ယေရမိ ၂၉:၁-၃၂

  • ဗာ​ဗု​လုန်​ပြည်​နှင်​ခံ​တွေ​ဆီ ယေ​ရ​မိ​စာ​ရေး (၁-၂၃)

    • အနှစ် ၇၀ ပြည့်​တဲ့​အခါ အစ္စရေး​ပြန်​လာရ​မယ် (၁၀)

  • ရှေ​မာ​ယ​အတွက် သတင်း​စကား (၂၄-၃၂)

၂၉  ဗာ​ဗု​လုန်​ကို နေ​ဗု​ခ​ဒ်​နေ​ဇာ ဖမ်း​ခေါ်​သွား​တဲ့ ပြည်​နှင်​ခံ​တွေ​ထဲ​က အကြီး​အကဲ​တွေ၊ ပု​ရော​ဟိတ်​တွေ၊ ပရော​ဖက်​တွေ​နဲ့ လူ​အားလုံး​ဆီ​ကို ပရော​ဖက်​ယေ​ရ​မိ​က ဂျေရု​ဆ​လင်​က​နေ စာရေး​ပို့​လိုက်​တယ်။ ၂  ဘု​ရင်​ယေ​ခေါ​နိ၊+ မယ်​တော်​ကြီး၊+ နန်း​တွင်း​အရာ​ရှိ​တွေ၊ ယုဒ​နဲ့​ဂျေရု​ဆ​လင်​ရဲ့ မင်း​ညီ​မင်း​သား​တွေ၊ လက်​မှု​ပညာ​သည်​တွေ၊ ပန်း​ပဲ​ဆ​ရာတွေ* ဂျေရု​ဆ​လင်​က​နေ ထွက်​သွား​ပြီး​နောက်+ ရေး​ပို့​လိုက်​တာ ဖြစ်​တယ်။ ၃  ဗာ​ဗု​လုန်​ဘု​ရင် နေ​ဗု​ခ​ဒ်​နေ​ဇာ​ဆီ ယုဒ​ဘု​ရင်ဇေ​ဒ​ကိ+ လွှတ်​လိုက်​တဲ့ ရှာ​ဖန်​ရဲ့​သား+ ဧ​လာ​သာ​နဲ့ ဟိ​လ​ခိရဲ့​သား ဂေမရိ​က​တစ်ဆင့် ဒီ​စာ​ကို ပါး​လိုက်​တယ်– ၄  “ဂျေရု​ဆ​လင်​က​နေ ဗာ​ဗု​လုန်​ကို ပြည်​နှင်​ဒဏ်​ခံ​ရ​ပြီး သုံ့​ပန်း​ဘဝ ရောက်​သွား​သူ​တွေ​ကို အစ္စရေး​တို့​ရဲ့​ဘု​ရား၊ ဗိုလ်​ခြေ​တို့​ရဲ့​အရှင် ယေဟောဝါ ပြော​တာ​က– ၅  ‘အဲဒီ​မှာ အိမ်​တွေ​ဆောက်​ပြီး နေ​ထိုင်​ကြ။ ဥ​ယျာဉ်တွေ​စိုက်​ပြီး အသီး​တွေ စား​သုံး​ကြ။ ၆  အိမ်​ထောင်​ပြု​ပြီး သား​သမီး​တွေ မွေး​ဖွား​ကြ။ သား​သမီး​တွေ​ကို​လည်း အိမ်​ထောင်​ပြု​ပေး​လိုက်​ပါ။ သူတို့​လည်း သား​သမီး​တွေ မွေး​ဖွား​ပါ​စေ။ အဲဒီ​မှာ မင်း​တို့ တိုး​ပွား​လာရ​မယ်။ လျော့​နည်း​မသွား​ရ​ဘူး။ ၇  ငါ​ပြည်​နှင်​ဒဏ်​ပေး​လိုက်​လို့ မင်း​တို့​ရောက်​နေ​တဲ့​မြို့​ကို ငြိမ်သက်​အေး​ချမ်း​အောင် ကြိုး​စား​ကြ။ အဲဒီ​မြို့​အတွက် ယေဟောဝါ​ဆီ ဆုတောင်း​ကြ။ မြို့​က ငြိမ်သက်​အေး​ချမ်း​နေ​ရင် မင်းတို့လည်း အေး​ချမ်း​လိမ့်​မယ်။+ ၈  အစ္စရေး​တို့​ရဲ့​ဘု​ရား၊ ဗိုလ်​ခြေ​တို့​ရဲ့​အရှင် ယေဟောဝါ​ပြော​တာ​က– “မင်း​တို့​ဆီ​မှာ​ရှိ​တဲ့ ပရော​ဖက်​တွေ၊ နတ်​ဆ​ရာတွေ လှည့်​စား​တာ​ကို မခံ​ပါ​နဲ့။+ သူတို့​မြင်​တဲ့ အိပ်​မက်​တွေ​ကို နား​မထောင်​ပါ​နဲ့။ ၉  ‘သူတို့​က ငါ​မစေ​လွှတ်​ဘဲ​နဲ့ ငါ့​နာ​မည်​သုံး​ပြီး လိမ်​ညာ​ပရော​ဖက်​ပြု​နေ​တယ်။’+ ဒါ​ဟာ ယေဟောဝါ​ပြော​တဲ့ စကား​ပဲ။”’” ၁၀  “‘ဗာ​ဗု​လုန်​မှာ အနှစ် ၇၀ ပြည့်​တဲ့​အခါ မင်း​တို့​ကို ငါ​ပြန်​ကြည့်​ရှု​မယ်။+ ငါ့ရဲ့ ကောင်း​မွန်​တဲ့​ကတိ​အတိုင်း မင်း​တို့​ကို ဒီ​နေ​ရာ ငါ​ပြန်​ခေါ်​လာမယ်’+ လို့ ယေဟောဝါ ပြော​တယ်။ ၁၁  “ယေဟောဝါ ပြော​တာ​က– ‘မင်း​တို့​နဲ့​ပတ်​သက်​ပြီး ငါ​ဘာ​တွေ တွေး​နေ​မှန်း ငါ​သိ​တာ​ပေါ့။ မင်း​တို့​ကို ငြိမ်သက်​အေး​ချမ်း​စေ​ချင်​တယ်။ ဘေး​ဆိုး မကြုံ​စေ​ချင်​ဘူး။+ မင်း​တို့​မျှော်​လင့်​တဲ့ အနာ​ဂတ်​မျိုး ပေး​ချင်​တယ်။+ ၁၂  မင်း​တို့​က ငါ့​ကို ခေါ်​ကြ​လိမ့်​မယ်။ ငါ့​ဆီ ဆုတောင်း​ကြ​လိမ့်​မယ်။ ငါ​က​လည်း မင်း​တို့​ပြော​တာ​ကို နား​ထောင်​မယ်။’+ ၁၃  “‘မင်း​တို့ ငါ့​ကို ရှာ​ဖွေ​လိမ့်​မယ်။+ စိတ်​စွမ်း​ရှိ​သမျှ​နဲ့ ရှာ​တဲ့​အတွက် ငါ့​ကို​တွေ့​လိမ့်​မယ်။+ ၁၄  ငါ​က​လည်း အတွေ့​ခံ​မယ်။’+ ဒါ​ဟာ ယေဟောဝါ​ပြော​တဲ့ စကား​ပဲ။ ‘မင်း​တို့​သုံ့​ပန်း​တွေ​ကို ပြန်​စု​သိမ်း​မယ်။ မင်း​တို့ တ​ကွဲ​တ​ပြား ရောက်​နေ​တဲ့ နိုင်​ငံ​တွေ၊ နေ​ရာ​ဒေ​သတွေ​က​နေ ပြန်​စု​စည်း​မယ်။+ ဒီ​နေ​ရာ​က​နေ ပြည်​နှင်​ဒဏ်​ပေး​ခဲ့​ပေမဲ့ ဒီ​နေ​ရာ​ကို​ပဲ ပြန်​ခေါ်​ဆောင်​လာ​မယ်။’+ ဒါ​ဟာ ယေဟောဝါ​ ပြော​တဲ့ စကား​ပဲ။ ၁၅  “ဒါ​ပေမဲ့ ‘ယေဟောဝါ​က ဗာ​ဗု​လုန်​မှာ ငါ​တို့​အတွက် ပရော​ဖက်​တွေ ပေါ်​ထွန်း​စေ​ပြီ’ လို့ မင်း​တို့ ပြော​နေ​ကြ​တယ်။ ၁၆  “ဒါဝိဒ်ရဲ့ရာ​ဇ​ပလ္လင်​ပေါ်​မှာ နန်း​ထိုင်​တဲ့​ဘု​ရင်​နဲ့+ ဒီ​မြို့​သူ​မြို့​သား​တွေ၊ မင်း​တို့​နဲ့​အတူ ပြည်​နှင်​မခံ​ရ​တဲ့ ညီ​အစ်​ကို​တွေ​ကို ယေဟောဝါ ပြော​တာ​က– ၁၇  ‘“ဓား​ဘေး၊ အငတ်​ဘေး၊ ကပ်​ရော​ဂါ​ဘေး​ကို မင်း​တို့​ဆီ ငါ​စေ​လွှတ်​မယ်။+ စား​လို့​မရ​အောင် ပုပ်​နေ​တဲ့* သဖန်း​သီး​တွေ​လို မင်း​တို့​ကို ဖြစ်​စေ​မယ်။”+ ဒါ​ဟာ ဗိုလ်​ခြေ​တို့​ရဲ့​အရှင် ယေဟောဝါ ပြော​တဲ့ စကား​ပဲ။ ၁၈  “‘ငါ​က ဓား​ဘေး၊+ အငတ်​ဘေး၊ ကပ်​ရော​ဂါ​ဘေး​နဲ့ မင်း​တို့ နောက်​ကို​လိုက်​မယ်။ မင်း​တို့​ကို ကမ္ဘာ့​တိုင်း​နိုင်​ငံ​တွေ ထိတ်​လန့်​စ​ရာ၊+ ကျိန်​ဆဲ​စ​ရာ၊ အံ့​သြမိန်း​မော​စ​ရာ၊ လှောင်​ပြောင်​စ​ရာ* ဖြစ်​စေ​မယ်။+ မင်း​တို့ တ​ကွဲ​တ​ပြား ရောက်​သွား​တဲ့ လူမျိုး​တွေ​အလယ်​မှာ ကဲ့​ရဲ့​ရှုတ်​ချ​စ​ရာ ဖြစ်​စေ​မယ်။+ ၁၉  မင်း​တို့​က ငါ​အကြိမ်​ကြိမ် စေ​လွှတ်​လိုက်​တဲ့ ငါ့​ကျွန်​ပရော​ဖက်​တွေရဲ့ စကား​ကို နား​မထောင်​ကြ​ဘဲ​ကိုး။’+ ဒါ​ဟာ ယေဟောဝါ​ပြော​တဲ့ စကား​ပဲ။ “‘မင်း​တို့​လည်း* ငါ့​စကား​ကို နားမ​ထောင်​ခဲ့​ကြ​ဘူး။’+ ဒါ​ဟာ ယေဟောဝါ​ပြော​တဲ့ စကား​ပဲ။ ၂၀  “ဒါ​ကြောင့် ဂျေရု​ဆ​လင်​က​နေ ဗာ​ဗု​လုန်​ကို ငါ​နှင်​ထုတ်​လိုက်​တဲ့ ပြည်​နှင်​ခံ​အပေါင်း​တို့၊ ယေဟောဝါ ပြော​တာ​ကို နား​ထောင်​ပါ။ ၂၁  ငါ့​နာ​မည်​သုံး​ပြီး လိမ်​ညာ​ပရော​ဖက်​ပြု​နေ​တဲ့+ ကောလာ​ယ​ရဲ့​သား အာဟပ်၊ မာသေ​ယ​ရဲ့​သား ဇေ​ဒ​ကိ​နဲ့​ပတ်​သက်​ပြီး အစ္စရေး​တို့​ရဲ့​ဘု​ရား၊ ဗိုလ်​ခြေ​တို့​ရဲ့​အရှင် ယေဟောဝါ​ ပြော​တာ​က– ‘သူတို့​ကို ဗာ​ဗု​လုန်​ဘု​ရင် နေ​ဗု​ခ​ဒ်​နေ​ဇာ​လက်​ထဲ ငါ​အပ်​မယ်။ အဲဒီ​ဘု​ရင်​က မင်း​တို့​ရှေ့​မှာ​ပဲ သူတို့​ကို ကွပ်​မျက်​လိမ့်​မယ်။ ၂၂  သူတို့​ကြုံ​ရ​တဲ့​အဖြစ်​ဆိုး​ကို အစွဲ​ပြု​ပြီး ဗာ​ဗု​လုန်​မှာ​ရှိ​တဲ့ ယုဒ​ပြည်​နှင်​ခံ​တွေ​က ကျိန်​စာ​တိုက်​တဲ့​အခါ “ဗာ​ဗု​လုန်​ဘု​ရင် မီး​ကင်​လိုက်​တဲ့ ဇေ​ဒ​ကိ​နဲ့​အာဟပ်​လို မင်း​ကို ယေဟောဝါ​ဘု​ရား လုပ်​ပါ​စေ” လို့​ပြော​ကြ​လိမ့်​မယ်။ ၂၃  သူတို့​က အစ္စရေး​ပြည်​မှာ အိမ်​နီး​ချင်း​ရဲ့​မိန်း​မနဲ့ အရှက်​မရှိ အိမ်​ထောင်​ရေး ဖောက်​ပြန်​တယ်။+ ငါ့​နာ​မည်​သုံး​ပြီး ငါ​မမိန့်မှာ​တဲ့​စကား​ကို လိမ်​လည်​ပြော​ဆို​တယ်။+ “‘“ငါ​ဟာ အဲ​ဒါ​ကို​သိ​တဲ့​အရှင်၊ အဲ​ဒါ​ကို​သိ​တဲ့ သက်​သေပဲ။”+ ဒါ​ဟာ ယေဟောဝါ ပြော​တဲ့​စကား​ပဲ။’” ၂၄  “န​ဟေ​လံ​မြို့​က ရှေ​မာ​ယ​ကို+ မင်း​ပြော​လိုက်​ပါ။ ၂၅  ‘အစ္စရေး​တို့​ရဲ့​ဘု​ရား၊ ဗိုလ်​ခြေ​တို့​ရဲ့​အရှင် ယေဟောဝါ ပြော​တာ​က “မာ​သေယ​ရဲ့​သား ပု​ရော​ဟိတ်​ဇေ​ဖနိ​နဲ့+ တ​ခြား​ပု​ရော​ဟိတ်​တွေ၊ ဂျေရု​ဆ​လင်​မှာ​ရှိ​တဲ့ လူ​တွေ​ဆီ မင်း​ဒီ​လို​စာ​ရေး​ပြီး ပို့​ခဲ့​တယ်– ၂၆  ‘ခင်​ဗျား​ကို ပု​ရော​ဟိတ် ယော​ယ​ဒ​ရဲ့​နေ​ရာ​မှာ ယေဟောဝါ​ဘု​ရား ခန့်​ထား​တာ​က ယေဟောဝါ​ရဲ့ အိမ်​တော်​မှာ ပု​ရော​ဟိတ်​အဖြစ် ကြီး​ကြပ်​ဖို့၊ ပရော​ဖက်​လို​ပြု​မူ​နေ​တဲ့ အရူး​တွေ​ကို ဖမ်း​ပြီး လည်​ပင်း​ကို​ရော ခြေ​လက်​တွေ​ကို​ပါ ထိတ်​တုံး​ခတ်​ပစ်​ဖို့​ပဲ။+ ၂၇  ဒါ​ဆို​ရင် အာ​န​သုတ်​မြို့​သား ယေ​ရ​မိ​က+ ပရော​ဖက်​လို​ပြု​မူ​နေ​တာ​ကို ခင်​ဗျား​မြင်​လျက်​သား​နဲ့ ဘာ​လို့ သူ့​ကို မဆုံးမ​သေး​တာ​လဲ။+ ၂၈  သူ​က ဗာ​ဗု​လုန်​မှာ​ရှိ​တဲ့ ကျုပ်​တို့​ကို “ပြည်​နှင်​ခံ​ရ​တဲ့​ကာလ ကြာ​ဦး​မယ်။ ဒါ​ကြောင့် အဲဒီ​မှာ အိမ်​တွေ​ဆောက်​ပြီး နေ​ထိုင်​ကြ​ပါ။ ဥ​ယျာဉ်တွေ​စိုက်​ပြီး အသီး​တွေ စား​သုံး​ကြ​ပါ။”+. . . လို့​တောင် စာ​ရေး​လိုက်​သေး​တယ်။’”’” ၂၉  ပု​ရော​ဟိတ်​ဇေ​ဖနိ​က+ ပရော​ဖက်​ယေ​ရ​မိ​ကို အဲဒီ​စာ ဖတ်​ပြတဲ့​အခါ၊ ၃၀  ယေဟောဝါ​က ယေ​ရ​မိ​ကို ပြော​တယ်– ၃၁  “ပြည်​နှင်​ခံ​တွေ​ဆီ စာ​ရေး​ပို့​လိုက်​ပါ။ ‘န​ဟေ​လံ​မြို့​က ရှေ​မာ​ယ​နဲ့​ပတ်​သက်​ပြီး ယေဟောဝါ​ပြော​တာ​က “ငါ​မစေ​လွှတ်​ဘဲ​နဲ့ ရှေ​မာ​ယ​က မင်း​တို့​ကို ပရော​ဖက်​ပြု​နေ​တယ်။ အလိမ်​အညာ​တွေ​ပြော​ပြီး မင်း​တို့​ကို အယုံ​သွင်း​နေ​တယ်။+ ၃၂  ဒါ​ကြောင့် ယေဟောဝါ ပြော​မယ်– ‘န​ဟေ​လံ​မြို့​က ရှေ​မာ​ယ​နဲ့ သူ့​သား​မြေး​တွေ​ကို ငါ​အရေး​ယူ​မယ်။ ယေဟောဝါ​ကို ပုန်​ကန်​ဖို့ အား​ပေး​အား​မြှောက် လုပ်​တဲ့​အတွက် သူ့​သား​မြေး​တစ်​ယောက်​မှ အသက်​ရှင်​ကျန်​ရစ်​မှာ မဟုတ်​ဘူး။ ငါ့​လူ​တွေ​အတွက် လုပ်​ပေး​မယ့်​ကောင်း​မှု​ကို သူ​မြင်​ခွင့်​ရ​မှာ မဟုတ်​ဘူး။’ ဒါ​ဟာ ယေဟောဝါ​ပြော​တဲ့ စကား​ပဲ။”’”

အောက်ခြေမှတ်ချက်များ

“မြေက​တုတ် တည်​ဆောက်​သူ​တွေ” လည်း​ဖြစ်​နိုင်။
“ပေါက်​ပြဲနေ​တဲ့” လည်း​ဖြစ်​နိုင်။
မူ​ရင်း၊ “လေ​ချွန်​စ​ရာ။”
ပြည်​နှင်​ဒဏ်​ခံ​ရ​သူ​တွေ။