၂ ကောရိန္သု ၆:၁-၁၈

  • မဟာ​က​ရု​ဏာ​တော်​ကို အကျိုး​မဲ့​မဖြစ်​စေ​နဲ့ (၁၊ ၂)

  • ပေါ​လု​ရဲ့ အမှု​ဆောင်​လုပ်​ငန်း (၃-၁၃)

  • ဘက်​မညီ​တဲ့ ထမ်း​ပိုး​ကို မထမ်း​ကြ​ပါ​နဲ့ (၁၄-၁၈)

 ဘုရား​သခင့် လုပ်​ဖော်​ဆောင်​ဖက်​တွေ​အနေ​နဲ့+ ဘု​ရား​သခင်​ရဲ့ မဟာ​က​ရု​ဏာ​တော်​ကို ရ​ရှိ​ပြီး​နောက် အဲ​ဒါ​ကို အကျိုး​မဲ့​မဖြစ်​စေ​ဖို့+ ခင်​ဗျား​တို့​ကို တိုက်​တွန်း​ချင်​ပါ​တယ်။ ၂  ဘာ​လို့​လဲ​ဆို​တော့ “မျက်​နှာ​သာ​ပြရာ​ကာ​လ​မှာ မင်း​ရဲ့​ဆု​တောင်း​သံ​ကို ငါ​ကြား​တယ်။ ကယ်​တင်​ရာ​နေ့​ရက်​မှာ မင်း​ကို ငါ​ကူ​ညီ​ခဲ့​တယ်”+ လို့ ဘု​ရား​သခင် ပြော​ထား​လို့​ပဲ။ အခု​အချိန်​ဟာ အထူး မျက်​နှာ​သာ​ပြရာ​ကာ​လ​ပဲ။ အခု​အချိန်​ဟာ ကယ်​တင်​ရာ​နေ့​ရက်​ပဲ။ ၃  အမှု​ဆောင်​လုပ်​ငန်း​ကို လူ​တွေ အပြစ်​တင်​စ​ရာ​မဖြစ်​စေ​ဖို့ တိုက်​မိ​လဲ​စေနိုင်​တဲ့​အရာ တစ်​ခု​မှ ကျွန်​တော်​တို့​မလုပ်​ကြ​ဘူး။+ ၄  ဘု​ရား​သခင်​ရဲ့ အမှု​ဆောင်​သူ​တွေ​ဖြစ်​မှန်း ကျွန်​တော်​တို့ နည်း​အမျိုး​မျိုး​နဲ့ ဖော်​ပြတယ်–+ စမ်း​သပ်​မှု​အမျိုး​မျိုး​ကို ခံ​ရပ်​တယ်။ ဆင်း​ရဲ​ဒုက္ခတွေ၊ နွမ်း​ပါး​မှု​တွေ၊ အခက်​အခဲ​တွေ​ကို ခံ​ရပ်​တယ်။+ ၅  ရိုက်​နှက်​ခံ​ရ​တာ၊ ထောင်​ကျ​တာ၊+ ရုန်း​ရင်း​ဆန်​ခတ်​ဖြစ်​တာ၊ ပင်​ပင်​ပန်း​ပန်း လုပ်​ကိုင်​ရ​တာ၊ အိပ်​ရေး​ပျက်​တာ၊ အစာ​ရေ​စာ ပြတ်​လပ်​တာ​တွေ​ကို​လည်း ခံ​ရပ်​တယ်။+ ၆  စင်​ကြယ်​တဲ့​အသက်​တာ​နဲ့ နေ​ထိုင်​တယ်။ အသိ​ပညာ​နဲ့​အညီ ပြု​မူ​နေ​ထိုင်​တယ်။ စိတ်​ရှည်​မှု​နဲ့+ ကြင်​နာ​မှု​ပြတယ်။+ သန့်​ရှင်း​သော စွမ်း​အား​တော်ရဲ့  လမ်း​ညွှန်​မှု​ကို  ခံ​ယူ​တယ်။ ဟန်​ဆောင်​မှု​ကင်း​တဲ့ မေတ္တာ​ကို ပြတယ်။+ ၇  မှန်​သော​စ​ကား​ကို ပြော​တယ်။ ဘု​ရား​သခင်​ရဲ့​တန်​ခိုး​ကို+ အား​ကိုး​တယ်။ ဖြောင့်​မတ်​ခြင်း  လက်​နက်​တွေ​ကို​လည်း+ ဘယ်​တစ်​ဖက်၊* ညာ​တစ်​ဖက်* ကိုင်​ဆောင်​ထား​တယ်။ ၈  ဂုဏ်​တင်​ခံ​ရ​တဲ့​အခါ ရှိ​သလို သိက္ခာ​ချ​ခံ​ရ​တဲ့​အခါ​လည်း ရှိ​တယ်။ ချီး​မွမ်း​ခံ​ရ​တဲ့​အခါ ရှိ​သလို ကဲ့​ရဲ့​ခံ​ရ​တဲ့​အခါ​လည်း ရှိ​တယ်။ အမှန်​ပြော​သူ​တွေ​ဖြစ်​လျက်​နဲ့ လှည့်​စား​သူ​တွေလို့ သတ်​မှတ်​ခံ​ရ​တယ်။ ၉  ဘု​ရား​သခင် အသိ​အမှတ်​ပြု​ပေမဲ့ လူ​တွေ အသိ​အမှတ်​ပြု​တာ​ကို မခံ​ရ​ဘူး။ အသက်​ရှင်​နေ​ပါ​လျက်​နဲ့ သေထိုက်​သူ​တွေ၊+  သေဒဏ်​စီ​ရင်​မခံ​ရ​ဘဲ​နဲ့ ပြစ်​ဒဏ်​ခံ​ရ​သူ​တွေလို့ ကျွန်​တော်​တို့​ကို သတ်​မှတ်​ကြ​တယ်။+ ၁၀  အမြဲပျော်​ရွှင်​နေ​ပါ​လျက် ဝမ်း​နည်း​နေ​တဲ့​သူ​တွေ၊ လူ​အများ​ကို ကြွယ်​ဝ​စေ​ပါ​လျက် ဆင်း​ရဲ​သူ​တွေ၊ အရာ​အား​လုံး​ကို ပိုင်​ဆိုင်​ပါ​လျက် ဘာ​မှ​မပိုင်​ဆိုင်​တဲ့​သူ​တွေလို့ ကျွန်​တော်​တို့​ကို သတ်​မှတ်​ကြ​တယ်။+ ၁၁  ကော​ရိန္သု​မြို့​သား ညီ​အစ်​ကို​တို့၊ ကျွန်​တော်​တို့ ပွင့်​ပွင့်​လင်း​လင်း ပြော​ခဲ့​တယ်။ ခင်​ဗျား​တို့​ကို တ​ကယ်​ချစ်မြတ်​နိုး​တယ်။* ၁၂  ကျွန်​တော်​တို့​ရဲ့ ချစ်​ခင်​တွယ်​တာ​မှု​ကို မကန့်​သတ်​ထား​ဘူး။+ ခင်ဗျား​တို့​က​သာ ချစ်​ခင်​တွယ်​တာ​မှု​ကို ကန့်​သတ်​ထား​ကြ​တာ​ပါ။ ၁၃  ဒါ​ကြောင့် သား​သမီး​တွေ​လို သဘော​ထား​ပြီး ပြော​မယ်။ ခင်​ဗျား​တို့​ဘက်​က တုံ့​ပြန်​တဲ့​အနေ​နဲ့ ကျွန်​တော်​တို့​ကို တ​ကယ်​ချစ်မြတ်​နိုး​ကြ​ပါ။*+ ၁၄  မယုံ​ကြည်​သူ​တွေ​နဲ့ ဘက်​မညီ​တဲ့ ထမ်း​ပိုး​ကို မထမ်း​ကြ​ပါ​နဲ့။+ ဖြောင့်​မတ်​မှု​နဲ့ မတ​ရား​မှု ဘယ်​လို​လုပ် ပေါင်း​ဖက်​နိုင်မလဲ။+ အလင်း​နဲ့​အမှောင် ဘယ်​လို​လုပ်  တွဲ​ဖက်​နိုင်​မလဲ။+ ၁၅  ခ​ရစ်​တော်​နဲ့ ဗေလျာ​လ* ဘယ်​လို​လုပ် သင့်မြတ်​နိုင်​မလဲ။+ ယုံ​ကြည်​သူ​နဲ့ မယုံ​ကြည်​သူ ဘယ်​လို​လုပ် မျှ​ဝေ​ခံ​စား​နိုင်​မလဲ။+ ၁၆  ဘုရား​သခင်​ရဲ့  ဗိ​မာန်​တော်​ထဲ​မှာ ရုပ်​တု​တွေ ဘယ်​လို​လုပ် ရှိ​နိုင်​မှာ​လဲ။+ ကျွန်​တော်​တို့​ဟာ  အသက်​ရှင်​နေ​တဲ့ ဘုရား​သခင်​ရဲ့ ဗိ​မာန်​တော်​ပဲ။+ ဘုရား​သခင် ပြော​ထား​တာ​က– “ငါ​က သူ​တို့​အလယ်​မှာ စံ​မြန်း​မယ်၊+ သူ​တို့​နဲ့​အတူ ရှိ​နေ​မယ်။ ငါ​ဟာ သူ​တို့​ရဲ့​ဘု​ရား​သခင်​ဖြစ်​ပြီး သူ​တို့​လည်း ငါ့​လူ​မျိုး ဖြစ်​လာ​လိမ့်​မယ်။”+ ၁၇  “‘ဒါ​ကြောင့် သူ​တို့​ထဲ​ကနေ ထွက်​သွား​ကြ၊ တ​သီး​တ​ခြား​နေ​ကြ။ မသန့်​ရှင်း​တဲ့​အရာ​ကို လက်​နဲ့​တောင် မထိ​နဲ့​တော့’+ ဆို​ပြီး ယေဟော​ဝါ* ပြော​တယ်။” “‘မင်း​တို့​ကို ငါ​လက်​ခံ​မယ်။’”+ ၁၈  “‘ငါ​က  မင်း​တို့​ရဲ့​ဖခင်​ ဖြစ်​လာ​မယ်။+ မင်း​တို့​လည်း ငါ့​ရဲ့​သား​သမီး​တွေ ဖြစ်​လာ​လိမ့်​မယ်’+ ဆို​ပြီး အနန္တ​တန်​ခိုး​ရှင် ယေဟောဝါ* ပြော​တယ်။”

အောက်ခြေမှတ်ချက်များ

ခု​ခံ​ကာ​ကွယ်​ဖို့ ဖြစ်​နိုင်။
တိုက်​စစ်​ဆင်​ဖို့ ဖြစ်​နိုင်။
ဒါ​မှ​မဟုတ်၊ “ခင်​ဗျား​တို့​အတွက် နှ​လုံး​သား​ကို ကျယ်​ကျယ်​ဖွင့်​ထား​တယ်။”
ဒါ​မှ​မဟုတ်၊ “နှ​လုံး​သား​ကို ကျယ်​ကျယ် ဖွင့်​ထား​ပါ။”
အဓိပ္ပာယ်၊ ‘အသုံး​မကျ​တဲ့​သူ။’ စာ​တန်​ကို ဆို​လို။