ပညာအလိမ္မာ ၈:၁-၃၆

  • ပုဂ္ဂိုလ်​တစ်​ဦး​နဲ့ တင်​စား​ခံ​ရ​တဲ့ ဉာဏ်​ပညာ ပြောဆို (၁-၃၆)

    • “ဖန်​ဆင်း​ရာတွေ​ထဲ​မှာ ငါ​ဟာ ဦး​ဆုံး​ပဲ” (၂၂)

    • ‘ဘုရား​ရဲ့​ဘေး​မှာ ကျွမ်း​ကျင်​လုပ်​သား​အဖြစ်’ (၃၀)

    • ‘လူ​သား​တွေ​ကို ငါ​သိပ်​ချစ်မြတ်​နိုး​တယ်’ (၃၁)

 ဉာဏ်​ပညာ​က အော်​ခေါ်​နေ​တယ်။ ပိုင်း​ခြား​သိ​မြင်​နိုင်​စွမ်း​က ကြွေး​ကြော်​နေ​တယ်။+  ၂  ဉာဏ်​ပညာ​က လမ်း​တစ်​လျှောက်​မှာ​ရှိ​တဲ့ မြင့်​တဲ့​နေ​ရာတွေ​မှာ၊+လမ်း​ဆုံ​လမ်း​ခွ​တွေ​မှာ နေ​ရာ​ယူ​ထား​တယ်။  ၃  ဉာဏ်​ပညာ​က မြို့​တံခါး​တွေ​နား​မှာ၊ဝင်​ပေါက်​တံခါး​ကြီး​တွေ​မှာကြွေး​ကြော်​နေ​တယ်–+  ၄  “အို လူ​တို့၊ မင်း​တို့​ကို ငါ အော်​ခေါ်​နေ​တယ်။ လူ​တိုင်း​ကြား​အောင် ငါ အော်​ပြော​နေ​တယ်။  ၅  အတွေ့​အကြုံ​မရှိ​သူတို့၊ အမြော်​အမြင်​ရှိ​ဖို့ သင်​ယူ​ပါ။+ လူ​မိုက်​တို့၊ သိ​နား​လည်​နိုင်​စွမ်း​ရှိ​တဲ့ စိတ်​နှလုံး​ကို ရ​ယူ​ပါ။  ၆  နား​ထောင်​ကြ။ ငါ​ပြော​တဲ့​စကား​ဟာ အရေး​ကြီး​တယ်။ ငါ့​နှုတ်​က မှန်​ရာ​ကို ပြော​တယ်။  ၇  မှန်​သော​စကား​ကို တိုး​တိုး​လေး​ပြော​တယ်။ မု​သား​စကား​ကို ငါ​ရွံ​မုန်း​တယ်။  ၈  ငါ့​နှုတ်​က​ထွက်​သမျှ စကား​တွေ​ဟာ ဖြောင့်​မတ်​တယ်။ လိမ်​လည်​လှည့်​စား​တာ၊ ကောက်​ကျစ်​တာ လုံး​ဝ​မပါ​ဘူး။  ၉  အဲဒီ​စကား​တွေ​က ပိုင်း​ခြား​သိ​မြင်​တတ်​သူ​အတွက် ရိုး​ရှင်း​တယ်။ အသိ​ပညာ ရှာ​တွေ့​သူ​တွေ​အတွက် မှန်​ကန်​တယ်။ ၁၀  ငွေ​အစား ငါ့​ရဲ့​ဆုံးမ​စကား​ကို ရွေး​ချယ်​ပါ။ ရွှေ​စင်​အစား အသိ​ပညာ​ကို ရွေး​ချယ်​ပါ။+ ၁၁  ဉာဏ်​ပညာ​ဟာ သန္တာ​ကျောက်​ထက်* သာ​တယ်။ လို​ချင်​သမျှ​ထဲ​မှာ ဉာဏ်​ပညာ​နဲ့​ယှဉ်​နိုင်​တာ တစ်​ခု​မှ​မရှိ​ဘူး။ ၁၂  ဉာဏ်​ပညာ​ဆို​တဲ့ ငါ​ဟာ အမြော်​အမြင်​ရှိ​ခြင်း​နဲ့​အတူ နေ​ထိုင်​တယ်။ အသိ​ပညာ​နဲ့ စဉ်း​စား​ဆင်​ခြင်​နိုင်​စွမ်း​ကို ငါ​ပိုင်​ဆိုင်​တယ်။+ ၁၃  ယေဟောဝါ​ကို ကြောက်​ရွံ့​ရို​သေခြင်း​ဆို​တာ မကောင်း​မှု​ကို မုန်း​တီး​ခြင်း​ပဲ။+ ကိုယ့်​ဂုဏ်​ကိုယ်​ဖော်​တာ၊ မာ​န​ကြီး​တာ၊+ ဒု​စ​ရိုက်​လမ်း​စဉ် လိုက်​တာ၊ မဟုတ်​မမှန် ပြော​ဆို​တာ​ကို ငါ​မုန်း​တယ်။+ ၁၄  အကြံ​ဉာဏ်​ကောင်း​နဲ့ လက်​တွေ့​ကျ​ဉာဏ်​ပညာ​ကို ငါ​ပိုင်​ဆိုင်​တယ်။+ သိ​နား​လည်​မှု​နဲ့+ အစွမ်း​တန်ခိုး​ဟာ+ ငါ့​ဥစ္စာ​ပဲ။ ၁၅  ငါ့​အား​ကိုး​နဲ့ ဘု​ရင်တွေ အုပ်စိုး​တယ်။ မင်း​အရာ​ရှိ​တွေ​လည်း ဖြောင့်​မတ်​တဲ့​အမိန့်​ကို ချ​မှတ်​တယ်။+ ၁၆  ငါ့​အား​ကိုး​နဲ့ မင်း​ညီ​မင်း​သား​တွေ အုပ်​ချုပ်​တယ်။ မှူး​မတ်​တွေ​လည်း ဖြောင့်​မတ်​စွာ တ​ရား​စီ​ရင်​တယ်။ ၁၇  ငါ့​ကို နှစ်​သက်မြတ်​နိုး​သူ​တွေ​ကို ငါ​နှစ်​သက်မြတ်​နိုး​တယ်။ ငါ့​ကို​ရှာ​တဲ့​သူ​တွေ ငါ့​ကို​တွေ့​လိမ့်​မယ်။+ ၁၈  စည်း​စိမ်၊ ဂုဏ်​ကျက်​သရေ၊တည်​မြဲတဲ့​ကြွယ်​ဝ​မှု​နဲ့ ဖြောင့်​မတ်​မှု​က ငါ​နဲ့​အတူ​ရှိ​တယ်။ ၁၉  ငါ့​ဆီ​က​ရ​မယ့် အကျိုး​ကျေး​ဇူး​တွေ​ဟာ ရွှေ​ထက်​မက ရွှေ​စင်​ထက်​တောင် ပို​သာ​တယ်။ ငါ​ပေး​မယ့်​အရာတွေ​ဟာ ငွေ​စင်​ထက်​တောင် ပို​သာ​တယ်။+ ၂၀  ဖြောင့်​မတ်​တဲ့​လမ်း​မှာ၊တ​ရား​မျှ​တ​တဲ့ လမ်း​တွေ​အလယ်​မှာ ငါ​လျှောက်​တယ်။ ၂၁  ငါ့​ကို နှစ်​သက်မြတ်​နိုး​သူ​တွေ​ကို တန်​ဖိုး​ကြီး​တဲ့​အမွေ ငါ​ပေး​တယ်။ သူတို့​ရဲ့​သို​လှောင်​ရုံ​တွေ​ကို ပြည့်​စေ​တယ်။ ၂၂  ယေဟောဝါ​က ငါ့​ကို​ဖြစ်​ပေါ်​စေ​ခဲ့​တယ်။ ဘု​ရား ဖန်​ဆင်း​ရာတွေ​ထဲ​မှာ ငါ​ဟာ ဦး​ဆုံး​ပဲ။+ ဟိုး​အချိန်​က ဘု​ရား​ပြီး​မြောက်​ခဲ့ရာတွေ​ထဲ​မှာ ငါ​ဟာ အဦး​အဖျား​ပဲ။+ ၂၃  ရှေး​က​တည်း​က၊ အစ​အဦး​က​တည်း​က၊+ကမ္ဘာ​မြေ မတည်​ရှိ​ခင်​က​တည်း​က ငါ့​ကို တည်​ရှိ​စေ​ခဲ့​တယ်။+ ၂၄  နက်​ရှိုင်း​တဲ့​ရေ​ထု မရှိ​ခင်​က​တည်း​က၊+စီး​ဆင်း​တဲ့​စမ်း​ချောင်း​တွေ မရှိ​ခင်​က​တည်း​က ငါ့​ကို​မွေး​ထုတ်​ခဲ့​တယ်။ ၂၅  တောင်​တန်း​တောင်​ကုန်း​တွေ​ကို ဘု​ရား နေ​ရာ​မချ​ခင်​က​တည်း​က၊ ၂၆  ကမ္ဘာ​မြေနဲ့ လယ်​ကွင်း​တွေ၊ ဦး​ဆုံး မြေစိုင်​မြေခဲ​တွေ​ကို မဖန်​ဆင်း​ခင်​က​တည်း​ကငါ့​ကို မွေး​ထုတ်​ခဲ့​တယ်။ ၂၇  ကောင်း​ကင်​ကို ဘု​ရား​ပြင်​ဆင်​တဲ့​အခါ+ ငါ​ရှိ​နေ​ခဲ့​တယ်။ ရေ​ပြင်​ပေါ် မိုး​ကုပ်​စက်​ဝိုင်း​ကို သတ်​မှတ်​တဲ့​အခါ၊+ ၂၈  အထက်​မိုး​တိမ်​တွေ​ကို တည်​စေ​တဲ့​အခါ၊နက်​ရှိုင်း​တဲ့ ရေ​ထု​ကြီး​ကို တည်​မြဲစေ​တဲ့​အခါ၊ ၂၉  ကန့်​သတ်​ထား​တာ​ထက် ကျော်​လွန်​ပြီး မလာ​ဖို့ပင်လယ်​ရေ​ကို ဘု​ရား​မိန့်မှာ​တဲ့​အခါ၊+ကမ္ဘာ​မြေရဲ့ အုတ်​မြစ်​တွေ​ကို တည်​တဲ့​အခါ၊ ၃၀  ကျွမ်း​ကျင်​လုပ်​သား​အဖြစ် ဘု​ရားရဲ့​ဘေး​မှာ ငါ​ရှိ​နေ​ခဲ့​တယ်။+ ဘု​ရား​က ငါ့​ကို တစ်​နေ့​ထက်​ တစ်​နေ့ ချစ်မြတ်​နိုး​လာ​တယ်။+ ရှေ့​တော်​မှာ ငါ​အမြဲဝမ်း​မြောက်​နေ​တယ်။+ ၃၁  လူ​နေ​ထိုင်​ရာ ကမ္ဘာ​မြေကို ကြည့်​ပြီး ငါ​ဝမ်း​မြောက်​တယ်။ လူ​သား​တွေ​ကို ငါ​သိပ်​ချစ်မြတ်​နိုး​တယ်။ ၃၂  ငါ့​သား​တို့၊ အခု ငါ​ပြော​တာ​ကို နား​ထောင်​ကြ။ ငါ့​လမ်း​စဉ်တွေ​အတိုင်း လိုက်​နာ​သူ​တွေ​ဟာ ပျော်​ရွှင်​ချမ်း​မြေ့တယ်။ ၃၃  ဆုံးမ​စကား​ကို နား​ထောင်​ပါ။+ ဉာဏ်​ပညာ​ရှိ​ပါ။ ဘယ်​တော့​မှ လျစ်​လျူ​မရှု​နဲ့။ ၃၄  ငါ​ပြော​တာ​ကို နား​ထောင်​ဖို့နေ့​တိုင်း ငါ့​တံခါး​ပေါက်​ဆီ စော​စော​လာ​ပြီးတံခါး​ဘေး​မှာ စောင့်​ဆိုင်း​တတ်​တဲ့​သူ​ဟာ ပျော်​ရွှင်​ချမ်း​မြေ့တယ်။ ၃၅  ငါ့​ကို ရှာ​တွေ့​တဲ့​သူ​ဟာ အသက်​ကို တွေ့​လိမ့်​မယ်။+ ယေဟောဝါ​ရဲ့ မျက်​နှာ​သာ​ကို ရ​လိမ့်​မယ်။ ၃၆  ငါ့​ကို မသိ​ကျိုး​ကျွန်​လုပ်​တဲ့​သူ​က​တော့ ကိုယ့်​အကျိုး​နစ်​နာ​အောင် လုပ်​တဲ့​သူ​ပဲ။ ငါ့​ကို​မုန်း​တဲ့​သူ​တွေ​ဟာ သေခြင်း​ကို နှစ်​သက်​တဲ့​သူ​တွေ​ပဲ။”+

အောက်ခြေမှတ်ချက်များ

ခက်​ဆစ်​ကို​ကြည့်။