လုကာ ၇:၁-၅၀

  • တပ်​မှူး​တစ်​ယောက်​ရဲ့ ယုံ​ကြည်​ခြင်း (၁-၁၀)

  • နာ​အိ​န​မြို့​မှာ မု​ဆိုး​မရဲ့​သား​ကို ယေရှု အသက်​ပြန်ရှင်​အောင် လုပ်​ပေး (၁၁-၁၇)

  • နှစ်ခြင်း​ပေး​သူ ယောဟန်​ကို ချီး​မွမ်း (၁၈-၃၀)

  • တုံ့​ပြန်​မှု​မဲ့​တဲ့ လူမျိုး​ဆက် အပြစ်​တင်​ခံ​ရ (၃၁-၃၅)

  • အပြစ်​များ​တဲ့​မိန်း​မ အပြစ်​လွှတ်​ခံ​ရ (၃၆-၅၀)

 ယေရှု​က လူ​တွေ​ကို ပြော​စ​ရာ​ရှိ​တာ ပြော​ပြီး​သွား​တဲ့​အခါ က​ပေရ​နောင်​မြို့​ထဲ ဝင်​သွား​တယ်။ ၂  တပ်​မှူး​တစ်​ယောက်​မှာ ချစ်​ရတဲ့​ကျွန်​တစ်​ယောက် ရှိ​တယ်။ အဲဒီ​ကျွန် အကြီး​အကျယ်​ဖျား​ပြီး သေလု​ဆဲ​ဆဲ ဖြစ်​နေ​တယ်။+ ၃  တပ်​မှူး​က ယေရှု​အ​ကြောင်း ကြား​တဲ့​အခါ ဂျူး​အကြီး​အကဲ​တွေ​ကို ယေရှု​ဆီ​လွှတ်​ပြီး သူ့​ကျွန်​ကို နေ​ကောင်း​အောင်​လုပ်​ပေး​ဖို့ ကြွ​ခဲ့​ပါ​လို့ မှာ​လိုက်​တယ်။ ၄  ဂျူး​အကြီး​အကဲ​တွေ​က ယေရှု​ဆီ​ရောက်​လာ​ပြီး “ဒီ​တပ်​မှူး​ကို ဆ​ရာ ကူညီ​ထိုက်​ပါ​တယ်။ ၅  သူ​ဟာ ကျွန်​တော်​တို့​လူမျိုး​ကို ချစ်​တယ်။ ကျွန်​တော်​တို့​အတွက် တ​ရား​ဇ​ရပ်​တောင် ဆောက်​ပေး​ထား​တယ်” ဆို​ပြီး ဝိုင်း​အ​သနား​ခံ​ပေး​ကြ​တယ်။ ၆  ယေရှု​လည်း သူတို့​နဲ့​အတူ လိုက်​သွား​တယ်။ တပ်​မှူး​အိမ်​နဲ့ မလှမ်း​မကမ်း​ကို ရောက်​တဲ့​အခါ တပ်​မှူး​က သူ့​မိတ်ဆွေ​တွေ​ကို လွှတ်​ပြီး “ဆ​ရာ၊ ဒုက္ခ​မခံ​ပါ​နဲ့​တော့။ ဆရာ့​ကို အိမ်​ထဲ​ဖိတ်​ဖို့ ကျွန်​တော် မထိုက်​တန်​ပါ​ဘူး။+ ၇  ဆ​ရာ့​ကို လာ​တွေ့​ဖို့​လည်း မထိုက်​တန်​ဘူး​လို့ ထင်​ပါ​တယ်။ ဒါ​ကြောင့် ပျောက်​စေ​လို့ ဆ​ရာ​ပြော​လိုက်​ရုံ​နဲ့ ကျွန်​တော့်​ကျွန်​က ရော​ဂါ​ပျောက်​သွား​မှာ​ပါ။ ၈  ဘာ​ကြောင့်​လဲ​ဆို​တော့ ကျွန်​တော့်​မှာ​လည်း အထက်​လူ​ကြီး​ရှိ​သလို လက်​အောက်​တပ်​သား​တွေ ရှိ​ပါ​တယ်။ တပ်​သား​တစ်​ယောက်​ကို ‘သွား’ လို့​အမိန့်​ပေး​ရင် သွား​တယ်။ နောက်​တစ်​ယောက်​ကို ‘လာ’ ဆို​ရင် လာ​တယ်။ ကျွန်​ကို​လည်း ‘ဒါ​လုပ်’ လို့​ခိုင်း​ရင် ခိုင်း​တဲ့​အတိုင်း လုပ်​ပါ​တယ်” လို့​ပြော​ခိုင်း​လိုက်​တယ်။ ၉  ဒီ​စကား​ကို ကြား​တဲ့​အခါ ယေရှု အံ့​သြပြီး နောက်​မှာ​ပါ​လာ​တဲ့​သူ​တွေ​ကို လှည့်​ကြည့်​ရင်း “ကျွန်​တော်​ပြော​မယ်။ ဒီ​လောက်​ထိ ယုံ​ကြည်​ခြင်း​ခိုင်​ခံ့​တဲ့​သူ​ကို အစ္စရေးတွေ​ထဲ​မှာ​တောင် မတွေ့​ဖူး​ဘူး” လို့​ပြော​တယ်။+ ၁၀  တပ်​မှူး​လွှတ်​လိုက်​တဲ့​သူ​တွေ အိမ်​ပြန်​ရောက်​တဲ့​အခါ တပ်​မှူး​ရဲ့​ကျွန် ပြန်​နေ​ကောင်း​သွား​တာ​ကို တွေ့​ရ​တယ်။+ ၁၁  သိပ်​မကြာ​ခင်​မှာ ယေရှု​က​ နာအိ​န​လို့​ခေါ်​တဲ့ မြို့​တစ်​မြို့​ကို​ထွက်​သွား​တယ်။ တ​ပည့်တွေရော လူ​တွေ​ပါ အုပ်​လိုက်​ကြီး လိုက်​ပါ​လာ​တယ်။ ၁၂  မြို့​တံခါး​နား​ကို ရောက်​တဲ့​အခါ မုဆိုး​မရဲ့ တစ်​ဦး​တည်း​သော​သား​ကို+ သင်္ဂြိုဟ်​ဖို့ ထမ်း​လာ​တဲ့​လူ​တွေ​နဲ့ ဆုံတယ်။ မု​ဆိုး​မနဲ့​အတူ မြို့​သူ​မြို့​သား​တွေ လိုက်​ပါ​လာ​တယ်။ ၁၃  ယေရှု​က မု​ဆိုး​မကို​မြင်​တဲ့​အခါ သနား​စိတ်​ယိုဖိတ်​လာ​ပြီး+ “မငို​ပါ​နဲ့​တော့” လို့​ပြော​တယ်။+ ၁၄  အဲဒီ​နောက် ရှေ့​တိုး​သွား​ပြီး​ အ​လောင်း​စင်​ကို ကိုင်​တဲ့​အခါ အလောင်း​စင်​ထမ်း​သူ​တွေ ရပ်​လိုက်​တယ်။ ယေရှု​က “လူ​လေး၊ ကျွန်​တော်​ပြော​မယ်။ ထ​ပါ” လို့​ ပြော​တဲ့​အခါ၊+ ၁၅  သေတဲ့​လူ​က ထိုင်ပြီး​စကား​ပြော​တော့​တယ်။ ဒါ​နဲ့ ယေရှု​က သူ့​ကို မိခင်​ဆီ အပ်​လိုက်​တယ်။+ ၁၆  လူ​အား​လုံး​ ကြောက်​သွား​ပြီး “ငါ​တို့​ဆီ​မှာ ကြီးမြတ်​တဲ့​ပရော​ဖက် ပေါ်​ထွန်း​ပြီ၊”+ “ဘုရား​သခင်​က သူ့​လူမျိုး​ကို သတိ​ရ​ပြီ”+ ဆို​ပြီး ဘုရား​သခင်​ကို ဂုဏ်​တင်​ချီး​မွမ်း​ကြ​တယ်။ ၁၇  အဲဒီ​သတင်း​ဟာ​ ယုဒပြည်​တစ်​ဝန်း​လုံး​နဲ့ ပတ်​ဝန်း​ကျင်​အရပ်ရပ်​ကို ပျံ့​နှံ့​သွား​တယ်။ ၁၈  ယောဟန်​ရဲ့​တ​ပည့်တွေ​က ယောဟန်​ကို အကြောင်း​စုံ ပြန်​ပြော​ပြတယ်။+ ၁၉  ဒါ​နဲ့ ယောဟန်​က တ​ပည့်​နှစ်​ယောက်​ကို ယေရှု​ဆီ လွှတ်​ပြီး “ခင်​ဗျား​ဟာ ကျွန်​တော်​တို့ စောင့်​မျှော်​နေ​တဲ့​သူ​လား၊+ နောက်​တစ်​ယောက်​ကို စောင့်​မျှော်ရ​မှာ​လား” လို့​မေး​ခိုင်း​လိုက်​တယ်။ ၂၀  သူတို့​က ယေရှု​ဆီ​ရောက်​လာ​ပြီး “နှစ်ခြင်း​ပေး​သူ ယောဟန်​က ‘ခင်​ဗျား​ဟာ ကျွန်​တော်​တို့ စောင့်​မျှော်​နေ​တဲ့သူ​လား ဒါ​မှ​မဟုတ် နောက်​တစ်​ယောက်​ကို စောင့်​မျှော်ရ​မှာ​လား’ ဆို​ပြီး မေး​ခိုင်း​လိုက်​ပါ​တယ်” လို့​ပြော​တယ်။ ၂၁  အဲဒီ​အချိန်​မှာ ယေရှု​က ရော​ဂါ​အမျိုး​မျိုး စွဲ​ကပ်​သူ၊ နတ်​ဆိုး​ပူး​သူ အမြောက်​အမြား​ကို ကု​သပေး​ပြီး မျက်​မမြင်​များ​စွာ​ကို​လည်း ပြန်​မြင်​အောင် လုပ်​ပေး​နေ​တယ်။+ ၂၂  ဒါ​ကြောင့် ယေရှု​က “ခင်​ဗျား​တို့​မြင်​ရ၊ ကြား​ရ​တဲ့ ဒီ​သတင်း​အားလုံး ယောဟန်​ကို ပြန်​ပြော​ပြလိုက်​ပါ။ မျက်​မမြင်​တွေ ပြန်​မြင်​လာ​ပြီ။+ ခြေ​မသန်​သူ​တွေ လမ်း​လျှောက်​နိုင်​ပြီ။ အနာ​ကြီး​ရော​ဂါသ​ည်​တွေ ပြန်​ကောင်း​လာ​ပြီ။ နား​မကြား​သူ​တွေ ကြား​ရ​ပြီ။+ သေလွန်​သူ​တွေ အသက်​ပြန်​ရှင်​လာ​ပြီ။ ဆင်း​ရဲ​သား​တွေ သတင်း​ကောင်း ကြား​ရ​ပြီ။+ ၂၃  ကျွန်​တော့်​ကို သံ​သယ​ဝင်​စ​ရာ​အကြောင်း မရှိ​တဲ့​သူ​ဟာ* ပျော်​ရွှင်​ချမ်း​မြေ့လိမ့်​မယ်”+ ဆို​ပြီး​ဖြေတယ်။ ၂၄  ယောဟန်​ရဲ့​တ​ပည့်တွေ ပြန်​သွား​တဲ့​အခါ ယေရှု​က ယောဟန်​နဲ့​ပတ်​သက်​ပြီး လူ​အုပ်​ကို ပြော​တယ်– “ခင်​ဗျား​တို့ တော​ထဲ​မှာ ဘယ်​သူ့​ကို သွား​ကြည့်​ကြ​တာ​လဲ။ လေ​တိုက်​ရာ ယိမ်း​တတ်​တဲ့ ကျူ​ပင်​လို လူ​စား​မျိုး​ကို​လား။ မဟုတ်​ဘူး။+ ၂၅  ဒါ​ဆို​ရင် ဘယ်​သူ့​ကို သွား​ကြည့်​တာ​လဲ။ နူး​ညံ့​တဲ့​ဝတ်​ရုံ ဝတ်​ဆင်​ထား​သူ​ကို​လား။+ မဟုတ်​ဘူး။ အဲဒီ​လို ခမ်း​ခမ်း​နား​နား​ဝတ်​ပြီး ဇိမ်​နဲ့​နေ​တဲ့​သူ​တွေ​ဟာ နန်း​တော်​ထဲ​မှာ​ပဲ နေ​ကြ​တာ။ ၂၆  ဒါ​ဆို​ရင် ဘယ်​သူ့​ကို သွား​ကြည့်​တာ​လဲ။ ပရော​ဖက်​ကို​လား။ ဟုတ်​တာ​ပေါ့။ ကျွန်​တော်​ပြော​မယ်။ သူ​ဟာ ပရော​ဖက်​ပဲ။ ပရော​ဖက်​တွေ​ထက်​တောင် ကြီးမြတ်​တယ်။+ ၂၇  ဒါ​ကြောင့် ‘ငါ့​စေ​တ​မန်​ကို မင်း​ရှေ့​မှာ စေ​လွှတ်​မယ်။ သူ​က မင်း​သွား​မယ့်​လမ်း​ကို ရှေ့​က​နေ အသင့်​ပြင်​ပေး​မယ်’ ဆို​ပြီး ရေး​ထား​တာ သူ့​အကြောင်း​ပဲ။+ ၂၈  ကျွန်​တော်​ပြော​မယ်။ အသက်​ရှင်​ခဲ့​သမျှ လူ​တွေ​ထဲ​မှာ ယောဟန်​ထက် ကြီးမြတ်​တဲ့​သူ မရှိ​ဘူး။ ဒါ​ပေမဲ့ ဘုရား​သခင့်​နိုင်​ငံ​တော်​မှာ အ​ဆင့်​နိမ့်​တဲ့​သူ​ဟာ ယောဟန်​ထက် ကြီးမြတ်​တယ်။”+ ၂၉  (ဒါ​ကို​ကြား​တဲ့​အခါ အခွန်​ခံ​တွေ​နဲ့ လူ​အားလုံး​က ယောဟန်​ဆီ​မှာ နှစ်ခြင်း​ခံ​ထား​တဲ့​အတွက် ဘုရား​သခင်​ဟာ ဖြောင့်​မတ်​တယ်​ဆို​ပြီး အသိ​အမှတ်​ ပြု​ကြ​တယ်။+ ၃၀  ဒါ​ပေမဲ့ ဖာ​ရိ​ရှဲ​နဲ့ ပညတ်​ကျမ်း​ နှံ့​စပ်​သူ​တွေ​က ယောဟန်​ဆီ​မှာ နှစ်ခြင်း​မခံ​ထား​တဲ့​အတွက် သူတို့​နဲ့​ပတ်သက်ပြီး ဘု​ရား​သ​ခင် ရည်​ရွယ်​ထား​တာ​တွေ​ကို အလေး​ မထား​ကြ​ဘူး။)+ ၃၁  “ဒါ​ကြောင့် ဒီ​လူမျိုး​ဆက်​ကို ဘယ်​သူ​နဲ့ နှိုင်း​ရ​မလဲ။ သူတို့​ဟာ ဘယ်​သူ​နဲ့ တူ​သလဲ။+ ၃၂  စျေး​ထဲ​မှာ​ထိုင်​ပြီး ‘ငါ​တို့ ပလွေ​မှုတ်​တော့​လည်း နင်​တို့ မက​ကြ​ဘူး။ ငါ​တို့ ငို​ချင်း​ချ​တော့​လည်း နင်​တို့ မငို​ကြ​ဘူး’ လို့ အချင်း​ချင်း အော်​ပြော​နေ​တဲ့ က​လေး​တွေ​နဲ့ တူ​တယ်။ ၃၃  အများ​တ​ကာ​လို မသောက်​မစား​တတ်​တဲ့ နှစ်ခြင်း​ပေး​သူ ယောဟန် ရောက်​လာ​တော့+ ‘ဒီ​လူ နတ်​ဆိုး​ပူး​နေတာ​ပဲ’ လို့ ခင်​ဗျား​တို့​ ပြော​တယ်။ ၃၄  အ​များ​တ​ကာ​လို စား​သောက်​တဲ့ လူ​သား​ရောက်​လာ​တော့ ‘အခွန်​ခံ​တွေ၊ အပြစ်​သား​တွေ​နဲ့ မိတ်​ဖွဲ့​သူ၊ စား​ကြူး​သောက်​ကြူး​သူ’+ လို့ ပြော​ကြ​ပြန်​တယ်။ ၃၅  ဘာ​ပဲ​ပြော​ပြော၊ ဉာဏ်​ပညာ​ဟာ ဖြောင့်​မတ်​တယ်​ဆို​တာ​ကို လုပ်​ရပ်တွေ​နဲ့* သက်​သေပြလိမ့်​မယ်။”+ ၃၆  ဖာ​ရိ​ရှဲ​တစ်​ယောက်​က အတူ​စား​သောက်​ဖို့ ဖိတ်​ခေါ်​တဲ့​အတွက် ယေရှု​လည်း သူ့​အိမ်​ထဲ​ဝင်​ပြီး စား​ပွဲ​မှာ ထိုင်​တယ်။ ၃၇  အပြစ်​များ​သူ​အဖြစ် သိ​ထား​ကြ​တဲ့ အမျိုး​သမီး​တစ်​ယောက်​က အဲဒီ​အိမ်​မှာ ယေရှု စား​သောက်​နေ​မှန်း သိ​သွား​တဲ့​အခါ ဆီ​မွှေး​ထည့်​ထား​တဲ့ ကျောက်​ဖြူ​ဘူး​ကို ယူ​လာ​တယ်။+ ၃၈  အဲဒီ​နောက် ယေရှု​ရဲ့ ခြေ​ရင်း​နား​မှာ ဒူး​ထောက်​ပြီး တ​ရှုံ့​ရှုံ့ ငို​နေ​တယ်။ ယေရှု​ရဲ့​ခြေ​ထောက်​မှာ မျက်​ရည်​စို​သွား​တော့ ဆံ​ပင်​နဲ့​သုတ်​ပေး​တယ်။ ခြေ​ထောက်​ကို နမ်း​ပြီး ဆီ​မွှေး​လောင်း​တယ်။ ၃၉  ယေရှု​ကို​ဖိတ်​ခေါ်​တဲ့ ဖာရိ​ရှဲ​က ဒါ​ကို​မြင်​တဲ့​အခါ “ဒီ​လူ​သာ ပရော​ဖက်​မှန်​ရင် သူ့​ခြေ​ထောက်​ကို​ကိုင်​တဲ့​ မိန်းမ​ဟာ ဘယ်​သူ​လဲ​ဆို​တာ သိ​မှာ​ပဲ။ သူ​ဟာ အပြစ်​များ​တဲ့​သူ​ဖြစ်​မှန်း ဒီ​လူ မသိ​ဘူး​လား’ ဆို​ပြီး တွေး​နေ​တယ်။+ ၄၀  ဒါ​ကြောင့် ယေရှု​က “ရှိ​မုန်၊ ခင်ဗျား​ကို ကျွန်​တော် ပြော​စ​ရာ​တစ်​ခု ရှိ​တယ်” ဆို​တော့ “ပြော​ပါ၊ ဆ​ရာ” လို့ သူ​ဖြေတယ်။ ၄၁  “ကြွေး​ရှင်​တစ်​ယောက်​ဆီ​မှာ အကြွေး​ တင်​နေ​တဲ့ လူ​နှစ်​ယောက်​ရှိ​တယ်။ တစ်​ယောက်​က ဒေ​နာ​ရိ* ၅၀၀၊ နောက်​တစ်​ယောက်​က ၅၀ အကြွေး​တင်​နေ​တယ်။ ၄၂  သူတို့​မှာ ကြွေး​ဆပ်​စရာ​မရှိ​တော့ ကြွေး​ရှင်​က သူတို့​နှစ်​ယောက်​ရဲ့​အကြွေး​ကို တစ်​ပြား​မကျန် လျှော်​ပစ်​လိုက်​တယ်။ ဒါ​ဆို​ရင် ဘယ်​တစ်​ယောက်​က ကြွေး​ရှင်​ကို ပို​ပြီး​မေတ္တာ​ပြမလဲ’ လို့​မေး​တော့၊ ၄၃  ရှိမုန်​က “အကြွေး​ပို​များ​တဲ့​သူ​က ပို​ပြီး​မေတ္တာ​ပြမယ်​လို့ ကျွန်​တော်​ထင်​တယ်” လို့​ဖြေတယ်။ ယေရှု​က “ခင်​ဗျား​ထင်​တာ မှန်​တယ်” လို့​ပြော​တယ်။ ၄၄  အဲဒီ​နောက် အမျိုး​သမီး​ဘက် လှည့်​ကြည့်​ပြီး ရှိ​မုန်​ကို “ဒီ​အမျိုး​သမီး​ကို ခင်​ဗျား​မြင်​တယ် မဟုတ်​လား။ ခင်​ဗျား​က အိမ်​ထဲ​ဝင်​လာ​တဲ့ ကျွန်​တော့်​ကို ခြေ​ဆေး​ဖို့ ရေ​မပေး​ဘူး။ သူ​က​တော့ ကျွန်​တော့်​ခြေ​ကို မျက်​ရည်​နဲ့​ဆေး​ပြီး ဆံ​ပင်​နဲ့ သုတ်​ပေး​လိုက်​ပြီ။ ၄၅  ခင်​ဗျား​က ကျွန်​တော့်​ကို နမ်း​ပြီး မကြို​ဆို​ဘူး။ သူ​က​တော့ ဒီ​အိမ်​ထဲ ကျွန်​တော် ရောက်​က​တည်း​က ကျွန်​တော့်​ခြေ​ကို နမ်း​နေ​လိုက်​တာ။ ၄၆  ခင်​ဗျား​က ကျွန်​တော့်​ခေါင်း​ကို ဆီ​မလောင်း​ပေး​ဘူး။ သူ​က​တော့ ကျွန်​တော့်​ခြေ​ကို ဆီ​မွှေး​လောင်း​ပေး​ပြီ။ ၄၇  ဒါ​ကြောင့် ကျွန်​တော်​ပြော​မယ်။ သူ​ဟာ အပြစ်​များ​လှ​ပေမဲ့ ခွင့်​လွှတ်​ခံ​ရ​ပြီ။+ ဒီ​တော့ သူ​က မေတ္တာ​အများ​ကြီး ပြပြီပေါ့။ နည်း​နည်း​ပဲ ခွင့်​လွှတ်​ခံ​ရ​သူ​က​တော့ နည်း​နည်း​ပဲ မေတ္တာ​ပြတတ်​တယ်” လို့​ပြော​တယ်။ ၄၈  အဲဒီ​နောက် “ခင်​ဗျားရဲ့ အပြစ်​တွေ​ကို ခွင့်​လွှတ်​လိုက်​ပြီ”+ လို့ အမျိုး​သမီး​ကို ပြော​လိုက်​တယ်။ ၄၉  အတူ​စား​သောက်​နေ​သူ​တွေ​က “အပြစ်​တွေ​ကို​တောင် ခွင့်​လွှတ်​တယ်​ဆို​တော့ ဒီ​လူ​ဟာ ဘယ်​သူ​ပါ​လိမ့်” ဆို​ပြီး အချင်း​ချင်း ပြော​ကြ​တယ်။+ ၅၀  ယေ​ရှု​က အမျိုး​သမီး​ကို “ခင်​ဗျားရဲ့​ယုံ​ကြည်​ခြင်း​က ခင်​ဗျား​ကို ကယ်​တင်​လိုက်​ပြီ။+ စိတ်​အေး​လက်​အေး​သာ သွား​ပါ” လို့​ပြော​တယ်။

အောက်ခြေမှတ်ချက်များ

မူ​ရင်း၊ “ကျွန်​တော့်​ကြောင့် တိုက်​လဲ​စ​ရာ​အကြောင်း မရှိ​သူ​ဟာ။”
မူ​ရင်း၊ “သား​သမီး​နဲ့။”