​ချ​နေ​ပါ​စေ။ ၆  နေ့​ထူး​နေ့မြတ်​ကို စောင့်​ထိန်း​တဲ့​သူ​က ယေဟောဝါ​ကို* ထောက်​ပြီး စောင့်​ထိန်း​တယ်။ ဘာ​မဆို​စား​တဲ့​သူ​က​လည်း ယေဟောဝါ​ကို* ထောက်​ပြီး စား​တယ်။ စား​တဲ့​သူ​က ဘု​ရား​သခင်​ရဲ့ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​သလို+ မစား​တဲ့​သူ​က​လည်း ယေဟောဝါ​ကို* ထောက်​ပြီး မစား​တာ​ဆို​ပေမဲ့ ဘု​ရား​သခင်​ရဲ့ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​တာ​ပဲ။+ ၇  ကျွန်​တော်​တို့​ထဲ​က ဘယ်​သူ​မှ ကိုယ့်​အတွက်​ပဲ အသက်​မရှင်​ကြ​ပါ​ဘူး။+ ဘယ်​သူ​မှ ကိုယ့်​အတွက်​ပဲ မသေကြ​ပါ​ဘူး။ ၈  အသက်​ရှင်​မယ်​ဆို​ရင် ယေဟောဝါ* အတွက်​ပဲ ရှင်​မယ်။+ သေရ​မယ်​ဆို​ရင်​လည်း ယေဟောဝါ* အတွက်​ပဲ သေမယ်။ ရှင်​သည်​ဖြစ်​စေ၊ သေသည်​ဖြစ်​စေ ကျွန်​တော်​တို့​ကို ယေဟောဝါ* ပိုင်​တယ်။+ ၉  ဘာ​ကြောင့်​လဲ​ဆို​တော့ ခ​ရစ်​တော် အသေခံ​ခဲ့​ပြီး အသက်​ပြန်​ရှင်​လာ​တာ​ဟာ သေလွန်​သူ​တွေရဲ့ သခင်၊ အသက်​ရှင်​သူ​တွေရဲ့ သခင်​ဖြစ်​ဖို့​ပဲ။+ ၁၀  ကိုယ့်​ညီ​အစ်​ကို​ကို ဘာ​လို့ ပြစ်​တင်​ဝေ​ဖန်​တာ​လဲ။+ ဘာ​လို့ အထင်​သေး​တာ​လဲ။ အား​လုံး​ဟာ ဘု​ရား​သခင်​ရဲ့ တ​ရား​ပလ္လင်​ရှေ့​ကို ရောက်ရ​မယ့်​သူ​တွေ​ချည်း​ပါ​ပဲ။+ ၁၁  “‘အသက်​ရှင်​နေ​တဲ့​ဘု​ရား ငါ့​ကိုယ်​ငါ တိုင်​တည်​ပြီး ကျိန်​ဆို​မယ်။+  ငါ့​ရှေ့​မှာ  လူ​တိုင်း​ ဒူး​ထောက်​ရ​လိမ့်​မယ်။ ငါ​ဟာ ဘု​ရား​သခင်​ဖြစ်​မှန်း လူ​တိုင်း အသိ​အမှတ်​ပြု​ပြီး ထုတ်​ဖော်​ပြော​ဆို​ရ​လိမ့်​မယ်’ လို့ ယေဟောဝါ* ဘု​ရား​ပြော​တယ်”+ ဆို​ပြီး ကျမ်း​စာ​မှာ ရေး​ထား​တယ်။ ၁၂  ဒါ​ကြောင့် ဘု​ရား​သခင်​က ကျွန်​တော်​တို့​ယောက်​တိုင်း​ကို   ကိုယ့်​လုပ်​ရပ်​နဲ့​ပတ်​သက်​ပြီး ဖြေရှင်း​ချက် တောင်း​လိမ့်​မယ်။+ ၁၃  ဒါ​ကြောင့် အချင်း​ချင်း ပြစ်​တင်​ဝေ​ဖန်​တာ​မျိုး မလုပ်​ပါ​နဲ့​တော့။+ ညီ​အစ်​ကို​အတွက် တိုက်​မိ​လဲ​စ​ရာ မဖြစ်​စေ​ဖို့၊ အတား​အဆီး မဖြစ်​စေ​ဖို့ ဆုံး​ဖြတ်​ထား​ပါ။+ ၁၄  အလို​လို​နေ​ရင်း ညစ်ညူး​တာ​ဆို​လို့ ဘာ​တစ်​ခု​မှ မရှိ​မှန်း+ သခင်​ယေရှု​ကို အမှီ​ပြု​ပြီး ကျွန်​တော်​သိ​မှတ်​ယုံ​ကြည်​တယ်။ တစ်​စုံ​တစ်​ခု​ဟာ ညစ်​ညူး​တယ်​လို့ ယူ​ဆ​သူ​အတွက်​ပဲ ညစ်​ညူး​တာ​ပါ။ ၁၅  ကိုယ့်​ရဲ့ အစား​အစာ​ကြောင့် ညီ​အစ်​ကို​တစ်​ယောက် စိတ်​အနှောင့်​အယှက် ဖြစ်​ရ​တယ်​ဆို​ရင် ဒါ​ဟာ မေတ္တာ​လမ်း​စဉ်​အတိုင်း လိုက်​လျှောက်​တာ မဟုတ်​တော့​ဘူး။+ သူ့​အတွက် ခ​ရစ်​တော် အသေခံ​ခဲ့​တာ​ဖြစ်​လို့ ကိုယ့်​အစာ​ကြောင့် သူ့​ကို မပျက်​စီး​ပါ​စေ​နဲ့။+ ၁၆  ဒါ​ကြောင့် ကောင်း​တယ်​လို့ ကိုယ်​ထင်​ပေမဲ့ သူ​တစ်​ပါး ကဲ့​ရဲ့​စ​ရာ​ဖြစ်​စေ​မယ့် အရာတွေ​ကို မလုပ်​ပါ​နဲ့။ ၁၇  ဘု​ရား​သခင်​ရဲ့ နိုင်​ငံ​တော်​ဟာ စား​တာ၊ သောက်​တာ​နဲ့ မဆိုင်​ဘူး။+ သန့်​ရှင်း​သော စွမ်း​အား​တော်​ကြောင့် ဖြစ်​ပေါ်​လာ​တဲ့ ဖြောင့်​မတ်​ခြင်း၊ ငြိမ်​သက်​ခြင်း၊ ဝမ်း​မြောက်​ခြင်း​နဲ့​ပဲ ဆိုင်​တယ်။ ၁၈  ဒီ​နည်း​နဲ့ ခ​ရစ်​တော်​အတွက် အစေ​ခံ​တဲ့​သူ​ကို ဘု​ရား​သခင် လက်​ခံ​တယ်။ သူ​ဟာ လူ​တွေ​ရှေ့​မှာ​လည်း မျက်​နှာ​သာ​ရ​တတ်​တယ်။ ၁၉  ဒါ​ကြောင့် ငြိမ်​သက်​ခြင်း​ရှိ​စေ​တဲ့​အရာ၊+ အား​ပေး​မှု​ဖြစ်​စေ​တဲ့​အရာတွေ​ကို+ လုပ်​ဆောင်​ဖို့ အစွမ်း​ကုန် ကြိုး​စား​ကြ​စို့။ ၂၀  အစား​အစာ​အတွက်​နဲ့ ဘု​ရား​သခင်​ရဲ့ လက်​ရာ​ကို မဖျက်​ဆီး​ပါ​နဲ့​တော့။+ အစာ​အား​လုံး စင်​ကြယ်​တာ​မှန်​ပေမဲ့ သူ​တစ်​ပါး​အတွက် တိုက်​မိ​လဲ​စ​ရာ  ဖြစ်​စေ​တယ်​ဆို​ရင် စား​တဲ့​သူ​ဟာ သူ​တစ်​ပါး​ကို ထိ​ခိုက်​နစ်​နာ​စေ​သူ​ပဲ။+ ၂၁  ညီ​အစ်​ကို​အတွက် တိုက်​မိ​လဲ​စ​ရာ ဖြစ်​စေ​မယ်​ဆို​ရင် အသား​စား​တာ​ဖြစ်​စေ၊ ဝိုင်​သောက်​တာ​ဖြစ်​စေ ဘာ​ကို​မှ မလုပ်​တာ အကောင်း​ဆုံး​ပါ​ပဲ။+ ၂၂  ကိုယ့်​မှာ​ရှိ​တဲ့ ယုံ​ကြည်​ခြင်း​ကို ဘု​ရား​သခင်​နဲ့ ကိုယ်​နဲ့​ပဲ​ဆိုင်​တဲ့​ကိစ္စ ဖြစ်​စေ​ပါ။ ကိုယ်​မှန်​တယ်​ထင်​တဲ့ လုပ်​ရပ်​အတွက် ကိုယ့်​ကိုယ်​ကိုယ် ဝေ​ဖန်​အပြစ်​တင်​စ​ရာ​အကြောင်း မရှိ​တဲ့​သူ​ဟာ ပျော်​ရွှင်​ချမ်း​မြေ့တယ်။ ၂၃  ဒါ​ပေမဲ့ သံသ​ယ​စိတ်​နဲ့ စား​ရင် မှား​တယ်။ မှန်​တယ်​ဆို​တဲ့ ယုံ​ကြည်​ချက်​မရှိ​ဘဲ စား​တာ​ဖြစ်​လို့​ပဲ။ ယုံ​ကြည်​ခြင်း​မရှိ​ဘဲ လုပ်​ရင် လုပ်​သမျှ​ဟာ အပြစ်​ပဲ။

အောက်ခြေမှတ်ချက်များ

“သူ့​စိတ်​ထဲ ဒွိ​ဟ​ဖြစ်​နေ​တာ​ကို” လည်း​ဖြစ်​နိုင်။