ဟောရှေ ၂:၁-၂၃

  • သစ္စာ​မဲ့ အစ္စရေးတွေ ပြစ်​ဒဏ်​ခံ​ရ (၁-၁၃)

  • လင်​ယောက်ျား​နဲ့​ပြန်​ပေါင်း​သလို ယေဟောဝါ​ဆီ ပြန်​လာ (၁၄-၂၃)

    • “‘ယောက်ျားရေ’ လို့​ခေါ်​လိမ့်​မယ်” (၁၆)

 “မင်း​တို့​ရဲ့ ညီ​အစ်​ကို​တွေ​ကို ‘ငါ့​လူ​တွေ၊’*+ မင်း​တို့​ရဲ့ ညီ​အစ်​မတွေ​ကို ‘ကရု​ဏာ​ခံ​ရ​တဲ့ အမျိုး​သမီး​တွေ’*+ လို့​ခေါ်​ပါ။  ၂  မင်း​တို့​ရဲ့ မိ​ခင်​ကို တ​ရား​စွဲ​ပါ။ သူ့​ကို တ​ရား​စွဲ​ပါ။ သူ​ဟာ ငါ့​ဇနီး မဟုတ်​ဘူး။+ ငါ​က​လည်း သူ့​ခင်​ပွန်း မဟုတ်​ဘူး။ ပြည့်​တန်​ဆာ​လုပ်​တာ၊အိမ်​ထောင်​ရေး​ဖောက်​ပြန်​တာ​ကို သူ​စွန့်​လွှတ်​ရ​မယ်။  ၃  အဲဒီ​လို​မှ မစွန့်​လွှတ်​ရင် သူ့​အဝတ်​ကို ငါ​ဆွဲ​ချွတ်​ပြီးမွေး​လာ​တုန်း​က​လို​ပဲ အဝတ်​ဗ​လာ ဖြစ်​စေ​မယ်။ သူ့​ကို တော​ကန္တာရ​လို၊ ရေ​မရှိ​တဲ့​ပြည်​လို ဖြစ်​စေ​မယ်။ ရေ​ငတ်​ပြီး သေဆုံး​စေ​မယ်။  ၄  သူ့​သား​သမီး​တွေ​ဟာ ပြည့်​တန်​ဆာ​လုပ်​ပြီး ရ​လာ​တဲ့ က​လေး​တွေ​ဖြစ်​လို့ ငါ​ကရု​ဏာ​မပြဘူး။  ၅  သူတို့​ရဲ့​မိ​ခင်​ဟာ ပြည့်​တန်​ဆာ​လုပ်​တယ်။+ သူတို့​ကို ကိုယ်​ဝန်​ဆောင်​တဲ့​သူ​ဟာ အရှက်​မဲ့​တဲ့​လုပ်​ရပ်တွေ လုပ်​တယ်။+ ‘ငါ့​ကို အစာ​ရေ​စာ​တွေ၊သိုး​မွေး၊ ချည်​ထည်​နဲ့ ဆီ​အပြင် သောက်​စ​ရာ​ကို​ပါ ပေး​တတ်​တဲ့ ရည်း​စား​တွေ​နောက်​ကို​ပဲ လိုက်​သွား​တော့​မယ်’+ လို့ သူ​ပြော​ခဲ့​တယ်။  ၆  ဒါ​ကြောင့် သူ​သွား​မယ့်​လမ်း​ကို ဆူးပင်​တွေ​နဲ့ ငါ​ကာ​ဆီး​မယ်။ လမ်း​တွေ ရှာ​မတွေ့​နိုင်​အောင် ကျောက်​တံတိုင်း​ကို တည်​ဆောက်​မယ်။  ၇  သူ​ဟာ ရည်း​စား​တွေနောက်​ တကောက်​ကောက် လိုက်​လိမ့်မယ်။ ဒါ​ပေမဲ့ လိုက်​လို့ မီ​မှာ​မဟုတ်​ဘူး။+ သူတို့​ကို ရှာ​ပေမဲ့ တွေ့​မှာ​မဟုတ်​ဘူး။ ဒါ​နဲ့ ‘အရင်​ယောက်ျား​ဆီ​ပဲ ပြန်​သွား​တော့​မယ်။+ အရင်​က​ဆို အခု​ထက်​တောင် အဆင်​ပြေသေး​တယ်’+ လို့​ပြော​လိမ့်​မယ်။  ၈  သူ့​အတွက် ကောက်​နှံ၊ စ​ပျစ်​ဝိုင်​သစ်၊ ဆီ​ကို ပေး​တဲ့​သူ၊ဗာလ​ဝတ်​ပြု​ရေး​မှာ​သုံး​တဲ့ ရွှေ​ငွေ​အမြောက်​အမြား​ကို+ ပေး​တဲ့​သူဟာ ငါ​ပဲ​ဆို​တာ သူ​အသိ​အမှတ် မပြု​ဘူး။+  ၉  ‘ဒါ​ကြောင့် ငါ​စိတ်​ပြောင်း​သွား​ပြီ။ ရိတ်​သိမ်း​ချိန်​မှာ ငါ​ပေး​တဲ့ ကောက်​နှံ​တွေ၊စ​ပျစ်​သီး​ပေါ်​ချိန်​မှာ ငါ​ပေး​တဲ့ စ​ပျစ်​ဝိုင်​သစ်​တွေ​ကို ရုပ်​သိမ်း​လိုက်​တော့​မယ်။+ သူ​ခြုံ​ထား​တဲ့ ငါ့​သိုး​မွေး​တွေ၊ ချည်​ထည်​တွေ​ကို ဆွဲ​ချွတ်​မယ်။ ၁၀  သူ့​ရည်း​စား​တွေ​ရှေ့​မှာ သူ့​အဝတ်ကိုလှန်​ပြီး အရှက်​ပေါ်​စေမယ်။ ငါ့​လက်​က​နေ သူ့​ကို​ကယ်​မယ့်​သူ ရှိ​မှာ​မဟုတ်​ဘူး။+ ၁၁  ပွဲ​တော်တွေ၊+ လ​ဆန်း​နေ့​တွေ၊ ဥပုသ်​နေ့​တွေ၊ပွဲ​တော်ရာ​သီ​တွေ​မှာ သူ​ပျော်​ရွှင်​တာ​တွေ​ကို အဆုံး​သတ်​ပစ်​မယ်။ ၁၂  “ဒါ​တွေ​ဟာ ငါ့​ရည်း​စား​တွေ​ပေး​ထား​တဲ့​ လုပ်​ခ” ဆို​ပြီး သူ​ပြော​ခဲ့​တဲ့ စ​ပျစ်​ပင်​တွေ၊ သဖန်း​ပင်​တွေ​ကို ငါ​ဖျက်​ဆီး​မယ်။ အဲ​ဒါ​တွေ​ကို တော​ဖြစ်​သွား​အောင် လုပ်​မယ်။ အဲ​ဒါ​တွေ​ကို တော​ရိုင်း​တိ​ရစ္ဆာန်တွေ စား​ပစ်​မယ်။ ၁၃  နား​ကွင်း​တွေ၊ လက်​ဝတ်​တန်​ဆာ​တွေ ဆင်​မြန်း​ပြီး ရည်း​စား​တွေ​နောက် ကောက်​ကောက်​ပါ​သွား​တဲ့ နေ့​တွေ​အတွက်၊ဗာလ​ရုပ်​တု​တွေ​ဆီ သူ ယဇ်​ပူ​ဇော်ခဲ့​တဲ့ နေ့​တွေ​အတွက် သူ့​ကို ငါ​ဖြေရှင်း​ချက်​တောင်း​မယ်။+ ငါ့​ကို​ကျ​တော့ သူ​မေ့​ထား​တယ်’+ လို့ ယေဟောဝါ​ပြော​တယ်။ ၁၄  ‘ဒါ​ကြောင့် သူ့​ကို ငါ​ဖျောင်း​ဖျ​ပြီး တော​ကန္တာရ​ထဲ ခေါ်​သွား​မယ်။ ငါ့​ကို​ပြန်​ချစ်​လာ​အောင် ပြော​မယ်။ ၁၅  အဲဒီ​အချိန်​က​စ​ပြီး သူ့​စ​ပျစ်​ခြံ​တွေ​ကို ငါ​ပြန်​ပေး​မယ်။+ အာ​ခေါ်​ချိုင့်​ဝှမ်း​လွင်​ပြင်​ကို+ မျှော်​လင့်​ခြင်း​တံခါး​အဖြစ် ပြန်​ပေး​မယ်။ အဲဒီ​မှာ သူ​က ငယ်​ငယ်​တုန်း​က​လို၊အီဂျစ်​ပြည်​က​နေ ထွက်​လာ​ချိန်​တုန်း​က​လို ငါ့​ကို တုံ့​ပြန်​လိမ့်​မယ်။+ ၁၆  အဲဒီ​နေ့​မှာ သူ​က ငါ့​ကို “သခင်”* လို့​မခေါ်​တော့​ဘဲ “ယောက်ျားရေ” လို့​ခေါ်​လိမ့်​မယ်’ ဆို​ပြီး ယေဟောဝါ ပြော​တယ်။ ၁၇  ‘ဗာလ​ရုပ်​တု​တွေရဲ့ နာ​မည်​ကို သူ့​နှုတ်​က​နေ မတ​ခိုင်း​တော့​ဘူး။+ အဲဒီ​နာ​မည်​တွေ​ကို သူ လုံးလုံး​မေ့​သွား​မယ်။+ ၁၈  “‘အဲဒီ​နေ့​မှာ ငါ့​လူ​တွေ​အတွက် တော​ရိုင်း​တိ​ရစ္ဆာန်တွေ၊ မိုး​ကောင်း​ကင်​ငှက်​တွေ၊တွား​သွား​သတ္တ​ဝါ​တွေ​နဲ့+ သဘော​တူ​ညီ​ချက် ယူ​မယ်။+ ဓား၊ လေး၊ စစ်​ပွဲ​တွေ​ကို တိုင်း​ပြည်​က​နေ ဖယ်​ရှား​မယ်။+ သူတို့ ဘေး​ကင်း​လုံ​ခြုံ​စွာ နေ​ထိုင်​ရ​လိမ့်​မယ်။+ ၁၉  ထာ​ဝ​ရ​ပိုင်​ဆိုင်​ခွင့်​ရ​ဖို့ မင်း​ကို ငါ​ထိမ်း​မြား​ယူ​မယ်။ ဖြောင့်​မတ်​ခြင်း၊ တ​ရား​မျှ​တ​ခြင်း၊ခိုင်​မြဲတဲ့​မေတ္တာ၊ ကရု​ဏာ​နဲ့​အညီ ထိမ်း​မြား​ယူ​မယ်။+ ၂၀  သစ္စာ​တ​ရား​နဲ့​အညီ မင်း​ကို ထိမ်း​မြား​ယူ​မယ်။ ငါ​ယေဟောဝါ​ကို မင်း​သိ​လာရ​လိမ့်​မယ်။’+ ၂၁  ယေဟောဝါ​က ‘အဲဒီ​နေ့​မှာ ငါ​ဖြည့်​ဆည်း​ပေး​မယ်။ မိုး​ကောင်း​ကင် တောင်း​ဆို​တာ​ကို ဖြည့်​ဆည်း​မယ်။ မိုး​ကောင်း​ကင်​က​လည်း ကမ္ဘာ​မြေ တောင်း​ဆို​တာ​ကို ဖြည့်​ဆည်း​မယ်။+ ၂၂  ကမ္ဘာ​မြေက ကောက်​နှံ၊ စ​ပျစ်​ဝိုင်​သစ်၊ ဆီ​တွေ တောင်း​ဆို​တာ​ကို ဖြည့်​ဆည်း​မယ်။ အဲ​ဒါ​တွေ​က​လည်း ယေ​ဇ​ရေ​လ​မြို့* တောင်း​ဆို​တာ​ကို ဖြည့်​ဆည်း​ပေး​မယ်။+ ၂၃  သူ့​ကို ငါ့​အတွက် ကမ္ဘာ​မြေပေါ်​မှာ မျိုး​စေ့​လို ကြဲ​မယ်။+ ကရု​ဏာ​မခံ​ရ​တဲ့​သူ​ကို* ကရု​ဏာ​ပြမယ်။ ငါ့​လူ​မဟုတ်​တဲ့​သူ​တွေ​ကို* “ငါ့​လူ​တွေ” လို့ ပြော​မယ်။+ သူတို့​က​လည်း “ကိုယ်​တော်​ဟာ ကျွန်​တော်​တို့​ရဲ့ ဘု​ရား​သခင်​ပါ” လို့ ပြော​ကြ​လိမ့်​မယ်။’”+

အောက်ခြေမှတ်ချက်များ

ဟော ၁:၉ ရဲ့​အောက်​ခြေ​မှတ်​ချက်​ကို​ကြည့်။
ဟော ၁:၆ ရဲ့​အောက်​ခြေ​မှတ်​ချက်​ကို​ကြည့်။
ဒါ​မှ​မဟုတ်၊ “ကျွန်​မရဲ့​ဗာလ။”
အဓိပ္ပာယ်၊ “ဘု​ရား​သခင် မျိုး​စေ့​ကြဲ​လိမ့်​မယ်။”
ဟော ၁:၆ ရဲ့​အောက်​ခြေ​မှတ်​ချက်​ကို​ကြည့်။
ဟော ၁:၉ ရဲ့​အောက်​ခြေ​မှတ်​ချက်​ကို​ကြည့်။