ဂလာတိ ၂:၁-၂၁

  • ဂျေရု​ဆ​လင်​မှာ တမန်​တော်တွေ​နဲ့ ပေါ​လု​တွေ့ဆုံ (၁-၁၀)

  • ပေတ​ရု (ကေ​ဖ) ကို ပေါ​လု တည့်​မတ်​ပေး​ခဲ့ (၁၁-၁၄)

  • ယုံ​ကြည်​မှ​သာ ဖြောင့်​မတ်​သူ​အဖြစ် သတ်​မှတ်​ခံရနိုင် (၁၅-၂၁)

 ဆယ့်​လေး​နှစ်​ကြာ​ပြီး​နောက် ကျွန်​တော်​က တိတု​ကို​ခေါ်​ပြီး ဗာ​န​ဗ​နဲ့​အတူ+ ဂျေရု​ဆ​လင်​မြို့​ကို နောက်​တစ်​ကြိမ် ထပ်​သွား​တယ်။+ ၂  ဗျာဒိတ်​တော်ရလို့ ကျွန်​တော်​သွား​တာ​ပါ။ အဲ​ဒီ​မှာ​ရှိ​တဲ့ ရို​သေလေး​စား​ခံ​ရ​တဲ့ ညီ​အစ်​ကို​တွေ​နဲ့ သီး​သန့်​တွေ့​ဆုံ​ပြီး လူ​မျိုး​ခြား​တွေ​ကို ကျွန်​တော် ဟော​ပြော​နေ​တဲ့ သတင်း​ကောင်း​အကြောင်း ပြော​ပြလိုက်​တယ်။ ကျွန်​တော် လုပ်​ဆောင်​နေ​တာ​တွေ၊ လုပ်​ဆောင်​ခဲ့​တာ​တွေ အချည်း​နှီး မဖြစ်​စေ​ချင်​လို့​ပဲ။ ၃  ကျွန်​တော်​နဲ့​ပါ​လာ​တဲ့ တိတု​ဟာ+ ဂရိ​လူ​မျိုး​ဖြစ်​ပေမဲ့ သူ့​ကို အရေ​ဖျား​ဖြတ်​ဖို့ အတင်း ဖိ​အား​မပေး​ကြ​ဘူး။+ ၄  တ​ကယ်​တော့ ဒီ​ကိစ္စ​ဟာ ညီ​အစ်​ကို​အတု​အယောင်​တွေ​ကြောင့် ပေါ်​ပေါက်​လာ​တာ​ပါ။+ ခ​ရစ်​တော်​ယေရှု​နဲ့ တစ်​စိတ်​တစ်​ဝမ်း​တည်း ဖြစ်​နေ​လို့ ရ​ရှိ​ထား​တဲ့ ကျွန်​တော်​တို့​ရဲ့ လွတ်​လပ်​မှု​ကို+  ပျက်​ပြား​စေ​ချင်​တဲ့​အတွက် သူ​တို့​က အသင်း​တော်​ထဲ မသိ​မသာ လျှို​ဝင်​လာ​တယ်။ ကျွန်​တော်​တို့​ကို ပညတ်​တ​ရားရဲ့ ကျွန်​ဘ​ဝ ပြန်​ရောက်​အောင် လုပ်​ချင်​ကြ​တာ​ပါ။+ ၅  ဒါ​ပေမဲ့ ကျွန်​တော်​တို့​က ခင်​ဗျား​တို့​ဆီ​မှာ သတင်း​ကောင်း​နဲ့​ဆိုင်​တဲ့ အမှန်​တ​ရား ဆက်​ရှိ​စေ​ချင်​တဲ့​အတွက် သူ​တို့​ကို ခ​ဏ​လေး​တောင် အလျှော့​ပေး​လိုက်​လျော​တာ​မျိုး မလုပ်​ခဲ့​ဘူး။+ ၆  အရေး​ပါ​သူ​တွေ​လို​ဖြစ်​နေ​တဲ့+ တစ်​နည်း​အား​ဖြင့် ရို​သေလေး​စား​ခံ​ရ​တဲ့ ညီ​အစ်​ကို​တွေ​ဆီ​က​နေ အကြံ​ဉာဏ်​သစ်​တွေ ကျွန်​တော် ဘာ​မှ​မရခဲ့​ပါ​ဘူး။ သူ​တို့​ဟာ ဘယ်​လို​ပု​ဂ္ဂိုလ်တွေ​ပဲ ဖြစ်​နေ​ပါ​စေ ကျွန်​တော့်​အတွက်​တော့ မထူး​ခြား​ပါ​ဘူး။ ဘု​ရား​သခင်​က   လူ့​အပြင်​ပန်း​ကို ကြည့်​တာ​မှ မဟုတ်​တာ။ ၇  အရေ​ဖျား​ဖြတ်​ထား​သူ​တွေ​ဆီ  သတင်း​ကောင်း  ဟော​ပြော​ခွင့်​ကို  ပေတ​ရု ရထား​သလို ကျွန်​တော်​လည်း အရေ​ဖျား​မဖြတ်​ထား​သူ​တွေ​ကို  သတင်း​ကောင်း ဟော​ပြော​ခွင့် ရ​ထား​မှန်း+ သူ​တို့​သိ​လာ​ကြ​တယ်။ ၈  ဘုရား​သခင်​က ပေတ​ရု​ကို အရေ​ဖျား​ဖြတ်​ထား​သူ​တွေ​အတွက် တမန်​တော်​ဖြစ်​ခွင့် ပေး​အပ်​ထား​သလို ကျွန်​တော့်​ကို​လည်း လူ​မျိုး​ခြား​တွေ​အတွက် တမန်​တော်​ဖြစ်​ခွင့် ပေး​အပ်​ထား​တယ်။+ ၉  မဟာ​က​ရု​ဏာ​တော်​ကို ကျွန်​တော်ရ​ရှိ​ထား​မှန်း သိလာ​တဲ့​အခါ+ အသင်း​တော်ရဲ့ အမာ​ခံ* လို​ဖြစ်​နေ​တဲ့  ယာကုပ်၊+ ကေ​ဖ၊* ယောဟန်​တို့​က ဗာ​န​ဗ​နဲ့ ကျွန်​တော့်​ကို+ လုပ်​ဖော်​ဆောင်​ဖက်​တွေ​အဖြစ် လက်​ဆွဲ​နှုတ်​ဆက်​ကြ​တယ်။ ကျွန်​တော်​တို့​က လူ​မျိုး​ခြား​တွေ​ဆီ သွား​ရ​မယ်၊ သူ​တို့​က​တော့ အရေ​ဖျား​ဖြတ်​ထား​သူ​တွေ​ဆီ သွား​ရ​မယ်။ ၁၀  နွမ်း​ပါး​သူ​တွေ​ကို မေ့​မထား​ကြ​ပါ​နဲ့​ဆို​ပြီး ကျွန်​တော်​တို့​ကို သူ​တို့ မှာ​ဖြစ်​အောင် မှာ​လိုက်​တယ်။ ကျွန်​တော်​လည်း  အဲ​ဒီ​အတိုင်း​လုပ်​ဖို့ အား​သွန်​ခွန်​စိုက် ကြိုး​စား​ပါ​တယ်။+ ၁၁  အန္တိ​အုတ်​မြို့​ကို+  ကေ​ဖ*+ ရောက်​လာ​တဲ့​အခါ သူ့​လုပ်​ရပ် မှား​နေ​တဲ့​အတွက် ကျွန်​တော်​က သူ့​ကို ပွင့်​ပွင့်​လင်း​လင်း ပြစ်​တင်​ပြော​ဆို​ခဲ့​တယ်။ ၁၂  ယာကုပ်​လွှတ်​လိုက်​တဲ့+ လူ​တ​ချို့ ရောက်​မလာ​ခင်​တုန်း​က​တော့  သူ​က လူ​မျိုး​ခြား​တွေ​နဲ့​အတူ စား​သောက်​လေ့​ရှိ​တယ်။+  သူ​တို့​လည်း  ရောက်​လာရော  လူ​မျိုး​ခြား​တွေ​နဲ့   မပေါင်း​ဖော်​တော့​ဘဲ ခပ်​ခွာ​ခွာ​နေ​တယ်။ အရေ​ဖျား​ဖြတ်ထား​သူ​တွေ​ကို သူ​ကြောက်​တာ​ကိုး။+ ၁၃  ဂျူး​တ​ချို့​လည်း သူ့​လို​ပဲ ဟန်​ဆောင်​လာ​ကြ​တယ်။ ဗာ​န​ဗ​တောင်  သူ​တို့​လို  ဟန်​ဆောင်​ခဲ့​တယ်။ ၁၄  သတင်း​ကောင်း​နဲ့​ဆိုင်​တဲ့ အမှန်​တ​ရား​အတိုင်း မကျင့်​ကြ​မှန်း ကျွန်​တော် သတိ​ပြု​မိ​တဲ့​အတွက်+ အား​လုံး​ရှေ့​မှာ ကေ​ဖကို “ခင်​ဗျား​ဟာ ဂျူး​လူ​မျိုး​ဖြစ်​လျက်​နဲ့ ဂျူး​လို​မဟုတ်​ဘဲ လူ​မျိုး​ခြား​တွေ​လို နေ​ထိုင်​တယ်​ဆို​ရင် လူ​မျိုး​ခြား​တွေ​ကို ဂျူး​ဓ​လေ့​ထုံး​စံ​အတိုင်း လိုက်​ဖို့ ဘာ​လို့ ဖိ​အား​ပေး​တာ​လဲ”+ ဆို​ပြီး ပြော​လိုက်​တယ်။ ၁၅  ကျွန်​တော်​တို့​ဟာ  ဂျူး​လူ​မျိုး​အဖြစ် မွေး​ဖွား​လာ​တာ။ လူ​မျိုး​ခြား​တွေ​ထဲ​က အပြစ်​သား​တွေ မဟုတ်​ဘူး။ ၁၆  ပညတ်​စောင့်​ထိန်း​လို့ မဟုတ်​ဘဲ ယေရှု​ခ​ရစ်​ကို ယုံ​ကြည်​လို့​သာ+ ဖြောင့်​မတ်​သူ​အဖြစ် သတ်​မှတ်​ခံ​ရ​တယ်​ဆို​တာ ကျွန်​တော်​တို့ အသိ​အမှတ်​ပြု​ပါ​တယ်။+ ဒါ​ကြောင့် ခ​ရစ်​တော်​ယေရှု​ကို ကျွန်​တော်​တို့ ယုံ​ကြည်​တယ်။ ပညတ်​စောင့်​ထိန်း​လို့ မဟုတ်​ဘဲ ခ​ရစ်​တော်​ကို ယုံ​ကြည်​လို့ ဖြောင့်​မတ်​သူ​တွေ​အဖြစ် သတ်​မှတ်​ခံ​ရ​တာ​ပါ။ ပညတ်​စောင့်​ထိန်း​ရုံ​နဲ့ ဘယ်​သူ​မှ ဖြောင့်​မတ်​သူ​အဖြစ် သတ်​မှတ်​ခံ​ရ​မှာ မဟုတ်​ဘူး။+ ၁၇  ကျွန်​တော်​တို့​ဟာ ခ​ရစ်​တော်​အား​ဖြင့် ဖြောင့်​မတ်​သူ​အဖြစ် သတ်​မှတ်​ခံ​ရ​ဖို့ ကြိုး​စား​နေ​လျက်​နဲ့ အပြစ်​သား​တွေ ဖြစ်​နေ​သေး​တယ်​ဆို​ရင် ခ​ရစ်​တော်​ဟာ အပြစ်​လုပ်​အောင် အား​ပေး​တဲ့​သူ ဖြစ်​သွား​မှာ​ပေါ့။ ဒါ ဘယ်​လို​မှ မဖြစ်​နိုင်​ဘူး။ ၁၈  ဖြို​ချ​ခဲ့​တာ​တွေ​ကို ကျွန်​တော် ပြန်​တည်​ဆောက်​တယ်​ဆို​ရင် အပြစ်​ကျူး​လွန်​သူ​ပဲ​လို့ ကိုယ့်​ကိုယ်​ကိုယ် ဖော်​ပြရာရောက်​မှာ​ပေါ့။ ၁၉  ကျွန်​တော်​ဟာ ပညတ်​တ​ရား​မှာ သေဆုံး​သွား​ပြီ။+ အဲ​ဒီ​လို သေဆုံး​သွား​လို့ ဘု​ရား​သခင်​အတွက် အသက်​ရှင်​လာ​ပြီ။ ၂၀  ခ​ရစ်​တော်​နဲ့​အတူ သစ်​တိုင်​မှာ ကျွန်​တော် ရိုက်​ထား​ခံ​ရ​ပြီ။+ အခု အသက်​ရှင်​နေ​တာ ကျွန်​တော် မဟုတ်​တော့​ဘူး။+ ကျွန်​တော့်​အထဲ​မှာ ရှင်​သန်​နေ​တာ​ဟာ ခ​ရစ်​တော်​ပဲ။ ကျွန်​တော့်​ကို​ချစ်​ပြီး ကျွန်​တော့်​အတွက် အသက်​စွန့်​ခဲ့​တဲ့+ ဘု​ရား​သခင့်​သား​တော်​ကို ယုံ​ကြည်​နေ​လို့​သာ ဒီ​ခ​န္ဓာ​ကိုယ်​နဲ့ ကျွန်​တော် အသက်​ရှင်​နေ​တာ။+ ၂၁  ဘု​ရား​သခင်​ရဲ့ မဟာ​က​ရု​ဏာ​ကို+ ကျွန်​တော် မငြင်း​ပယ်​ဘူး။ ပညတ်​စောင့်​ထိန်း​လို့ ဖြောင့်​မတ်​သူ​ဖြစ်​မယ်​ဆို​ရင် ခ​ရစ်​တော် အသေခံ​တာ အလ​ကား​ဖြစ်​သွား​မှာ​ပေါ့။+

အောက်ခြေမှတ်ချက်များ

မူ​ရင်း၊ “တိုင်​မကြီး။”
ပေတ​ရု။
ပေတ​ရု။