လုကာ ၃:၁-၃၈

  • ယောဟန်​ရဲ့​လုပ်ငန်း စတင် (၁၊ ၂)

  • နှစ်ခြင်း​အကြောင်း ယောဟန်​ဟော​ပြော (၃-၂၀)

  • ယေရှု နှစ်ခြင်း​ခံ (၂၁၊ ၂၂)

  • ယေရှု​ခ​ရစ်ရဲ့ ဆွေ​စဉ်​မျိုး​ဆက်​စာ​ရင်း (၂၃-၃၈)

 ဆီဇာ* တိ​ဗေ​ရိ နန်း​စံ ၁၅ နှစ်​မှာ ပုန္တိ​ပိလတ်​က ယုဒ​ပြည်​ရဲ့​ဘု​ရင်​ခံ၊ ဟေရုဒ်​က+ ဂါ​လိ​လဲ​နယ်​စား​မင်း၊ ဟေရုဒ်​ရဲ့​အစ်​ကို ဖိ​လိပ္ပု​က အိ​တု​ရဲ​နဲ့ တရာ​ခေါ​နိတ် နယ်​စား​မင်း၊ လု​သာ​နိ​က အဘိ​လင်​ နယ်စား​မင်း၊ ၂  အန္နတ်​က ပုရော​ဟိတ်​ကြီး၊ ကယာဖက+ ပု​ရော​ဟိတ်​မင်း​ဖြစ်​တယ်။ အဲဒီ​အချိန်​မှာ တော​မှာ​ရှိ​တဲ့+ ဇာ​ခ​ရိရဲ့​သား ယောဟန်​ဆီ ဘုရား​သခင်​ရဲ့​မိန့်မှာ​ချက် ရောက်​လာ​တယ်။+ ၃  ဒါ​ကြောင့် ယောဟန်​က နောင်​တ​ရ​တဲ့ အထိမ်း​အမှတ်​အဖြစ် နှစ်ခြင်း​ယူ​ကြ​ပါ၊ ဒါ​မှ အပြစ် ခွင့်​လွှတ်​ခံ​ရ​လိမ့်​မယ်​ဆို​ပြီး ဂျော်​ဒန်​မြစ်​ဝှမ်း​တစ်​လျှောက် လှည့်​လည်​ဟော​ပြော​တယ်။+ ၄  သူ​နဲ့​ပတ်​သက်​ပြီး ပရော​ဖက်​ဟေရှာယ​ကျမ်း​မှာ “‘ယေဟောဝါ* ဘု​ရားရဲ့ လမ်း​ကို အသင့်​ပြင်​ကြ။ လမ်း​တွေ ဖြောင့်​ဖြူး​အောင်​ လုပ်​ကြ’ ဆို​ပြီး တော​ထဲ​မှာ လူ​တစ်​ယောက် ကြွေး​ကြော်​နေ​တယ်။+ ၅  ချိုင့်​ဝှမ်း​တွေ​ကို မြေဖို့​ပြီး တောင်​တန်း​တောင်​ကုန်း​တွေ​ကို ဖြို​ရ​မယ်။ ကောက်​တဲ့​လမ်း​တွေ​ကို ဖြောင့်​ဖြူး​စေ​ပြီး လမ်း​ကြမ်း​တွေ​ကို ချော​မွေ့​စေ​ရ​မယ်။ ၆  ဘုရား​သခင် ဘယ်​လို ကယ်​တင်​မယ်​ဆို​တာ လူ​အားလုံး မြင်​ရ​လိမ့်​မယ်”+ လို့ရေး​ထား​တယ်။ ၇  ယောဟန်​က နှစ်ခြင်း​ခံ​ဖို့ ရောက်​လာ​တဲ့ လူ​အုပ်​ကို “မြွေဆိုး​အမျိုး​တို့၊ ရောက်​လာ​တော့​မယ့် အမျက်​တော်​က​နေ လွတ်​အောင်​ပြေး​ဖို့ ခင်​ဗျား​တို့​ကို ဘယ်​သူ သတိ​ပေး​လိုက်​ပါ​လိမ့်။+ ၈  တ​ကယ်​နောင်​တ​ရ​တယ်​ဆို​ရင် လုပ်​ရပ်​နဲ့ သက်​သေပြကြ။ ‘ငါ​တို့​ဟာ အာဗြဟံ​ရဲ့​သား​မြေး​တွေ’ ဆို​ပြီး ထင်​မနေ​ကြ​နဲ့။ ဒီ​မှာ ကျွန်​တော်​ပြော​မယ်၊ ဘုရား​သခင်​က ဒီ​ကျောက်​ခဲ​တွေ​ကို​တောင် အာဗြဟံ​ရဲ့ သား​မြေး​တွေ​ဖြစ်​အောင် လုပ်​နိုင်​တယ်။ ၉  ပု​ဆိန်​က သစ်​ပင်​ရင်း​မှာ ရှိ​နေ​တယ်။ အသီး​ကောင်း မသီး​တဲ့​အပင် ရှိ​သမျှ​ဟာ​ခုတ်​လှဲ​ပြီး မီး​ထဲ​ပစ်​ချ​ခံ​ရ​မယ်”+ လို့​ပြော​တယ်။ ၁၀  လူ​တွေ​က “ဒါ​ဆို​ရင် ကျွန်​တော်​တို့ ဘာ​လုပ်​ရ​မလဲ” လို့​မေး​တဲ့​အခါ၊ ၁၁  “အင်္ကျီ​နှစ်​ထည်​ရှိ​တဲ့​သူ​က မရှိ​တဲ့​သူ​ကို ဝေ​မျှ​ပေး​လိုက်​ပါ။ စား​စ​ရာ​ရှိ​တဲ့​သူ​က​လည်း မရှိ​တဲ့​သူ​ကို ဝေ​မျှ​ပေး​ပါ”+ ဆို​ပြီး ယောဟန်​ဖြေတယ်။ ၁၂  အခွန်​ခံ​တွေ​တောင် နှစ်ခြင်း​ခံ​ဖို့ ရောက်​လာ​ပြီး+ “ဆ​ရာ၊ ကျွန်​တော်​တို့ ဘာ​လုပ်​ရ​မလဲ” လို့​မေး​တော့၊ ၁၃  ယောဟန်​က​ “အ​ခွန်​ကို သတ်​မှတ်​နှုန်း​ထက် ပို​မ​ကောက်​ကြ​ပါ​နဲ့”+ လို့​ဖြေတယ်။ ၁၄  စစ်​မှု​ထမ်း​တွေ​က​လည်း “ကျွန်​တော်​တို့​ကော ဘာ​လုပ်​ရ​မလဲ” လို့​မေး​တဲ့​အခါ “လူ​တွေ​ကို ငွေ​မညှစ်​ပါ​နဲ့။ မတ​ရား မစွပ်​စွဲ​ပါ​နဲ့။+ ရ​တဲ့​လ​စာ​နဲ့ ရောင့်ရဲ​ကြ​ပါ” လို့​ဖြေတယ်။ ၁၅  လူ​တွေ​က ခ​ရစ်​တော်​ကို မျှော်​လင့်​နေ​တဲ့​အတွက် ယောဟန်​ကို “သူ​ဟာ ခ​ရစ်​တော်​များ​လား” ဆို​ပြီး စဉ်း​စား​နေ​ကြ​တယ်။+ ၁၆  ယောဟန်​က “ကျွန်​တော်​က ခင်​ဗျား​တို့​ကို ရေ​နဲ့​ နှစ်ခြင်း​ပေး​တယ်။ ဒါ​ပေမဲ့ ကျွန်​တော့်​ထက် ကြီးမြတ်​တဲ့​သူ ရောက်​လာ​တော့​မယ်။ သူ့​ဖိ​နပ်​ကြိုး​ကို ဖြေပေး​ဖို့​တောင် ကျွန်​တော် မထိုက်​တန်​ဘူး။+ သူ​က ခင်ဗျား​တို့​ကို သန့်​ရှင်း​သော စွမ်းအား​တော်​နဲ့​ရော မီး​နဲ့​ပါ နှစ်ခြင်း​ပေး​လိမ့်​မယ်။+ ၁၇  စ​ပါး​လှေ့​တဲ့ ဂေါ်​ပြား​ကို သူ​ကိုင်​နေ​ပြီ။ ကောက်​နယ်​တ​လင်း​ကို ပြောင်​အောင် ရှင်း​တော့​မယ်။ ဂျုံ​စ​ပါး​တွေ​ကို ကျီ​ထဲ​စု​သိမ်း​ပြီး အဖျင်း​တွေ​ကို​တော့ မငြိမ်း​နိုင်​တဲ့​မီး​နဲ့ ရှို့​လိမ့်​မယ်” လို့​ပြော​တယ်။ ၁၈  ယောဟန်​က လူ​တွေ​ကို အမျိုး​မျိုး​အား​ပေး​ပြီး သတင်း​ကောင်း ဆက်​ဟော​ပြော​တယ်။ ၁၉  နယ်​စား​မင်း ဟေ​ရုဒ်​ကို​တော့ အစ်​ကို့​ဇနီး ဟေ​ရော​ဒိ​ကို သိမ်း​ပိုက်​တဲ့​အတွက်၊ ဆိုး​သွမ်း​တဲ့​လုပ်​ရပ်တွေ​အတွက် ပြစ်​တင်​ဆုံးမ​တယ်။ ၂၀  အဲဒီ​အခါ ဟေ​ရုဒ်​က ယောဟန်​ကို ထောင်​ချ​လိုက်​တယ်။+ ဒါ​ဟာ အဆုံး​ရွား​ဆုံး​အပြစ်​ကို ကျူး​လွန်​လိုက်​တာ​ပဲ။ ၂၁  လူ​တွေ နှစ်ခြင်း​ခံ​တဲ့​အခါ ယေရှု​လည်း နှစ်ခြင်း​ခံ​တယ်။+ သူ​ဆုတောင်း​နေ​ချိန်​မှာ ကောင်း​ကင်​ပွင့်​လာ​ပြီး၊+ ၂၂  သန့်​ရှင်း​သော စွမ်းအား​တော်​က ချိုး​ငှက်​သဏ္ဌာန်​နဲ့ သူ့​အပေါ် ဆင်း​သက်​လာ​တယ်။ ပြီး​တော့ “မင်း​ဟာ ငါမြတ်​နိုး​တဲ့ ငါ့​ရဲ့​ချစ်​သား​ပဲ” ဆို​တဲ့​အသံ ကောင်း​ကင်​က​နေ ထွက်​လာ​တယ်။+ ၂၃  ယေရှု​က+ အသက် ၃၀ အရွယ်​မှာ+ လူ​တွေ​ကို စ​ပြီး​သွန်သင်​တယ်။ လူ​တွေရဲ့​အမြင်​မှာယေရှု​က ယော​သပ်​ရဲ့​သား၊+ ယော​သပ်​က ဟေ​လိရဲ့​သား၊ ၂၄  ဟေ​လိ​က မဿတ်ရဲ့​သား၊မဿတ်​က လေ​ဝိရဲ့​သား၊လေ​ဝိက မေလ​ခိရဲ့​သား၊မေလ​ခိ​က ယ​န္နရဲ့​သား၊ယ​န္န​က ယော​သပ်​ရဲ့​သား၊ ၂၅  ယော​သပ်​က မတ္တ​သိ​ရဲ့​သား၊မတ္တ​သိ​က အာမုတ်​ရဲ့​သား၊အာမုတ်​က နာဟုံ​ရဲ့​သား၊နာဟုံ​က ဧ​သလိရဲ့​သား၊ဧ​သလိ​က န​ဂဲရဲ့​သား၊ ၂၆  န​ဂဲ​က မာ​အတ်​ရဲ့​သား၊မာ​အတ်​က မတ္တ​သိ​ရဲ့​သား၊မတ္တ​သိ​က ရှေ​မိန်​ရဲ့​သား၊ရှေ​မိန်​က ယော​သက်​ရဲ့​သား၊ယော​သက်​က ယော​ဒ​ရဲ့​သား၊ ၂၇  ယော​ဒ​က ယော​အာ​နန်​ရဲ့​သား၊ယော​အာ​နန်​က ရေ​သရဲ့​သား၊ရေ​သက ဇေ​ရု​ဗ​ဗေ​လ​ရဲ့​သား၊+ဇေ​ရု​ဗ​ဗေ​လ​က ရှာ​လ​သေလ​ရဲ့​သား၊+ရှာ​လ​သေလ​က နေ​ရိရဲ့​သား၊ ၂၈  နေ​ရိ​က မေလ​ခိရဲ့​သား၊မေလ​ခိ​က အာ​ဒိ​ရဲ့​သား၊အာ​ဒိ​က ကော​သံ​ရဲ့​သား၊ကော​သံ​က ဧ​လ​မော​ဒံ​ရဲ့​သား၊ဧ​လ​မော​ဒံ​က ဧ​ရရဲ့​သား၊ ၂၉  ဧ​ရ​က ယေရှု​ရဲ့​သား၊ယေရှု​က ဧ​လျာ​ဇာ​ရဲ့​သား၊ဧ​လျာ​ဇာ​က ယော​ရိမ်ရဲ့​သား၊ယော​ရိမ်​က မဿတ်ရဲ့​သား၊မဿတ်​က လေ​ဝိရဲ့​သား၊ ၃၀  လေ​ဝိက ရှု​မောင်​ရဲ့​သား၊ရှု​မောင်​က ယုဒ​ရဲ့​သား၊ယုဒ​က ယော​သပ်​ရဲ့​သား၊ယော​သပ်​က ယော​နံ​ရဲ့​သား၊ယော​နံ​က ဧ​လျာ​ကိမ်ရဲ့​သား၊ ၃၁  ဧ​လျာ​ကိမ်​က မေလေ​ရဲ့​သား၊မေလေ​က မဲ​နာ​ရဲ့​သား၊မဲ​နာ​က မတ္တ​သရဲ့​သား၊မတ္တ​သက နာသန်​ရဲ့​သား၊+နာသန်​က ဒါဝိဒ်ရဲ့​သား၊+ ၃၂  ဒါဝိဒ်​က ယေ​ရှဲ​ရဲ့​သား၊+ယေ​ရှဲ​က သြဗက်ရဲ့​သား၊+သြဗက်​က ဗော​ဇ​ရဲ့​သား၊+ဗော​ဇ​က စာ​လ​မုန်​ရဲ့​သား၊+စာ​လ​မုန်​က နာ​ရှုန်ရဲ့​သား၊+ ၃၃  နာ​ရှုန်​က အမိ​န​ဒပ်ရဲ့​သား၊အမိ​န​ဒပ်​က အာ​ရ​နိ​ရဲ့​သား၊အာ​ရ​နိ​က ဟေ​ဇ​ရုံ​ရဲ့​သား၊ဟေ​ဇ​ရုံ​က ဖာ​ရက်ရဲ့​သား၊+ဖာ​ရက်​က ယုဒ​ရဲ့​သား၊+ ၃၄  ယုဒ​က ယာကုပ်​ရဲ့​သား၊+ယာကုပ်​က အိ​ဇက်​ရဲ့​သား၊+အိ​ဇက်​က အာဗြဟံ​ရဲ့​သား၊+အာဗြဟံ​က တေ​ရရဲ့​သား၊+တေ​ရ​က နာ​ခေါ်​ရဲ့​သား၊+ ၃၅  နာ​ခေါ်​က စေ​ရတ်ရဲ့​သား၊+စေ​ရတ်​က ရာ​ဂေါ​ရဲ့​သား၊+ရာ​ဂေါ​က ဖာ​လက်​ရဲ့​သား၊+ဖာ​လက်​က ဧ​ဗာ​ရဲ့​သား၊+ဧ​ဗာ​က ရှေ​လ​ရဲ့​သား၊+ ၃၆  ရှေ​လ​က ကာ​အိ​နန်​ရဲ့​သား၊ကာ​အိ​နန်​က အာ​ဖာ​ဇ​ဒ်ရဲ့​သား၊+အာ​ဖာ​ဇ​ဒ်​က ရှေ​မရဲ့​သား၊+ရှေ​မက နော​ဧ​ရဲ့​သား၊+နော​ဧ​က လာ​မက်​ရဲ့​သား၊+ ၃၇  လာ​မက်​က မသု​ရှ​လ​ရဲ့​သား၊+မသု​ရှ​လ​က ဧ​နောက်​ရဲ့​သား၊ဧ​နောက်​က ယာ​ရက်ရဲ့​သား၊+ယာ​ရက်​က မဟာ​လေ​လ​ရဲ့​သား၊+မဟာ​လေ​လ​က ကာ​အိ​နန်​ရဲ့​သား၊+ ၃၈  ကာ​အိ​နန်​က ဧ​နုတ်​ရဲ့​သား၊+ဧ​နုတ်​က ရှေ​သရဲ့​သား၊+ရှေ​သက အာ​ဒံ​ရဲ့​သား၊+အာ​ဒံ​က ဘုရား​သခင်​ရဲ့​သား ဖြစ်​တယ်။

အောက်ခြေမှတ်ချက်များ

ဒါ​မှ​မဟုတ်၊ “ရော​မဧ​က​ရာဇ်။”