ဒေသနာ ၇:၁-၂၉

  • နာ​မည်​ကောင်း၊ သေဆုံး​တဲ့​နေ့ (၁-၄)

  • ဉာဏ်​ပညာ​ရှိ​သူ​ရဲ့ ဆုံးမ​မှု (၅-၇)

  • အဆုံး​ဟာ အစ​ထက်​ဟာ ပို​ကောင်း (၈-၁၀)

  • ဉာဏ်​ပညာ​ရဲ့ အား​သာ​ချက် (၁၁၊ ၁၂)

  • အဆင်​ပြေတဲ့​နေ့၊ ဒုက္ခ​ရောက်​တဲ့​နေ့ (၁၃-၁၅)

  • အစွန်း​မရောက်​နဲ့ (၁၆-၂၂)

  • နည်း​ပြဆ​ရာ​ရဲ့ လေ့​လာ​ဆန်း​စစ်​ချက် (၂၃-၂၉)

 နာ​မည်​ကောင်း​ဟာ တန်​ဖိုး​ကြီး​တဲ့​ဆီ​ထက် ပို​ကောင်း​တယ်။+ သေဆုံး​တဲ့​နေ့​က​လည်း မွေး​ဖွား​တဲ့​နေ့​ထက် ပို​ကောင်း​တယ်။ ၂  အသု​ဘ​အိမ်​ကို သွား​တာ​က ပွဲ​ခံ​တဲ့​အိမ်​ကို သွား​တာ​ထက် ပို​ကောင်း​တယ်။+ ဘာ​ဖြစ်​လို့​လဲ​ဆို​တော့ လူ​သား​အားလုံး​ဟာ သေခြင်း​မှာ လမ်း​ဆုံး​ရလို့​ပဲ။ ဒါ​ကို အသက်​ရှင်​နေ​သူ​တွေ နှလုံး​သွင်း​သင့်​တယ်။ ၃  ဝမ်း​နည်း​တာ​က  ရယ်​မော​တာ​ထက်  ပို​ကောင်း​တယ်။+ ညှိုး​ငယ်​တဲ့​မျက်​နှာ​ဟာ စိတ်​ထား​ကို ပို​ကောင်း​လာ​စေ​လို့​ပဲ။+ ၄  ဉာဏ်​ပညာ​ရှိ​သူ​က အသု​ဘ​အိမ်​မှာ စိတ်​ရောက်​နေ​တတ်​တယ်။ မိုက်​မဲ​တဲ့​သူ​က​တော့ ပွဲ​ခံ​တဲ့​အိမ်​ကို​ပဲ စိတ်​ရောက်​နေ​တတ်​တယ်။+ ၅  ဉာဏ်​ပညာ​ရှိ​သူ ပြစ်​တင်​ဆုံးမ​တာ​ကို နား​ထောင်​ရ​တာ​က+ ဉာဏ်​တိမ်​တဲ့​လူ​တွေ သီချင်း​ဆို​တာ​ကို နား​ထောင်​ရ​တာ​ထက် ပို​ကောင်း​တယ်။ ၆  ဉာဏ်​တိမ်​တဲ့​သူ​ရဲ့ ရယ်​မော​သံ​ဟာ တည်​ထား​တဲ့​အိုး​ရဲ့ အောက်​မှာ ဆူး​ပင်​တွေ တ​ဖြောက်​ဖြောက် လောင်​နေ​တဲ့​အသံ​နဲ့ တူ​တယ်။+ ဒါ​လည်း အချည်း​နှီး​ပါ​ပဲ။ ၇  ဖိ​နှိပ်​မှု​က ဉာဏ်​ပညာ​ရှိ​သူ​ကို ရူး​စေ​နိုင်​တယ်။ တံ​စိုး​လက်​ဆောင်​က စိတ်​ဓာတ်​ကို ယို​ယွင်း​စေ​နိုင်​တယ်။+ ၈  ကိစ္စ​တစ်​ခု​ရဲ့  အဆုံး​ဟာ  အစ​ထက် ပို​ကောင်း​တယ်။ စိတ်​ရှည်​တာ​က စိတ်​မောက်​မာ​တာ​ထက် ပို​ကောင်း​တယ်။+ ၉  ထစ်​ခ​နဲ​ဆို မကျေ​မချမ်း မဖြစ်​နဲ့။+ မကျေ​မချမ်း ဖြစ်​တာ​ဟာ ဉာဏ်​တိမ်​သူ​တွေရဲ့ ရင်​ထဲ​မှာ ကိ​န်း​အောင်း​နေ​တတ်​တယ်။*+ ၁၀  “အရင်​ခေတ်​က  အခု​ခေတ်​ထက်​ ပို​ကောင်း​တယ်” လို့​မပြော​ပါ​နဲ့။​ အဲဒီ​လို​ပြော​တာ​က  ဉာဏ်​ပညာ​ရှိ​ရာ​မရောက်​ဘူး။+ ၁၁  အမွေ​ဥစ္စာ​နဲ့​အတူ ဉာဏ်​ပညာ​ကို​ရ​တာ ကောင်း​တယ်။ ဉာဏ်​ပညာ​ဟာ နေ့​အလင်း​မြင်​ရ​သူ​တွေ​ကို* အကျိုး​ပေး​တယ်။ ၁၂  ငွေ​က ကာ​ကွယ်​ပေး​သလို+ ဉာဏ်​ပညာ​က​လည်း ကာ​ကွယ်​ပေး​တယ်။+ ဒါ​ပေမဲ့ အသိ​ပညာ​နဲ့ ဉာဏ်​ပညာ​ရဲ့ အား​သာ​ချက်​က​တော့ ပိုင်​ဆိုင်​တဲ့​သူ​ကို အသက်​ဆက်​ရှင်​စေ​တယ်။+ ၁၃  ဘု​ရား​သခင်​ရဲ့ လုပ်​ဆောင်​မှု​တွေ​အကြောင်း  စဉ်း​စား​ကြည့်​ပါ။ ကောက်​ကွေး​နေ​အောင်  ဘု​ရား​လုပ်​ထား​တာ​ကို ဖြောင့်​သွား​အောင် ဘယ်​သူ​လုပ်​နိုင်​လို့​လဲ။+ ၁၄  အရာရာ အဆင်​ပြေတဲ့​နေ့​မှာ ကောင်း​တာ​တွေ လုပ်​ဆောင်​ပါ။+ ဒုက္ခရောက်​တဲ့​နေ့​မှာ​တော့ အနာ​ဂတ်​မှာ ကြုံ​ရ​မယ့်​အရာတွေ​ကို လူ​တွေ တပ်​အပ်​မသိ​နိုင်​အောင်+ အဆင်​ပြေတဲ့​နေ့​ကို​ရော ဒုက္ခ​နေ့​ကို​ပါ ဘု​ရား​သခင် ကျ​ရောက်​စေ​တယ်​လို့ ယူ​မှတ်​ပါ။+ ၁၅  အချည်း​နှီး​ဖြစ်​တဲ့ ငါ့​သက်​တမ်း​အတွင်း​မှာ+ အရာ​အားလုံး​ကို ငါ​မြင်​ခဲ့ရ​တယ်။ ရိုး​ဖြောင့်​လျက်​နဲ့ အသက်​တို​တဲ့ ဖြောင့်​မတ်​သူ​ကို​ရော+ ဆိုး​ညစ်​နေ​လျက်​နဲ့ အသက်​ရှည်​တဲ့ လူ​ဆိုး​ကို​ပါ ငါ​မြင်​ခဲ့ရ​တယ်။+ ၁၆  တ​ရား​လွန် မဖြောင့်​မတ်​ပါ​နဲ့။+ အလွန်​အကျွံ ဉာဏ်​ပညာ​မရှိ​ပါ​နဲ့။+ ဘာ​လို့  ကိုယ့်​ကိုယ်​ကိုယ်   ဒုက္ခ​ပေး​ချင်​ရ​တာ​လဲ။+ ၁၇  အလွန်​အကျွံ  မဆိုး​ညစ်​ပါ​နဲ့။  အလွန်​အကျွံ မမိုက်​မဲ​ပါ​နဲ့။+ ဘာလို့  အသေစော​ချင်​ရ​တာ​လဲ။+ ၁၈  ပထ​မသတိ​ပေး​ချက်​ကို* လက်ခံ​သလို ဒုတိ​ယ​သတိ​ပေး​ချက်​ကို​လည်း* လက်​မလွှတ်​တာ​ဟာ အကောင်း​ဆုံး​ပဲ။+ ဘု​ရား​သခင်​ကို ကြောက်​ရွံ့​ရို​သေသူ​ဟာ အဲဒီ​သတိ​ပေး​ချက် နှစ်​ခု​စ​လုံး​ကို လိုက်​နာ​လိမ့်​မယ်။ ၁၉  ဉာဏ်​ပညာ​ရှိ​သူ​ဟာ  ဉာဏ်​ပညာ​ကြောင့် မြို့​ထဲ​မှာ​ရှိ​တဲ့ ခွန်​အား​ကြီး​သူ ဆယ်​ယောက်​ထက် အစွမ်း​တန်ခိုး ပို​ရှိ​တယ်။+ ၂၀  ကောင်း​တာ​တွေ အမြဲလုပ်​ပြီး အပြစ်​မလုပ်​ဖူး​တဲ့ ဖြောင့်​မတ်​သူ​ဆို​တာ ကမ္ဘာ​ပေါ်​မှာ မရှိ​ဘူး။+ ၂၁  လူ​တွေ​ပြော​သမျှ စကား​တိုင်း​ကို စိတ်​ထဲ​မထား​ပါ​နဲ့။+ အဲဒီ​လို​ထား​ရင် ကိုယ့်​ကျွန်​ကျိန်​ဆဲ​တာ​ကို ကြား​ရ​လိမ့်​မယ်။ ၂၂  ကိုယ်​လည်း သူ​များ​ကို အကြိမ်​ကြိမ် ကျိန်​ဆဲ​ဖူး​တာ ကိုယ်​တိုင် သိ​နေ​တာ​ပဲ။+ ၂၃  ဒါ​တွေ​အားလုံး​ကို ငါ့​မှာ​ရှိ​သမျှ ဉာဏ်​ပညာ​နဲ့ ဆင်​ခြင်​သုံးသပ်​ပြီး​တဲ့​နောက် “ငါ ဉာဏ်​ပညာ​ရှိ​လာ​မှာ​ပဲ” လို့​ပြော​တယ်။ ဒါ​ပေမဲ့ ဉာဏ်​ပညာ​ကို ငါ​လက်​လှမ်း​မမီ​ဘူး။ ၂၄  ဖြစ်​ပျက်​လာ​တဲ့ အရာတွေ​ဟာ ဉာဏ်​မမီ​နိုင်​လောက်​အောင် နက်​နဲ​လွန်း​တယ်။ ဘယ်​သူ​နား​လည်​နိုင်​မှာ​လဲ။+ ၂၅  ဉာဏ်​ပညာ​နဲ့ အရင်း​ခံ​အကြောင်း​တ​ရား​ကို သိ​ရှိ​ပြီး စူး​စမ်း​ရှာ​ဖွေ​နိုင်​ဖို့၊ မိုက်​မဲ​မှု​ရဲ့ ဆိုး​ညစ်​တဲ့​သဘော​နဲ့ ရူး​သွပ်​မှု​ရဲ့ မိုက်​မဲ​တဲ့​သဘော​ကို နား​လည်​နိုင်​ဖို့ ငါ​ကြိုး​စား​တယ်။+ ၂၆  အဲဒီ​အခါ ငါ​သိ​လိုက်​ရ​တဲ့ အချက်​က​တော့ အမဲ​လိုက်​ရာ​မှာ​သုံး​တဲ့ ပိုက်​ကွန်​လို မိန်း​မမျိုး​ဟာ သေခြင်း​ထက် ခါး​သီး​တယ်​ဆို​တဲ့​အချက်​ပဲ။ သူ့​စိတ်​ဟာ ဆွဲ​ပိုက်​တွေ​နဲ့ တူ​တယ်။ သူ့​လက်​တွေ​ဟာ အကျဉ်း​သား​ကို​ချည်​တဲ့ သံ​ကြိုး​တွေ​နဲ့ တူ​တယ်။ ဘု​ရား​သခင်​ရဲ့ နှစ်​သက်​မှု​ကို​ရ​တဲ့​သူ​က သူ့​လက်​က​နေ လွတ်​မြောက်​လိမ့်​မယ်။+ အပြစ်​လုပ်​တဲ့​သူ​က​တော့ သူ့​လက်​ခုပ်​ထဲ ရောက်​သွား​လိမ့်​မယ်။+ ၂၇  နည်း​ပြဆ​ရာ  ပြော​တာ​က+ “နောက်​ဆုံး​ကောက်​ချက်​ကို ချ​နိုင်​ဖို့ အကြောင်း​အရာ တစ်​ခု​ပြီး​တစ်​ခု လေ့​လာ​ဆန်း​စစ်​ကြည့်​တဲ့​အခါ ငါ​သိ​သွား​တာ တစ်​ခု​ရှိ​တယ်။ ၂၈  ငါ​မပြတ်​ရှာ​ဖွေ​နေ​တဲ့  အရာ​ကို​တော့  မတွေ့​ဘူး။ လူ​တစ်​ထောင်​မှာ  ဖြောင့်​မတ်​တဲ့ ယောက်ျား​တစ်​ယောက် ရှိ​ပေမဲ့ ဖြောင့်​မတ်​တဲ့​မိန်း​မက​တော့ တစ်​ယောက်​မှ မရှိ​ဘူး။ ၂၉  ဘု​ရား​သခင်​က လူ​သား​တွေ​ကို ဖြောင့်​မှန်​အောင် ဖန်​ဆင်း​ခဲ့​ပေမဲ့+ လူ​သား​တွေ​က​တော့ ကိုယ့်​အကြံ​အစည် နောက်​ကို​ပဲ လိုက်​နေ​ကြ​မှန်း ငါ​သိ​သွား​တယ်။”+

အောက်ခြေမှတ်ချက်များ

“ဉာဏ်​တိမ်​သူ​တွေရဲ့ အမှတ်​လက္ခ​ဏာ​ပဲ” လည်း​ဖြစ်​နိုင်။
အသက်​ရှင်​နေ​သူ​တွေ​ကို ဆိုလို။
အခန်း​ငယ် ၁၆ မှာ​ပါ​တဲ့​အချက်။
အခန်း​ငယ် ၁၇ မှာ​ပါ​တဲ့​အချက်။