မာကု ၆:၁-၅၆

  • ဇာတိ​မြို့​မှာ ယေရှု​ကို လက်မခံ​​ကြ (၁-၆)

  • တမန်​တော် ၁၂ ယောက်​ကို ဟော​ပြော​ခြင်း​လုပ်ငန်း​အတွက် ညွှန်​ကြား​ချက်​ပေး (၇-၁၃)

  • နှစ်ခြင်း​ပေး​သူ ယောဟန်​သေဆုံး (၁၄-၂၉)

  • လူ ၅,၀၀၀ ကို ယေရှု​ကျွေး​မွေး (၃၀-၄၄)

  • ယေရှု ရေ​ပေါ်​လမ်း​လျှောက် (၄၅-၅၂)

  • ဂင်​နေ​သရက်​အရပ်​မှာ ကု​သပေး (၅၃-၅၆)

 ယေရှု​က  အဲဒီ​အရပ်​က​ထွက်​ပြီး နေ​ရင်း​ဒေ​သကို သွား​တဲ့​အခါ+ တပည့်​တွေ လိုက်​သွား​ကြ​တယ်။ ၂  ဥ​ပုသ်​နေ့​ရောက်​တော့ တ​ရား​ဇ​ရပ်​မှာ သွန်သင်​ပေး​တယ်။ ကြား​နာ​သူ​အများ​စု​က တ​အံ့​တ​သြဖြစ်​ပြီး “ဒါ​တွေ​ကို သူ ဘယ်​က​ရ​တာ​လဲ။+ ဒီ​လို​ဉာဏ်​ပညာ​မျိုး၊ ဒီ​လို​အံ့​ဖွယ်​အမှု လုပ်​နိုင်​တဲ့​အစွမ်း​မျိုး​ကို ဘယ်​သူ​ပေး​တာ​လဲ။+ ၃  သူ​ဟာ လက်​သမား မဟုတ်​လား။+ မာ​ရိရဲ့​သား မဟုတ်​လား။+ ယာကုပ်၊+ ယော​သပ်၊ ယုဒ၊ ရှိ​မုန်​တို့​ရဲ့​အစ်​ကို မဟုတ်​လား။+ သူ့​နှ​မတွေ​လည်း ဒီ​မြို့​မှာ ရှိ​တာ​ပဲ” လို့​ပြော​ကြ​တယ်။ ယေရှု​ကို သူတို့ လက်မခံ​​ကြ​ဘူး။ ၄  ယေရှု​က “ပရော​ဖက်​ဟာ လူ​တွေရဲ့​လေး​စား​မှု​ကို ရ​တယ်။ ဒါ​ပေမဲ့ သူ့​နေ​ရင်း​ဒေ​သ၊ သူ့​အိမ်၊ သူ့​ဆွေ​မျိုး​သား​ချင်း​တွေ​ကြား​မှာ​တော့ လေး​စား​မခံ​ရ​ဘူး”+ လို့​ပြော​တယ်။ ၅  လူ​နာ​တ​ချို့​ကို​ပဲ လက်​တင်​ပြီး ကု​သပေး​တယ်။ အဲဒီ​မှာ အံ့​ဖွယ်​အမှု​တွေ လုပ်​ပြမနေ​တော့​ဘူး။ ၆  သူတို့​မှာ ယုံ​ကြည်​ခြင်း မရှိ​တဲ့​အတွက် အံ့​သြမိ​တယ်။ အဲဒီ​နောက် တစ်​ရွာ​ပြီး​တစ်​ရွာ သွား​ပြီး သွန်သင်​ပေး​တယ်။+ ၇  ယေရှု​က တမန်​တော် ၁၂ ယောက်​ကို နှစ်​ယောက်​တစ်​တွဲ​စီ တွဲ​ပေး​ပြီး စေ​လွှတ်​လိုက်​တယ်။+ နတ်​ဆိုး​တွေ​ကို နှင်​ထုတ်​နိုင်​တဲ့ တန်ခိုး​လည်း ပေး​တယ်။+ ၈  ပြီး​တော့ လမ်း​ခ​ရီး​အတွက် တောင်​ဝှေး​တစ်​ချောင်း​က​လွဲ​လို့ ဘာ​ကို​မှ မယူ​ခိုင်း​ဘူး။ မုန့်​နဲ့ ရိက္ခာ​အိတ်​ကို မဆောင်​သွား​ဖို့၊ ခါး​ပိုက်​ဆောင်​အိတ်​ထဲ ငွေ​မထည့်​သွား​ဖို့၊+ ၉  အင်္ကျီ​အပို ယူ​မသွား​ဖို့၊* ဖိ​နပ်​ကို​တော့ စီး​သွား​ဖို့ မှာ​တယ်။ ၁၀  ဒါ့​အပြင် “အိမ်​တစ်​အိမ်​ကို ဝင်​တဲ့​အခါ အဲဒီ​မြို့​က​နေ မထွက်​မချင်း အဲဒီ​အိမ်​မှာ​ပဲ တည်း​ခို​ပါ။+ ၁၁  ခင်​ဗျား​တို့​ကို လက်မခံ​​ဘူး၊ နား​မထောင်​ဘူး​ဆို​ရင် အဲဒီ​က​နေ ထွက်​ခွာ​တဲ့​အခါ သက်​သေအနေ​နဲ့ ခြေ​ထောက်​က​ဖုန်​တွေ​ကို ခါ​လိုက်​ပါ”+ လို့​လည်း မှာ​တယ်။ ၁၂  အဲဒီ​နောက် တ​ပည့်တွေ​က လူ​တွေ နောင်​တ​ရ​ဖို့ သွား​ဟော​ပြော​တယ်။+ ၁၃  နတ်​ဆိုး​တွေ​ကို နှင်​ထုတ်​ပေး​ကြ​တယ်။+ ဖျား​နာ​နေ​သူ​တွေ​ကို​လည်း ဆီ​လူး​ပြီး ကု​သပေး​ကြ​တယ်။ ၁၄  ယေရှု​အကြောင်း လူ​တ​ကာ ပြော​နေ​ကြ​တဲ့​အတွက် ဟေ​ရုဒ်​မင်း​နား​ထဲ ပေါက်​ကြား​သွား​တယ်။ လူ​တွေ​က “နှစ်ခြင်း​ပေး​သူ ယောဟန် သေရာ​က​နေ အသက်​ပြန်​ရှင်​လာ​ပြီ။ ဒါ​ကြောင့် ဒီ​လို​တန်ခိုး​တွေ ပြနိုင်​တာ” လို့​ပြော​ကြ​တယ်။+ ၁၅  “သူ​ဟာ ဧလိယ​ပဲ” လို့ ပြော​တဲ့​သူ​တွေ ရှိ​သလို “ရှေး​ပရော​ဖက် တစ်​ယောက်​ယောက် ဖြစ်​မယ်”+ လို့ ပြော​တဲ့​သူ​တွေ​လည်း ရှိ​တယ်။ ၁၆  ဒါ​ကို ဟေ​ရုဒ်​ကြား​တဲ့​အခါ “ငါ​ခေါင်း​ဖြတ်​လိုက်​တဲ့ ယောဟန် အသက်​ပြန်​ရှင်​လာ​ပြီ” လို့​ပြော​တယ်။ ၁၇  ဟေ​ရုဒ်​က အစ်​ကို​ဖိ​လိပ္ပုရဲ့​ဇနီး ဟေ​ရော​ဒိ​ကို သိမ်း​ယူ​ထား​တယ်။ ဟေ​ရော​ဒိ​ကြောင့် ယောဟန်​ကို လူ​လွှတ်​ဖမ်း​ခိုင်း​ပြီး ထောင်​ချ​ခဲ့​တာ။+ ၁၈  ယောဟန်​က “အစ်​ကို့​ဇနီး​ကို မင်း​ကြီး မသိမ်း​ယူ​သင့်​ဘူး” ဆို​ပြီး ပြော​ခဲ့​ဖူး​လို့​ပဲ။+ ၁၉  ဟေ​ရော​ဒိ​က ယောဟန်​ကို ရန်​ငြိုး​ထား​ပြီး သတ်​ချင်​နေ​ပေမဲ့ မသတ်​နိုင်​ဘူး။ ၂၀  ဟေ​ရုဒ်​က ယောဟန်​ဟာ ဖြောင့်​မတ်​သန့်​ရှင်း​သူ​ဖြစ်​မှန်း+ သိ​တဲ့​အတွက် သူ့​ကို ကြောက်​ရွံ့​ရို​သေပြီး ကာ​ကွယ်​ပေး​တယ်။ ယောဟန် ဟော​ပြော​တာ​တွေ​ကို​လည်း သဘော​ကျ​တယ်။ ဒါ​ကြောင့် သူ​ပြော​တာ​တွေ​ကို နား​ထောင်​တဲ့​အခါ​တိုင်း သူ့​ကို ဘယ်​လို​လုပ်​ရ​မှန်း​မသိ ဖြစ်​နေ​တယ်။ ၂၁  ဟေ​ရုဒ်ရဲ့​မွေး​နေ့+ ရောက်​လာ​တဲ့​အခါ ဟေ​ရော​ဒိ​အတွက် အခွင့်​ကောင်း ပေါ်​လာ​တယ်။ ဟေ​ရုဒ်​က အရာ​ရှိ​တွေ၊ တပ်​မှူး​တွေ၊ ဂါ​လိ​လဲ​နယ်​က အထင်​က​ရ​ပု​ဂ္ဂိုလ်တွေ​ကို စား​သောက်​ပွဲ တည်​ခင်း​ပေး​တယ်။+ ၂၂  ပွဲ​ခံ​နေ​ချိန်​မှာ ဟေ​ရော​ဒိ​ရဲ့​သမီး​က ဝင်​လာ​ပြီး က​ပြဖျော်​ဖြေတဲ့​အခါ ဟေ​ရုဒ်​မင်း​နဲ့ ဧည့်​သည်​တော်တွေ သဘော​ကျ​သွား​တယ်။ ဒါ​နဲ့ မင်း​ကြီး​က “မင်း​လို​ချင်​တာ ဘာ​မဆို ငါ​ပေး​မယ်” လို့​ပြော​ပြီး၊ ၂၃  “ဘာ​ပဲ​တောင်း​တောင်း နိုင်ငံတစ်​ဝက်​အထိ ငါ​ပေး​မယ်” လို့ အလေး​အနက် ကတိ​ပေး​လိုက်​တယ်။ ၂၄  မိန်း​က​လေး​က သူ့​အမေဆီ သွား​ပြီး “ဘာ​တောင်း​ရင်​ကောင်း​မလဲ” လို့​မေး​တော့ အမေ​က​ “နှစ်ခြင်း​ပေး​သူ ယောဟန်​ရဲ့​ခေါင်း​ကို တောင်း​လိုက်” လို့ ​ပြော​တယ်။ ၂၅  မိန်း​က​လေး​က မင်း​ကြီး​ဆီ ခပ်​သုတ်​သုတ် ဝင်​လာ​ပြီး “နှစ်ခြင်း​ပေး​သူ ယောဟန်​ရဲ့​ခေါင်း​ကို အခု​ပဲ လင်​ပန်း​ထဲ ထည့်​ပေး​စေ​ချင်​ပါ​တယ်” လို့​တောင်း​တယ်။+ ၂၆  အဲဒီ​အခါ မင်းကြီး​က သိပ်​ဝမ်း​နည်း​သွား​တယ်။ ဒါ​ပေမဲ့ ဧည့်​သည်​တွေ​ရှေ့​မှာ အလေး​အနက် ကတိ​ပေး​ပြီး​သား​ဖြစ်​နေ​လို့ မိန်း​က​လေး​တောင်း​တာ​ကို လိုက်​လျော​လိုက်​တယ်။ ၂၇  ကိုယ်​ရံ​တော်​တစ်​ယောက်​ကို ချက်​ချင်း​လွှတ်​ပြီး ယောဟန်​ရဲ့​ခေါင်း​ကို ယူ​လာ​ခိုင်း​တယ်။ ကိုယ်​ရံ​တော်​လည်း ထောင်​ထဲ​သွား​ပြီး ယောဟန်​ရဲ့​ခေါင်း​ကို ဖြတ်၊ ၂၈  လင်​ပန်း​ထဲ​ထည့်​ပြီး ယူ​လာ​တယ်။ မိန်း​က​လေး​ကို​ပေး​တော့ သူ​လည်း အမေ့​ဆီ ယူ​သွား​ပေး​တယ်။ ၂၉  ဒီ​သတင်း​ကို ယောဟန်​ရဲ့​တ​ပည့်တွေ ကြား​တဲ့​အခါ အလောင်း​ကို လာ​သယ်​သွား​ပြီး သင်္ချိုင်း​ဂူ​မှာ သင်္ဂြိုဟ်​လိုက်​တယ်။ ၃၀  တမန်​တော်တွေ ယေရှု​ဆီ စုရုံး​လာ​ပြီး သူတို့​လုပ်​ခဲ့​တာ​တွေ၊ သွန်သင်​ခဲ့တာ​တွေ​ကို ပြန်​ပြော​ပြတယ်။+ ၃၁  ယေရှု​က “လူ​သူ​မရှိ​တဲ့​နေ​ရာ​ဆီ သွား​ပြီး ခ​ဏ​တစ်​ဖြုတ် နား​ရ​အောင်”+ လို့​ပြော​တယ်။ ဘာ​ကြောင့်​လဲ​ဆို​တော့ သူတို့​ဆီ​လာ​တဲ့​သူ​တွေ များ​လွန်း​လို့ အနား​ယူ​ဖို့၊ အစာ​ စား​ဖို့​တောင် အချိန်​မရှိ​ဘူး။ ၃၂  ဒါ​နဲ့ လူ​သူ​မရှိ​တဲ့​နေ​ရာ​ဆီ လှေ​စီး​ပြီး ထွက်​သွား​ကြ​တယ်။+ ၃၃  သူတို့​ထွက်​သွား​တာ​ကို လူ​တွေ သိ​မြင်​တဲ့​အခါ ကိုယ့်​မြို့​ကိုယ့်​ရွာ​တွေ​က​နေ ခြေ​ကျင်​ပြေး​သွား​ပြီး ကြို​ရောက်​နှင့်​နေ​တယ်။ ၃၄  ယေရှု လှေ​ပေါ်​က​ဆင်း​တဲ့​အခါ ထိန်း​သူ​မရှိ​တဲ့+ သိုး​တွေ​လို ဖြစ်​နေ​တဲ့ လူ​အုပ်​ကြီး​ကို​မြင်​တော့ သနား​စိတ် ယို​ဖိတ်​လာ​ပြီး+ သူတို့​ကို အများ​ကြီး​သွန်​သင်​ပေး​တယ်။+ ၃၅  ည​နေ​စောင်း​တဲ့​အခါ တ​ပည့်တွေ​က ယေရှု​ဆီ လာ​ပြီး “ဒီ​နေ​ရာ​က​ လူ​သိပ်​ခေါင်​တယ်။ အချိန်​လည်း နှောင်း​လှ​ပြီ။+ ၃၆  လူ​တွေ​ကို ပြန်​လွှတ်​လိုက်​ပါ။ အနီး​အနား ကျေး​ရွာ​တွေ​မှာ စား​စ​ရာ​တစ်​ခု​ခု သွား​ဝယ်​ပါ​စေ”+ လို့​ ပြော​တယ်။ ၃၇  ယေရှု​က “သူတို့​ကို ခင်ဗျား​တို့ ကျွေး​လိုက်​ပါ” လို့​ ပြော​တော့ “ဒေ​နာ​ရိ* ၂၀၀ ဖိုး သွား​ဝယ်​ပြီး​ သူ​တို့​ကို ကျွေး​ရ​မှာ​လား”+ လို့​မေး​တယ်။ ၃၈  ယေရှု​က “ခင်​ဗျား​တို့​ဆီ​မှာ မုန့်​ဘယ်​နှစ်​လုံး ရှိ​သလဲ။ သွား​ကြည့်​ပါ​ဦး” ဆို​တော့ သူတို့ သွား​ကြည့်​ပြီး​တဲ့​နောက် “မုန့်​ငါး​လုံး​နဲ့ ငါး​နှစ်​ကောင် ရှိ​ပါ​တယ်” လို့​ဖြေတယ်။+ ၃၉  ဒါ​နဲ့ ယေရှု​က လူ​တွေ​ကို မြက်​ခင်း​ပေါ် အစု​လိုက် ထိုင်​ခိုင်း​တဲ့​အခါ၊+ ၄၀  လူ ၁၀၀ စီ၊ ၅၀ စီ အစု​လိုက် ထိုင်​ကြ​တယ်။ ၄၁  ယေရှု​က မုန့်​ငါး​လုံး​နဲ့ ငါး​နှစ်​ကောင်​ကို​ယူ၊ ကောင်း​ကင်​ကို မော့​ကြည့်​ပြီး ဆုတောင်း​တယ်။*+ အဲဒီ​နောက် မုန့်​ကို​ဖဲ့​ပြီး တပည့်​တွေ​ကို ပေး​တယ်။ တ​ပည့်တွေ​က လူ​တွေ​ကို ပြန်​ဝေ​ပေး​တယ်။ ငါး​နှစ်​ကောင်​ကို​လည်း ဖဲ့​ပြီး အားလုံး​ကို ဝေ​ပေး​တယ်။ ၄၂  လူ​တွေ​ အဝ​စား​ပြီး​တဲ့​နောက်၊ ၄၃  စား​ကြွင်း​စား​ကျန်​ကို လိုက်​ကောက်​တဲ့​အခါ မုန့်​ချည်း​ပဲ ၁၂ တောင်း​အပြည့် ရ​တယ်။ ငါး​တွေ​လည်း ကျန်​သေး​တယ်။+ ၄၄  စား​တဲ့​သူ​တွေ​ဟာ ယောက်ျား ၅,၀၀၀ ရှိ​တယ်။ ၄၅  အဲဒီ​နောက် ယေရှု​က ချက်​ချင်း​ပဲ တ​ပည့်တွေ​ကို တစ်​ဖက်​ကမ်း​က ဗက်ဇဲ​ဒ​မြို့​ဆီ လှေ​နဲ့ ကူး​နှင့်​ခိုင်း​တယ်။ လူ​အုပ်​ကို​လည်း ပြန်​လွှတ်​လိုက်​တယ်။+ ၄၆  လူ​အုပ်​ထွက်​သွား​တဲ့​အခါ ယေရှု​က ဆုတောင်း​ဖို့ တောင်​ပေါ်​တက်​သွား​တယ်။+ ၄၇  ည​နေ​စောင်း​တဲ့​အချိန်​မှာ လှေ​က အိုင်​အလယ်​ကို ရောက်​နေ​ပြီ။ ယေရှု​က​တော့ ကုန်း​ပေါ်​မှာ တစ်​ယောက်​တည်း ရှိ​နေ​တယ်။+ ၄၈  မိုး​သောက်​ယံ* အချိန်​မှာ လှိုင်း​လေ​ထန်​တဲ့​အတွက် တ​ပည့်တွေ လှေ​ကို မနည်း​လှော်​ခတ်​နေ​တာ​ကို ယေရှု​မြင်​တဲ့​အခါ ရေ​ပေါ် လမ်း​လျှောက်​လာ​ပြီး သူတို့​နား​က​နေ ဖြတ်​သွား​မလို​လုပ်​တယ်။ ၄၉  ယေရှု ရေ​ပေါ်​ လမ်း​လျှောက်​လာ​တာ​ကို မြင်​တဲ့​အခါ တ​ပည့်တွေ​က “ဟို​မှာ၊ ဟို​မှာ ဘာ​ကြီး​ပါ​လိမ့်” ဆို​ပြီး​ အော်​ကြ​တယ်။ ၅၀  ယေရှု​ကို မြင်​တဲ့​အခါ ကြောက်​လန့်​သွား​တယ်။ ချက်​ချင်း​ပဲ ယေရှု​က “မကြောက်​ပါ​နဲ့။ ကျွန်​တော်​ပါ” လို့​ပြော​ပြီး၊+ ၅၁  လှေ​ပေါ်​တက်​တဲ့​အခါ လေ​ငြိမ်​သွား​တယ်။ တ​ပည့်တွေ အံ့​အား​သင့်​သွား​တယ်။ ၅၂  မုန့်​ကျွေး​တဲ့ အံ့​ဖွယ်​အမှု​ရဲ့ အဓိပ္ပာယ်​ကို သူတို့ သဘော​မပေါက်​သေး​ဘူး။ နား​မလည်​သေး​ဘူး။ ၅၃  အဲဒီ​နောက် ကမ်း​တစ်​ဖက်​ကို​ကူး​ပြီး ဂင်​နေ​သရက်​အရပ်​ကို ရောက်​တဲ့​အခါ ကမ်း​ကပ်​လိုက်​တယ်။+ ၅၄  လှေ​ပေါ်​က​ဆင်း​တာ​နဲ့ ယေရှု​ကို လူ​တွေ မှတ်​မိ​ကြ​တယ်။ ၅၅  အဲဒီ​အရပ်​မှာ နေ​ထိုင်​သူ​တွေ​ဆီ ပြေး​ပြီး အကြောင်း​ကြား​တဲ့​အတွက် လူ​နာ​တွေ​ကို ယေရှု​ရှိ​တဲ့​နေ​ရာ​ဆီ ထမ်း​စင်​နဲ့ ထမ်း​ခေါ်​လာ​တယ်။ ၅၆  မြို့​တွေ၊ ကျေး​ရွာ​တွေ​ကို ယေရှု​ရောက်​လာ​ပြီဆို​ရင် လူ​နာ​တွေ​ကို စျေး​အထိ ခေါ်​လာ​ကြ​တယ်။ ယေရှု​ရဲ့ ဝတ်​လုံ​အမြိတ်​ကို တို့​ထိ​ခွင့်​ပေး​ဖို့+ အသနား​ခံ​ကြတယ်။ တို့​ထိ​သူ​တိုင်း​လည်း ကျန်း​မာ​လာ​တယ်။

အောက်ခြေမှတ်ချက်များ

မူ​ရင်း၊ “အင်္ကျီ​နှစ်​ထည် မဝတ်​ဖို့။”
မူ​ရင်း၊ “ကောင်း​ချီး​တောင်း​ခံ​တယ်။”
မနက် ၃-၆ နာ​ရီ​ကြား။