ကောလောသဲ ၃:၁-၂၅

  • စ​ရိုက်​သစ်​နဲ့ စ​ရိုက်​ဟောင်း (၁-၁၇)

    • ကိုယ်​ခ​န္ဓာ​အစိတ်​အပိုင်း​တွေ​ကို သေစေ​ကြပါ ()

    • မေတ္တာ​ဟာ စည်း​လုံး​ခြင်း​အတွက် ခိုင်​မြဲတဲ့ နှောင်​ကြိုး (၁၄)

  • ခ​ရစ်​ယာန်​မိ​သား​စု​အတွက် အကြံ​ဉာဏ် (၁၈-၂၅)

 ခင်​ဗျား​တို့​က ခ​ရစ်​တော်​နဲ့​အတူ အသက်​ရှင်​လာ​ပြီဆို​ရင်+  အ​ထက်​အရပ်​နဲ့​ဆိုင်​တဲ့ အရာတွေ​​ကို​ရ​ဖို့ အမြဲအား​ထုတ်​ကြ​ပါ။ အထက်​အရပ်​ဟာ ဘု​ရား​သခင်​ရဲ့ လက်​ယာ​ဘက်၊ ခရစ်​တော်​ထိုင်​တဲ့​နေ​ရာ​ပဲ။+ ၂  မြေကြီး​နဲ့​ဆိုင်​တဲ့ အရာတွေ​ကို မစွဲ​လမ်း​ဘဲ+ အထက်​အရပ်​နဲ့​ဆိုင်​တဲ့ အရာတွေ​ကို စိတ်​စွဲ​လမ်း​နေ​ကြ​ပါ။+ ၃  ခင်ဗျား​တို့ သေဆုံး​ခဲ့​ပြီဖြစ်​လို့ ခင်​ဗျား​တို့​ရဲ့ အသက်​ဟာ ခ​ရစ်​တော်ရဲ့ လက်​ထဲ​မှာ ရှိ​တယ်။ ဒါ​ဟာ ဘု​ရား​သခင်​ရဲ့ အလို​တော်​နဲ့ ညီ​တယ်။ ၄  ကျွန်​တော်​တို့​ကို အသက်​ရ​စေ​တဲ့ ခ​ရစ်​တော်+ ဘုန်း​ထင်​ရှား​တဲ့​အခါ ခင်​ဗျား​တို့​လည်း ခ​ရစ်​တော်​နဲ့​အတူ ဘုန်း​ထင်​ရှား​လိမ့်​မယ်။+ ၅  ဒါ​ကြောင့် လိင်​အကျင့်​ယို​ယွင်း​ခြင်း၊* ညစ်​ညူး​စွာ​ကျင့်​ခြင်း၊ ရမ္မက်​ဆန္ဒ​ကို မချုပ်​တည်း​ခြင်း၊+ မကောင်း​တဲ့ လိုအင်​ဆန္ဒ​ရှိ​ခြင်း၊ လော​ဘ​ကြီး​ခြင်း​ကို ဖြစ်​ပေါ်​စေ​တဲ့ ကိုယ်​ခ​န္ဓာ​အစိတ်​အပိုင်း​တွေ​ကို* သေစေ​ကြ​ပါ။+ လော​ဘ​ကြီး​ခြင်း​ဟာ ရုပ်​တု​ကိုး​ကွယ်​ခြင်း​ပဲ။ ၆  အဲ​ဒီ​အရာတွေ​ကို လုပ်​တဲ့​သူ​တွေ​ဟာ ဘု​ရား​သခင့် အမျက်​တော် ခံ​ရ​လိမ့်​မယ်။ ၇  ခင်​ဗျား​တို့​ဟာ တစ်​ချိန်​က အဲ​ဒီ​အ​ကျင့်​တွေ​အတိုင်း ကျင့်​ကြံ​နေ​ထိုင်​ခဲ့​ကြ​တယ်။+ ၈  အခု​တော့  ဒေါ​သကြီး​တာ၊ စိတ်​ဆိုး​တာ၊ ဆိုး​သွမ်း​တာ၊+ ဆဲ​ဆို​တာ၊+ ညစ်​ညမ်း​တဲ့​စ​ကား ပြော​တာ​တွေ​ကို+ ရှောင်​ရ​မယ်။ ၉  အချင်း​ချင်း မလိမ်​ကြ​နဲ့။+ စ​ရိုက်​ဟောင်း​ကို​ရော စ​ရိုက်​ဟောင်း​ရဲ့ အကျင့်​တွေ​ကို​ပါ ချွတ်​ပယ်​ကြ​ပါ။+ ၁၀  ဘု​ရား​သခင် ပေး​ထား​တဲ့ စ​ရိုက်​သစ်​ကို ဝတ်​ဆင်​ကြ​ပါ။+ အဲ​ဒီ​စ​ရိုက်​သစ်​ဟာ ဘု​ရား​သခင်​ရဲ့ ပုံ​သဏ္ဌာန်​နဲ့ ကိုက်​ညီ​တယ်။+ ဒါ​ကြောင့် ဘု​ရား​သခင်​ကို တိ​ကျ​မှန်​ကန်​စွာ သိ​လာ​တာ​နဲ့​အမျှ လူ​သစ်​တွေ​ဖြစ်​အောင် အမြဲလုပ်​နေ​ရ​မယ်။ ၁၁  စရိုက်​သစ်​ကို ဝတ်​ဆင်​မယ်​ဆို​ရင် ဂျူး​လူ​မျိုး၊ ဂရိ​လူ​မျိုး၊ အရေ​ဖျား​ဖြတ်​ထား​သူ၊ အရေ​ဖျား​မဖြတ်​ထား​သူ၊ တိုင်း​တစ်​ပါး​သား၊ သကု​သိ​လူ၊* အစေ​ခံ​ကျွန်၊ လွတ်​လပ်​သူ​ဆို​ပြီး ရှိ​တော့​မှာ မဟုတ်​ဘူး။ ခ​ရစ်​တော်​က အရာ​အား​လုံး​ကို ဆက်​စပ်​ပေါင်း​စည်း​ပေး​တယ်။ သူ့​လက်​အောက်​မှာ ကျွန်​တော်​တို့​ရှိ​နေ​တယ်။+ ၁၂  ဒါ​ကြောင့်  ဘု​ရား​သခင်  ရွေး​ချယ်​သူ​တွေ၊+ သန့်​ရှင်း​သူ​တွေ၊ ချစ်မြတ်​နိုး​ခံ​ရ​သူ​တွေ​အနေ​နဲ့  ချစ်​ခင်​စာ​နာ​ခြင်း၊+ ကြင်​နာ​ခြင်း၊ စိတ်​နှိမ့်​ချ​ခြင်း၊+ နူးညံ့​သိမ်​မွေ့​ခြင်း၊+ စိတ်​ရှည်​ခြင်း​တို့​ကို+ ဝတ်​ဆင်​ကြ​ပါ။ ၁၃  အချင်း​ချင်း မကျေ​နပ်​စ​ရာ ရှိ​နေ​ရင်​တောင်+ ဆက်​ပြီး​သည်း​ခံ​ကြ​ပါ၊ ကြည်​ကြည်​ဖြူ​ဖြူ ခွင့်​လွှတ်​ကြ​ပါ။+ ယေဟောဝါ​က* ခင်​ဗျား​တို့​ကို ကြည်​ကြည်​ဖြူ​ဖြူ ခွင့်​လွှတ်​သလို ခင်​ဗျား​တို့​လည်း အဲ​ဒီ​လို​ပဲ ခွင့်​လွှတ်​ကြ​ပါ။+ ၁၄  အဲ​ဒါ​တွေ​အပြင် မေတ္တာ​ကို​လည်း ဝတ်​ဆင်​ကြ​ပါ။+ ဘာ​လို့​လဲ​ဆို​တော့ မေတ္တာ​ဟာ စည်း​လုံး​ခြင်း​အတွက် ခိုင်​မြဲတဲ့ နှောင်​ကြိုး​ပဲ။+ ၁၅  ဒါ့​အပြင် ခင်​ဗျား​တို့​ရင်​ထဲ​မှာ ခရစ်​တော်ရဲ့ ငြိမ်​သက်​ခြင်း စိုး​မိုး​ပါ​စေ။+ ဘာ​လို့​လဲ​ဆို​တော့ ခင်​ဗျား​တို့ ခန္ဓာ​ကိုယ်​တစ်​ခု​တည်း ဖြစ်​လာ​အောင်၊ အဲ​ဒီ​ငြိမ်​သက်​ခြင်း​ကို  ခံ​စား​နိုင်​အောင် ခင်ဗျား​တို့​ကို ဘု​ရား​သခင် ရွေး​ချယ်​ထား​လို့​ပဲ။ ပြီး​တော့ ကျေး​ဇူး​သိ​တတ်​ကြပါ။ ၁၆  ခရစ်​တော်ရဲ့  တ​ရား​စကား​က ခင်​ဗျား​တို့​ရင်​ထဲ​မှာ အပြည့်​အဝ  ကိန်း​အောင်း​ပြီး  ခင်​ဗျား​တို့​ကို ဉာဏ်​ပညာ​ရှိ​လာ​အောင်  လုပ်​ပေး​ပါ​စေ။ ဆာလံ​သီ​ချင်း​တွေ၊+ ဘု​ရား​သခင်​ကို ချီး​မွမ်း​တဲ့ သီ​ချင်း​တွေ သီ​ဆို​ပြီး၊ ဓမ္မ​သီ​ချင်း​တွေ​ကို ကျေး​ဇူး​တင်​စိတ်​နဲ့​သီ​ဆို​ပြီး အချင်း​ချင်း သွန်​သင်​အား​ပေး​ကြ​ပါ။ ယေဟောဝါ​ကို* လှိုက်​လှိုက်​လှဲ​လှဲ သီ​ဆို​ချီး​မွမ်း​ကြ​ပါ။+ ၁၇  ဘာ​ပဲ​ပြော​ပြော၊ ဘာ​ပဲ​လုပ်​လုပ် သခင်​ယေရှု​ရဲ့​နာ​မည်​ကို ထောက်​ပြီး ပြော​ဆို​ပြု​မူ​ကြ​ပါ။ ယေရှု​က​တစ်​ဆင့် အဖဘု​ရား​သခင်​ကို ကျေး​ဇူး​တင်​ကြ​ပါ။+ ၁၈  ဇနီး​တို့၊ ကိုယ့်​ခင်​ပွန်း​ကို လက်​အောက်​ခံ​ကြ​ပါ။+  ခ​ရစ်​ယာန်တွေ​ဟာ  အဲ​ဒီ​လို​ပဲ  လက်​အောက်​ခံ​သင့်​တယ်။ ၁၉  ခင်​ပွန်း​တို့၊ ဇနီး​ကို ချစ်​မြဲချစ်​ကြ​ပါ။+ သူ​တို့​ကို တ​ရား​လွန် ဒေါ​သမထွက်​ပါ​နဲ့။*+ ၂၀  သား​သမီး​တို့၊ မိဘ​စ​ကား​ကို အရာရာ​မှာ နာ​ခံ​ကြ​ပါ။+ အဲ​ဒီ​လို​နာ​ခံ​တာ​ကို သခင်​နှစ်​သက်​တယ်။ ၂၁  ဖခင်​တို့၊ သား​သမီး​တွေ​ကို စိတ်​ဆိုး​အောင် မလုပ်​ကြ​နဲ့။+ အဲ​ဒီ​လို​လုပ်​ရင် သူ​တို့ စိတ်​ပျက်​သွား​လိမ့်​မယ်။ ၂၂  အစေ​ခံ​ကျွန်​တို့၊ ကိုယ့်​သခင်​ကို အရာရာ​မှာ နာ​ခံ​ကြ​ပါ။+ မျက်​နှာ​လို​မျက်​နှာ​ရ  လုပ်​တတ်​သူ​တွေ​လို  လူ​မြင်​ကောင်း​ဖို့​လောက်​သာ မဟုတ်​ဘဲ စိတ်​ရင်း​မှန်​နဲ့၊ ယေဟောဝါ​ကို* ကြောက်​ရွံ့​တဲ့​စိတ်​နဲ့ နာ​ခံ​ကြ​ပါ။ ၂၃  ဘာ​ပဲ​လုပ်​လုပ်  လူ​တွေ​အတွက် မဟုတ်​ဘဲ ယေဟောဝါ* အတွက် လုပ်​နေ​တယ်​လို့ သဘော​ထား​ပြီး စိတ်​ရော​ကိုယ်​ပါ လုပ်​ဆောင်​ကြ​ပါ။+ ၂၄  ဆု​ကျေး​ဇူး​အနေ​နဲ့ ယေဟောဝါ* ဆီ​က​နေ အမွေ​ရ​ရှိ​မယ်​ဆို​တာ+ ခင်​ဗျား​တို့ သိ​နေ​တာ​ပဲ။ သခင်​ခ​ရစ်​တော်​အတွက် အစေ​ခံ​ကြ​ပါ။ ၂၅  မကောင်း​တာ​လုပ်​တဲ့​သူ​ဟာ မကောင်း​တဲ့​လုပ်​ရပ်ရဲ့ အကျိုး​ဆက်​ကို ပြန်​ခံ​ရ​လိမ့်​မယ်။+ ဘု​ရား​သခင်​ဟာ မျက်​နှာ​မလိုက်​တတ်​ဘူး။+

အောက်ခြေမှတ်ချက်များ

ခက်​ဆစ်​ကို​ကြည့်။
မူ​ရင်း။ “မြေမှုန့်​နဲ့​ဖန်​ဆင်း​ထား​တဲ့ ကိုယ်​ခ​န္ဓာ​အစိတ်​အပိုင်း​တွေ​ကို။”
ရိုင်း​စိုင်း​ကြမ်း​ကြုတ်​သူ​တွေ​ကို ဆို​လို။
ဒါ​မှ​မဟုတ်၊ “သူ​တို့​ကို ကြမ်း​ကြမ်း​တမ်း​တမ်း မဆက်​ဆံ​ပါ​နဲ့။”