ကမ္ဘာဦး ၁၇:၁-၂၇

  • လူမျိုးများ​စွာ​ရဲ့​ဖခင် ဖြစ်လာ​မယ့် အာဗြဟံ (၁-၈)

    • အာဗြံ​ကို အာဗြဟံ​လို့ နာမည်​ပြောင်း ()

  • အရေဖျားဖြတ်​ခြင်း ပ​ဋိ​ညာ​ဉ် (၉-၁၄)

  • စာရဲ​ကို စာရာ​လို့ နာမည်​ပြောင်း (၁၅-၁၇)

  • သား​အိဇက်​နဲ့ပတ်သက်တဲ့ ကတိ (၁၈-၂၇)

၁၇  အာဗြံ​အသက် ၉၉ နှစ်မှာ သူ့​ဆီ ယေဟောဝါ ရောက်လာပြီး “ငါ​ဟာ အနန္တ​တန်ခိုးရှင် ဘုရား​သခင်​ပဲ။ ငါ့​ရှေ့မှာ သစ္စာရှိလမ်းစဉ်​အတိုင်း လျှောက်လှမ်း​ပြီး အမှား​ကင်း​အောင် နေ​ပါ။ ၂  မင်း​နဲ့​ဖွဲ့တဲ့ ပ​ဋိ​ညာ​ဉ်​ကို ငါ​အ​တ​ည်​ဖြစ်စေမယ်။+ မင်းကို သားမြေး​တွေ အများကြီး​ရစေ​မယ်”+ လို့​ပြောတယ်။ ၃  အာဗြံ ပျပ်ဝပ်​လိုက်​တော့ ဘုရား​သခင် ဆက်​ပြောတယ်– ၄  “မင်း​နဲ့​ငါ​ပ​ဋိ​ညာ​ဉ် ဖွဲ့​လိုက်​ပြီ။+ မင်းဟာ လူမျိုးများ​စွာ​ရဲ့​ဖခင် ဖြစ်လာမယ်။+ ၅  မင်းကို အာဗြံ* လို့​မ​ခေါ်​တော့ဘူး။ လူမျိုးများ​စွာ​ရဲ့​ဖခင် ဖြစ်စေ​မှာ​မို့ အာဗြဟံ* လို့​ခေါ်​ရ​လိမ့်မယ်။ ၆  မင်း​ရဲ့​သားမြေး​တွေကို အများကြီး ပွားများ​စေမယ်။ မင်း​ဆီကနေ လူမျိုး​တွေ၊ ဘုရင်တွေ ဆင်းသက်လာ​မယ်။+ ၇  “မင်း​နဲ့​ရော မင်း​ရဲ့​မျိုးနွယ် အစဉ်အဆက်​နဲ့​ပါ ဖွဲ့​ထားတဲ့ ထာဝရ​ပ​ဋိ​ညာ​ဉ်​ကို ငါ​စောင့်ထိန်း​မယ်။+ ငါ​ဟာ မင်း​ရဲ့​ဘုရား​သခင်၊ မင်း​ရဲ့​မျိုးနွယ်​ကိုးကွယ်​တဲ့ ဘုရား​သခင် ဖြစ်မယ်။ ၈  တိုင်းတစ်ပါးသား​အဖြစ်+ မင်း​နေထိုင်​နေတဲ့ ခါနန်​တစ်ပြည်လုံး​ကို မင်း​နဲ့ မင်း​ရဲ့ မျိုးနွယ်​ကို ထာဝစဉ် အပိုင်ပေး​မယ်။ ငါ​ဟာ သူတို့ရဲ့​ဘုရား​သခင် ဖြစ်မယ်။”+ ၉  အာဗြဟံ​ကို ဘုရား​သခင် မှာ​တယ်– “ငါ့​ပ​ဋိ​ညာ​ဉ်​ကို မင်း​စောင့်ထိန်း​ရမယ်။ မင်း​ရဲ့ မျိုးနွယ်​အစဉ်အဆက်​လည်း စောင့်ထိန်း​ရမယ်။ ၁၀  မင်း​နဲ့ မင်း​ရဲ့​သားစဉ်မြေးဆက်​တွေ စောင့်ထိန်း​ရမယ့် ပ​ဋိ​ညာ​ဉ်​က​တော့ မင်း​ဆီမှာရှိတဲ့ ယောက်ျား​တိုင်း အရေဖျား ဖြတ်​ရမယ်။+ ၁၁  မင်း​တို့ အရေဖျား ဖြတ်​ရမယ်။ ဒါဟာ မင်း​တို့​နဲ့​ငါ​ဖွဲ့တဲ့ ပ​ဋိ​ညာ​ဉ်​ရဲ့ အမှတ်အသား​ပဲ။+ ၁၂  မင်း​တို့​ရဲ့​အမျိုး​အစဉ်အဆက် အိမ်မှာ​မွေးတဲ့​သူ​ဖြစ်စေ၊ ကို​ယ့်​သားမြေး​မဟုတ်ဘဲ တိုင်းတစ်ပါးသား​ဆီက ငွေ​နဲ့​ဝယ်ထား​သူ​ဖြစ်စေ သားယောက်ျား​တိုင်း ရှစ်​ရက်သား​အရွယ်မှာ အရေဖျားဖြတ်​ရမယ်။+ ၁၃  အိမ်မှာ​မွေးတဲ့ ယောက်ျား​အားလုံး၊ ငွေ​နဲ့​ဝယ်​ထားတဲ့ ယောက်ျား​အားလုံး အရေဖျားဖြတ်​ရမယ်။+ ဒီလို​အရေဖျားဖြတ်​တာ​ဟာ မင်း​တို့​နဲ့​ငါ​ဖွဲ့​ထားတဲ့ ထာဝရ​ပ​ဋိ​ညာ​ဉ်​ရဲ့ အမှတ်အသား​ပဲ။ ၁၄  အရေဖျား မ​ဖြတ်​သူ​ကို​တော့ ပယ်ရှင်း​ရမယ်။* ငါ့​ပ​ဋိ​ညာ​ဉ်​ကို သူ​ချိုးဖောက်​တယ်။” ၁၅  ဘုရား​သခင်​က အာဗြဟံ​ကို “မင်း​ရဲ့​မိန်းမ​ကို စာရဲ*+ လို့​မ​ခေါ်​တော့ဘူး။ စာရာ* လို့​ခေါ်​ရ​လိမ့်မယ်။ ၁၆  သူ့ကို ငါ​ကောင်းချီး​ပေးမယ်။ သူက မင်း​အတွက် သားတစ်ယောက် မွေး​ပေးမယ်။+ ငါ​ကောင်းချီး​ပေးမှာ​မို့​လို့ သူ့ဆီကနေ လူမျိုး​တွေ၊ ဘုရင်တွေ ဆင်းသက်လာ​မယ်” လို့​ပြောတယ်။ ၁၇  အဲဒီအခါ အာဗြဟံ​က ပျပ်ဝပ်​ရင်း “အသက် ၁၀၀ ရှိတဲ့​သူက ကလေး​ရနိုင်​ပါ​ဦး​မလား။ အသက် ၉၀ ရှိတဲ့ စာရာ​က​လည်း ကလေး​မွေး​နိုင်​ပါ​ဦး​မလား”+ လို့​တွေး​ပြီး ရယ်မိ​တယ်။+ ၁၈  ပြီးတော့ အာဗြဟံ​က “အိရှမေလ​ဟာ ကိုယ်တော့်​ကောင်းချီး ခံစားရ​ပါ​စေ” ဆို​ပြီး စစ်မှန်တဲ့ ဘုရားသခင်ကို ပြောတယ်။+ ၁၉  ဘုရား​သခင်​က မင်း​ရဲ့​ဇနီး စာရာ​ဟာ သားတစ်ယောက် မွေး​ကို မွေး​လာမယ်။ သူ့ကို အိဇက်*+ လို့ နာမည်​ပေး​ရမယ်။ သူနဲ့ ငါ​ပ​ဋိ​ညာ​ဉ် ဖွဲ့​မယ်။ အဲဒီ​ပ​ဋိ​ညာ​ဉ်​ဟာ သူ့ရဲ့ နောင်​မျိုးနွယ်​တွေ​အထိ ထာဝရ​တည်မြဲ​နေမယ်။+ ၂၀  အိရှမေလ​နဲ့ပတ်သက်ပြီး မင်း​ပြောတာကိုလည်း ငါ​ကြားတယ်။ သူ့ကို ငါ​ကောင်းချီး​ပေး​ပြီး သူ့​သားမြေး​တွေကို အများကြီး ပွားများ​စေမယ်။ သူ့ဆီကနေ မျိုးနွယ်စု​ခေါင်းဆောင် ၁၂ ယောက် ဆင်းသက်လာ​မယ်။ သူ့ကို လူမျိုး​ကြီး​ဖြစ်စေမယ်။+ ၂၁  ဒါပေမဲ့ ငါ့ရဲ့​ပ​ဋိ​ညာ​ဉ်​ကို​တော့ နောက်​နှစ် ဒီအချိန်​မှာ စာရာ​မွေး​မယ့်+ သား​အိဇက်​အား​ဖြင့် အ​တ​ည်​ဖြစ်စေမယ်+ လို့​ပြောတယ်။ ၂၂  ဘုရား​သခင်​က အာဗြဟံ​နဲ့ စကားပြော​ပြီးနောက် ထွက်​သွားတယ်။ ၂၃  အာဗြဟံ​လည်း ဘုရား​သခင် မှာ​ထားတဲ့​အတိုင်း သား​အိရှမေလ၊ အိမ်မှာ​မွေးတဲ့​သူ၊ ငွေ​နဲ့​ဝယ်​ထားတဲ့​သူ​စတဲ့ အိမ်သား​ယောက်ျား​အားလုံးကို ခေါ်ပြီး အဲဒီ​နေ့မှာပဲ အရေဖျားဖြတ်​ပေးလိုက်တယ်။+ ၂၄  အာဗြဟံ အရေဖျားဖြတ်​ချိန်မှာ အသက် ၉၉ နှစ်​ရှိပြီ။+ ၂၅  သား​အိရှမေလ အရေဖျားဖြတ်​ချိန်မှာ အသက် ၁၃ နှစ်​ရှိပြီ။+ ၂၆  အဲဒီ​နေ့မှာပဲ အာဗြဟံ​ရော သား​အိရှမေလ​ပါ အရေဖျားဖြတ်​ကြ​တယ်။ ၂၇  အိမ်မှာ​မွေးတဲ့​သူ၊ တိုင်းတစ်ပါးသား​ဆီက ငွေ​နဲ့​ဝယ်​ထားတဲ့​သူ​စတဲ့ အိမ်သား​ယောက်ျား​အားလုံး အရေဖျားဖြတ်​ကြ​တယ်။

အောက်ခြေမှတ်ချက်များ

အဓိပ္ပာယ်၊ “ချီးမြှောက်ခံ​ရတဲ့ ဖခင်။”
အဓိပ္ပာယ်၊ “လူ​အမြောက်အမြား​ရဲ့ ဖခင်။”
ဒါမှမဟုတ်၊ “သေဒဏ်ပေး​ရမယ်။”
အဓိပ္ပာယ်၊ “မင်းသမီး။”
“ငြင်းခုံ​ရန်​တွေ့​တတ်​သူ” လို့ ဆိုလို​နိုင်။
အဓိပ္ပာယ်၊ “ရယ်မော​သူ။”