ယေရမိ ၁၀:၁-၂၅

  • “လူမျိုး​ခြား​တွေရဲ့​ဘု​ရား​နဲ့ အသက်​ရှင်​တဲ့​ဘုရား (၁-၁၆)

  • ဖျက်​ဆီး​ခံ​ရ၊ ပြည်​နှင်​ဒဏ်​ခံ​ရ​တော့​မယ် (၁၇၊ ၁၈)

  • ယေ​ရ​မိ ဝမ်း​နည်း​ပူ​ဆွေး (၁၉-၂၂)

  • ပရော​ဖက်​ရဲ့ ဆုတောင်း​ချက် (၂၃-၂၅)

    • လူ​ဟာ ကိုယ်​သွား​မယ့်​လမ်း​ကို လမ်း​ညွှန်​နိုင်​စွမ်း​မရှိ (၂၃)

၁၀  အို​အစ္စရေး​အမျိုး၊ ယေဟောဝါ​ပြော​တဲ့​ စကား​ကို နား​ထောင်​ပါ။ ၂  ယေဟောဝါ ပြော​တာ​က– “လူမျိုး​ခြား​တွေရဲ့ လမ်း​စဉ်​ကို မသင်​ယူ​ပါ​နဲ့။+ ကောင်း​ကင်​ပေါ်​က လက္ခ​ဏာတွေ​ကို ကြည့်​ပြီး လူမျိုး​ခြား​တွေ ထိတ်​လန့်​သလို မင်း​တို့​လည်း လိုက်​ပြီး မထိတ်​လန့်​ကြ​နဲ့။+  ၃  သူတို့​ရဲ့​ဓလေ့​ထုံး​စံ​တွေ​ဟာ လှည့်​စား​မှု​ပဲ။ ခုတ်​လှဲ​ခံ​လိုက်​ရ​တဲ့ တော​ထဲ​က သစ်​ပင်​လို​ပဲ။ လက်​မှု​ပညာ​သည်​က အဲဒီ​သစ်​ကို​ထွင်း​ပြီး ရုပ်​တု​လုပ်​တယ်။+  ၄  အဲဒီ​ရုပ်​တု​ကို ရွှေ​ငွေ​တွေ​နဲ့ အလှ​ဆင်​ပြီး+ မပြို​လဲ​အောင် သံ​နဲ့​ရိုက်​တယ်။+  ၅  ရုပ်​တု​တွေ​က သခွား​ခင်း​ထဲ​က စာခြောက်​ရုပ်​လို​ပဲ စကား​မပြော​တတ်​ဘူး။+ လမ်း​မလျှောက်​တတ်​တော့ ထမ်းသွား​ရ​တယ်။+ အန္တရာယ်​မပေး​နိုင်​သလို ကောင်း​ကျိုး​လည်း မပေး​နိုင်​တဲ့​အတွက် မကြောက်​ပါ​နဲ့။”+  ၆  ယေဟောဝါ​ဘု​ရား၊ ကိုယ်​တော့်​လို ဘု​ရား​မျိုး မရှိ​ပါ​ဘူး။+ ကိုယ်​တော်​ဟာ ကြီးမြတ်​ပြီး တန်ခိုး​ကြီး​လှ​တယ်။ နာ​မတော်​က​လည်း ကြီးမြတ်လှ​ပါ​တယ်။  ၇  လူမျိုး​တို့​ရဲ့​ဘု​ရင်၊+ ကိုယ်​တော့်​ကို​ ဘယ်​သူ မကြောက်​ရွံ့​ဘဲ နေ​မှာ​လဲ။ ကိုယ်​တော့်​ကို ကြောက်​ရွံ့​ရို​သေထိုက်​ပါ​တယ်။ လူမျိုး​ခြား​တို့​ရဲ့ ပညာ​ရှိ​တွေ​ထဲ​မှာ၊ တိုင်း​နိုင်​ငံ​တွေ​ထဲ​မှာ ကိုယ်​တော်​နဲ့​တူ​တဲ့​သူ မရှိ​ပါ​ဘူး။+  ၈  သူတို့​တွေ​ဟာ စဉ်း​စား​ဉာဏ်​မဲ့​ပြီး မိုက်​မဲ​ကြ​တယ်။+ သစ်​သား​ရုပ်​တု​က​ပေး​တဲ့ သွန်သင်ချက်​ဟာ လှည့်​စား​မှု​သက်သက်ပဲ။+  ၉  လက်​မှု​ပညာ​သည်​တွေ၊ပန်း​ထိမ်​သမား​တွေ​က တာ​ရှိ​ပြည်​က​နေ+ တင်​သွင်း​လာ​တဲ့ ငွေ​ပြား​တွေ၊ ဥ​ဖတ်​မြို့​က​နေ တင်​သွင်း​လာ​တဲ့ ရွှေ​တွေ​ကို သုံး​ပြီး ရုပ်​တု​တွေ​ကို မွမ်း​မံ​ကြ​တယ်။ အပြာ​ရောင်​ချည်​နဲ့ ခ​ရမ်းရောင်​သိုး​မွေး​တွေ ဝတ်​ဆင်​ပေး​ကြ​တယ်။ အဲဒီ​ရုပ်​တု​အားလုံး​ဟာ ပညာ​သည်​တွေ ထု​လုပ်​တဲ့ လက်ရာ​တွေ​ပဲ။ ၁၀  ယေဟောဝါ​က​တော့ စစ်​မှန်​တဲ့​ဘုရား​သခင်၊အသက်​ရှင်​တဲ့ ဘု​ရား​သခင်၊+ ထာဝ​ရ​ဘု​ရင် ဖြစ်​တယ်။+ အမျက်​တော်​ကြောင့် ကမ္ဘာ​မြေ တုန်​လှုပ်​လိမ့်​မယ်။+ ပြစ်​ဒဏ်​စီ​ရင်​ချက်​ကို ဘယ်​လူမျိုး​မှ ခံ​ရပ်​နိုင်​မှာ မဟုတ်​ဘူး။ ၁၁  * “ကောင်း​ကင်​နဲ့ မြေကြီး​ကို မဖန်​ဆင်း​တဲ့​ဘု​ရားတွေ​ဟာ ကောင်း​ကင်​အောက်​က​နေ၊ မြေကြီး​ပေါ်​က​နေ ပျက်​စီး​သွား​လိမ့်​မယ်”+ လို့ သူတို့​ကို ပြော​လိုက်​ပါ။ ၁၂  ဘု​ရား​သခင်​ဟာ ကမ္ဘာ​မြေကို တန်ခိုး​နဲ့​ဖန်​ဆင်း​တဲ့​အရှင်၊ကမ္ဘာ​မြေကို ဉာဏ်​ပညာ​နဲ့ အခိုင်​အမာ​တည်​စေ​တဲ့​အရှင်၊+မိုး​ကောင်း​ကင်​ကို သိ​နား​လည်​နိုင်​စွမ်း​နဲ့ ဖြန့်​မိုး​တဲ့​အရှင်​ပဲ။+ ၁၃  ဘု​ရား အသံ​လွှင့်​လိုက်​တဲ့​အခါ ကောင်း​ကင်​ပေါ်​က ရေတွေ ဆူ​ပွက်​ကုန်​တယ်။+ ကမ္ဘာ​မြေအစွန်​အဖျား​က​နေ မိုး​တိမ်​တွေ တက်​လာ​စေ​တယ်။+ မိုး​နဲ့​အတူ လျှပ်​စီး​တွေ လက်​စေ​တယ်။* ဘဏ္ဍာ​တိုက်​တွေ​ထဲ​က​နေ လေ​ကို ခေါ်​ထုတ်​လာ​တယ်။+ ၁၄  လူ​တွေ​က စဉ်း​စား​ဉာဏ်​မရှိ​ဘဲ၊ ဘာ​မှ​မသိ​ဘဲ လုပ်​နေ​ကြ​တယ်။ ပန်း​ထိမ်​သမား​က ရုပ်​တု​ကြောင့် အရှက်​ကွဲ​ရ​လိမ့်​မယ်။+ သူ​လုပ်​တဲ့​ရုပ်​တု​ဟာ မဟုတ်​မမှန်​တဲ့​အရာ ဖြစ်​နေ​တာ​ကိုး။ အဲဒီ​ရုပ်​တု​တွေ​မှာ အသက်​စွမ်းအား​မှ မရှိ​တာ။+ ၁၅  ရုပ်​တု​တွေ​ဟာ လှည့်​စား​မှု​ပဲ။ လှောင်​ပြောင်​စ​ရာ​ပဲ။+ စစ်​ဆေး​မယ့်​နေ့ ရောက်​တဲ့​အခါ ပျက်​စီး​သွား​လိမ့်​မယ်။ ၁၆  ယာကုပ်​ရဲ့​ဝေ​စု​ဖြစ်​တဲ့ ဘု​ရား​သခင်​က​တော့ အဲဒီ​ရုပ်​တု​တွေ​နဲ့ မတူ​ဘူး။ ဘု​ရား​သခင်​ဟာ အရာ​အားလုံး​ကို ပုံ​သွင်း​တဲ့​အရှင်​ပဲ။ အစ္စရေး​ဟာ ဘု​ရား​ပိုင်​တဲ့​ တောင်​ဝှေး​ပဲ။+ နာ​မတော်​ဟာ ဗိုလ်​ခြေ​တို့​ရဲ့​အရှင် ယေဟောဝါ​လို့ ခေါ်​တယ်။+ ၁၇  ဝိုင်း​ရံ​ခံ​နေ​ရ​တဲ့ အမျိုး​သမီး၊မြေကြီး​ပေါ်​က မင်း​ရဲ့​အထုပ်​အပိုး​ကို စု​သိမ်း​လိုက်​ပါ။ ၁၈  ယေဟောဝါ​က “အခု ပြည်​သူ​ပြည်​သား​တွေ​ကို တိုင်း​ပြည်​ထဲ​က​နေ ငါ​ပစ်​ထုတ်​တော့​မယ်။+ သူတို့​ကို ဒုက္ခ​ကြုံ​စေ​မယ်” လို့​ပြော​တယ်။ ၁၉  ဒဏ်​ရာတွေ​ကြောင့် ကျွန်​တော့်​မှာ အဖြစ်​ဆိုး​လိုက်​တာ။+ အနာ​တွေ​က​လည်း ကု​လို့​မရ​ဖြစ်​နေ​တယ်။ “ဒါ​ဟာ ငါ့​ရဲ့ရော​ဂါ​ပဲ။ ခါး​စည်း​ခံ​ရ​တော့​မှာ​ပေါ့။ ၂၀  ငါ့​တဲ ပျက်​စီး​သွား​ပြီ။ တဲ​ကြိုး​တွေ ပြတ်​ထွက်​ကုန်​ပြီ။+ ငါ့​သား​တွေ ငါ့​ကို ထား​ရစ်ခဲ့​ပြီ။ တစ်​ယောက်​မှ မရှိ​တော့​ ဘူး။+ ငါ့​တဲ​ကို ဖြန့်​မိုး​ပေး​မယ့်​သူ၊ ရွက်​ထည်​တွေ​ကို ပင့်​တင်​ပေး​မယ့်​သူ တစ်​ယောက်​မှ မရှိ​တော့​ဘူး။ ၂၁  သိုးထိန်း​တွေ အသိ​တ​ရား​မရှိ​ဘဲ လုပ်​နေ​ကြ​တယ်။+ ယေဟောဝါ​ကို မမေး​မြန်း​တော့+ ထိုး​ထွင်း​ဉာဏ်​ရှိ​ရှိ မလုပ်​ဆောင်​နိုင်​ကြ​ဘူး။ သိုး​တွေ​အားလုံး ကွဲ​လွင့်​ကုန်​ပြီ”+ လို့​ပဲ ပြော​နေ​ရ​တော့​တယ်။ ၂၂  နား​ထောင်​ကြ။ သတင်း​တစ်​ခု ရောက်​လာ​ပြီ။ မြောက်​အရပ်​မှာ​ရှိ​တဲ့ ပြည်​က​နေ+ အသံ​ဗ​လံ​ကြီး ထွက်​ပေါ်​လာ​နေ​ပြီ။ ယုဒ​ရဲ့​မြေတွေ​ကို လူ​သူ​ကင်း​မဲ့​ပြီး ခွေး​အတွေ​အောင်း​တဲ့ တွင်း​ဖြစ်​အောင် လုပ်​ကြ​တော့​မယ်။+ ၂၃  ယေဟောဝါ​ဘု​ရား၊ လူ​ဟာ ကိုယ်​သွား​မယ့်​လမ်း​ကို လမ်း​ညွှန်​နိုင်​စွမ်း​မရှိ​မှန်း ကျွန်​တော် ကောင်း​ကောင်း​သိ​ပါ​တယ်။ ကိုယ့်​ခြေ​လှမ်း​ကို လမ်း​ညွှန်​ပိုင်​ခွင့်​လည်း မရှိ​ပါ​ဘူး။+ ၂၄  ယေဟောဝါ​ဘု​ရား၊ ကျွန်​တော့်​ကို သင့်​တော်​သလို​သာ တည့်​မတ်​ပေး​လှည့်​ပါ။ အမျက်​တော်​နဲ့ မတည့်​မတ်​ လိုက်ပါ​နဲ့။+ အဲဒီ​လို​သာ​ဆို​ရင် ကျွန်​တော် အစ​အန​မကျန် ပျက်စီး​သွား​မှာ။+ ၂၅  ကိုယ်​တော့်​ကို လျစ်​လျူ​ရှု​တဲ့ လူမျိုး​တွေ​အပေါ်၊+နာ​မတော်​ကို​ခေါ်​ပြီး ဆု​မတောင်း​ကြ​တဲ့ မျိုး​နွယ်​စု​တွေ​အပေါ် အမျက်​တော် သွန်း​လောင်း​လိုက်​ပါ။ သူတို့​က ယာကုပ်​ကို ဝါး​မျို​ပစ်​လို့ပါ။+ ယာကုပ်​ကို ဝါး​မျို​ပြီး သုတ်​သင်​ဖျက်​ဆီး​ပစ်​ပါ​ပြီ။+ သူ့​ရဲ့ မွေး​ရပ်​မြေကို​လည်း လူ​သူ​ကင်း​မဲ့​စေ​ပါ​ပြီ။+

အောက်ခြေမှတ်ချက်များ

အခန်း​ငယ် ၁၁ ကို မူ​ရင်း​မှာ အာ​ရ​မိတ်​လို ရေး​ထား။
“မိုး​ရေ​အတွက် ရေ​တံခါး​ကို ဖန်​ဆင်း​တယ်” လည်း​ဖြစ်​နိုင်။