ပညာအလိမ္မာ ၂၁:၁-၃၁

  • ရှင်​ဘုရင်​ရဲ့​စိတ်​နှလုံး​ကို ယေဟောဝါ လမ်း​ညွှန် ()

  • ပူ​ဇော်​သက္ကာ​တာ​ထက် ဖြောင့်​မှန်​တာ ပို​ကောင်း ()

  • ဝီ​ရိ​ယ​ရှိ​သူ​ရဲ့​အစီ​အစဉ် အောင်​မြင် ()

  • ဆင်း​ရဲ​သား​ကို နား​မထောင်​ရင် ကိုယ်​တိုင်​အော်​ဟစ်​တဲ့​အခါ ဘယ်​သူ​မှ မကြား (၁၃)

  • ယေဟောဝါ​ကို ဆန့်​ကျင်​တဲ့​ဘက်​မှာ ဉာဏ်​ပညာ မရှိ (၃၀)

၂၁  ရှင်​ဘု​ရင်ရဲ့ စိတ်​နှလုံးဟာ​ ယေဟောဝါ​ရဲ့ လက်​ထဲ​မှာ​ရှိ​တဲ့ မြစ်​ချောင်း​တွေ​နဲ့ တူတယ်။+ ဘု​ရား​က အလို​ရှိ​တဲ့​ဘက်​ကို စီးဆင်း​စေ​တယ်။+  ၂  ကိုယ့်​အမြင်​မှာ​တော့ ကိုယ့်​လမ်း​စဉ်​မှန်​တယ် ထင်​ရ​ပေမဲ့+ယေဟောဝါ​က စိတ်​နှလုံး​ကို စစ်​ဆေး​တယ်။+  ၃  ပူ​ဇော်​သက္ကာ ဆက်​သတာ​ထက်​ ဖြောင့်​မတ်​မှန်​ကန်​ရာ လုပ်​တာ​ကိုယေဟောဝါ ပို​နှစ်​သက်​တယ်။+  ၄  မောက်​မာ​တဲ့​မျက်​လုံး​နဲ့ ထောင်​လွှား​တဲ့​စိတ်​ဟာလူ​ဆိုး​ကို​လမ်း​ပြတဲ့ မီး​ခွက်​ဖြစ်​လို့ အပြစ်​ကျူး​လွန်​စေ​တယ်။+  ၅  ဝီ​ရိ​ယ​ရှိ​သူ​ရဲ့​အစီ​အစဉ်တွေ ကျိန်း​သေ အောင်​မြင်​လိမ့်​မယ်။+ အလျင်​စ​လို​လုပ်​တဲ့​သူ​က​တော့ ကျိန်း​သေ ဆင်း​ရဲ​လိမ့်​မယ်။+  ၆  လိမ်​ပြော​ပြီး​ရ​တဲ့ ပစ္စည်း​ဥစ္စာ​ဟာပျောက်​လွင့်​တတ်​တဲ့​မြူ​ခိုး၊ သေစေ​နိုင်​တဲ့​ကျော့​ကွင်း​နဲ့ တူ​တယ်။+  ၇  လူ​ဆိုး​တွေ​က တ​ရား​မျှ​တ​စွာ မလုပ်​ဆောင်​တဲ့​အတွက်အကြမ်း​ဖက်​မှု​က သူတို့​ကို ဖယ်​ရှား​လိမ့်​မယ်။+  ၈  အပြစ်​ရှိ​သူ​ရဲ့​လမ်း​စဉ်​ဟာ ကွေ့ကောက်​တယ်။ အပြစ်​မဲ့​သူ​ရဲ့ လုပ်​ရပ်​က​တော့ ဖြောင့်​မှန်​တယ်။+  ၉  ရန်​တွေ့​တတ်​တဲ့* ဇနီး​နဲ့ တစ်​အိမ်​တည်း နေ​ရ​တာ​ထက်အိမ်​မိုး​ပေါ်​က ထောင့်​တစ်​နေ​ရာ​မှာ နေ​ရ​တာ ပို​ကောင်း​တယ်။+ ၁၀  လူ​ဆိုး​က မကောင်း​တာ​ကို​ပဲ တောင့်​တ​တယ်။+ သူ​တစ်ပါး​ကို​လည်း မျက်​နှာ​သာ​မပေး​ဘူး။+ ၁၁  လှောင်​ပြောင်​တတ်​သူ ပြစ်​ဒဏ်​ခံ​ရ​တဲ့​အခါ အတွေ့​အကြုံ​မရှိ​သူ​က ဉာဏ်​ပညာ ရှိ​လာ​လိမ့်​မယ်။ ဉာဏ်​ပညာ​ရှိ​သူ​ဟာ ထိုး​ထွင်း​ဉာဏ်​ရ​လာ​တဲ့​အခါ အသိ​ပညာ တိုး​လာ​လိမ့်​မယ်။+ ၁၂  ဖြောင့်​မတ်​တဲ့​အရှင်​က လူ​ဆိုး​ရဲ့​ အိမ်​သူ​အိမ်​သား​တွေ​ကို အကဲ​ခတ်​ကြည့်​ရှု​နေ​တယ်။ လူ​ဆိုး​တွေ​ကို ဖျက်​ဆီး​ပစ်​တယ်။+ ၁၃  ဆင်း​ရဲ​သား​ရဲ့ အော်​ဟစ်​သံ​ကို မကြား​ချင်​လို့ နား​ပိတ်​ထား​သူ​ကကိုယ်​တိုင်​အော်​ဟစ်​တဲ့​အခါ ဘယ်​သူ​မှ တုံ့​ပြန်​မှာ မဟုတ်​ဘူး။+ ၁၄  တိုး​တိုး​တိတ်​တိတ်​ပေး​တဲ့ လက်​ဆောင်​ဟာ ဒေါသ​ကို ပြေစေ​တယ်။+ တိုး​တိုး​တိတ်​တိတ် လာဘ်​ထိုး​တာ​က​လည်း ပြင်း​ထန်​တဲ့​ဒေါသ​ကို ပြေစေ​တယ်။ ၁၅  တ​ရား​မျှ​တ​စွာ လုပ်​ဆောင်​ရ​တာ​ဟာ ဖြောင့်​မတ်​သူ​အတွက် ရွှင်လန်း​စ​ရာ​ပဲ။+ ဆိုး​ညစ်​စွာ ပြု​ကျင့်​သူ​တွေ​အတွက်​တော့ ထိတ်​လန့်​စ​ရာ​ပဲ။ ၁၆  ထိုး​ထွင်း​ဉာဏ်​ကို မသုံး​တော့​တဲ့​သူ​ဟာအစွမ်း​မရှိ​တော့​တဲ့ လူ​သေတွေ​အလယ်​မှာ အနား​ယူ​ရ​လိမ့်​မယ်။+ ၁၇  အပျော်​အပါး​မက်​သူ​ဟာ ဆင်း​ရဲ ရ​လိမ့်​မယ်။+ စ​ပျစ်​ဝိုင်​နဲ့​ဆီ​ကို ကြိုက်​တဲ့​သူ​က ချမ်း​သာ​မှာ မဟုတ်​ဘူး။ ၁၈  လူ​ဆိုး​ဟာ ဖြောင့်​မတ်​သူ​ကို​ ကယ်​မယ့် ရွေး​ဖိုး​ပဲ။ စိတ်​ရိုး​ဖြောင့်​သူ​တွေ​အစား သစ္စာ​ဖောက်​သူ​တွေ​ကို ခေါ်​သွား​လိမ့်​မယ်။+ ၁၉  ရန်​တွေ့​တတ်​တဲ့၊* စိတ်​ဆတ်​တဲ့​ဇနီး​နဲ့ နေ​ရ​တာ​ထက် တော​ကန္တာရ​မှာ​နေ​ရ​တာ ပို​ကောင်း​တယ်။+ ၂၀  ဉာဏ်​ပညာ​ရှိ​သူ​ရဲ့​အိမ်​မှာ တန်​ဖိုး​ကြီး​စည်း​စိမ်​တွေ၊ ဆီ​တွေ ရှိ​တယ်။+ လူ​မိုက်​က​တော့ ရှိ​တာ​လေး​ကို​တောင် ဖြုန်း​တီး​လိမ့်​မယ်။+ ၂၁  ဖြောင့်​မတ်​ခြင်း​နဲ့ ခိုင်​မြဲတဲ့​မေတ္တာ​ကို လိုက်​စား​တဲ့​သူ​ကအသက်၊ ဖြောင့်​မတ်​ခြင်း၊ ဂုဏ်​ကျက်​သရေ​ကို ရ​လိမ့်​မယ်။+ ၂၂  ဉာဏ်​ပညာ​ရှိ​သူ​က ခွန်​အား​ကြီး​သူ​တွေရဲ့ မြို့​ရိုး​ကို တက်​နိုင်​တယ်။ သူတို့​ယုံ​ကြည်​ကိုး​စား​တဲ့ အစွမ်း​ခွန်​အား​ကို​လည်း ပျက်​စီး​စေ​နိုင်​တယ်။+ ၂၃  နှုတ်​လျှာ​စောင့်​စည်း​သူ​ဟာကိုယ့်​ကိုယ်​ကိုယ် ဒုက္ခ​မရောက်​အောင် ကာ​ကွယ်​တဲ့​သူ​ပဲ။+ ၂၄  တ​ဇောက်​ကန်း​နိုင်​ပြီး ရောင့်​တက်​စွာ​လုပ်​တဲ့​သူ​ကိုရောင့်​တက်​ထောင်​လွှား​တဲ့ လူ​ကြွား​လို့ ခေါ်​ကြ​တယ်။+ ၂၅  လူ​ပျင်း​ဟာ အလုပ်​မလုပ်​ချင်​တဲ့​အတွက်သူ​တောင့်​တ​တဲ့​အရာတွေ​က သူ့​ကို သေတွင်း​ထဲ​ပို့​လိမ့်​မယ်။+ ၂၆  သူ​က တစ်​နေ့​လုံး လော​ဘ​တ​ကြီး တောင့်​တ​နေ​တယ်။ ဖြောင့်​မတ်​သူ​က​တော့ ဘာ​ကို​မှ​ မတွန့်​တို​ဘဲ ပေး​ကမ်း​တတ်​တယ်။+ ၂၇  လူ​ဆိုး​ဆက်​သတဲ့ ပူ​ဇော်​သက္ကာ​ဟာ ရွံ​စ​ရာ​ကောင်း​တယ်။+ ယုတ်​မာ​တဲ့​စိတ်​နဲ့ သူ​ဆက်​သရင်​တော့ ပို​လို့တောင် ရွံ​စ​ရာ​ကောင်း​တယ်။ ၂၈  လိမ်​ညာ​တဲ့​သက်​သေဟာ ပျက်​စီး​ရ​လိမ့်​မယ်။+ အသေအချာ နား​ထောင်​သူ​က​တော့ သက်​သေထွက်​ဆို​တဲ့​အခါ အောင်​မြင်​လိမ့်​မယ်။ ၂၉  လူ​ဆိုး​က ရဲ​တင်း​တဲ့​မျက်​နှာ​ထား ရှိ​တယ်။+ စိတ်​ရိုး​ဖြောင့်​သူ​ရဲ့ လမ်း​စဉ်​က​တော့ လုံ​ခြုံ​စိတ်​ချ​ရ​တယ်။+ ၃၀  ယေဟောဝါ​ကို ဆန့်​ကျင်​တဲ့​ဘက်​မှာ ဉာဏ်​ပညာ၊ ပိုင်း​ခြား​သိ​မြင်​မှု၊ အကြံ​ဉာဏ် တစ်​ခု​မှ မရှိ​ဘူး။+ ၃၁  တိုက်​ပွဲ​ဝင်​မယ့်​နေ့​အတွက် မြင်း​တွေ​ကို အသင့်​ပြင်​ထား​ပေမဲ့+ကယ်​တင်​ခြင်း​ကျေး​ဇူး​ကို​တော့ ယေဟောဝါ​ပဲ ပေး​နိုင်​တယ်။+

အောက်ခြေမှတ်ချက်များ

ဒါ​မှ​မဟုတ်၊ “တ​ကျည်​ကျည် လုပ်​တတ်​တဲ့။”
ဒါ​မှ​မဟုတ်၊ “တ​ကျည်​ကျည် လုပ်​တတ်​တဲ့။”