ကောလောသဲ ၁:၁-၂၉

  • နှုတ်​ခွန်း​ဆက်​စ​ကား (၁၊ ၂)

  • ကောလောသဲ​မြို့​သား​တွေရဲ့ ယုံ​ကြည်​ခြင်း​အတွက် ကျေး​ဇူး​တင် (၃-၈)

  • ဘု​ရားရေးရာ တိုး​တက်​ဖို့ ဆု​တောင်း​ပေး (၉-၁၂)

  • ခ​ရစ်​တော်ရဲ့ အဓိ​က​အခန်း​ကဏ္ဍ (၁၃-၂၃)

  • အသင်း​တော်​အတွက် ပေါ​လု​ကြိုး​စား​လုပ်​ဆောင် (၂၄-၂၉)

 ဘုရား​သခင်​ရဲ့ အလို​တော်​ကြောင့် ခ​ရစ်​တော်​ယေရှု​ရဲ့ တမန်​တော်​ဖြစ်​လာ​တဲ့ ကျွန်​တော် ပေါ​လု​နဲ့ ညီ​အစ်​ကို  တိမောသေက၊+ ၂  ခ​ရစ်​တော်​နဲ့ တစ်​စိတ်​တစ်​ဝမ်း​တည်း​ရှိ​တဲ့ ကောလောသဲ​မြို့​က သန့်​ရှင်း​သူ​တွေ၊ သစ္စာ​ရှိ​ညီ​အစ်​ကို​တွေ​ဆီ စာ​ရေး​လိုက်​ပါ​တယ်။ အဖဘု​ရား​သခင်​ဆီ​က မဟာ​က​ရု​ဏာ​နဲ့ ငြိမ်​သက်​ခြင်း​ကို ခင်​ဗျား​တို့ ခံ​စား​ရ​ပါ​စေ။ ၃  ခင်​ဗျား​တို့​အတွက် ဆု​တောင်း​တိုင်း​မှာ  သခင်  ယေရှု​ခ​ရစ်ရဲ့​အဖ ဘုရား​သခင်​ကို ကျေး​ဇူး​တင်​ပါ​တယ်။ ၄  ခရစ်​တော်​ယေရှု​ကို ခင်​ဗျား​တို့ ယုံ​ကြည်​တဲ့​အကြောင်း၊ သန့်​ရှင်း​သူ​တွေ​ကို မေတ္တာ​ပြတဲ့​အကြောင်း ကြား​သိ​ရလို့​ပါ။ ၅  ကောင်း​ကင်​ဆု​ကျေး​ဇူး​ကို ခင်​ဗျား​တို့  မျှော်​လင့်​နေ​ကြ​တယ်။+ အမှန်​တ​ရား​နဲ့​ဆိုင်​တဲ့ သတင်း​ကောင်း​ကို ပထ​မဆုံး​အကြိမ် ကြား​နာ​ရ​တဲ့​အခါ  အဲ​ဒီ​မျှော်​လင့်​ချက်​အကြောင်း ခင်ဗျား​တို့ သိ​လာ​တယ်။ ၆  ဘု​ရား​သခင်​ရဲ့ မဟာ​က​ရု​ဏာ​ကို တိ​ကျ​မှန်​ကန်​စွာ ကြား​သိ​ချိန်​က​စ​ပြီး ခင်​ဗျား​တို့​ဆီ​မှာ သတင်း​ကောင်း သီး​ပွင့်​ဖြစ်​ထွန်း​ခဲ့​တယ်။ ခင်​ဗျား​တို့​ဆီ ရောက်​လာ​တဲ့ အဲ​ဒီ​သတင်း​ကောင်း​ဟာ သီး​ပွင့်​ဖြစ်​ထွန်း​ပြီး ကမ္ဘာ​အရပ်ရပ်​မှာ​လည်း  ပျံ့​နှံ့​နေ​တယ်။+ ၇  ကျွန်​တော်​တို့​ကိုယ်​စား ခရစ်​တော်ရဲ့​ကျွန်​အဖြစ် အမှု​ဆောင်​သူ၊ ချစ်​ရ​တဲ့ သစ္စာ​ရှိ​ညီ​အစ်​ကို ဧ​ပဖြဆီ​က​နေ+  ခင်​ဗျား​တို့ သတင်း​ကောင်း ကြား​သိခဲ့ရ​တယ်။ ၈  စွမ်း​အား​တော်​ကြောင့် ဖြစ်​ပေါ်​လာ​တဲ့ ခင်​ဗျား​တို့​ရဲ့ မေတ္တာ​အကြောင်း​ကို​လည်း သူ​ပြော​ပြလို့ သိ​ခဲ့ရ​တယ်။ ၉  အဲ​ဒီ​အကြောင်း ကြား​တဲ့​နေ့​က​စ​ပြီး ခင်​ဗျား​တို့​အတွက် အမြဲ ဆု​တောင်း​တယ်။+ ဘု​ရား​သခင်​ရဲ့ အလို​တော်​ကို တိ​ကျ​မှန်​ကန်​စွာ သိ​ကျွမ်း​နိုင်​ဖို့၊+ စစ်​မှန်​တဲ့ ဉာဏ်​ပညာ ရ​ရှိ​ဖို့၊ စွမ်း​အား​တော်​အား​ဖြင့် နား​လည်​နိုင်​စွမ်း​ရ​ရှိ​ဖို့+ ဆု​တောင်း​ပေး​တယ်။ ၁၀  ဒါ​မှ​သာ ယေဟောဝါ​ရဲ့* နှစ်​သက်​လက်​ခံ​မှု​ကို အပြည့်​အဝ​ရ​ရှိ​ပြီး ဘု​ရား​သခင်​နဲ့ ထိုက်​တန်​စွာ  လျှောက်​လှမ်း​နိုင်​ကြ​မှာ​ပါ။ ကောင်း​မှု​အမျိုး​မျိုး လုပ်​ဆောင်​တဲ့​အခါ​မှာ​လည်း ရ​လ​ဒ်​ကောင်း​ရ​ရှိ​ပြီး ဘု​ရား​သခင်​အကြောင်း တိ​ကျ​မှန်​ကန်​စွာ ပို​သိ​ကျွမ်း​လာ​ကြ​မှာ​ပါ။+ ၁၁  ဘုန်း​တန်​ခိုး​တော်​ကြောင့် ခွန်​အား​ပြည့်​ဝ​လာ​ပြီး+ အရာရာ​ကို ဝမ်း​မြောက်​စွာ၊ စိတ်​ရှည်​စွာ ခံ​ရပ်​နိုင်​ကြ​ပါ​စေ။ ၁၂  အလင်း​မှာ​ရှိ​တဲ့ သန့်​ရှင်း​သူ​တွေရဲ့ အမွေ​ကို+ ရ​ရှိ​နိုင်​ဖို့ ခင်​ဗျား​တို့​ကို အရည်​အချင်း ပြည့်​မီ​စေ​တဲ့ အဖဘု​ရား​ကို ကျေး​ဇူး​တင်​ကြ​ပါ​စေ။ ၁၃  ဘု​ရား​သခင်​က  ကျွန်​တော်​တို့​ကို  မှောင်​မိုက်​တန်​ခိုး​အောက်​က​နေ ကယ်​တင်​ပြီး+ ချစ်​ရ​တဲ့ သား​တော်ရဲ့ နိုင်​ငံ​တော်​ထဲ ခေါ်​ဆောင်​ခဲ့​တယ်။ ၁၄  အဲ​ဒီ​သား​တော်ရဲ့ ရွေး​ဖိုး​အား​ဖြင့်  ကျွန်​တော်​တို့   လွတ်​မြောက်​သွား​ပြီး  အပြစ်​တွေ  ခွင့်​လွှတ်​ခံ​ရ​တယ်။+ ၁၅  သူ​ဟာ မျက်​စိ​နဲ့​မမြင်​နိုင်​တဲ့ ဘု​ရား​သခင်​ရဲ့ ပုံ​သဏ္ဌာန်​ဖြစ်​တယ်။+ ဖန်​ဆင်း​ရာ​အား​လုံး​မှာ သား​ဦး​ပဲ။+ ၁၆  ဘုရား​သခင်​က သူ့​ကို​သုံး​ပြီး ကောင်း​ကင်​နဲ့ ကမ္ဘာ​မြေပေါ်​မှာ ရှိ​ရှိ​သမျှ မြင်​နိုင်​တဲ့​အရာ၊ မမြင်​နိုင်​တဲ့​အရာ၊+ ရာ​ဇ​ပလ္လင်၊ အုပ်​စိုး​ရှင်၊ အစိုး​ရ၊ အာ​ဏာ​ပိုင်​တွေ​ကို ဖန်​ဆင်း​ခဲ့​တယ်။ အရာ​ခပ်​သိမ်း​ကို သူ့​အား​ဖြင့် ဖန်​ဆင်း​ခဲ့​တယ်၊+ သူ့​အတွက် ဖန်​ဆင်း​ခဲ့​တယ်။ ၁၇  ဒါ့​အပြင် တ​ခြား​ဖန်​ဆင်း​ရာ​တစ်​ခု​မှ မရှိ​ခင် သူ ဦး​ဆုံး​တည်​ရှိ​ခဲ့​တယ်။+ သူ့​ကြောင့် တ​ခြား​အရာ​အား​လုံး တည်​ရှိ​လာ​တယ်။ ၁၈  သူ​ဟာ  အသင်း​တော်​ဖြစ်​တဲ့ ကိုယ်​ခ​န္ဓာရဲ့ ဦး​ခေါင်း​ပဲ။+ အရာ​ခပ်​သိမ်း​ရဲ့ အစ​အဦး​ပဲ။ သေရာ​က​နေ ဦး​ဆုံး​ထမြောက်​လာ​တဲ့  သား​ဦး​ပဲ။+ ဒါ​ကြောင့် အရာ​ခပ်​သိမ်း​ရဲ့ဦး​ဆုံး ဖြစ်​လာ​တယ်။ ၁၉  ဘု​ရား​သခင်​က အရာ​ခပ်​သိမ်း​ကို သား​တော်​ဆီ​မှာ ပြည့်​ဝ​စုံ​လင်​စေ​ချင်​တယ်။+ ၂၀  ဘု​ရား​သခင်​က  ဒုက္ခ​သစ်​တိုင်​မှာ*  သား​တော်​သွန်း​လောင်း​ခဲ့​တဲ့ သွေး​အား​ဖြင့်+ ရန်​ငြိမ်း​စေ​ပြီး ကမ္ဘာ​မြေပေါ်​က အရာ​ဖြစ်​စေ၊ ကောင်း​ကင်​ပေါ်​က​အရာ​ဖြစ်​စေ အရာ​ခပ်​သိမ်း​ကို သား​တော်​က​တစ်​ဆင့် မိမိ​နဲ့ ပြန်​လည်​သင့်မြတ်​စေ​ချင်​တယ်။+ ၂၁  ခင်​ဗျား​တို့​ဟာ တစ်​ချိန်​တုန်း​က ဆိုး​ညစ်​တဲ့​အရာတွေ​ဆီ  စိတ်​ရောက်​နေ​တဲ့​အတွက် ဘု​ရား​သခင်​နဲ့ ကင်း​ကွာ​ပြီး  ဘု​ရားရဲ့ရန်​သူ​တွေ  ဖြစ်​ခဲ့​ကြ​တယ်။ ၂၂  အခု​တော့ ဘု​ရား​သခင်​က သား​တော်ရဲ့ လူ​သား​ခ​န္ဓာ​ကို သေဆုံး​စေ​ခြင်း​အား​ဖြင့် ခင်​ဗျား​တို့​ကို မိမိ​နဲ့ ပြန်​လည်​သင့်မြတ်​စေ​ပြီ။ ဒါ​ကြောင့် ခင်​ဗျား​တို့​ဟာ ရှေ့​တော်​မှာ သန့်​ရှင်း​သူ​တွေ၊  အစွန်း​အထင်း  မရှိ​သူ​တွေ၊ အပြစ်​တင်​စရာ မရှိ​သူ​တွေ ဖြစ်​နိုင်​ကြ​ပြီ။+ ၂၃  ဒီ​တော့ ယုံ​ကြည်​ခြင်း​မှာ ဆက်​ပြီး ခိုင်​မြဲနေ​ကြ​ပါ။+ ကြား​သိ​ခဲ့​တဲ့ သတင်း​ကောင်း​နဲ့​ဆိုင်​တဲ့ မျှော်​လင့်​ချက်​ကို  မယိမ်း​ယိုင်​စေ​ဘဲ  ယုံ​ကြည်​ခြင်း​အုတ်​မြစ်​ပေါ်​မှာ+ ကြံ့​ကြံ့​ခံ ရပ်​တည်​နေ​ကြ​ပါ။+ ကမ္ဘာ​မြေအရပ်ရပ်​မှာ​ရှိ​တဲ့ လူ​တိုင်း​ကို သတင်း​ကောင်း ဟော​ပြော​ခဲ့​ပြီ။+ ကျွန်​တော်​ပေါ​လု​ဟာ အဲ​ဒီ​သတင်း​ကောင်း​ကို ဟော​ပြော​တဲ့ အမှု​ဆောင်​ဖြစ်​လာခဲ့​ပြီ။+ ၂၄  ခင်​ဗျား​တို့​အတွက် ဆင်း​ရဲ​ဒုက္ခ​ခံ​နေ​ရ​ပေမဲ့  ကျွန်​တော်  ဝမ်း​သာ​ပါ​တယ်။+ အသင်း​တော်​ဖြစ်​တဲ့ ကိုယ်​ခန္ဓာ​အတွက်+  ခ​ရစ်​တော်  ဒုက္ခ​ခံ​ခဲ့ရ​သ​လောက်​တော့+ ကျွန်​တော် မခံ​ရ​သေး​ပါ​ဘူး။ ၂၅  ခင်​ဗျား​တို့​အကျိုး​အ​တွက်​ တ​ရား​စ​ကား​တော်​ကို အပြည့်​အဝ ဟော​ပြော​နိုင်​ဖို့၊ ဘု​ရား​ပေး​တာ​ဝန်​ကို ထမ်း​ဆောင်​နိုင်​ဖို့ ကျွန်​တော်​ဟာ ဒီ​အသင်း​တော်ရဲ့ အမှု​ဆောင်​သူ ဖြစ်​လာ​တယ်။+ ၂၆  မြင့်မြတ်​တဲ့ အဲ​ဒီ​လျှို့ဝှက်​ချက်​ကို+ လွန်​ခဲ့​တဲ့ လော​က​စ​နစ်​တွေ*+ အဆက်​ဆက်၊ လွန်​ခဲ့​တဲ့ လူ​မျိုး​အဆက်​ဆက်​မှာ ဖုံး​ကွယ်​ထား​ပေမဲ့ အခု​တော့ သန့်​ရှင်း​သူ​တွေ​ကို ဖွင့်​ပြလိုက်​ပြီ။+ ၂၇  ဘု​ရား​သခင်​က မြင့်မြတ်​တဲ့ လျှို့ဝှက်​ချက်​နဲ့​ဆိုင်​တဲ့ ဘုန်း​စည်း​စိမ်​အကြောင်း လူ​မျိုး​ခြား​တွေ​ကို​လည်း သိစေ​ချင်​တယ်။+ အဲ​ဒီ​လျှို့ဝှက်​ချက်​ဟာ ခ​ရစ်​တော်​နဲ့ တစ်​စိတ်​တစ်​ဝမ်း​တည်း​ရှိ​တာ၊ ခ​ရစ်​တော်​နဲ့​အတူ ဘုန်း​အသရေ ခံ​စား​ဖို့ မျှော်​လင့်​ချက်​ရှိ​တာ​ကို ဆို​လို​တယ်။+ ၂၈  ခ​ရစ်​တော်​အကြောင်း​ကို ကျွန်​တော်​တို့ ဟော​နေ​တာ၊ လူ​တိုင်း​ကို သတိ​ပေး​ဆုံး​မပြီး စစ်​မှန်​တဲ့ ဉာဏ်​ပညာ​နဲ့ သွန်​သင်​ပေး​နေ​တာ​ဟာ ခရစ်​တော်​နဲ့ တစ်​စိတ်​တစ်​ဝမ်း​တည်း​ရှိ​သူ အား​လုံး​ကို  ရင့်​ကျက်​သူ​တွေ​အဖြစ် ရှေ့​တော်​ဆီ ပို့​ဆောင်​ပေး​နိုင်​ဖို့​ပါ။+ ၂၉  ဒါ​ကြောင့် ကျွန်​တော့်​ဆီ​မှာ ခ​ရစ်​တော်ရဲ့ အစွမ်း​ခွန်​အား သက်​ရောက်​နေ​တဲ့​အတွက် အစွမ်း​ကုန် ကြိုး​စား​အား​ထုတ်​ပြီး လုပ်​ဆောင်​နေ​တယ်။+

အောက်ခြေမှတ်ချက်များ

ခက်​ဆစ်​ကို​ကြည့်။
ခက်​ဆစ်​ကို​ကြည့်။