၁ ကောရိန္သု ၁၆:၁-၂၄

  • ဂျေရု​ဆ​လင်​မှာ​ရှိ​တဲ့ ခ​ရစ်​ယာန်တွေ​အတွက် အလှူ​ငွေ​ကောက်​ခံ​ခြင်း (၁-၄)

  • ပေါ​လု​သွားမယ့် ခ​ရီး​စဉ်​များ (၅-၉)

  • တိမောသေနဲ့ အာ​ပေါ​လု​တို့ အလည်​သွား​ဖို့ အစီအစဉ် (၁၀-၁၂)

  • တိုက်​တွန်း​ချက်​နဲ့ နှုတ်​ဆက်​စ​ကား (၁၃-၂၄)

၁၆  သန့်​ရှင်း​သူ​တွေ​အတွက် အလှူ​ငွေ​ကောက်​တာ​နဲ့​ပတ်​သက်​ပြီး+ ဂလာ​တိ​ပြည်​မှာ​ရှိ​တဲ့ အသင်း​တော်တွေ​ဆီ ကျွန်​တော်​ညွှန်​ကြား​တဲ့​အတိုင်း ခင်​ဗျား​တို့ လိုက်​နာ​ကြ​ပါ။ ၂  ကျွန်​တော် ရောက်​လာ​တဲ့​အခါ​ကျ​မှ အလှူ​ငွေ​ကောက်​တာ​မျိုး မဖြစ်​အောင် သီ​တင်း​ပတ်​ရဲ့ ပထ​မနေ့​တိုင်း ခင်​ဗျား​တို့ တတ်​နိုင်​သလောက် ဥစ္စာ​တ​ချို့​ကို အိမ်​မှာ သီး​သန့်​ဖယ်​ထား​ကြ​ပါ။ ၃  ကျွန်​တော် ရောက်​လာ​တဲ့​အခါ အဲ​ဒီ​စေ​တ​နာ​အလှူ​တွေ​ကို   ခင်​ဗျား​တို့  စာ​ရေး​ထောက်​ခံ​ထား​သူ​တွေ​နဲ့​အတူ+ ဂျေရု​ဆ​လင်​မြို့​ဆီ   ပို့​လိုက်​မယ်။ ၄  ကျွန်​တော်​သွား​ဖို့ လို​အပ်​လာရင်​လည်း  သူ​တို့​နဲ့​အတူ သွား​မယ်။ ၅  မက်​ဆီ​ဒိုး​နီး​ယား​ပြည်​ကို  ကျွန်​တော် သွား​မှာ​ဖြစ်​လို့ အဲ​ဒီ​ကို​သွား​ပြီး​ရင်​တော့  ခင်​ဗျား​တို့​ဆီ လာခဲ့​မယ်။+ ၆  ဖြစ်​နိုင်​ရင် ခင်​ဗျား​တို့​ဆီ​မှာ အတန်​ကြာ နေ​မယ်။ ဆောင်း​ကုန်​တဲ့​အထိ​လည်း  ဖြစ်​နိုင်​တယ်။  အဲ​ဒီ​နောက် ကျွန်​တော်​သွား​မယ့်​နေ​ရာ​ဆီ ခင်​ဗျား​တို့ ခ​ရီး​တစ်​ထောက် လိုက်​ပို့​ပေး​လို့ရ​တာ​ပေါ့။ ၇  လမ်း​ကြုံ​လို့  ခင်​ဗျား​တို့​ကို  ဝင်​တွေ့​တာ​မျိုး​တော့ မဖြစ်​ချင်​ဘူး။ ယေဟောဝါ* အလို​ရှိ​ရင် ခင်ဗျားတို့​ဆီမှာ အကြာ​ကြီး​နေ​ရ​ဖို့ မျှော်​လင့်​ပါတယ်။+ ၈  အခု​တော့  ပင်​တေ​ကုတ္တေ​ပွဲ* နေ့​အထိ ဧဖက်​မြို့​မှာ​ပဲ+ ကျွန်​တော်​ရှိ​နေ​မယ်။ ၉  ဘာ​လို့​လဲ​ဆို​တော့ အမှု​ဆောင်​ဖို့ အခွင့်​အရေး​တံ​ခါး​ကြီး ကျွန်​တော့်​အတွက် ပွင့်​နေ​လို့​ပါ။+ ဒါပေမဲ့ ဆန့်​ကျင်​သူ​တွေ​လည်း အများ​သား​ပဲ။ ၁၀  ခင်​ဗျား​တို့​ဆီ  တိမောသေ+ ရောက်​လာရင် သူ စိုး​ရွံ့​နေ​ရ​တာ​မျိုး မဖြစ်​အောင် ကူ​ညီ​ပေး​ကြ​ပါ။ သူ​ဟာ ကျွန်​တော့်​လို​ပဲ ယေဟောဝါ​ရဲ့* အမှု​တော်​ကို  ဆောင်​ရွက်​နေ​တဲ့​သူ​ပါ။+ ၁၁  ဒါ​ကြောင့် သူ့​ကို မခန့်​လေး​စား မလုပ်​ကြ​ပါ​နဲ့။ ကျွန်​တော့်​ဆီ သူ ချော​ချော​မော​မော ပြန်​လာ​နိုင်​အောင် လိုက်​ပို့​ပေး​ကြ​ပါ။ ကျွန်​တော့်​လို​ပဲ ညီ​အစ်​ကို​တွေ​လည်း သူ့​ကို စောင့်​မျှော်​နေ​တယ်။ ၁၂  ညီ​အစ်​ကို  အာ​ပေါ​လု​ကို+ ညီအစ်​ကို​တွေ​နဲ့​အတူ  ခင်​ဗျား​တို့​ဆီ​ အလည်​သွား​ဖို့ ကျွန်​တော် မေတ္တာရပ်​ခံ​ထား​တယ်။ အခု​တော့ သူ လာ​ဖို့ မရည်​ရွယ်​သေး​ဘူး။ အခြေ​အနေ​ပေး​ရင်​တော့ သူ​လာ​မှာ​ပါ။ ၁၃  နိုး​ကြား​နေ​ကြ​ပါ။+ ယုံ​ကြည်​ခြင်း ခိုင်​မြဲနေ​ကြ​ပါ။+ ရဲ​စွမ်း​သတ္တိ ရှိ​ကြ​ပါ။+ အစွမ်း​ခွန်​အား​လည်း ရှိ​ကြ​ပါ။+ ၁၄  အရာရာ​ကို  မေတ္တာ​ရှေ့​ထား​ပြီး လုပ်​ကြ​ပါ။+ ၁၅  ညီ​အစ်​ကို​တို့၊  သတေ​ဖနာ​ရဲ့ အိမ်​သူ​အိမ်​သား​တွေ​ဟာ အခါ​ယ​ပြည်​မှာ ဦး​ဆုံး တ​ပည့်​ဖြစ်​လာ​သူ​တွေ​ပဲ၊ သန့်​ရှင်း​သူ​တွေ​ကို အလုပ်​အကျွေး​ပြု​ဖို့ အသင့်​ရှိ​သူ​တွေ​ပဲ​ဆို​တာ ခင်​ဗျား​တို့ သိ​ပါ​တယ်။ ဒါ​ကြောင့် ကျွန်​တော် အား​ပေး​ချင်​တာ​က၊ ၁၆  အဲ​ဒီ​လို​လူ​တွေ​ကို​ရော ပူး​ပေါင်း​ဆောင်​ရွက်​ပြီး ကြိုး​စား​အား​ထုတ်​သူ​တွေ​ကို​ပါ ခင်​ဗျား​တို့ ဆက်​ပြီး လက်​အောက်​ခံ​ကြ​ပါ။+ ၁၇  ခင်​ဗျား​တို့​မရှိ​တဲ့​အချိန်​မှာ သတေ​ဖနာ၊+ ဖော်​တု​နတ်၊ အခါ​ယ​ကု​တို့​က ကျွန်​တော့်​ကို အများ​ကြီး​ကူ​ညီ​ပေး​လို့ သိပ်​ဝမ်း​သာ​တယ်။ ၁၈  သူ​တို့​က ကျွန်​တော့်​ကို​ရော ခင်​ဗျား​တို့​ကို​ပါ စိတ်​လန်း​ဆန်း​စေ​ကြ​ပြီ။ ဒါ​ကြောင့် အဲ​ဒီ​လို​လူ​တွေ​ကို လေး​စား​ကြ​ပါ။ ၁၉  အာ​ရှ​နယ်​မှာ​ရှိ​တဲ့  အသင်း​တော်တွေ​က ခင်​ဗျား​တို့​ကို နှုတ်​ဆက်​လိုက်​ပါ​တယ်။ အာ​ကု​လ​နဲ့ ပြစ်​က* တို့​အပြင် သူ​တို့​အိမ်​မှာ​စု​ဝေး​တဲ့ အသင်း​တော်​က​လည်း+ ခ​ရစ်​ယာန်​မေတ္တာ ပို့​သလိုက်​ပါ​တယ်။ ၂၀  ညီ​အစ်​ကို​တွေ​အား​လုံး​က ခင်​ဗျား​တို့​ကို နှုတ်​ဆက်​လိုက်​ပါ​တယ်။ အချင်း​ချင်း​ကို သန့်​ရှင်း​တဲ့​အနမ်း​နဲ့ နှုတ်​ဆက်​ကြ​ပါ။ ၂၁  ဒီ​နှုတ်​ဆက်​စ​ကား​ကို​ ကျွန်​တော်​ပေါ​လု​ကိုယ်​တိုင် ရေး​လိုက်​ပါ​တယ်။ ၂၂  သခင်​ကို မချစ်​တဲ့​သူ ကျိန်​ခြင်း ခံ​ရ​ပါ​စေ။ သခင်၊ ကြွ​လာ​ပါ။ ၂၃  သခင်​ယေရှု​ရဲ့ မဟာ​က​ရု​ဏာ​ကို ခင်​ဗျား​တို့ ခံ​စား​ရ​ပါ​စေ။ ၂၄  ခ​ရစ်​တော်​ယေရှု​နဲ့ တစ်​စိတ်​တစ်​ဝမ်း​တည်း​ရှိ​တဲ့ ခင်​ဗျား​တို့​အား​လုံး​ကို မေတ္တာပို့သ​ လိုက်​ပါ​တယ်။

အောက်ခြေမှတ်ချက်များ

ခက်​ဆစ်​ကို​ကြည့်။
ပြစ်​ကိ​လ။