မာတိကာဆီ ကျော်သွား

ဗျာဒိတ်ကျမ်းရဲ့ အဓိပ္ပာယ်က ဘာလဲ

ဗျာဒိတ်ကျမ်းရဲ့ အဓိပ္ပာယ်က ဘာလဲ

သမ္မာကျမ်းစာ ဖြေဆိုရာ

 ဗျာဒိတ်ကျမ်းကို ဂရိစကားနဲ့ အပေါကလစ် လို့ခေါ်တယ်။ အပေါကလစ် ဆိုတာ ဖော်ထုတ် ဒါမှမဟုတ် ဖွင့်ချပြောပြတယ်ဆိုတဲ့ အဓိပ္ပာယ်ရှိတယ်။ အဲဒီနာမည်အတိုင်းပဲ ဗျာဒိတ်ကျမ်းက ဖုံးကွယ်နေတဲ့အရာတွေကို ဖော်ထုတ်ပြတယ်။ နှစ်ပေါင်းများစွာကြာမှ ဖြစ်ပျက်လာမယ့်အကြောင်းအရာတွေကို ဖွင့်ချပြောပြထားတယ်။ ဒီကျမ်းမှာပါတဲ့ ကြိုဟောချက်အတော်များများဟာ ပြည့်စုံဖို့ ကျန်နေပါသေးတယ်။

ဗျာဒိတ်ကျမ်း အကျဉ်းချုပ်

  •   နိဒါန်း။—ဗျာဒိတ် ၁:၁–၉

  •   အသင်းတော်ခုနစ်ခုကို ပေးပို့တဲ့ ယေရှုရဲ့ မှာကြားချက်များ။—ဗျာဒိတ် ၁:၁၀–၃:၂၂

  •   ကောင်းကင်ပလ္လင်ပေါ် ထိုင်နေတဲ့ ဘုရားသခင်ကို မြင်တွေ့ရတဲ့ ရူပါရုံ။—ဗျာဒိတ် ၄:၁–၁၁

  •   တစ်ခုပြီးတစ်ခု ဆက်တိုက်တွေ့မြင်ရတဲ့ ရူပါရုံများ–

    •   တံဆိပ်ခုနစ်ခု။—ဗျာဒိတ် ၅:၁–၈:၆

    •   တံပိုးခုနစ်ခု။ နောက်ဆုံးတံပိုးသုံးခုကို မှုတ်တဲ့အခါ အမင်္ဂလာသုံးခု ဖြစ်ပေါ်လာ။—ဗျာဒိတ် ၈:၇–၁၄:၂၀

    •   ဖလားခုနစ်လုံး။ တစ်လုံးစီထဲမှာ ဘုရားသခင့် တရားစီရင်မှုကို ကိုယ်စားပြုတဲ့ ကပ်ဘေးတစ်ခုစီပါရှိ။ အဲဒါတွေကို ကမ္ဘာပေါ် သွန်းလောင်းချမှာဖြစ်။—ဗျာဒိတ် ၁၅:၁–၁၆:၂၁

    •   ဘုရားသခင့်ရန်သူတွေ ဖျက်ဆီးခံရမယ့်အကြောင်း ဖော်ပြထားတဲ့ ရူပါရုံများ။—ဗျာဒိတ် ၁၇:၁–၂၀:၁၀

    •   ကောင်းကင်နဲ့ မြေကြီးအတွက် ဘုရားသခင့်ကောင်းချီးတွေကို ဖော်ပြထားတဲ့ ရူပါရုံများ။—ဗျာဒိတ် ၂၀:၁၁–၂၂:၅

  •   နိဂုံး။—ဗျာဒိတ် ၂၂:၆–၂၁

ဗျာဒိတ်ကျမ်းကို နားလည်စေတဲ့ အဓိကအချက်များ

  1.  ၁။ ဗျာဒိတ်ကျမ်းမှာ ဖော်ပြထားရာတွေရဲ့ အဓိပ္ပာယ်က ဘုရားသခင့်လူမျိုးအတွက် ကြောက်စရာမဟုတ်ဘဲ ဝမ်းသာစရာဖြစ်ပါတယ်။ “အပေါကလစ်” ဆိုတဲ့စကားလုံးက ကပ်ဘေးဆိုးကြီးကို ဆိုလိုတယ်လို့ တချို့ ထင်ကြတယ်။ ဒါပေမဲ့ ဗျာဒိတ်ကျမ်းကို ဖတ်ရှု၊ နားလည်ပြီး လိုက်နာကျင့်သုံးသူတွေဟာ ပျော်ရွှင်လိမ့်မယ်လို့ ဒီကျမ်းရဲ့အစမှာရော အဆုံးမှာပါ ဖော်ပြထားပါတယ်။—ဗျာဒိတ် ၁:၃; ၂၂:၇

  2.  ၂။ ဗျာဒိတ်ကျမ်းမှာ “အမှတ်သင်္ကေတ” တွေ၊ နိမိတ်လက္ခဏာတွေ အများကြီး အသုံးပြုထားတယ်။ အဲဒါတွေကို စာသားအတိုင်း ယူလို့မရဘူး။—ဗျာဒိတ် ၁:၁

  3.  ၃။ ဗျာဒိတ်ကျမ်းမှာပါတဲ့ အဓိကဖော်ပြချက်တွေ၊ အမှတ်သင်္ကေတတွေဟာ ကျမ်းစာရဲ့ ရှေ့ကျမ်းစောင်တွေမှာ ဖော်ပြထားပြီးသားတွေဖြစ်တယ်။ ဥပမာ၊ ဗျာဒိတ်ကျမ်းမှာပါတဲ့ ဒီအချက်တွေကို တခြားကျမ်းတွေမှာပါ တွေ့နိုင်တယ်–

  4.  ၄။ ဗျာဒိတ်ကျမ်းပါ ရူပါရုံတွေက “သခင့်နေ့တော်” နဲ့ သက်ဆိုင်ပါတယ်။ “သခင့်နေ့တော်” က ဘုရားသခင့်နိုင်ငံတော် စတင်တည်ထောင်ပြီး ယေရှုခရစ် ဘုရင်ဖြစ်လာတဲ့ ၁၉၁၄ မှာစတင်တယ်။ (ဗျာဒိတ် ၁:၁၀) ဒါကြောင့် ဗျာဒိတ်ကျမ်းဟာ ကျွန်ုပ်တို့အချိန်မှာ အဓိကပြည့်စုံမယ်လို့ မျှော်လင့်နိုင်ပါတယ်။

  5.  ၅။ တခြားကျမ်းစောင်တွေလိုပဲ ဗျာဒိတ်ကျမ်းကိုလည်း နားလည်နိုင်ဖို့ ဘုရားသခင်ဆီက ဉာဏ်ပညာနဲ့ ကျမ်းစာ နားလည်ထားသူတွေဆီက အကူအညီ လိုအပ်ပါတယ်။—တမန်တော် ၈:၂၆–၃၉; ယာကုပ် ၁:၅