၁ ကောရိန္သု ၁:၁-၃၁

  • နှုတ်​ခွန်း​ဆက်​စ​ကား (၁-၃)

  • ကော​ရိန္သု​မြို့​သား​များ​အတွက် ဘု​ရား​သခင်​ကို ပေါလု ကျေး​ဇူး​တင် (၄-၉)

  • စည်း​လုံး​ဖို့ တိုက်​တွန်း​ချက် (၁၀-၁၇)

  • ခ​ရစ်​တော်​ဟာ ဘု​ရား​သခင်​ရဲ့ တန်​ခိုး​နဲ့ ဉာဏ်​ပညာ​ဖြစ် (၁၈-၂၅)

  • ယေဟောဝါ​အကြောင်း​ကို​ပဲ ဝါ​ကြွား​ပါ (၂၆-၃၁)

 ဘုရား​သခင်​ရဲ့ အလို​တော်​ကြောင့် ယေရှု​ခ​ရစ်ရဲ့ တမန်​တော်​အဖြစ် ရွေး​ချယ်​ခံ​ရ​တဲ့+ ကျွန်​တော်​ပေါ​လု​နဲ့ ညီ​အစ်​ကို သု​ဿင်​က၊ ၂  ကော​ရိန္သု​မြို့​မှာ​ရှိ​တဲ့ ဘု​ရား​သခင့်​အသင်း​တော်​ဖြစ်​တဲ့+ ခင်​ဗျား​တို့​ဆီ စာ​ရေး​လိုက်​ပါ​တယ်။ ခင်​ဗျား​တို့​ဟာ ခ​ရစ်​တော်​ယေရှု​နဲ့ တစ်​စိတ်​တစ်​ဝမ်း​တည်း​ဖြစ်​စေ​ဖို့  ဘု​ရား​သခင် သီး​သန့်​ဖယ်​ထား​သူ​တွေ၊+ သန့်​ရှင်း​သူ​တွေ​အဖြစ် ရွေး​ချယ်​ထား​သူ​တွေ​ပါ။ ကျွန်​တော်​တို့​အား​လုံး​ရဲ့​သခင် ယေရှု​ခ​ရစ်ရဲ့ နာ​မည်​ကို+ ယုံ​ကြည်​ကြ​တဲ့ အရပ်ရပ်​မှာ​ရှိ​သူ အား​လုံး​ဆီ​ကို​လည်း စာ​ရေး​လိုက်​ပါ​တယ်။ ၃  အဖဘု​ရား​သခင်​နဲ့ သခင်​ယေရှု​ခရစ်​ဆီ​က မဟာ​က​ရု​ဏာ​နဲ့ ငြိမ်​သက်​ခြင်း​ကို ခင်​ဗျား​တို့ ခံ​စား​ရ​ပါ​စေ။ ၄  ဘု​ရား​သခင်​က  ခင်​ဗျား​တို့​ကို ခရစ်​တော်​ယေရှု​အား​ဖြင့် မဟာ​က​ရု​ဏာ ပေး​သနား​ထား​တယ်။ ဒါ​ကြောင့် ဘု​ရား​သခင်​ကို ကျွန်​တော် အမြဲ ကျေး​ဇူး​တင်​ချီး​မွမ်း​ပါ​တယ်။ ၅  ခင်​ဗျား​တို့​က  ခ​ရစ်​တော်​နဲ့  တစ်​စိတ်​တစ်​ဝမ်း​တည်း  ဖြစ်​နေ​လို့  ဘု​ရား​သခင်​က​လည်း နှုတ်​သတ္တိ​ဖြစ်​စေ၊ အသိ​ပညာ​ဖြစ်​စေ အရာရာ​မှာ ခင်​ဗျား​တို့​ကို ကြွယ်​ဝ​ပြည့်​စုံ​စေ​ပြီ။+ ၆  ဒါ​ဟာ ခင်​ဗျား​တို့​ဆီ​မှာ ခ​ရစ်​တော်​နဲ့​ပတ်​သက်​တဲ့ သက်​သေခံ​ချက်+ အမြစ်​စွဲ​နေ​လို့​ပဲ။ ၇  ဒါ​ကြောင့် ခင်​ဗျား​တို့​က သခင်​ယေရှု​ခရစ် ပေါ်​ထွန်း​မယ့်​အချိန်​ကို+ အခု​လို ထက်​သန်​စွာ စောင့်​မျှော်​နေ​တုန်း​မှာ ဆု​ကျေး​ဇူး​တွေ တစ်​ခု​မကျန် ရ​ရှိ​ထား​တယ်။ ၈  သခင်​ယေရှု​ခ​ရစ်ရဲ့​နေ့ ရောက်​လာ​တဲ့​အခါ+ အပြစ်​တင်​စ​ရာ မရှိ​ရ​လေ​အောင်  ဘု​ရား​သခင်​က  ခင်​ဗျား​တို့​ကို  အဆုံး​အထိ ခိုင်​ခံ့​မြဲမြံ​စေ​လိမ့်​မယ်။ ၉  ဘု​ရား​သခင်​ဟာ  သစ္စာ​ရှိ​တယ်။+ သား​တော်​ဖြစ်​တဲ့ သခင်​ယေရှု​ခ​ရစ်​နဲ့ ပူး​ပေါင်း​ခွင့်​ပေး​ဖို့ ခင်ဗျား​တို့​ကို ရွေး​ချယ်​ထား​တယ်။ ၁၀  ညီ​အစ်​ကို​တို့၊ သခင်​ယေရှု​ခ​ရစ်ရဲ့ နာ​မည်​ကို အမှီ​ပြု​ပြီး ကျွန်​တော် အား​ပေး​ချင်​တာ​က ခင်​ဗျား​တို့ စိတ်​ဝမ်း​မကွဲ​ဘဲ+ စ​ကား​တ​ညီ​တ​ညွတ်​တည်း  ဖြစ်​ကြ​ပါ။  တစ်​စိတ်​တစ်​သဘော​တည်း​ဖြစ်​ပြီး အကြွင်း​မဲ့  စည်း​လုံး​နေ​ကြ​ပါ။+ ၁၁  ညီ​အစ်​ကို​တို့၊ ခင်​ဗျား​တို့ အချင်း​ချင်း  စိတ်​ဝမ်း​ကွဲ​နေ​တဲ့​အကြောင်း ခလော​အိ​အိမ်​သား​တ​ချို့ ပြော​ပြတယ်။ ၁၂  ခင်​ဗျား​တို့​ထဲ​မှာ တ​ချို့​က “ငါ​ဟာ ပေါ​လု​ရဲ့​တ​ပည့်၊” “ငါ​ဟာ အာ​ပေါ​လု​ရဲ့​တ​ပည့်၊”+  “ငါ​ဟာ ကေဖ*  ရဲ့​တပည့်၊”​ “ငါ​က​တော့ ခ​ရစ်​တော်ရဲ့​တပည့်”​ ဆို​ပြီး တစ်​ယောက်​တစ်​မျိုး​စီ ပြော​နေ​ကြ​လို့ ကျွန်​တော် အခု​လို​ပြော​ရ​တာ​ပါ။ ၁၃  ခ​ရစ်​တော်​ဟာ ကွဲ​ပြား​ဖူး​လို့​လား။ ခင်​ဗျား​တို့​အတွက် သစ်​တိုင်​မှာ ကွပ်​မျက်​ခံ​ခဲ့​တာ ပေါ​လု​လား။ ဒါ​မှ​မဟုတ် ပေါ​လု​ရဲ့​နာ​မည်​နဲ့ ခင်​ဗျား​တို့ နှစ်​ခြင်း​ခံ​ခဲ့လို့​လား။ ၁၄  ခင်​ဗျား​တို့​ထဲ​က   က​ရိ​ပု​နဲ့+ ဂါ​ယု​က+ လွဲ​လို့ တခြား​ဘယ်​သူ့​ကို​မှ ကျွန်​တော် နှစ်ခြင်း​မပေး​ခဲ့လို့ ဘု​ရား​သခင်​ကို ကျေး​ဇူး​တင်​မိ​တယ်။ ၁၅  ဒါ​ကြောင့် ကျွန်​တော့်နာ​မည်​နဲ့ နှစ်​ခြင်း​ခံ​ခဲ့​တယ်​လို့ ဘယ်​သူ​မှ ပြော​စ​ရာ​အကြောင်း မရှိ​တော့​ဘူး။ ၁၆  သတေ​ဖနာ​ရဲ့ အိမ်​သူ​အိမ်​သား​တွေ​ကို​လည်း ကျွန်​တော် နှစ်​ခြင်း​ပေး​ခဲ့​တယ်။+ နောက်​ထပ် ဘယ်​သူ့​ကို နှစ်​ခြင်း​ပေး​ခဲ့​သလဲ ဆို​တာ​တော့ မမှတ်​မိ​ဘူး။ ၁၇  ကျွန်​တော့်​ကို ခ​ရစ်​တော် စေ​လွှတ်​လိုက်​တာ နှစ်​ခြင်း​ပေး​ဖို့ မဟုတ်​ဘူး။ သတင်း​ကောင်း ဟော​ပြော​ဖို့​ပါ။+ ပညာ​တတ်​တွေ​သုံး​နှုန်း​တဲ့ စ​ကား​တွေ​နဲ့ ဟော​ဖို့​တော့ မဟုတ်​ဘူး။ အဲ​ဒီ​လို​ဟော​ရင် သစ်​တိုင်​ပေါ် ခ​ရစ်​တော် အသေခံ​ခဲ့​တာ အချည်း​နှီး​ဖြစ်​သွား​မယ်။ ၁၈  ဒုက္ခ​သစ်​တိုင်*  နဲ့​ဆိုင်​တဲ့ သတင်း​တ​ရား​ဟာ ပျက်​စီး​တော့​မယ့်​သူ​တွေ​အတွက် မိုက်​မဲ​တဲ့​အရာ​ဖြစ်​ပေမဲ့+ ကယ်​တင်​ခြင်း​ရ​မယ့် ကျွန်​တော်​တို့​အတွက်​တော့ ဘု​ရား​သခင်​ရဲ့ တန်​ခိုး​တော်​ပဲ။+ ၁၉  “ပညာ​ရှိ​တွေရဲ့ ဉာဏ်​ပညာ​ကို ငါပျက်​စီး​စေ​မယ်။ ဉာဏ်​ကောင်း​သူ​တွေရဲ့  ထက်​မြက်​မှု​ကို​လည်း  ငါ​ပယ်​မယ်”+ ဆို​ပြီး  ကျမ်း​စာ​မှာ  ရေး​ထား​တယ်။ ၂၀  ပညာ​ရှိ​တွေ၊ ကျမ်း​တတ်​တွေ၊ ဒီ​လော​က​စနစ်* မှာ​ရှိ​တဲ့  စ​ကား​စစ်​ထိုး​တတ်​သူ​တွေ ဘယ်​ရောက်​ကုန်​ပြီလဲ။ ဘုရား​သခင်​က  လော​က​ရဲ့​ဉာဏ်​ပညာ​ကို မိုက်​မဲ​တဲ့​အရာ  ဖြစ်​စေ​ပြီ​မ​ဟုတ်​လား။ ၂၁  လော​က​ဟာ  ဘု​ရား​သခင်​ကို ကိုယ်​ပိုင်​ဉာဏ်​နဲ့+  မသိ​နိုင်​ဘူး။+ ကျွန်​တော်​တို့ ဟော​နေ​တဲ့ သတင်း​တ​ရား​ဟာ  လူ့​အမြင်​မှာ မိုက်​မဲ​တဲ့​အရာ+ ဖြစ်​နေ​ပေမဲ့ ဘုရား​သခင်​က ဉာဏ်​ပညာ​ရှိ​တဲ့​အတွက် ယုံ​ကြည်​သူ​တွေ​ကို အဲ​ဒီ​သတင်း​တ​ရား​အား​ဖြင့်  ကယ်​တင်​ဖို့ အလို​ရှိ​တယ်။ ၂၂  ဂျူး​တွေ​က  အံ့​ဖွယ်​အမှု​တွေ​ပြဖို့ တောင်း​ဆို​တတ်​တယ်။+  ဂရိတွေ​က ဉာဏ်​ပညာ  ဆည်း​ပူး​တတ်​တယ်။ ၂၃  ကျွန်​တော်​တို့​က​တော့  သစ်​တိုင်​ပေါ် ကွပ်​မျက်​ခံ​ခဲ့ရ​တဲ့ ခ​ရစ်​တော်​အကြောင်း  ဟော​ပြော​တယ်။  ဒီ​အ​ကြောင်း​အရာ​ဟာ  ဂျူး​တွေ​အတွက် တိုက်​မိ​လဲ​စရာ​ဖြစ်​နေ​သလို လူ​မျိုး​ခြား​တွေ​အတွက်​လည်း မိုက်​မဲ​တဲ့​အရာ ဖြစ်​နေ​တယ်။+ ၂၄  ဒါ​ပေမဲ့ ဂျူး​လူ​မျိုး​ဖြစ်​စေ၊ ဂရိ​လူ​မျိုး​ဖြစ်​စေ ရွေး​ချယ်​ခံ​ရ​သူ​တွေ​အတွက်​တော့ ခ​ရစ်​တော်​ဟာ ဘုရား​သခင့် တန်​ခိုး​တော်၊ ဘု​ရား​သခင့် ဉာဏ်​ပညာ​ပဲ။+ ၂၅  ဘုရား​သခင်​ရဲ့ မိုက်​မဲ​ခြင်း​လို့ ထင်​ရ​တဲ့​အရာ​ဟာ လူ​တွေရဲ့ ဉာဏ်​ပညာ​ရှိ​ခြင်း​ထက် သာ​လွန်​တယ်။ ဘု​ရား​သခင်​ရဲ့ အား​နည်း​ခြင်း​လို့ ထင်​ရ​တဲ့​အရာ​ဟာ လူ​တွေရဲ့ သန်​မာ​ခြင်း​ထက် သာ​လွန်​တယ်။+ ၂၆  ညီ​အစ်​ကို​တို့၊ ခင်​ဗျား​တို့​ကို ဘုရား​သခင် ရွေး​ချယ်​တုန်း​က​အဖြစ်​ကို စဉ်း​စား​ကြည့်​ပါ။ လူ့​အမြင်​အရ ပညာ​ရှိ​သူ၊+ တန်​ခိုး​အာ​ဏာ​ရှိ​သူ၊ မင်း​မျိုး​မင်း​နွယ်​တွေ  အများ​ကြီး  မပါ​ဘူး။+ ၂၇  ဘု​ရား​သခင်​က ပညာ​ရှိ​တွေ အရှက်​ရ​စေ​ဖို့ လော​က​မှာ မိုက်​မဲ​တယ်​လို့ ထင်​ရ​သူ​တွေ​ကို ရွေး​ချယ်​ခဲ့​တယ်။ သန်​မာ​သူ​တွေ အရှက်​ရ​စေ​ဖို့ လော​က​မှာ အား​နည်း​တယ်​လို့ ထင်​ရ​သူ​တွေ​ကို ရွေး​ချယ်​ခဲ့​တယ်။+ ၂၈  အရေး​ပါ​တယ်​လို့ လူ​တွေ​ယူ​ဆ​တဲ့​အရာ​ကို အချည်း​နှီး​ဖြစ်​စေ​ဖို့ ဒီ​လော​က​မှာ​ရှိ​တဲ့ မရေရာ​တဲ့​အရာ၊ အထင်​သေး​ခံ​ရ​တဲ့​အရာ၊ အရေး​မပါ​တဲ့​အရာတွေ​ကို ဘု​ရား​သခင် ရွေး​ချယ်​ခဲ့​တယ်။+ ၂၉  ဒါ​ကြောင့် ဘုရား​သခင်​ရှေ့​မှာ ဘယ်​သူ​မှ ဝါ​ကြွား​စ​ရာ​အကြောင်း မရှိ​ဘူး။ ၃၀  ဘုရား​သခင်​ကြောင့် ခင်​ဗျား​တို့​ဟာ ခ​ရစ်​တော်​ယေရှု​နဲ့ တစ်​စိတ်​တစ်​ဝမ်း​တည်း ဖြစ်​နေ​ကြ​တာ။ ခ​ရစ်​တော်​က ဘု​ရား​သ​ခင်​ရဲ့ ဉာဏ်​ပညာ​နဲ့  ဖြောင့်​မတ်​ခြင်း​အ​ကြောင်း ဖော်​ပြတယ်။+ လူ​တွေ​က ယေရှု​အား​ဖြင့် သန့်​ရှင်း​သူ​တွေ​ဖြစ်​လာ​ပြီး+ ရွေး​ဖိုး​ကြောင့် လွတ်​မြောက်​ခွင့်​ကို ရ​ကြ​တယ်။+ ၃၁  ဒါ​ကြောင့် “ဝါ​ကြွား​မယ်​ဆို​ရင်​လည်း ယေဟောဝါ* ဘုရား​အကြောင်း​ကို​ပဲ ဝါ​ကြွား​ပါ​စေ”+ ဆို​ပြီး ကျမ်း​စာ​မှာ ရေး​ထား​တဲ့​အတိုင်း ဖြစ်​ပါ​စေ။

အောက်ခြေမှတ်ချက်များ

ပေတ​ရု။
ခက်​ဆစ်​ကို​ကြည့်။
ခက်​ဆစ်​ကို​ကြည့်။