ယေရမိ ၃၃:၁-၂၆
၃၃ အစောင့်ရင်ပြင်မှာ ယေရမိ အချုပ်ခံနေရတုန်း+ ယေဟောဝါက ယေရမိကို နောက်တစ်ကြိမ် ပြောတယ်–
၂ “ကမ္ဘာမြေကို ပုံသွင်းပြီး အခိုင်အမာ တည်စေတဲ့အရှင် ယေဟောဝါ၊ ကမ္ဘာမြေကို ဖန်ဆင်းတဲ့အရှင် ယေဟောဝါ၊ ယေဟောဝါဆိုတဲ့ နာမည်ကို ပိုင်ဆိုင်တဲ့အရှင် ပြောတာက–
၃ ‘ငါ့ကို ခေါ်ပါ။ ပြန်ထူးမယ်။ ကြီးမြတ်တဲ့အရာ၊ မင်း မသိနားမလည်နိုင်တဲ့အရာတွေကို ငါပြောပြမယ်။’”+
၄ “အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါက ထိုးစစ်ကုန်းရိုးတွေကြောင့်၊ ဓားဘေးကြောင့် ဖြိုချခံရတဲ့ ဒီမြို့ကအိမ်တွေ၊ ယုဒဘုရင်ရဲ့နန်းတော်တွေ၊+
၅ ခါလဒဲလူတွေကို ခုခံတိုက်ခိုက်နေသူတွေ၊ အမျက်ဒေါသနဲ့ ငါဒဏ်ခတ်လိုက်သူတွေရဲ့ အလောင်းတွေနဲ့ ပြည့်နေတဲ့ ဒီနေရာတွေ၊ အကျင့်ဆိုးတွေကျင့်ပြီး ဒီမြို့ကို ငါမျက်နှာလွှဲအောင် လုပ်ခဲ့သူတွေနဲ့ပတ်သက်ပြီး ပြောတယ်–
၆ ‘ငါက ဒီမြို့ကို ပြန်နာလန်ထူလာအောင်၊ ပြန်ကျန်းမာအောင် ကုသပေးမယ်။+ မြို့သူမြို့သားတွေကို ငြိမ်းချမ်းသာယာမှု၊ ဘေးကင်းလုံခြုံမှု ပေးမယ်။+
၇ ယုဒသုံ့ပန်းတွေ၊ အစ္စရေးသုံ့ပန်းတွေကို ပြန်ခေါ်လာမယ်။+ သူတို့ကို နဂိုလို ပြန်ဖြစ်စေမယ်။+
၈ သူတို့လုပ်ခဲ့တဲ့ အပြစ်တွေကို သန့်စင်ပေးမယ်။+ ငါ့အပေါ် ကျူးလွန်ခဲ့တဲ့ အမှားတွေ၊ အပြစ်တွေကို ခွင့်လွှတ်မယ်။+
၉ ငါပြတဲ့ကောင်းမှုတွေကို ကြားသိကြမယ့် ကမ္ဘာပေါ်က လူမျိုးအားလုံးရှေ့မှာ ဒီမြို့နာမည်ဟာ ငါ့ကို အားရရွှင်လန်းစေတဲ့အရာ၊ ငါ့ကို ချီးမွမ်းဂုဏ်တင်တဲ့အရာ ဖြစ်လာမယ်။+ ဒီမြို့ကို ငါပြမယ့်ကောင်းမှုနဲ့ ငါပေးမယ့် ငြိမ်သက်ခြင်းကြောင့်+ လူမျိုးတွေ ကြောက်ရွံ့တုန်လှုပ်ကြလိမ့်မယ်။’”+
၁၀ “ယေဟောဝါ ပြောတာက– ‘လူသူတိရစ္ဆာန်မရှိတဲ့ လွင်တီးခေါင်လို့ မင်းတို့ပြောကြမယ့် ဒီနေရာမှာ၊ လူသူတိရစ္ဆာန်မရှိတဲ့ ယုဒရဲ့မြို့တွေ၊ ဂျေရုဆလင်ရဲ့လမ်းတွေမှာ၊
၁၁ ရွှင်လန်းဝမ်းမြောက်တဲ့အသံ၊+ သတို့သားရဲ့အသံ၊ သတို့သမီးရဲ့အသံတွေ ပြန်ကြားရလိမ့်မယ်။ “ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါကို ကျေးဇူးတင်ကြပါ။ ယေဟောဝါဟာ ကောင်းမြတ်တယ်၊+ ခိုင်မြဲတဲ့မေတ္တာတော် ထာဝစဉ် တည်မြဲတယ်”+ ဆိုတဲ့အသံတွေ ပြန်ကြားရလိမ့်မယ်။’
“‘သုံ့ပန်းတွေကို ငါပြန်ခေါ်လာပြီး နဂိုလို ပြန်ဖြစ်စေမယ်။ ဒါကြောင့် သူတို့က ကျေးဇူးတင်ချီးမွမ်းရာအလှူကို ယေဟောဝါရဲ့ အိမ်တော်ဆီ ယူဆောင်လာမယ်။’+ ဒါဟာ ငါယေဟောဝါပြောတဲ့ စကားပဲ။”
၁၂ “‘လူသူတိရစ္ဆာန်မရှိတဲ့ ဒီလွင်တီးခေါင်နဲ့ ဒီမြို့တွေဟာ စားကျက်မြေ ပြန်ဖြစ်လာမယ်။ သိုးထိန်းတွေက သိုးအုပ်တွေကို အဲဒီမှာ နားနေစေမယ်’+ လို့ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတယ်။
၁၃ “‘တောင်တန်းဒေသက မြို့တွေမှာ၊ မြေနိမ့်ဒေသက မြို့တွေမှာ၊ တောင်အရပ်က မြို့တွေမှာ၊ ဗင်ယာမိန်နယ်မြေမှာ၊ ဂျေရုဆလင်ဝန်းကျင်မှာ၊+ ယုဒရဲ့မြို့တွေမှာ+ သိုးထိန်းတွေက သိုးတွေကို ပြန်ပြီးရေတွက်မယ့်အချိန် ရောက်လာမယ်’ လို့ ယေဟောဝါ ပြောတယ်။”
၁၄ “ယေဟောဝါ ပြောတာက– ‘အစ္စရေးအမျိုး၊ ယုဒအမျိုးနဲ့ပတ်သက်ပြီး ငါ့ရဲ့ကောင်းမွန်တဲ့ကတိအတိုင်း လုပ်ဆောင်ပေးမယ့်နေ့တွေ ရောက်လာတော့မယ်။+
၁၅ အဲဒီနေ့ရောက်ရင်၊ အဲဒီအချိန်ရောက်ရင် ငါက ဒါဝိဒ်အတွက် ဖြောင့်မတ်တဲ့ အတက်*+ ပေါက်စေမယ်။ သူက ပြည်မှာ တရားမျှတစွာ၊ ဖြောင့်မတ်စွာ စီရင်လိမ့်မယ်။+
၁၆ အဲဒီနေ့ရောက်ရင် ယုဒဟာ ကယ်တင်ခံရလိမ့်မယ်။+ ဂျေရုဆလင်ကလည်း ဘေးကင်းလုံခြုံစွာ နေထိုင်ရလိမ့်မယ်။+ ‘ယေဟောဝါဟာ ငါတို့ရဲ့ဖြောင့်မတ်ခြင်း’ ဆိုတဲ့နာမည်နဲ့ အဲဒီမြို့ကို ခေါ်ကြလိမ့်မယ်။’”+
၁၇ “ယေဟောဝါ ပြောတာက– ‘အစ္စရေးအမျိုးရဲ့ ရာဇပလ္လင်ပေါ် နန်းထိုင်မယ့် ဒါဝိဒ်ရဲ့မျိုးဆက် ဘယ်တော့မှ မပြတ်စေရဘူး။+
၁၈ အကုန်အစင် မီးရှို့ရာအလှူ၊ ပူဇော်သက္ကာ၊ ကောက်နှံအလှူတွေကို ပူဇော်မယ့် လေဝိအနွယ် ပုရောဟိတ်မျိုးဆက်လည်း ငါ့ရှေ့မှာ မပြတ်စေရဘူး။’”
၁၉ ယေဟောဝါက ယေရမိကို ပြောတယ်–
၂၀ “ယေဟောဝါ ပြောမယ်– ‘ငါပြဋ္ဌာန်းထားတဲ့ နေ့ပဋိညာဉ်နဲ့ ညပဋိညာဉ်ကို မင်းတို့ချိုးဖျက်ပြီး နေ့တွေညတွေ သူ့အချိန်နဲ့သူ ရောက်မလာအောင် တားဆီးနိုင်မှပဲ၊+
၂၁ ငါ့အတွက် အမှုဆောင်မယ့် လေဝိအနွယ် ပုရောဟိတ်တွေနဲ့ဖွဲ့ထားတဲ့ ပဋိညာဉ်ရော+ ငါ့ကျွန်ဒါဝိဒ်နဲ့ ဖွဲ့ထားတဲ့ ပဋိညာဉ်ပါ ပျက်ပြယ်နိုင်လိမ့်မယ်။+ အဲဒီလိုသာ ပျက်ပြယ်ခဲ့ရင် ဒါဝိဒ်ရဲ့ရာဇပလ္လင်ပေါ်မှာ နန်းထိုင်မယ့် သားတစ်ယောက်မှ ကျန်မှာမဟုတ်ဘူး။+
၂၂ ကောင်းကင်ကြယ်တွေ မရေတွက်နိုင်အောင် များပြားသလို၊ ပင်လယ်သဲပွင့်တွေ မချိန်တွယ်နိုင်အောင် များပြားသလို ငါ့ကျွန်ဒါဝိဒ်ရဲ့ မျိုးနွယ်နဲ့ ငါ့အတွက် အမှုဆောင်နေတဲ့ လေဝိအမျိုးသားတွေကို ငါတိုးပွားများပြားစေမယ်။’”
၂၃ ယေဟောဝါက ယေရမိကို ပြောတယ်–
၂၄ “‘ယေဟောဝါက ရွေးချယ်ထားတဲ့ အမျိုးနှစ်မျိုးကို ငြင်းပယ်လိမ့်မယ်’ လို့ သူတို့ပြောနေတာကို မင်းသတိမထားမိဘူးလား။ သူတို့က ငါ့လူတွေကို မလေးမစား ဆက်ဆံနေတဲ့အပြင် လူမျိုးတစ်မျိုးလို့တောင် မသတ်မှတ်ကြဘူး။
၂၅ “ယေဟောဝါ ပြောတာက– ‘နေ့ပဋိညာဉ်နဲ့ ညပဋိညာဉ်ကို၊+ မိုးကောင်းကင်နဲ့ ကမ္ဘာမြေအတွက် နိယာမတရားတွေကို+ ငါပြဋ္ဌာန်းခဲ့တာ ကျိန်းသေသလို၊
၂၆ ယာကုပ်နဲ့ ငါ့ကျွန်ဒါဝိဒ်ရဲ့ မျိုးနွယ်ကို ဘယ်တော့မှ ငြင်းပယ်မှာ မဟုတ်ဘူးဆိုတာ ကျိန်းသေတယ်။ အဲဒီလိုသာ ငြင်းပယ်လိုက်ရင် အာဗြဟံ၊ အိဇက်၊ ယာကုပ်ရဲ့ သားမြေးတွေအပေါ် အုပ်စိုးမယ့်သူတွေကို ဒါဝိဒ်ရဲ့မျိုးနွယ်ကနေ ဖယ်ရှားလိုက်သလို ဖြစ်သွားမှာပေါ့။ အဲဒီလိုလုပ်မယ့်အစား သူတို့ရဲ့သုံ့ပန်းတွေကို ငါပြန်စုသိမ်းမယ်။+ သူတို့ကို သနားမယ်။’”+
အောက်ခြေမှတ်ချက်များ
^ ဒါမှမဟုတ်၊ “အမွေခံ။”