ဖိလိပ္ပိ ၄:၁-၂၃

  • စည်း​လုံး​မှု၊ ပျော်​ရွှင်​မှု၊ သဘော​ထား​မှန် (၁-၉)

    • ဘာ​မှ မစိုး​ရိမ်​နဲ့ (၆၊ ၇)

  • ဖိ​လိပ္ပိ​မြို့​သား​တွေရဲ့ လက်​ဆောင်​အတွက် ကျေးဇူးတင် (၁၀-၂၀)

  • နောက်​ဆုံး နှုတ်​ဆက်​စ​ကား​များ (၂၁-၂၃)

 ချစ်​ရ​တဲ့ ညီ​အစ်​ကို​တို့၊ ခင်​ဗျား​တို့​ဟာ ကျွန်​တော် ချစ်မြတ်​နိုး​ရ​သူ​တွေ၊ ကျွန်​တော် တမ်း​တ​နေ​ရ​သူ​တွေ၊ ကျွန်​တော့်ရဲ့ ရွှင်​လန်း​မှု၊ ကျွန်​တော့်ရဲ့ သရ​ဖူ​ပါ။+ သခင့်​နောက်​လိုက်​တွေ​အဖြစ် အဲ​ဒီ​နည်း​အတိုင်း အခိုင်​အမာ ရပ်​တည်​နေ​ကြ​ပါ။+ ၂  သခင့်​အမှု​တော်​ဆောင်​တဲ့​အ​ခါ​ တစ်​စိတ်​တစ်​သဘော​တည်း  ရှိ​ကြ​ဖို့ ဧဝေါ​ဒိ​နဲ့ သုန္တုတ်​ကို ကျွန်​တော် တိုက်​တွန်း​ပါ​တယ်။+ ၃  စစ်​မှန်​တဲ့ လုပ်​ဖော်​ဆောင်​ဖက်​ဖြစ်​တဲ့  ခင်​ဗျား​ကို မေတ္တာရပ်​ခံ​ချင်​တာ​က အဲ​ဒီ​အမျိုး​သမီး​နှစ်​ယောက်​ကို ကူ​ညီ​ထောက်​မပေး​ပါ။ သူ​တို့​ဟာ ကျွန်​တော်​နဲ့ က​လေ​မင်​အပါ​အဝင် အသက်​စာ​စောင်​မှာ+ စာရင်း​ဝင်​တဲ့ တ​ခြား​လုပ်​ဖော်​ဆောင်​ဖက်​တွေ​နဲ့​အတူ သတင်း​ကောင်း​ဟော​ပြော​တဲ့ အလုပ်​မှာ လက်​တွဲ​ပါ​ဝင်​ခဲ့​သူ​တွေ ဖြစ်​လို့​ပါ။ ၄  ဘု​ရား​သခင်​ကြောင့်* အမြဲ ဝမ်း​မြောက်​ကြ​ပါ။ ကျွန်​တော် ထပ်​ပြော​မယ်၊ ဝမ်း​မြောက်​ကြ​ပါ။+ ၅  ခင်ဗျား​တို့​ရဲ့  အကျိုး​သင့်​အကြောင်း​သင့်​သ​ဘော​ကို+ လူ​တိုင်း သိ​မြင်​စေ​ပါ။ ဘုရား​သခင်​ဟာ ခင်​ဗျား​တို့​ရဲ့ အနီး​အပါး​မှာ ရှိ​နေ​တယ်။ ၆  ဒါ​ကြောင့် ဘာ​မှ​မ​စိုး​ရိမ်​ဘဲ+ အရာရာ​မှာ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​ပါ၊ ဆု​တောင်း​ကြ​ပါ၊ တိုး​လျှိုး​အသနား​ခံ​ကြ​ပါ၊ ဘု​ရား​သခင်​ဆီ အသနား​ခံ​ကြ​ပါ။+ ၇  ဒါ​ဆို​ရင် လူ့​ဉာဏ်​နဲ့​မမီ​နိုင်​တဲ့ ဘု​ရား​သခင့်​ငြိမ်​သက်​ခြင်း​က+ ခ​ရစ်​တော်​ယေရှု​က​တစ်​ဆင့် ခင်​ဗျား​တို့​ရဲ့ စိတ်​နှ​လုံး​နဲ့+ ဉာဏ်​ရည်​ဉာဏ်​စွမ်း​ကို*  စောင့်​ရှောက်​ပေး​ပါ​လိမ့်​မယ်။ ၈  ညီ​အစ်​ကို​တို့၊ နောက်​ဆုံး​မှာ​ချင်​တာ​က​တော့ မှန်​ကန်​တဲ့​အရာ၊ အလေး​အနက်​ထား​ရ​မယ့်​အရာ၊ ဖြောင့်​မတ်​တဲ့​အရာ၊ စင်​ကြယ်​တဲ့​အရာ၊ မေတ္တာ​တိုး​စေ​တဲ့​အရာ၊ အား​ပေး​မှု​ဖြစ်​စေ​တဲ့​အရာ၊ မွန်မြတ်​တဲ့​အရာ၊ ချီး​မွမ်း​ထိုက်​တဲ့​အရာ မှန်​သမျှ​ကို အမြဲ ဆင်​ခြင်​သုံး​သပ်​နေ​ကြ​ပါ။+ ၉  ကျွန်​တော့်​ဆီ​က ခင်​ဗျား​တို့ လက်​ခံ​သင်​ယူ​ခဲ့​တာ​တွေ၊ ကြား​ခဲ့​မြင်​ခဲ့​တာ​တွေ​ကို လက်​တွေ့​ကျင့်​သုံး​ကြ​ပါ။+ ဒါ​ဆို​ရင် ငြိမ်​သက်​ခြင်း​ရဲ့ ဘု​ရား​သခင်​ဟာ ခင်​ဗျား​တို့​နဲ့​အတူ ရှိ​လိမ့်​မယ်။ ၁၀  အခု ခင်​ဗျား​တို့ ထပ်​ပြီး​ဂရု​စိုက်​ပေး​ကြ​လို့ သခင့်​နောက်​လိုက်​အနေ​နဲ့ ကျွန်​တော် သိပ်​ဝမ်း​သာ​ပါ​တယ်။+ ကျွန်​တော့်​ကို ခင်​ဗျား​တို့ ဂရု​စိုက်​ပေး​ချင်​လျက်​နဲ့ အခွင့်​အရေး မရခဲ့​ကြ​ဘူး။ ၁၁  တစ်​ခု​ခု​လို​အပ်​နေ​လို့ အခု​လို ပြော​တာ​မဟုတ်​ပါ​ဘူး။ ကျွန်​တော်​ဟာ ဘယ်​အခြေ​အနေ​မှာ​မဆို ရောင့်ရဲ​တတ်​ဖို့ သင်​ယူ​ထား​ပြီး​ပြီ။+ ၁၂  အထောက်​အပံ့ နည်း​နည်း​ပဲ​ရှိ​ရှိ၊+ များ​များ​ပဲ​ရှိ​ရှိ ရောင့်ရဲ​တတ်​ပြီ။ ဝ​ဝ​လင်​လင် စား​ရ​တာ​ဖြစ်​စေ၊ ဆာ​လောင်​နေ​တာ​ဖြစ်​စေ၊ ကြွယ်​ဝ​တာ​ဖြစ်​စေ၊ ချို့​တဲ့​တာ​ဖြစ်​စေ အရာရာ​တိုင်း၊ အခြေ​အနေ​တိုင်း​မှာ ရောင့်ရဲ​တတ်​တဲ့ လျှို့ဝှက်​ချက်​ကို သင်​ယူ​ထား​ပြီ။ ၁၃  ဘာ​လို့​လဲ​ဆို​တော့  ကျွန်​တော့်​ကို အစွမ်း​ခွန်​အား​ပေး​တဲ့ ဘု​ရား​သခင်​ကြောင့် အရာရာ​ကို စွမ်း​ဆောင်​နိုင်​လို့​ပဲ။+ ၁၄  ကျွန်​တော် ဆင်း​ရဲ​ဒုက္ခ​ကြုံ​ရ​ချိန်​မှာ ခင်​ဗျား​တို့ ကူ​ညီ​ပေး​ခဲ့​တာ တ​ကယ် မွန်မြတ်​ပါ​တယ်။ ၁၅  ဖိ​လိပ္ပိ​မြို့​သား​တို့၊ သတင်း​ကောင်း​ကို စတင်​ဟော​ပြော​ပြီး​နောက် မက်​ဆီ​ဒိုး​နီး​ယား​ပြည်​က​နေ ကျွန်​တော် ထွက်​ခွာ​လာ​တုန်း​က ခင်​ဗျား​တို့​က​လွဲ​လို့ ဘယ်​အသင်း​တော်​က​မှ ကျွန်​တော့်​ကို မကူ​ညီ​ခဲ့​ကြ​ဘူး။ ကျွန်​တော့်​အကူ​အညီ​ကို​လည်း မယူ​ခဲ့​ကြ​ဘူး။+ ၁၆  သက်သာ​လောနိတ်​မြို့​မှာ ကျွန်​တော်​ရှိ​တုန်း​က လို​အပ်​တာ​တွေ​ကို နှစ်​ကြိမ်​တိ​တိ ခင်​ဗျား​တို့ ပို့​ပေး​ခဲ့​ကြ​တယ်။ ၁၇  ခင်​ဗျား​တို့​ဆီ​က လက်​ဆောင်​ကို မျှော်​နေ​တာ မဟုတ်​ဘူး။ ပို​အကျိုး​ရ​စေ​မယ့် မွန်မြတ်​တဲ့​လုပ်​ရပ်တွေ လုပ်​စေ​ချင်​လို့​ပါ။ ၁၈  ကျွန်​တော့်​မှာ လို​အပ်​သမျှ ရှိ​ထား​ရုံ​မက ပို​တောင် ပို​လျှံ​ပါ​သေး​တယ်။ ခင်​ဗျား​တို့​ပို့​လိုက်​တဲ့ လက်​ဆောင်​ကို ဧ​ပဖြော​ဒိတ်​ဆီ​က​နေ+ ရ​ထား​လို့ အရာရာ ပြည့်​စုံ​နေ​တယ်။ အဲ​ဒီ​လက်​ဆောင်​ဟာ မွှေး​ကြိုင်​တဲ့​ရ​နံ့၊+ ဘု​ရား​သခင် နှစ်​သက်​လက်​ခံ​တဲ့ ပူ​ဇော်​သက္ကာ​နဲ့​တူ​တယ်။ ၁၉  ဒါ​ကြောင့် ဘုန်း​အသရေ​နဲ့ ကြွယ်​ဝ​ပြည့်​စုံ​တဲ့ ဘု​ရား​သခင်​က​လည်း ခင်​ဗျား​တို့ လို​အပ်​သမျှ​ကို ခ​ရစ်​တော်​ယေရှု​အား​ဖြင့် ဖြည့်​ဆည်း​ပေး​လိမ့်​မယ်။+ ၂၀  အဖဘု​ရား​သခင်​ရဲ့ ဘုန်း​တော် အစဉ်​ထာ​ဝ​ရ ထင်​ရှား​ပါ​စေ။ အာ​မင်။* ၂၁  ခ​ရစ်​တော်​ယေရှု​နဲ့ တစ်​စိတ်​တစ်​ဝမ်း​တည်း​ရှိ​နေ​တဲ့ သန့်​ရှင်း​သူ​အား​လုံး​ကို နှုတ်​ဆက်​ပေး​ပါ။ ကျွန်​တော်​နဲ့​အတူ​ရှိ​နေ​တဲ့ ညီ​အစ်​ကို​တွေ​က​လည်း ခင်​ဗျား​တို့​ကို နှုတ်​ဆက်​လိုက်​တယ်။ ၂၂  သန့်​ရှင်း​သူ​အား​လုံး​က ခင်​ဗျား​တို့​ကို နှုတ်​ဆက်​လိုက်​တယ်။ အထူး​သဖြင့် ဆီ​ဇာ​ရဲ့* နန်း​တော်​မှာ​ရှိ​တဲ့+ သန့်​ရှင်း​သူ​တွေ​က ခင်​ဗျား​တို့​ကို နှုတ်​ဆက်​လိုက်​တယ်။ ၂၃  ခင်​ဗျား​တို့​ရဲ့ မွန်မြတ်​တဲ့​စိတ်​ထား​ကြောင့် သခင် ယေရှု​ခ​ရစ်ရဲ့ မဟာ​က​ရု​ဏာ​ကို ခံ​စား​ရ​ပါ​စေ။

အောက်ခြေမှတ်ချက်များ

ဒါ​မှ​မဟုတ်၊ “သခင်​ကြောင့်။”
ဒါ​မှ​မဟုတ်၊ “စဉ်း​စား​ပုံ​ကို၊ အတွေး​အခေါ်​ကို။”
ဒါ​မှ​မဟုတ်၊ “ပြော​တဲ့​အတိုင်း ဖြစ်​ပါ​စေ။”
ဒါ​မှ​မဟုတ်၊ “ရော​မဧ​က​ရာဇ်ရဲ့။”