မိက္ခာ ၅:၁-၁၅

  • မြေတစ်​ပြင်​လုံး​မှာ ကြီးမြတ်​မယ့် အုပ်​စိုး​ရှင် (၁-၆)

    • ဘက်​သလီ​ဟင်​က​နေ ပေါ်​ထွန်း​မယ့် အုပ်စိုးရှင် ()

  • နှင်း​လို၊ ခြင်္သေ့​လို ဖြစ်​မယ့် ကျန်​ကြွင်း​သူ​တွေ (၇-၉)

  • ပြည်​ကို သန့်​စင်​မယ် (၁၀-၁၅)

 “အို တိုက်​ခိုက်​ခံ​ရ​တဲ့ သမီး​ပျို၊အခု၊ မင်း​က ကိုယ်​ကို ဓား​နဲ့​မွှန်း​တယ်။ ငါ​တို့​ကို ရန်​သူ​တွေ ဝိုင်း​ထား​တယ်။+ သူတို့​က အစ္စရေး​တ​ရား​သူ​ကြီး​ရဲ့ ပါး​ကို တုတ်​နဲ့​ရိုက်​တယ်။+  ၂  အို ဘက်​သလီ​ဟင် ဧ​ဖရတ်​မြို့၊+မင်း​ဟာ ယုဒ​မြို့​တွေ​ထဲ​မှာ အငယ်​ဆုံး​မြို့​ဖြစ်​ပေမဲ့ အစ္စရေး​နိုင်​ငံ​မှာ ငါ့​အတွက် အုပ်စိုး​ရှင်​တစ်​ယောက် မင်း​ဆီ​က​နေ ပေါ်​ထွန်း​လာ​မယ်။+ သူ​ဟာ ရှေး​အချိန်​က​တည်း​က၊​ ဟိုးအရင်​က​တည်း​က တည်ရှိခဲ့​သူ​ပဲ။  ၃  ဘု​ရား​က သား​ဖွား​မယ့်​မိန်း​မ သားဖွား​ချိန် မတိုင်​ခင်​အထိ သူတို့​ကို စွန့်​ပစ်​လိမ့်​မယ်။ ကျန်​ကြွင်း​တဲ့ သူ့​ညီ​အစ်​ကို​တွေ​က​ အစ္စရေးတွေ​ဆီ ပြန်​လာ​လိမ့်​မယ်။  ၄  သူ​ဟာ ယေဟောဝါ​ပေး​တဲ့ ခွန်အား​ကြောင့်၊သူ့​ဘု​ရား​သခင် ယေဟောဝါ​ရဲ့ ကြီးမြတ်​တဲ့​နာ​မည်​ကြောင့် ရပ်တည်​ပြီး သိုး​အုပ်​ကို ထိန်း​ကျောင်း​လိမ့်​မယ်။+ သူတို့ ဘေး​ကင်း​လုံ​ခြုံ​စွာ နေ​ထိုင်​ရ​လိမ့်​မယ်။+ သူ့​ရဲ့​ကြီးမြတ်​မှု​က မြေကြီး​စွန်း​တိုင်​အောင် ရောက်​သွား​မယ်။+  ၅  သူ​က ငြိမ်သက်​ခြင်း​ကို ယူ​ဆောင်​လာ​မယ်။+ အဆီး​ရီး​ယား​လူ​က ငါ​တို့​ပြည်​ကို ကျူး​ကျော်​ပြီး ခံ​တပ်​မျှော်​စင်​တွေ​ကို နင်း​ခဲ့ရင်+ပြန်​တိုက်​ခိုက်​ဖို့ သိုးထိန်း ခု​နစ်​ယောက်​အပြင် မင်း​ညီ​မင်း​သား ရှစ်​ယောက်​ကို ငါ​တို့​တင်​မြှောက်​ကြ​မယ်။  ၆  သူတို့​က အဆီး​ရီး​ယား​ပြည်​ကို၊+နိမ်​ရော​ဒ​ပြည်​ရဲ့+ ဝင်​ပေါက်​တွေ​ကို ဓား​နဲ့​တိုက်​ခိုက်​မယ်။ ငါ​တို့​ပြည်​ကို အဆီး​ရီး​ယား​လူ ကျူး​ကျော်​ပြီး နယ်​မြေကို​နင်း​တဲ့​အခါ အုပ်​စိုး​ရှင်​က ငါ​တို့​ကို ကယ်​တင်​မယ်။+  ၇  ယာကုပ်​ရဲ့ ကျန်​ကြွင်း​သူ​တွေ​ဟာ ယေဟောဝါ​ဆီ​က ကျ​လာ​တဲ့ နှင်း​လို၊ အပင်​တွေ​ပေါ် ရွာ​သွန်း​တဲ့​မိုး​လို လူ​တွေ​အလယ်​မှာ ဖြစ်​လိမ့်​မယ်။ အဲဒီ​နှင်း​တွေ မိုး​တွေ​က လူ​တွေ​ကို မမျှော်​လင့်​ဘူး။ လူ​သား​တွေ​ကို​လည်း မစောင့်​မျှော်​ဘူး။  ၈  ယာကုပ်​ရဲ့ ကျန်​ကြွင်း​သူ​တွေ​ဟာ တော​သား​ရဲတွေ​ထဲ​မှာ ခြင်္သေ့​လို၊သိုး​အုပ်​ထဲ​က ခြင်္သေ့​ပျို​လို လူမျိုး​တွေ​အလယ်​မှာ၊ လူ​တွေ​အလယ်​မှာ ဖြစ်​လိမ့်​မယ်။ အဲဒီ​ခြင်္သေ့​က ဖြတ်​သွား​ရင်း​ သား​ကောင်​ကို ခုန်​အုပ်​ပြီး အပိုင်း​ပိုင်း​ဆွဲ​ဖဲ့​တယ်။ ကယ်​မယ့်​သူ တစ်​ယောက်​မှ ရှိ​မှာ​မဟုတ်​ဘူး။  ၉  ရန်​သူ​တွေ​ကို မင်း​တို့ အနိုင်​ရ​လိမ့်​မယ်။ ရန်​သူ​အားလုံး ပျက်​စီး​ကုန်​မယ်။” ၁၀  ယေဟောဝါ ပြော​တာ​က– “အဲ​ဒီနေ့ကျ​ရင် ငါ​က မင်း​တို့​ဆီ​မှာ​ရှိ​တဲ့ မြင်း​တွေ​ကို ပယ်​ရှင်း​မယ်။ မြင်း​ရ​ထား​တွေ​ကို ဖျက်​ဆီး​မယ်။ ၁၁  မင်း​တို့​ပြည်​မှာ​ရှိ​တဲ့ မြို့​တွေ​ကို ဖျက်​ဆီး​မယ်။ ခံ​တပ်​တွေ​ကို ဖြို​ချ​မယ်။ ၁၂  မင်း​တို့​လိုက်​စား​တဲ့ ပယော​ဂ​အတတ်​ကို အဆုံး​တိုင်​စေ​မယ်။ မင်း​တို့​ဆီ​မှာ မှော်​အတတ်​လိုက်​စား​သူ တစ်​ယောက်​မှ ရှိ​တော့​မှာ မဟုတ်​ဘူး။+ ၁၃  မင်း​တို့​ရဲ့ ရုပ်​တု​တွေ၊ ကျောက်​တိုင်​တွေ​ကို ငါ​ဖျက်​ဆီး​မယ်။ ကိုယ့်​လက်​နဲ့​လုပ်​တဲ့​အရာတွေ​ကို ဦး​ချ​ရ​တော့​မှာ မဟုတ်​ဘူး။+ ၁၄  မင်း​တို့​ဆီ​မှာ​ရှိ​တဲ့ ကိုးကွယ်​ရာ​သစ်​တိုင်​တွေ​ကို* ငါ​နုတ်​ပစ်​မယ်။+ မင်း​တို့​ရဲ့​မြို့​တွေ​ကို အစ​တုံး​ဖျက်​ဆီး​မယ်။ ၁၅  မနာ​ခံ​တဲ့​လူမျိုး​တွေ​ကို ငါ​စိတ်​ဆိုး​ပြီး ဒေါသ​တ​ကြီး လက်​စား​ချေ​မယ်။”

အောက်ခြေမှတ်ချက်များ

ခက်​ဆစ်​မှာ​ကြ​ည့်​ပါ။