၁ ပေတရု ၄:၁-၁၉

  • ခ​ရစ်​တော်​လို ဘု​ရား​အလို​တော်​ဆောင်​ဖို့ အသက်​ရှင်​ပါ (၁-၆)

  • အရာ​ခပ်​သိမ်း​ရဲ့​အဆုံး ရောက်​ခါ​နီး​ပြီ (၇-၁၁)

  • ခ​ရစ်​ယာန်​ဖြစ်​လို့ ဒုက္ခ​ခံ​ရ (၁၂-၁၉)

 ခရစ်​တော်​ဟာ လူ​သား​တစ်​ယောက် ဖြစ်​တုန်း​က ဆင်း​ရဲ​ဒုက္ခ​ကို ခံ​ရပ်ခဲ့​တယ်။+ ခင်​ဗျား​တို့​လည်း ခရစ်​တော်​လို စိတ်​သဘော​ထား​နဲ့ ကိုယ့်​ကိုယ်​ကိုယ် အား​ဖြည့်​ထား​ပါ။ ဆင်း​ရဲ​ဒုက္ခ​ကို ခံ​ရပ်​သူ​ဟာ အပြစ်​တွေ ဆက်​မလုပ်​တော့​ဘူး။+ ၂  ဒါ​ကြောင့် သူ​က အသက်​ရှင်​နေ​တုန်း​မှာ လူ့​အလို​အတိုင်း မဟုတ်​ဘဲ+ ဘု​ရား​သခင့် အလို​တော်​အတိုင်း အသက်​ရှင်​တတ်​တယ်။+ ၃  တစ်​ချိန်​တုန်း​က​ လော​က​မှာ​ရှိ​တဲ့ လူ​တွေရဲ့ အလို​အတိုင်း ခင်ဗျား​တို့ ကျင့်​ကြံ​ခဲ့​တာ​တွေ+ တော်​လောက်​ပါ​ပြီ။ အဲ​ဒီ​တုန်း​က ခင်​ဗျား​တို့​ဟာ မျက်​နှာ​ပြောင်​တိုက်​တာ၊* ရမ္မက်​အလို​ကို မထိန်း​နိုင်​တာ၊ သောက်​ကြူး​တာ၊ အထိန်း​အကွပ်​မဲ့ ပွဲ​လုပ်​တာ၊ အပြိုင်​အဆိုင် သောက်​စား​တာ၊ ရွံ​မုန်း​ဖွယ်​ကောင်း​တဲ့ ရုပ်​တု​ကိုး​ကွယ်​တာ​တွေ လုပ်​ခဲ့​ကြ​တယ်။+ ၄  အဲ​ဒီ​လူ​တွေ​က ယုတ်​ညံ့​တဲ့ အသက်​တာ​ကို ခင်​ဗျား​တို့ ဘာ​ကြောင့် ဆက်​ပြီး မလိုက်​စား​တော့​မှန်း နား​မလည်​တဲ့​အတွက် ခင်ဗျား​တို့​အကြောင်း မကောင်း​ပြော​တတ်​တယ်။+ ၅  ဒါ​ပေမဲ့ သူ​တို့​က အသက်​ရှင်​တဲ့​သူ​တွေ​ကို​ရော သေလွန်​သူ​တွေ​ကို​ပါ တ​ရား​စီ​ရင်​ဖို့ အသင့်​ဖြစ်​နေ​တဲ့​သူ​ဆီ​မှာ ဖြေရှင်း​ချက် ပေး​ရ​လိမ့်​မယ်။+ ၆  အဲ​ဒါ​ကြောင့် သေလွန်​သူ​တွေ​ကို​လည်း သတင်း​ကောင်း ဟော​ရ​တာ​ပဲ။+ ဒါ​မှ သေလွန်​သူ​တွေ​ဟာ လူ့​အမြင်​အရ အပေါ်​ယံ​ကို ကြည့်​ပြီး တ​ရား​စီ​ရင်​ခံ​ရ​ပေမဲ့ ဘု​ရား​သခင့်​အမြင်​အရ စွမ်း​အား​တော် လမ်း​ညွှန်​မှု​အား​ဖြင့် အသက်​ရှင်​နိုင်​ကြ​လိမ့်​မယ်။ ၇  အရာ​ခပ်​သိမ်း​ရဲ့ အဆုံး ရောက်​ခါ​နီး​ပြီ။ ဒါ​ကြောင့် ချင့်​ချိန်​တတ်​သူ​တွေ ဖြစ်​ကြ​ပါ။+ ဆု​တောင်း​ဖို့ အမြဲ အသင့်​ရှိ​နေ​ကြ​ပါ။+ ၈  အရေး​ကြီး​ဆုံး​က​တော့ အချင်း​ချင်း နှစ်​နှစ်​ကာ​ကာ ချစ်​ကြ​ပါ။+ ချစ်​ခြင်း​မေတ္တာ​ရှိ​သူ​ဟာ ခွင့်​လွှတ်​ဖို့ အမြဲ အသင့်​ရှိ​တယ်။+ ၉  မညည်း​မညူ​ဘဲ ဧည့်​ဝတ်​ပြု​ကြ​ပါ။+ ၁၀  ခင်​ဗျား​တို့​ဟာ နည်း​အမျိုး​မျိုး​နဲ့ ဖော်​ပြတဲ့ မဟာ​က​ရု​ဏာ​တော်​ကို ခံ​စား​ရ​တဲ့ ဘဏ္ဍာ​စိုး​ကောင်း​တွေ ဖြစ်​တယ်။ ဒါ​ကြောင့် ကိုယ်​စီ ရ​ရှိ​ထား​တဲ့ ဆု​ကျေး​ဇူး အတိုင်း​အတာ​နဲ့​အညီ အဲ​ဒီ​ဆု​ကျေး​ဇူး​ကို အချင်း​ချင်း​အတွက် အကျိုး​ဆောင်​ဖို့ အသုံး​ပြု​ကြ​ပါ။+ ၁၁  တစ်​ယောက်​ယောက်​မှာ ဟော​ပြော​စွမ်း​ရည် ရှိ​တယ်​ဆို​ရင် ဘု​ရား​သခင်​ရဲ့ ဗျာဒိတ်​တော်တွေ ဟော​ပြော​ပါ​စေ၊ သူ​တစ်​ပါး​အတွက် အကျိုး​ဆောင်​တဲ့​သူ​က​လည်း ဘု​ရား ပေး​တဲ့ ခွန်​အား​နဲ့ လုပ်​ဆောင်​ပါ​စေ။+ ဒီ​နည်း​နဲ့ ယေရှု​ခရစ်​အား​ဖြင့် အရာရာ​မှာ ဘု​ရား​သခင်​ရဲ့ ဘုန်း​တော် ထင်​ရှား​ပါ​စေ။+ ဘု​ရား​သခင်​ဆီ​မှာ ဘုန်း​တော်၊ တန်​ခိုး​တော် အစဉ် ထာ​ဝ​ရ ရှိ​ပါ​စေ။ အာ​မင်။* ၁၂  ချစ်​ရ​သူ​တို့၊ မီး​လို ပူ​လောင်​တဲ့ စမ်း​သပ်​မှု​တွေ ကြုံ​ရ​တဲ့​အခါ+ အထူး​အဆန်း​လုပ်​ပြီး မအံ့​သြပါ​နဲ့။ ၁၃  အဲ​ဒီ​အစား ခင်​ဗျား​တို့ ဆင်း​ရဲ​ဒုက္ခ ကြုံ​ရ​တဲ့ အကြောင်း​ရင်း​က ခရစ်​တော်​နဲ့ တူ​နေ​လို့+ ဝမ်း​မြောက်​ကြ​ပါ။+ ခရစ်​တော် ဘုန်း​ထင်​ရှား​ချိန်​မှာ ခင်​ဗျား​တို့​လည်း အတိုင်း​ထက်​အလွန် ဝမ်း​မြောက်​ရ​လိမ့်​မယ်။+ ၁၄  ခရစ်​တော်ရဲ့ နာမည်​ကြောင့် ကဲ့​ရဲ့​ခံ​ရ​တယ်​ဆို​ရင် ပျော်​ရွှင်​ချမ်း​မြေ့တယ်။+ ဘာ​လို့​လဲ​ဆို​တော့ ဒါ​ဟာ ခင်​ဗျား​တို့​အပေါ် ဘု​ရား​သခင့် စွမ်းအား​တော်ရဲ့ ဘုန်း​အသရေ သက်​ရောက်​နေ​လို့​ပဲ။ ၁၅  လူ​သတ်​လို့၊ ခိုး​လို့၊ အမှား​လုပ်​လို့၊ သူ​တစ်​ပါး​ကိစ္စ​မှာ ဝင်​ပါ​လို့ ဒုက္ခ​ကြုံ​ရ​တာ​မျိုး​တော့ မဖြစ်​ပါ​စေ​နဲ့။+ ၁၆  ခရစ်​ယာန် ဖြစ်​လို့ ဆင်း​ရဲ​ဒုက္ခ ကြုံ​ရ​တယ်​ဆို​ရင် မရှက်​ပါ​နဲ့။+ ခရစ်​ယာန်​အဖြစ် အသက်​ဆက်​ရှင်​ရင်း​နဲ့ ဘုရား​သခင်​ရဲ့ ဘုန်း​တော်​ကို အမြဲ ချီး​မွမ်း​နေ​လိုက်​ပါ။ ၁၇  အခု တရား​စီ​ရင်​မယ့်​အချိန် တန်​ပြီ။ ဘု​ရား​သခင်​ရဲ့ အိမ်​တော်​ကို အရင်​ဆုံး တရား​စီ​ရင်​လိမ့်​မယ်။+ ကျွန်​တော်​တို့​ကို အရင်​ဆုံး တရား​စီ​ရင်​တယ်​ဆို​မှ​တော့+ ဘုရား​သခင်​ရဲ့ သတင်း​ကောင်း​ကို နား​မထောင်​သူ​တွေ​ဆို​ရင် ဘယ်​လို​များ ဖြစ်​သွား​မလဲ။+ ၁၈  “ဖြောင့်​မတ်​သူ ကယ်​တင်​ခြင်း ရ​ဖို့​တောင် ခဲ​ယဉ်း​တယ်​ဆို​မှ​တော့ ဘု​ရား​တရား​မဲ့​သူ​တွေ၊ အပြစ်​လုပ်​သူ​တွေ​ဆို​ရင် ဘယ်​လို​များ ဖြစ်​သွား​မလဲ။”+ ၁၉  ဒါ​ကြောင့် ဘု​ရား​သခင်​ရဲ့ အလို​တော်​ကို ဆောင်​လို့ ဆင်း​ရဲ​ဒုက္ခ​ခံ​ရ​သူ​တွေ​ဟာ ကောင်း​မှု​ပြု​ရင်း​နဲ့ သစ္စာ​ရှိ​တဲ့ ဖန်​ဆင်း​ရှင်​ဆီ မိမိ​ကိုယ်​ကို အပ်​နှံ​ထား​ကြ​ပါ။+

အောက်ခြေမှတ်ချက်များ

ခက်​ဆစ်​ကို​ကြည့်။
ဒါ​မှ​မဟုတ်၊ “ပြော​တဲ့​အတိုင်း ဖြစ်​ပါ​စေ။”