မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာကြီးကို ဘယ်သူ ကယ်တင်ပေးမလဲ

ကမ္ဘာကြီးကို ဘယ်သူ ကယ်တင်ပေးမလဲ

 ကမ္ဘာမြေနဲ့ ကမ္ဘာပေါ်က သက်ရှိတွေဟာ လူတွေကြောင့် ထိခိုက်ပျက်စီးနေတဲ့အတွက် လူအတော်များများ စိုးရိမ်သောကရောက်နေကြတယ်။ သဘာဝပတ်ဝန်းကျင် ပညာရှင်တချို့ရဲ့ အဆိုအရ ကမ္ဘာပေါ်က ဇီဝမျိုးစုံမျိုးကွဲတွေဟာ လူတွေရဲ့ လုပ်ရပ်ကြောင့် မကြုံစဖူး အတိုင်းအတာနဲ့ ဘေးအန္တရာယ် ကြုံနေရပြီး မျိုးသုဉ်းပျောက်ကွယ်မယ့် အခြေအနေ ဆိုက်နေတယ်။

 လူတွေကြောင့် ကမ္ဘာမြေ ပျက်စီးသွားမလား။ ဒါမှမဟုတ် သဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ ဖြစ်အောင် နေထိုင်နိုင်အုံးမလား။

လူ့ကြိုးပမ်းမှုတွေ အရာထင်ပါ့မလား

 လူတွေဟာ ကမ္ဘာမြေကို ထိန်းသိမ်းကာကွယ်ပြီး သဘာဝတရားနဲ့ သဟဇာတ ဖြစ်အောင် နေထိုင်နိုင်မယ်လို့ ပညာရှင်အတော်များများ ယုံတယ်။ သုတေသီတချို့ကတော့ အခြေအနေ အရပ်ရပ်ကို တစ်ပြိုင်တည်း ပြုပြင်ပြောင်းလဲမှသာ လူတွေရဲ့ ကြိုးပမ်းမှု အောင်မြင်မယ်လို့ ဆိုကြတယ်။ ပြောင်းလဲရမယ့် အချက်တွေကတော့–

  •   လယ်ယာ၊ သစ်တော၊ မြစ်ချောင်းအင်းအိုင်၊ သမုဒ္ဒရာ ထိန်းသိမ်းကာကွယ်ပုံကို တိုးတက်စေခြင်း။

  •   စိုက်ပျိုးနည်းစနစ်တွေ၊ စွမ်းအင်ထုတ်လုပ်နည်းတွေ ပြောင်းလဲအသုံးပြုခြင်း။

  •   အသားငါး စားသုံးမှုကို လျှော့ချပြီး ဟင်းသီးဟင်းရွက် ပိုမိုစားသုံးဖြစ်အောင် ထုတ်လုပ်ဖြန့်ချိခြင်း၊ ဒီနည်းနဲ့ အစားအစာ လေလွင့်ပျက်စီးမှုကို လျှော့ချခြင်း။

  •   ရုပ်ဝတ္ထုပစ္စည်း များများ ပိုင်ဆိုင်မှ နေပျော်တဲ့ဘဝ မဟုတ်ကြောင်း သိထားခြင်း။

 ဘယ်လို ထင်ပါသလဲ။ ဒီကိစ္စနဲ့ပတ်သက်ပြီး အစိုးရတွေ၊ စီးပွားရေးလုပ်ငန်းတွေ၊ လူတွေ မကြုံစဖူး အတိုင်းအတာနဲ့ ပူးပေါင်းလုပ်ဆောင်လာကြမယ်လို့ မျှော်လင့်နိုင်ပါ့မလား။ လောဘဇောတိုက်၊ တစ်ကိုယ်ကောင်းဆန်ပြီး ရှေ့ရေးကို မကြည့်သူတွေ ရှိနေသရွေ့ ပြောင်းလဲလာနိုင်မှာ မဟုတ်ဘူးလို့ ထင်ပါသလား။—၂ တိမောသေ ၃:၁-၅

မျှော်လင့်စရာအကြောင်း

 ဒီကမ္ဘာမြေဟာ လှပတဲ့ အနာဂတ် ရှိမယ်လို့ ကျမ်းစာ အာမခံထားတယ်။ လူ့ကြိုးပမ်းမှုတစ်ခုတည်းနဲ့ ကမ္ဘာမြေကို ကယ်တင်လို့ မရကြောင်း၊ အပြောင်းအလဲကြီးတစ်ခု လုပ်တော့မယ့်အကြောင်း၊ ဘယ်နည်းဘယ်ပုံ ပြောင်းလဲမယ်ဆိုတဲ့အကြောင်းကိုလည်း ဖော်ပြတယ်။

 လူ့ကြိုးပမ်းမှုတစ်ခုတည်းနဲ့ ကမ္ဘာမြေကို မကယ်နိုင်ရတဲ့အကြောင်း။ ယေဟောဝါ a ဘုရားက ကမ္ဘာမြေကို ဖန်ဆင်းပြီးနောက် ထိန်းသိမ်းစောင့်ရှောက်ဖို့ လူကို တာဝန်ပေးတယ်။ (ကမ္ဘာဦး ၁:၂၈။ ၂:၁၅။) လူတွေက ဖန်ဆင်းရှင်ရဲ့ စကားကို နားထောင်ပြီး လမ်းညွှန်မှုကို လိုက်နာမှသာ မိမိတို့တာဝန်ကို ကျေပွန်နိုင်မယ်။ (ပညာအလိမ္မာ ၂၀:၂၄) ဒါပေမဲ့ ယေဟောဝါကို ပစ်ပယ်ပြီး ကိုယ့်လမ်းကိုယ် လျှောက်ခဲ့ကြတယ်။ (ဒေသနာ ၇:၂၉) ဒါကြောင့် ကမ္ဘာမြေကို ထိန်းသိမ်းစောင့်ရှောက်နိုင်စွမ်း လူတွေမှာ မရှိဘူး။ ဘယ်လောက်ပဲ ကြိုးစားကြိုးစား မဆိုစလောက် တိုးတက်ရုံပဲ ရှိမယ်၊ အောင်မြင်စွာ ထိန်းသိမ်းကာကွယ်နိုင်မှာ မဟုတ်ဘူး။—ပညာအလိမ္မာ ၂၁:၃၀။ ယေရမိ ၁၀:၂၃

 ပြုလုပ်ရမယ့် အပြောင်းအလဲ။ ကမ္ဘာမြေ ဖျက်ဆီးနေသူတွေကို ရပ်တန်းက ရပ်သွားအောင် လုပ်ဖို့ ဘုရား ရည်ရွယ်ထားတယ်။ (ဗျာဒိတ် ၁၁:၁၈) ကမ္ဘာဂြိုဟ်ကို ဖျက်လိုဖျက်ဆီး လုပ်နေတဲ့ အစိုးရတွေ၊ လူ့အဖွဲ့အစည်းတွေကို ပြုပြင်ပြောင်းလဲခြင်း မလုပ်ဘဲ အစားထိုးပါလိမ့်မယ်။ (ဗျာဒိတ် ၂၁:၁) ဒါကြောင့် ယေဟောဝါဘုရားက “အရာခပ်သိမ်းကို ငါ အသစ်ဖန်ဆင်းနေတယ်” လို့ ပြောတယ်။—ဗျာဒိတ် ၂၁:၅

 ဘယ်နည်းဘယ်ပုံ ပြောင်းလဲမလဲ။ ယေဟောဝါက လူ့အစိုးရတွေကို ဘုရားသခင့် နိုင်ငံတော်လို့ ခေါ်တဲ့ ကောင်းကင်နိုင်ငံနဲ့ အစားထိုးပါလိမ့်မယ်။ ယေရှုခရစ်ရဲ့ ဦးဆောင်မှုအောက်မှာ ရှိတဲ့ အဲဒီအစိုးရက ကမ္ဘာမြေကို အုပ်ချုပ်ပါလိမ့်မယ်။—ဒံယေလ ၂:၄၄။ မဿဲ ၆:၁၀

 ဘုရားရဲ့ ဖြောင့်မတ်တဲ့ စံနှုန်းအတိုင်း လူတွေ နေထိုင်နိုင်အောင် ဘုရားနိုင်ငံတော်က သွန်သင်ပေးမှာ ဖြစ်တယ်။ မိမိတို့ဖန်ဆင်းရှင်ကို အသိအမှတ်ပြုပြီး လမ်းညွှန်ချက်တွေကို လိုက်နာကြတဲ့အခါ သဘာဝလောကကြီးနဲ့ လိုက်လျောညီထွေ ဖြစ်အောင် ပြုမူနေထိုင်နိုင်ကြပါလိမ့်မယ်။ (ဟေရှာယ ၁၁:၉) ကမ္ဘာကြီးနဲ့ သဟဇာတ ဖြစ်တဲ့ အကောင်းဆုံး ဘဝမျိုးနဲ့ နိုင်ငံသားတွေ နေထိုင်နိုင်အောင် ဘုရားသခင့်အစိုးရ ဘယ်လို လုပ်ပေးမလဲဆိုတာ ကျမ်းစာမှာ ဖော်ပြထားတယ်။ ဘုရားသခင့်နိုင်ငံတော်က

 အဲဒီလို အခြေအနေမျိုး ဖြစ်အောင် ဘုရားသခင့်နိုင်ငံတော်က မကြာခင် ပြောင်းလဲပေးပါတော့မယ်။ ပိုသိချင်ရင် “ဘုရားသခင့်နိုင်ငံတော်က ကမ္ဘာမြေကို ဘယ်အချိန်မှာ အုပ်ချုပ်မလဲ” ဆောင်းပါးကို ဖတ်ကြည့်ပါ။

a ယေဟောဝါဆိုတာ ဘုရားသခင်ရဲ့နာမည် ဖြစ်တယ်။—ဆာလံ ၈၃:၁၈