ဂလာတိ ၃:၁-၂၉

  • ပညတ်​တ​ရား စောင့်​ထိန်း​ခြင်း​နဲ့ ယုံ​ကြည်​ခြင်း​ရဲ့ ခြား​နား​ချက် (၁-၁၄)

    • ဖြောင့်​မတ်​သူ​ဟာ ယုံ​ကြည်​ခြင်း​အား​ဖြင့် အသက်​ရှင်​လိမ့်​မယ် (၁၁)

  • အာ​ဗြ​ဟံ က​တိ​တော်ရခဲ့​တာ ပညတ်​တ​ရား​ကြောင့် မဟုတ် (၁၅-၁၈)

    • ခ​ရစ်​တော်​ဟာ အာ​ဗြ​ဟံ​ရဲ့​မျိုး​နွယ် (၁၆)

  • ပညတ်​တ​ရားရဲ့ မူ​လ​အစ​နဲ့ ရည်​ရွယ်​ချက် (၁၉-၂၅)

  • ယုံ​ကြည်​ခြင်း​ကြောင့် ဘု​ရား​သခင်​ရဲ့ သား​သမီး​တွေ​ဖြစ်​လာ (၂၆-၂၉)

    • ခ​ရစ်​တော် ပိုင်​ဆိုင်​သူ​တွေ​ဟာ အာ​ဗြ​ဟံ​ရဲ့​မျိုးနွယ်​ဖြစ် (၂၉)

 အသိ​ဉာဏ်​မဲ့​တဲ့  ဂလာ​တိ​ပြည်​သား​တို့၊ ခင်​ဗျား​တို့​ကို ဘယ်​သူ လှည့်​စား​လိုက်​တာ​လဲ။+  တ​ကယ်​တော့ သစ်​တိုင်​တင်​ခံ​ရ​တဲ့ ယေရှု​ခ​ရစ်​အ​ကြောင်း ခင်​ဗျား​တို့ ကောင်း​ကောင်း နား​လည်​ထား​တာ​ပဲ။+ ၂  ကျွန်​တော် တစ်​ခု​လောက် မေး​ချင်​တယ်၊ ခင်​ဗျား​တို့ စွမ်း​အား​တော်ရ​ရှိ​တာ​ဟာ ပညတ်​ကို စောင့်​ထိန်း​လို့​လား။ ဒါ​မှ​မဟုတ် ကြား​နာ​ခဲ့​တာ​ကို ယုံ​ကြည်​လို့​လား။+ ၃  ခင်​ဗျား​တို့ အသိ​ဉာဏ်​မဲ့​လိုက်​ကြ​တာ။ အစ​ပိုင်း​မှာ စွမ်း​အား​တော်​နဲ့​အညီ ပြု​မူ​ကျင့်​ကြံ​ပြီး​ခါမှ အခု လူ့​အလို​ဆန္ဒ​အတိုင်း အဆုံး​သတ်​မလို့​လား။+ ၄  ဆင်း​ရဲ​ဒုက္ခ အတော်​များ​များ​ကို အလ​ကား​သက်​သက် ခံ​ခဲ့​ကြ​တာ​လား။ အဲ​ဒီ​လို မဟုတ်​ဘူး​ဆို​တာ  ကျွန်​တော်​ယုံ​ပါ​တယ်။ ၅  ခင်​ဗျား​တို့​ကို စွမ်း​အား​တော်​ပေး​ပြီး အံ့​ဖွယ်​အမှု​တွေ ပြခဲ့​တဲ့​သူ​က+ ခင်​ဗျား​တို့ ပညတ်​စောင့်​ထိန်း​လို့  အဲ​ဒီ​လို​ပြ​တာ​လား။ ဒါ​မှ​မဟုတ် ကြား​နာ​တာ​တွေ​ကို ခင်​ဗျား​တို့ ယုံ​ကြည်​လို့ ပြတာ​လား။ ၆  အာ​ဗြ​ဟံ​ဟာ “ယေဟောဝါ​ကို* ယုံ​ကြည်​လို့ ဖြောင့်​မတ်​သူ​အဖြစ် သတ်​မှတ်​ခံ​ရ​တယ်” မဟုတ်​လား။+ ၇  ယုံ​ကြည်​ခြင်း​နဲ့  အသက်​ရှင်​သူ​တွေ​ဟာ အာ​ဗြ​ဟံ​ရဲ့ သား​သမီး​တွေ​ဖြစ်​မှန်း ခင်​ဗျား​တို့​သိ​ပါ​တယ်။+ ၈  ယုံ​ကြည်​ခြင်း​ကြောင့်  လူ​မျိုး​ခြား​တွေ​ကို ဖြောင့်​မတ်​သူ​တွေ​အဖြစ် ဘု​ရား​သခင် သတ်​မှတ်​မယ်​ဆို​ပြီး ကျမ်း​စာ​မှာ ကြို​ပြော​ထား​တယ်။ “မင်း​ကြောင့် လူ​မျိုး​အား​လုံး ကောင်း​ချီး​ခံ​စား​ရ​မယ်”+ ဆို​တဲ့ သတင်း​ကောင်း​ကို အာ​ဗြ​ဟံ​ကို ပြော​ခဲ့​တယ်။ ၉  ဒါ​ကြောင့် ယုံ​ကြည်​ခြင်း​နဲ့ အသက်​ရှင်​သူ​တွေ​ဟာ ယုံ​ကြည်​ခြင်း​ရှိ​သူ အာ​ဗြ​ဟံ​လို​ပဲ ကောင်း​ချီး​ခံ​စား​ရ​တယ်။+ ၁၀  ပညတ်​စောင့်​ထိန်း​တာ​ကို​ပဲ အား​ထား​သူ​တွေ​ဟာ  ကျိန်​ခြင်း​ခံ​ရ​လိမ့်​မယ်။ “ပညတ်​ကျမ်း​လိပ်​မှာ ရေး​ထား​သမျှ​ကို အမြဲ မလိုက်​နာ​တဲ့​သူ​ဟာ ကျိန်​စာ​သင့်​ပါ​စေ” ဆို​ပြီး ရေး​ထား​လို့​ပဲ။+ ၁၁  ဒါ့​အပြင် “ဖြောင့်​မတ်​သူ​ဟာ ယုံ​ကြည်​ခြင်း​ကြောင့် အသက်​ရှင်​လိမ့်​မယ်”+  လို့​လည်း   ရေး​ထား​တဲ့​အတွက် ဘု​ရား​သခင်​က ဘယ်​သူ့​ကို​မှ  ပညတ်​ကြောင့်  ဖြောင့်​မတ်​သူ​အ​ဖြစ်​ မသတ်​မှတ်​ဘူး​ဆို​တာ+ ကျွန်​တော်​တို့ သိ​နိုင်​တယ်။ ၁၂  ပညတ်​တ​ရား​ဟာ ယုံ​ကြည်​ခြင်း​ပေါ်​မှာ အခြေ​ခံ​တာ​ မဟုတ်ဘူး။  “ပညတ်​တွေ​ကို လိုက်​နာ​သူ​တိုင်း ပညတ်​တွေ​အား​ဖြင့် အသက်​ရှင်​ရ​လိမ့်​မယ်”+ လို့​ပဲ  ပြော​ထား​တယ်။ ၁၃  “သစ်​တိုင်​တင်​ခံ​ရ​တဲ့​သူ​ဟာ ကျိန်​ခြင်း​ခံ​ရ​သူ​ပဲ”+ လို့​လည်း ကျမ်း​စာ​မှာ ရေး​ထား​တယ်။ ခ​ရစ်​တော်​ဟာ ကျွန်​တော်​တို့​ကိုယ်​စား ကျိန်​ခြင်း​ကို​ခံ​ပြီး ပညတ်​တ​ရားရဲ့ ကျိန်​ခြင်း​က​နေ ကျွန်​တော်​တို့​ကို လွတ်​မြောက်​စေ​တယ်။+ ဒီ​နည်း​နဲ့ ကျွန်​တော်​တို့​ကို ဝယ်​လိုက်​တယ်။+ ၁၄  ဘာ​လို့​လဲ​ဆို​တော့ အာဗြ​ဟံ​ကို ပေး​ထား​တဲ့ ကောင်း​ချီး​ဟာ ခရစ်​တော်​ယေရှု​အား​ဖြင့်+ လူ​မျိုး​ခြား​တွေ​အပေါ် သက်​ရောက်​နိုင်​ဖို့၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် က​တိ​တော်​နဲ့​သက်​ဆိုင်​တဲ့ စွမ်း​အား​တော်​ကို ကျွန်​တော်​တို့ ရ​ရှိ​နိုင်​ဖို့​ဖြစ်​တယ်။+ ၁၅  ညီ​အစ်​ကို​တို့၊ လူ​တွေ ကြုံ​ရ​တတ်​တာ​ကို ပြော​မယ်။ ဥ​ပမာ၊ ပဋိ​ညာဉ်​တစ်​ခု အတည်​ပြု​ပြီး​ပြီဆို​ရင် ဘယ်​သူ​မှ ပယ်​ဖျက်​လို့၊ ဖြည့်​စွက်​လို့ မရ​ဘူး။ ၁၆  ဘု​ရား​သခင်​က အာ​ဗြ​ဟံ​နဲ့ သူ့​မျိုး​နွယ်​ကို က​တိ​ပေး​ခဲ့​တယ်။+ အဲ​ဒီ​ကတိ​မှာ လူ​အများ​ကို ရည်​ညွှန်း​ပြီး “မင်း​ရဲ့​သား​မြေး​တွေ”  လို့​ပြော​မယ့်​အစား တစ်​ယောက်​သော​သူ ခ​ရစ်​တော်​ကို+ ရည်​ညွှန်း​ပြီး  “မင်း​ရဲ့​မျိုး​နွယ်”  လို့​ပြော​ထား​တယ်။ ၁၇  ကျွန်​တော်​ပြော​ချင်​တာ​က နောင်​အနှစ် ၄၃၀ ကြာ​မှ+ ပေါ်​လာ​တဲ့  ပညတ်​တ​ရား​က  ဘု​ရား​သခင် အရင်​ဖွဲ့ ​ခဲ့​တဲ့ ပဋိ​ညာဉ်​ကို မပယ်​ဖျက်​နိုင်​ဘူး။ က​တိ​တော်​ကို မဖျက်​သိမ်း​နိုင်​ဘူး။ ၁၈  ပညတ်​ကို စောင့်​ထိန်း​မှ အမွေ​ခံ​ရ​မယ်​ဆို​ရင် က​တိ​တော်​ကြောင့်​ရ​တာ မဟုတ်​တော့​ဘူး။ တ​ကယ်​တော့ ဘု​ရား​သခင်​က က​တိ​တော်​အား​ဖြင့် အာ​ဗြ​ဟံ​ကို အဲ​ဒီ​အမွေ ပေး​သနား​ခဲ့​တာ။+ ၁၉  ဒါ​ဆို​ရင် ပညတ်​တ​ရား​ဟာ ဘာ​အတွက်​လဲ။ က​တိ​ထား​ရာ​မျိုး​နွယ် မပေါ်​ထွန်း​ခင်+ လူ​တွေရဲ့​အပြစ်​ကို ဖော်​ပြဖို့+ ပညတ်​တ​ရား​ကို ထပ်​ပေး​ခဲ့​တာ​ပါ။  ကောင်း​ကင်​တ​မန်​တွေ​က​တစ်​ဆင့်+  ဘု​ရား​သခင်​ပေး​ခဲ့​တဲ့  အဲ​ဒီ​ပညတ်​တ​ရား​ကို  ဖျန်​ဖြေသူ​အား​ဖြင့် ရခဲ့​တယ်။+ ၂၀  ပဋိ​ညာဉ်​ဖွဲ့​တဲ့​အခါ သက်​ဆိုင်​သူ​တစ်​ဦး​ပဲ​ဆို​ရင် ဖျန်​ဖြေသူ မလို​ဘူး။ အဲ​ဒီ​ပဋိ​ညာဉ်​ကို​ဖွဲ့​တုန်း​က သက်​ဆိုင်​သူ​ဟာ ဘု​ရား​သခင်​တစ်​ပါး​တည်း​ပဲ။ ၂၁  ဒါ​ဆို​ရင် ပညတ်​တရား​ဟာ ဘု​ရား​သခင့်​က​တိ​တွေ​နဲ့ ဆန့်​ကျင်​နေ​သလား။  လုံး​ဝ  မဆန့်​ကျင်​ဘူး။ အသက်​ရှင်​စေ​နိုင်​တဲ့ ပညတ်​ကို​သာ ပေး​အပ်​ခဲ့​ပြီး​ပြီဆို​ရင် အဲ​ဒီ​ပညတ်​အား​ဖြင့် ဖြောင့်​မတ်​တဲ့ အနေ​အထား​ကို ရ​မှာ​ပေါ့။ ၂၂  ဒါ​ပေမဲ့ ကျမ်း​စာ​က အရာ​အား​လုံး​ကို အပြစ်​ရဲ့ ချုပ်​နှောင်​မှု​လက်​ထဲ အပ်​ထား​တယ်။ ဒါ​မှ ယေရှု​ခ​ရစ်​ကို ယုံ​ကြည်​သူ​တွေ​ဟာ အဲ​ဒီ​ယုံ​ကြည်​ခြင်း​အား​ဖြင့် က​တိ​တော်​ကို ရ​နိုင်​ကြ​မှာ​ပါ။ ၂၃  ယုံ​ကြည်​ခြင်း မရောက်​လာ​ခင်​မှာ​တော့ ကျွန်​တော်​တို့​ဟာ ပညတ်​ရဲ့ ကာ​ကွယ်​မှု၊  အုပ်​ထိန်း​မှု​ကို   ခံ​ရင်း နောင်​မှာ​ဖော်​ပြပေး​မယ့် ယုံ​ကြည်​ခြင်း​ကို စောင့်​မျှော်​နေ​ခဲ့​တယ်။+ ၂၄  ဒါ​ကြောင့် ပညတ်​တ​ရား​ဟာ ကျွန်​တော်​တို့​ကို ခ​ရစ်​တော်​ဆီ ပို့​ဆောင်​ပေး​တဲ့ အုပ်​ထိန်း​သူ ဖြစ်​လာ​တယ်။+ ဒါ​မှ​သာ ယုံ​ကြည်​ခြင်း​အား​ဖြင့် ဖြောင့်​မတ်​တယ်​လို့ သတ်​မှတ်​ခံ​ရ​နိုင်​မယ်။+ ၂၅  အခု​တော့ ယုံ​ကြည်​ခြင်း ရောက်​လာ​ပြီဖြစ်​လို့+ ကျွန်​တော်​တို့​ဟာ အုပ်​ထိန်း​သူ​လက်​အောက်​မှာ မရှိ​တော့​ဘူး။+ ၂၆  ခင်​ဗျား​တို့​အား​လုံး​ဟာ ခ​ရစ်​တော်​ယေရှု​ကို ယုံ​ကြည်​တဲ့​အတွက်+ ဘု​ရား​သခင်​ရဲ့  သား​သမီး​တွေ ဖြစ်​ကြ​တယ်။+ ၂၇  နှစ်​ခြင်း​ခံ​ပြီး ခ​ရစ်​တော်​နဲ့ တစ်​စိတ်​တစ်​ဝမ်း​တည်း ဖြစ်​နေ​တဲ့ ခင်ဗျား​တို့​အား​လုံး​ဟာ ခ​ရစ်​တော်​ကို ဝတ်​ဆင်​ခဲ့​ကြ​ပြီ။+ ၂၈  ဂျူး​လူ​မျိုး​နဲ့ ဂရိ​လူ​မျိုး၊+  ကျွန်​နဲ့  လွတ်​လပ်​သူ၊+ အမျိုး​သား​နဲ့ အမျိုး​သမီး​ဆို​ပြီး ခွဲ​ခြား​ထား​တာ မရှိ​တော့​ဘူး။+ ခင်ဗျား​တို့​အားလုံး​ဟာ ခ​ရစ်​တော်​ယေရှု​နဲ့ တစ်​စိတ်​တစ်​ဝမ်း​တည်း ဖြစ်​နေ​ပြီ။+ ၂၉  ဒါ့​အပြင် ခင်ဗျား​တို့​ဟာ ခ​ရစ်​တော်​ပိုင်​ဆိုင်​သူ​တွေ ဖြစ်​တဲ့​အတွက်  အာ​ဗြ​ဟံ​ရဲ့  မျိုး​နွယ်​စစ်​စစ်​ပဲ၊+ က​တိ​တော်​ကို+ အမွေ​ခံ​ရ​မယ့်​သူ​တွေ​ပဲ။+

အောက်ခြေမှတ်ချက်များ