၂ ကောရိန္သု ၈:၁-၂၄

  • ယုဒ​ပြည်​မှာ​ရှိ​တဲ့ ခ​ရစ်​ယာန်တွေ​အတွက် အလှူ​ငွေ​ကောက်​ခံ (၁-၁၅)

  • တိတု​ကို ကော​ရိန္သု​မြို့​ဆီ စေ​လွှတ် (၁၆-၂၄)

 ညီအစ်​ကို​တို့၊  မက်​ဆီ​ဒိုး​နီး​ယား​ပြည်​မှာ​ရှိ​တဲ့+ အသင်း​တော်တွေ ဘု​ရား​သခင်​ရဲ့ မဟာ​က​ရု​ဏာ ခံ​စား​ရ​တဲ့​အကြောင်း ခင်​ဗျား​တို့​ကို သိ​စေ​ချင်​တယ်။ ၂  သူ​တို့​ဟာ အကြီး​အကျယ် စမ်း​သပ်​ခံ​ရ​ပြီး ဒုက္ခရောက်​နေ​ချိန်​မှာ​တောင် ဝမ်း​သာ​အား​ရ​ဖြစ်​ကြ​တယ်။ ချွတ်​ခြုံ​ကျ​နေ​ချိန်​မှာ​တောင် အတိုင်း​ထက်​အလွန်  ရက်ရော​ကြ​တယ်။ ၃  တတ်​နိုင်​သလောက်​ပေး​တာ+ မဟုတ်​ဘဲ တတ်​နိုင်​တာ​ထက်​ပို​ပြီး ပေး​လှူ​ခဲ့​ကြ​မှန်း ကျွန်​တော်​ပြော​ရဲ​တယ်။+ ၄  အဲ​ဒီ​ညီ​အစ်​ကို​တွေ​ဟာ  ရက်ရက်ရောရော  ပေး​လှူ​ခွင့်၊  သန့်​ရှင်း​သူ​တွေ​အတွက် ကယ်​ဆယ်​ရေး​လုပ်​ငန်း​မှာ ပါဝင်​လှူ​ဒါန်း​ခွင့်​ရ​ဖို့ သူ​တို့​ဘက်​က​အစ​ပြု​ပြီး  ကျွန်​တော်​တို့​ကို အကြိမ်​ကြိမ် မေတ္တာရပ်​ခံ​ကြ​တယ်။+ ၅  ကျွန်​တော်​တို့ မျှော်​လင့်​တာ​ထက်​တောင်  ပို​သေး​တယ်။  သူ​တို့​က  ဘု​ရား​သခင့် အလို​တော်​နဲ့​အညီ  အရင်​ဆုံး  သခင့်​အ​တွက်၊  ပြီး​တော့  ကျွန်​တော်​တို့​အ​တွက် ကိုယ်​ကို​ပေး​ဆက်​ခဲ့​ကြ​တယ်။ ၆  ခင်ဗျား​တို့​ဆီ​က​နေ အလှူ​ကောက်​ခံ​တဲ့​ကိစ္စ​ကို တိတု​က+ စတင်​တာ​ဝန်​ယူ​ခဲ့​တဲ့​အတွက် အဲ​ဒီ​ကိစ္စ​ကို ပြီး​စီး​အောင်​လုပ်​ဖို့ သူ့​ကို ကျွန်​တော်​တို့ တိုက်​တွန်း​တယ်။ ၇  ခင်ဗျား​တို့​ဟာ အရာရာ​မှာ အကောင်း​ဆုံး လုပ်​ဆောင်​နေ​တယ်။ ယုံ​ကြည်​ခြင်း ခိုင်​ခံ့​တယ်၊ ဟော​ပြော​စွမ်း​ရည်​ရှိ​တယ်၊ အသိ​ပညာ ကြွယ်​တယ်၊ ဘာ​လုပ်​လုပ် အား​ကြိုး​မာန်​တက် လုပ်​တယ်၊ ခင်​ဗျား​တို့​ကို ကျွန်​တော်​တို့ ချစ်​သလို သူ​တစ်​ပါး​ကို ခင်​ဗျား​တို့ ချစ်​ကြ​တယ်။  အခု​လို  ပေး​လှူ​တဲ့​ကိစ္စ​မှာ​လည်း အကောင်း​ဆုံး လုပ်​ဆောင်​နိုင်​ကြ​ပါ​စေ။+ ၈  ကျွန်​တော်  အမိန့်​ပေး​နေ​တာ​ မဟုတ်​ပါ​ဘူး။ တ​ခြား​သူ​တွေရဲ့ စိတ်​အား​ထက်​သန်​မှု​ကို သတိ​ပြု​မိ​စေ​ချင်​လို့၊ ခင်ဗျား​တို့​ရဲ့ မေတ္တာ ဘယ်​လောက်​စစ်​မှန်​သလဲ​ဆို​တာ စမ်း​သပ်​ချင်​လို့ ပြော​နေ​တာ​ပါ။ ၉  သခင် ယေရှု​ခ​ရစ်ရဲ့ မဟာ​က​ရု​ဏာ​အကြောင်း ခင်​ဗျား​တို့ သိ​ပါ​တယ်။ သူ​က ကြွယ်​ဝ​ပေမဲ့ ခင်​ဗျား​တို့​အကျိုး​အတွက် ဆင်း​ရဲ​ချို့​တဲ့​ခဲ့ရ​တယ်။+ သူ့​ရဲ့ ဆင်း​ရဲ​ချို့​တဲ့​မှု​ကြောင့် ခင်​ဗျား​တို့ ကြွယ်​ဝ​နိုင်​ဖို့​ပါ။ ၁၀  ကျွန်​တော့်​အမြင်​ပြော​ရရင်+ ခင်​ဗျား​တို့ အခု​လို​လုပ်​တာ အကျိုး​ရှိ​ပါ​တယ်။ အရင်​နှစ်​တုန်း​က​လည်း ခင်​ဗျား​တို့ ဆန္ဒ​ရှိ​ရုံ​မက တ​ကယ်​လည်း လုပ်​ခဲ့​ကြ​တာ​ပဲ။ ၁၁  ဒါ​ကြောင့် အလှူ​ငွေ​ကောက်​ခံ​တဲ့​အလုပ်​ကို အပြီး​သတ်​လိုက်​ပါ။  ခင်​ဗျား​တို့  အစ​ပြု​လုပ်​ဆောင်​ခဲ့​တုန်း​က​လို​ပဲ အခု​လည်း တတ်​နိုင်​သလောက် စေ​တ​နာ​ရှိ​ရှိ ပေး​လှူ​ကြ​ပါ။ ၁၂  စေ​တ​နာ​စိတ်​နဲ့ ပေး​လှူ​တာ​ကို ဘု​ရား​သခင် နှစ်​သက်​တယ်။ မတတ်​နိုင်​တာ​ကို မဟုတ်​ဘဲ တတ်​နိုင်​တာ​ကို ပေး​လှူ​ဖို့  ဘု​ရား​သခင်  မျှော်​လင့်​တယ်။+ ၁၃  တ​ခြား​သူ​တွေ သက်​သာ​ပြီး ခင်ဗျား​တို့ အခက်​တွေ့​ရ​တာ​မျိုး ဖြစ်​ဖို့​တော့ မရည်​ရွယ်​ပါ​ဘူး။ ၁၄  ဒါ​ပေမဲ့ သာ​တူ​ညီ​မျှ​ဖြစ်​ဖို့ အခု​ချိန်​မှာ ခင်​ဗျား​တို့​ဆီ​က ပို​လျှံရာတွေ​နဲ့ သူ​တစ်​ပါး​ရဲ့ ချို့​တဲ့​မှု​ကို ဖြည့်​ဆည်း​ပေး​ရ​မယ်။ သူ​တစ်​ပါး​ရဲ့ ပို​လျှံရာတွေ​က ခင်​ဗျား​တို့​ရဲ့ ချို့​တဲ့​မှု​ကို ဖြည့်​ဆည်း​ပေး​လိမ့်​မယ်။ အဲ​ဒီ​အခါ သာ​တူ​ညီ​မျှ ဖြစ်​သွား​လိမ့်​မယ်။ ၁၅  “များ​များ​ရ​တဲ့​သူ မပို၊ နည်း​နည်း​ရ​တဲ့​သူ မလို”+ ဆို​ပြီး ကျမ်း​စာ​မှာ ရေး​ထား​တဲ့​အတိုင်း​ပေါ့။ ၁၆  ခင်​ဗျား​တို့​အတွက် ကျွန်​တော်​တို့ စိုး​ရိမ်​ပေး​သလို​ပဲ  တိတု​လည်း ထပ်​တူ​စိုး​ရိမ်​ပေး​လို့ ဘု​ရား​သခင်​ကို ကျေး​ဇူး​တင်​လှ​ပါ​တယ်။+ ၁၇  တိတု​က ခင်​ဗျား​တို့​ဆီ သွား​ဖို့ ကျွန်​တော်​တို့ တိုက်​တွန်း​တာ​ကို လက်​ခံ​တယ်။ သူ​ကိုယ်​တိုင်​က​လည်း  သိပ်​သွား​ချင်​နေ​တော့ သူ့​ဆန္ဒ​အလျောက် ထွက်​သွား​တယ်။ ၁၈  သတင်း​ကောင်း ဟော​ပြော​ရာ​မှာ အသင်း​တော်​တိုင်း ချီး​မွမ်း​ကြ​တဲ့ ညီ​အစ်​ကို​တစ်​ယောက်​ကို​လည်း သူ​နဲ့​အတူ လွှတ်​လိုက်​တယ်။ ၁၉  အဲ​ဒီ​ညီ​အစ်​ကို​ဟာ အလှူ​ငွေ​ကောက်​ခံ​တဲ့ ကိစ္စ​ကို စီ​မံ​ဆောင်​ရွက်​ရာ​မှာ ကျွန်​တော်​တို့​နဲ့​အတူ ခ​ရီး​သွား​ဖော်​အဖြစ် လိုက်​ပါ​ဖို့ အသင်း​တော်​အား​လုံး​က ခန့်​အပ်​တဲ့​သူ​လည်း ဖြစ်​တယ်။ အဲ​ဒီ​အလုပ်​ဟာ သခင့်ရဲ့​ဘုန်း​တော်​ကို ထင်​ရှား​စေ​သလို ကျွန်​တော်​တို့​ဆီ​မှာ ကူ​ညီ​ချင်​တဲ့​စိတ်​ရှိ​မှန်း  ဖော်​ပြရာရောက်​တယ်။ ၂၀  ရက်ရော​တဲ့​ဒီ​အလှူ​ကို စီ​မံ​ဆောင်​ရွက်​တဲ့ ကိစ္စ​မှာ ဘယ်​သူ​က​မှ အပြစ်​ပြော​လို့​မရ​အောင်  ကျွန်​တော်​တို့ သတိ​ထား​တယ်။+ ၂၁  ကျွန်​တော်​တို့​ဟာ ‘ယေဟောဝါ* ဘု​ရားရဲ့ ရှေ့​မှာ​ရော လူ​တွေ​ရှေ့​မှာ​ပါ အရာရာ​ကို ရိုး​ရိုး​သား​သား လုပ်​ဆောင်​ကြ​တယ်။’+ ၂၂  သူ​တို့​နဲ့​အတူ ညီ​အစ်​ကို နောက်​တစ်​ယောက်​ကို​လည်း  လွှတ်​လိုက်​တယ်။ ကျွန်​တော်​တို့ အကြိမ်​ကြိမ် စမ်း​သပ်​ကြည့်​တဲ့​အခါ အဲ​ဒီ​ညီ​အစ်​ကို​ဟာ ကိစ္စ​တိုင်း​မှာ လုံ့​လ​ဝီ​ရိ​ယ​ရှိ​တဲ့​သူ​ဖြစ်​မှန်း သိ​ရ​တယ်။ ခင်​ဗျား​တို့ မှန်​ရာ​လုပ်​မယ်​ဆို​တာ သူ​သိ​နေ​လို့ အခု​ဆို ပို​လို့​တောင် လုံ့​လ​ဝီ​ရိ​ယ​ရှိ​နေ​တယ်။ ၂၃  တိတု​နဲ့​ပတ်​သက်​ပြီး  တစ်​ယောက်​ယောက်​က သံ​သယ​ရှိ​ရင်  သူ​ဟာ  ကျွန်​တော့်ရဲ့​အပေါင်း​အဖော်​ပဲ၊ ခင်​ဗျား​တို့​အကျိုး​ကို လို​လား​တဲ့  ကျွန်​တော့်ရဲ့ လုပ်​ဖော်​ဆောင်​ဖက်​ပဲ​လို့ ပြော​ပြလိုက်​ပါ။ ညီ​အစ်​ကို​တွေ​နဲ့​ပတ်​သက်​ပြီး သံ​သယ​ရှိ​ရင်​လည်း သူ​တို့​ဟာ အသင်း​တော်ရဲ့ ကိုယ်​စား​လှယ်တွေ၊*  ခ​ရစ်​တော်ရဲ့  ဘုန်း​အသရေတွေ​ဖြစ်​တဲ့​အကြောင်း  ပြော​ပြလိုက်​ပါ။ ၂၄  ဒါ​ကြောင့် အဲ​ဒီ​ညီ​အစ်​ကို​တွေ​ကို တ​ကယ်​ချစ်​ကြောင်း သက်​သေပြပါ၊+ ခင်​ဗျား​တို့​နဲ့​ပတ်​သက်​ပြီး ကျွန်​တော်​တို့  ဂုဏ်​ယူ​ဝါ​ကြွား​ခဲ့​တာ​တွေ အကြောင်း​မဲ့  မဟုတ်​မှန်း အသင်း​တော်​အား​လုံး  သိ​ရ​အောင် သက်​သေပြလိုက်​ပါ။

အောက်ခြေမှတ်ချက်များ

ဒါ​မှ​မဟုတ်၊ “စေ​လွှတ်​ခံ​ရ​သူ​တွေ။” မူ​ရင်း၊ “တမန်​တော်တွေ။”