ဒံယေလ ၇:၁-၂၈

  • သား​ရဲ​လေး​ကောင်​အကြောင်း စိတ်​အာ​ရုံ (၁-၈)

    • မောက်​မာ​တဲ့​ချို​ငယ် ပေါက်​လာ ()

  • အသက်​အကြီး​ဆုံး​အရှင် တ​ရား​ရုံး​ဖွင့်​လှစ် (၉-၁၄)

    • လူ​သား​ကို အုပ်​ချုပ်​ခွင့်​ပေး (၁၃၊ ၁၄)

  • ဒံယေလ​ကို စိတ်​အာ​ရုံ​အဓိပ္ပာယ် ပြော​ပြ (၁၅-၂၈)

    • သား​ရဲ​ကြီး​လေး​ကောင်​ဟာ ဘု​ရင်​လေး​ပါး​ဖြစ် (၁၇)

    • သန့်​ရှင်း​သူ​တွေ နိုင်​ငံ​ကို​ရ (၁၈)

    • ချို​ဆယ်​ချောင်း(သို့)ဘု​ရင်​ဆယ်​ပါး​ပေါ်လာ(၂၄)

 ဗာ​ဗု​လုန်​ဘု​ရင် ဗေ​လ​ရှာ​ဇာ+ နန်း​စံ​ပထ​မနှစ်​မှာ ဒံယေလ အိပ်​စက်​နေ​တုန်း အိပ်​မက်​မက်​ပြီး စိတ်​အာ​ရုံ​တွေ မြင်​တယ်။+ ဒါ​နဲ့ အဲဒီ​အိပ်​မက်​အကြောင်း​ကို ချ​ရေး​ပြီး+ အပြည့်​အစုံ မှတ်​တမ်း​တင်​လိုက်​တယ်။ ၂  မှတ်​တမ်း​ထဲ​မှာ သူ​ရေး​ထား​တာ​က– “ည​အခါ​မြင်​တဲ့ စိတ်​အာ​ရုံ​တွေ​ထဲ​မှာ ကျယ်​ပြော​လှ​တဲ့ ပင်လယ်​ပေါ် အရပ်​လေး​မျက်​နှာ​က​နေ လေ​တွေ* တိုက်​ခတ်​နေ​တာ​ကို ငါ​မြင်​တယ်။+ ၃  အဲဒီ​နောက် ပုံ​သဏ္ဌာန်​ချင်း​မတူ​တဲ့ သား​ရဲ​ကြီး ၄ ကောင်+ ပင်လယ်​ထဲ​က တက်​လာ​တယ်။ ၄  “ပထ​မသား​ရဲ​ဟာ  ခြင်္သေ့​နဲ့​တူ​တယ်။+ လင်း​ယုန်​ရဲ့​တောင်​ပံတွေ​ရှိ​တယ်။+ ငါ​ကြည့်​နေ​တုန်း​မှာ​ပဲ သူ့​တောင်​ပံတွေ ကျွတ်​ထွက်​သွား​တယ်။ သူ့​ကို မြေပေါ်​က​နေ ချီ​မလိုက်​တဲ့​အတွက် လူ​လို ခြေ​နှစ်​ချောင်း​နဲ့ မတ်​တတ်​ရပ်​တယ်။ သူ​က လူ​မှာ​ရှိ​တဲ့ စိတ်​နှလုံး​မျိုး​ကို ရ​တယ်။ ၅  “ငါ​ကြည့်​လိုက်​ပြန်​တော့ ဝက်​ဝံ​နဲ့​တူ​တဲ့ ဒုတိ​ယ​သား​ရဲ​ကို မြင်​တယ်။+ သူ​ဟာ လက်​တစ်​ဖက် ကြွ​ထား​ပြီး နံ​ရိုး​သုံး​ချောင်း ကိုက်​ထား​တယ်။ အသံ​တစ်​သံ​က ‘ထ​ပါ။ အသား များ​များ စား​ပါ’ လို့ သူ့​ကို​ပြော​တယ်။+ ၆  “ငါ​ဆက်​ကြည့်​နေ​တဲ့​အခါ ကျား​သစ်​နဲ့​တူ​တဲ့ သား​ရဲ​တစ်​ကောင်​ကို မြင်​တယ်။+ သူ့​ကျော​ပေါ်​မှာ ငှက်​တောင်​ပံ​လို​မျိုး တောင်​ပံ ၄ ခု​ရှိ​တယ်။ ခေါင်း ၄ လုံး​ရှိ​တယ်။+ သူ​က အုပ်​ချုပ်​ခွင့်​အာ​ဏာ​ကို ရ​တယ်။ ၇  “ငါ​ဆက်​ကြည့်​နေ​တုန်း စိတ်​အာ​ရုံ​မှာ စ​တုတ္ထ​သား​ရဲ​ကို မြင်​တယ်။ သူ​ဟာ သိပ်​ကြောက်​စ​ရာ​ကောင်း​ပြီး တအား​သန်​မာ​တယ်။ သံ​သွား​ကြီး​တွေ​ရှိ​တယ်။ အရာ​အားလုံး​ကို  ကိုက်​စား​ခြေ​မွှ​ပြီး ကျန်​တာ​တွေ​ကို နင်း​ခြေ​ပစ်​တယ်။+ သူ့​ရှေ့​က သား​ရဲတွေ​နဲ့ လုံး​ဝ​မတူ​ဘူး။ သူ့​မှာ ဦး​ချို ၁၀ ချောင်း​ရှိ​တယ်။ ၈  အဲဒီ​ချို​တွေ​အကြောင်း ငါ​စဉ်း​စား​နေ​တုန်း​မှာ​ပဲ  ချို​တွေ​အလယ်​မှာ  ချို​ငယ်​တစ်​ချောင်း ထပ်​ပေါက်​လာ​တယ်။+ အရင်​ချို​သုံး​ချောင်း​ဟာ သူ့​ရှေ့​မှာ ကျွတ်​ထွက်​သွား​တယ်။ အဲဒီ​ချို​ငယ်​မှာ လူ့​မျက်​စိ​နဲ့​တူ​တဲ့ မျက်​စိ​တွေ​ရှိ​ပြီး မောက်​မောက်​မာ​မာ ပြော​တတ်​တဲ့ ပါး​စပ်​ရှိ​တယ်။+ ၉  “ငါ​ဆက်​ကြည့်​နေ​တုန်း  ရာ​ဇ​ပလ္လင်တွေ​ကို နေ​ရာ​ချ​ထား​တာ၊ အသက်​အကြီး​ဆုံး​အရှင်+ ထိုင်​နေ​တာ​ကို+ မြင်​တယ်။ သူ့​အဝတ်​ဟာ နှင်း​လို ဖြူ​ဖွေး​နေ​ပြီး+ ဆံ​ပင်​လည်း သိုး​မွေး​လို သန့်​စင်​တယ်။ သူ​ထိုင်​တဲ့ ရာ​ဇ​ပလ္လင်​ဟာ မီး​လျှံတွေ၊ ပလ္လင်ရဲ့​ဘီး​တွေ​ဟာ တောက်​လောင်​နေ​တဲ့ မီး​တွေ ဖြစ်​နေ​တယ်။+ ၁၀  သူ့​ဆီ​က​နေ မီး​တွေ ချောင်း​လို​စီး​ဆင်း​လာ​တယ်။+ သန်း​နဲ့​ချီ​တဲ့​သူ​တွေ သူ့​ဆီ​မှာ အမှု​ထမ်း​ကြ​တယ်။ သန်း​ရာ​ချီ​ရှိ​တဲ့​သူ​တွေ သူ့​ရှေ့​မှာ ခစား​နေ​ကြ​တယ်။+ တရား​ရုံး+ ဖွင့်​လှစ်​ပြီ။ စာ​စောင်​တွေ​ကို ဖွင့်​ထား​တယ်။ ၁၁  “အဲဒီ​အချိန်​မှာ ငါ​ကြည့်​လိုက်​တဲ့​အခါ အဲဒီ​သား​ရဲ​ဟာ မောက်​မောက်​မာမာ​ ပြော​တဲ့ ဦး​ချို​ရဲ့​အသံ​ကြောင့်+ အသတ်​ခံ​ရ​တာ၊ သူ့​ကိုယ်​ခန္ဓာ မီး​ထဲ​ပစ်​ချ​ပြီး ဖျက်​ဆီး​ခံ​လိုက်​ရ​တာ​ကို ငါ​မြင်​တယ်။ ၁၂  ကျန်​တဲ့​သား​ရဲတွေ​က​တော့+ အာ​ဏာ​ရုပ်​သိမ်း​ခံ​ရ​ပေမဲ့ အချိန်​ကာလ​တစ်​ခု​အထိ ဆက်​အသက်​ရှင်​ခွင့် ရ​ကြ​တယ်။ ၁၃  “ငါ​ဆက်​ကြည့်​နေ​တုန်း စိတ်​အာ​ရုံ​မှာ  လူ​သား​နဲ့​တူ​တဲ့​သူ​တစ်​ယောက်+ မိုး​တိမ်​ခြံ​ရံ​ပြီး လာ​နေ​တာ​ကို ငါ​မြင်​တယ်။ သူ​က အသက်​အကြီး​ဆုံး​အရှင်​ရှေ့ ဝင်​ခွင့်​ရ​တယ်။+ သူ့​ကို အဲဒီ​အရှင်​ရဲ့​ရှေ့​တော် ခေါ်​လာ​ကြ​တယ်။ ၁၄  သူ​က အုပ်​ချုပ်​ခွင့်​အာ​ဏာ၊+ ဂုဏ်​ကျက်​သရေ​နဲ့+ နိုင်​ငံ​တစ်​ခု​ကို​ရ​တယ်။ ဒါ​ကြောင့်  ဘာ​သာ​စကား  အမျိုး​မျိုး​ပြော​တဲ့ လူမျိုး​အပေါင်း​ဟာ သူ့​ဆီ​မှာ အမှု​ထမ်း​ကြ​တယ်။+ သူ့​ရဲ့ အုပ်​ချုပ်​ခွင့်​အာဏာ​ဟာ မကွယ်​ပျောက်​ဘဲ ထာ​ဝ​စဉ် တည်​တံ့​လိမ့်​မယ်။ သူ့​နိုင်​ငံ​ဟာ ပျက်​စီး​မှာ မဟုတ်​ဘူး။+ ၁၅  “ငါ​ဒံယေလ​ဟာ မြင်​ရ​တဲ့ စိတ်​အာ​ရုံ​တွေ​ကြောင့် ထိတ်​လန့်​ပြီး ပူ​ပင်​သော​က ရောက်​နေ​တယ်။+ ၁၆  ဒါ​နဲ့ အဲဒီ​မှာ​ရပ်​နေ​သူ​အနား​ကို သွား​ပြီး ဒါ ဘာ​ကို​ဆိုလို​တာ​လဲ​လို့ မေး​လိုက်​တယ်။ သူ​က အဓိပ္ပာယ်​ကို ပြော​ပြတယ်– ၁၇  “‘အဲဒီ​သား​ရဲ​ကြီး  ၄ ကောင်​ဟာ+ ကမ္ဘာ​ပေါ်​မှာ ပေါ်​ထွန်း​လာ​မယ့် ဘုရင် ၄ ပါး​ပဲ။+ ၁၈  ဒါ​ပေမဲ့ အမြင့်မြတ်​ဆုံး​အရှင်​ရဲ့  သန့်​ရှင်း​သူ​တွေ​က+ နိုင်ငံ​ကို​ ရ​လိမ့်​မယ်။+ အဲဒီ​နိုင်​ငံ​ကို သူတို့ အစဉ်​ထာ​ဝ​ရ ပိုင်​ဆိုင်​ကြ​လိမ့်​မယ်။’+ ၁၉  “တ​ခြား​သား​ရဲတွေ​နဲ့ လုံး​ဝ​မတူ​တဲ့ စ​တုတ္ထ​သား​ရဲ​အကြောင်း​ကို ငါ​သိ​ချင်​တယ်။  သူ​ဟာ   ကြောက်​စ​ရာ သိပ်​ကောင်း​တယ်။ သူ့​မှာ သံ​သွား​တွေ၊ ကြေး​နီ​ခြေ​သည်း​တွေ ရှိ​တယ်။ အရာ​အားလုံး​ကို ကိုက်​စား​ခြေ​ မွှ​ပြီး ကျန်​တာ​တွေ​ကို နင်း​ခြေ​ပစ်​တယ်။+ ၂၀  သူ့​ခေါင်း​ပေါ်​က ဦး​ချို ၁၀ ချောင်း​နဲ့+ ထပ်​ပေါက်​လာ​တဲ့ ချို​တစ်​ချောင်း​ရဲ့ အကြောင်း​ကို​လည်း ငါ​သိ​ချင်​တယ်။ အရင်​ချို​သုံး​ချောင်း​က  အဲဒီ​ချို​ရှေ့​မှာ  ကျိုး​သွား​တယ်။+ အဲဒီ​ချို​မှာ မျက်​စိ​တွေ​ရှိ​တယ်။ မောက်​မောက်​မာ​မာ ပြော​တတ်​တဲ့ ပါး​စပ်​ရှိ​တယ်။ တ​ခြား​ချို​တွေ​ထက် ပို​ကြီး​တယ်။ ၂၁  “ငါ​ဆက်​ကြည့်​နေ​တုန်း အဲဒီ​ချို​က သန့်​ရှင်း​သူ​တွေ​ကို စစ်​တိုက်​ပြီး အနိုင်​ရ​သွား​တယ်။+ ၂၂  အသက်​အကြီး​ဆုံး​အရှင်+ မရောက်​လာ​မချင်း၊ အမြင့်မြတ်​ဆုံး​အရှင်​ရဲ့ သန့်​ရှင်း​သူ​တွေ​ဘက်​က​နေ+ တ​ရား​စီ​ရင်​ပေး​ချိန် မရောက်​မချင်း သူ​အနိုင်​ရ​တယ်။ အဲဒီ​နောက် နိုင်​ငံ​ကို သန့်​ရှင်း​သူ​တွေ ပိုင်​ဆိုင်​ဖို့ သတ်​မှတ်​ထား​တဲ့​အချိန် ရောက်​လာ​တယ်။+ ၂၃  “ငါ့​ကို အဓိပ္ပာယ်​ပြော​ပြတဲ့​သူ​က ‘စ​တုတ္ထ​သား​ရဲ​ဟာ ကမ္ဘာ​ပေါ်​မှာ ပေါ်​လာ​မယ့် စ​တုတ္ထ​နိုင်​ငံ​ပဲ။ အဲဒီ​နိုင်​ငံ​ဟာ တ​ခြား​နိုင်​ငံ​တွေ​နဲ့ တူ​မှာ မဟုတ်​ဘူး။ မြေတစ်​ပြင်​လုံး​ကို ကိုက်​စား​ခြေ​မွှ​ပြီး  နင်း​ခြေ​လိမ့်​မယ်။+ ၂၄  ချို ၁၀ ချောင်း​က​တော့ အဲဒီ​နိုင်​ငံ​ထဲ​က​နေ ပေါ်​ထွက်​လာ​မယ့် ဘု​ရင် ၁၀ ပါး​ပဲ။ အဲဒီ​နောက်  ဘု​ရင်​တစ်ပါး ပေါ်​လာဦး​မယ်။ သူ​ဟာ  အရင်​က​ဘု​ရင်တွေ​နဲ့  မတူ​ဘူး။ ဘု​ရင် ၃ ပါး​ကို နှိမ်​နင်း​လိမ့်​မယ်။+ ၂၅  အမြင့်​ဆုံး​အရှင်​ကို သူ ပုတ်​ခတ်​ပြော​ဆို​မယ်။+ အမြင့်မြတ်​ဆုံး​အရှင်​ရဲ့ သန့်​ရှင်း​သူ​တွေ​ကို မပြတ်​ဒုက္ခ​ပေး​မယ်။ အချိန်​ကာလ​နဲ့ ပညတ်​တ​ရား​ကို ပြောင်း​လဲ​ဖို့  သူ​ကြိုး​စား​မယ်။ သန့်​ရှင်း​သူ​တွေ​ဟာ တစ်​ကာလ၊ နှစ်​ကာလ​နဲ့ ကာလ​တစ်​ဝက်​ပတ်​လုံး* သူ့​လက်​ထဲ​ကျ​ရောက်​လိမ့်​မယ်။+ ၂၆  ဒါ​ပေမဲ့​ တရား​ရုံး ဖွင့်​လှစ်​ပြီး သူ့​ရဲ့ အုပ်​ချုပ်​ခွင့်​အာ​ဏာ​ကို ရုပ်​သိမ်း​လိမ့်​မယ်။ သူ့​ကို အစ​တုံး ဖျက်​ဆီး​လိမ့်​မယ်။+ ၂၇  “‘အမြင့်မြတ်​ဆုံး​အရှင်​ရဲ့ သန့်​ရှင်း​သူ​တွေ​ဟာ  နိုင်​ငံ​နဲ့  အုပ်​ချုပ်​ခွင့်​အာဏာ​ကို၊ ကောင်း​ကင်​အောက်​မှာ​ရှိ​တဲ့ နိုင်​ငံ​အားလုံး​ရဲ့ ခမ်း​နား​ထည်​ဝါ​မှု​ကို​ရ​လိမ့်​မယ်။+  သူတို့​ရဲ့​နိုင်​ငံ​ဟာ ထာဝ​စဉ် တည်​လိမ့်​မယ်။+ နိုင်​ငံ​အားလုံး​က သူတို့​ဆီ​မှာ အမှု​ထမ်း​ပြီး အမိန့်​ကို နာ​ခံ​ကြ​လိမ့်​မယ်။’ ၂၈  “ငါ​မြင်​ခဲ့​ကြား​ခဲ့​တာ​တွေ​ဟာ ဒီ​လောက်​ပါ​ပဲ။ ငါ​ဒံယေလ​က အကြီး​အကျယ် ထိတ်​လန့်​နေ​တဲ့​အတွက် မျက်​နှာ​သွေး​ဆုတ်​တဲ့​အထိ ဖြစ်​နေ​တယ်။ ဒီ​အကြောင်း​ကို​တော့ စိတ်​ထဲ​မှာ​ပဲ​ထား​လိုက်​တယ်။”

အောက်ခြေမှတ်ချက်များ

မူ​ရင်း၊ “မိုး​ကောင်း​ကင် လေ ၄ မျိုး။”
သုံး​ကာလ​ခွဲ။