မာတိကာဆီ ကျော်သွား

ကျမ်းစာက ဘဝပုံစံတွေကို ပြောင်းလဲပေး

ကျမ်းစာက ကမ္ဘာတစ်ဝန်းက လူတွေရဲ့ ဘဝပုံစံတွေ ပြောင်းလဲပေးပုံကို ဒီဘဝအတ္ထုပ္ပတ္တိတွေမှာ ကြည့်ပါ။

အဓိပ္ပာယ်ရှိတဲ့ ဘဝ

ပျော်စရာဘဝသစ် စတင်လာပုံ

ကလေးဘဝကတည်းက သိမ်ငယ်စိတ်ဝင်ခဲ့တဲ့ အမျိုးသားတစ်ယောက်ကို သမ္မာကျမ်းစာ ကူညီပေးခဲ့ပုံအကြောင်း ရှုစားကြည့်ပါ။

ဘုရားအကူအညီနဲ့ အိမ်ထောင်ကို ပြန်တည်ဆောက်ခဲ့

ကျမ်းစာအခြေခံမူတွေက အိမ်ထောင်ရေးပြဿနာရှိနေသူ ဘယ်သူမဆိုကို ကူညီပေးနိုင်တယ်။

စစ်မှန်တဲ့ စည်းစိမ်ချမ်းသာကို ရှာတွေ့ပြီ

အောင်မြင်တဲ့ စီးပွားရေး ပညာရှင်က ငွေနဲ့ စည်းစိမ်ထက် တန်ဖိုးရှိတဲ့အရာကို ဘယ်လို ရှာတွေ့ခဲ့သလဲ။

ဟွန် ပါဘလို ဇာမီညို– ယေဟောဝါက ကျွန်တော့်ကို အဓိပ္ပာယ်ပြည့်ဝတဲ့ဘဝ ပေးထား

စိတ်ထိခိုက် နာကျင်စရာ ဘဝအတွေ့အကြုံတွေက နှစ်ပေါင်းအတော်ကြာတဲ့အထိ စိတ်ဒဏ်ရာ ဖြစ်နေတတ်တယ်။ ကလေးဘဝ အခြေမလှခဲ့ပေမဲ့ ယွန် ပါဘလိုဟာ စစ်မှန်တဲ့ ဘဝအဓိပ္ပာယ်၊ စိတ်ငြိမ်သက်မှုနဲ့ ပျော်ရွှင်မှု ရှာတွေ့ခဲ့ပုံကို လေ့လာကြည့်ပါ။

အစည်းအဝေးခန်းမမှာ နှုတ်ဆက်တာကို ဘယ်တော့မှ မမေ့ဘူး

ယေဟောဝါသက်သေတွေရဲ့ အစည်းအဝေး ခန်းမမှာ ဦးဆုံးအကြိမ် အစည်းအဝေးတက်တုန်းက ကြိုဆိုခံရပုံကို စတိဗ် အခုအချိန်အထိ မှတ်မိနေတုန်းပဲ။

အမုန်းတရားကို ချစ်ခြင်းမေတ္တာ ဘယ်တော့များ အနိုင်ယူမလဲ

လူမျိုးရေးအစွဲကို ထုတ်ပစ်ဖို့ မလွယ်ဘူး။ ဒါပေမဲ့ ဒီလိုလုပ်နိုင်ခဲ့တဲ့ ဂျူးလူမျိုးတစ်ယောက်နဲ့ ပါလက်စတိုင်းလူမျိုးတစ်ယောက်အကြောင်း ရှုစားကြည့်ပါ။

ယုတ္တိရှိပြီး ရှင်းလင်းတဲ့ ကျမ်းစာအဖြေကို ကျွန်တော် သဘောကျ

ဘဝနဲ့ပတ်သက်တဲ့ အရေးကြီးမေးခွန်းတွေရဲ့ အဖြေကို အားနက်စ်လိုဒီ တွေ့ရှိခဲ့ပါတယ်။ ကျမ်းစာရဲ့ ရှင်းလင်းတဲ့ အဖြေက သူ့အတွက် စစ်မှန်တဲ့ အနာဂတ်မျှော်လင့်ချက် ရှိလာစေတယ်။

ဆင်းရဲဒုက္ခကြုံရချိန်မှာ မျှော်လင့်ချက်ကို ဘယ်တော့မှ မစွန့်လွှတ်နဲ့

ဆင်းရဲဒုက္ခတွေကို ဘုရားသခင် ဘာကြောင့် ခွင့်ပြုထားသလဲဆိုတာကို ဒေါရစ် သိချင်ခဲ့တယ်။ ထင်မှတ်မထားတဲ့ နေရာကနေ သူအဖြေရခဲ့တယ်။

မေးခွန်းသုံးခုကြောင့် ကျွန်မဘဝပြောင်းလဲခဲ့

ကျောင်းသူလေးက ဒေါရစ္စ အဲလ်ဒရတ်ကို ကျမ်းစာသင်ပေးတော့ ဘဝနဲ့ပတ်သက်တဲ့အရေးကြီးမေးခွန်းတွေရဲ့အဖြေကို ဒေါရစ္စ ရရှိခဲ့တယ်။

ကျွန်မ မသေချင်ဘူး

‘အသက်ရှင်နေတာ ဘာအတွက်လဲ’ လို့ အီဗွန်း ခွာရီ တွေးမိခဲ့တယ်။ အဖြေရတော့ သူ့ဘဝပြောင်းလဲသွားတယ်။

ကျွန်မအတွက် ယေဟောဝါ လုပ်ဆောင်ပေးတာတွေ သိပ်များတယ်

ကလေးဘဝမှာ လိင်ဆိုင်ရာမတော်မတရားပြုကျင့်ခံခဲ့ရတဲ့ ခရစ်တယ်လ်ကို ယေဟောဝါဘုရားနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိလာအောင်၊ အဓိပ္ပာယ်ပြည့်ဝတဲ့ဘဝ ပိုင်ဆိုင်နိုင်အောင် ဘယ်ကျမ်းစာအမှန်တရားက ကူညီပေးခဲ့သလဲ။

သိမ်ငယ်စိတ် မရှိတော့ဘူး

အမြစ်တွယ်နေတဲ့ သိမ်ငယ်စိတ်ကို အီဇရေး မာတီနစ် ဘယ်လို ကျော်လွှားပြီး ကိုယ့်ကိုယ်ကိုယ် လေးစားတတ်လာသလဲဆိုတာ လေ့လာကြည့်ပါ။

ဂျေစန် စဲနာဂျိုနန်။ ကျွန်တော့်ဆုတောင်းချက်ကို ယေဟောဝါ နားထောင်

နားမကြား ဂျေစန်အတွက် ဘုရားသခင်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိဖို့ ဘာကမှ အတားအဆီး မဖြစ်ခဲ့ဘူး။

အဖေနဲ့ သင့်မြတ်သွားပြီ

ရေနေးဟာ ဘာကြောင့် မူးယစ်ဆေးနဲ့ အရက် တလွဲသုံးခဲ့သလဲ၊ ကောင်းကျိုးမပြုတဲ့အရာတွေကို ဘယ်လို ဖြတ်နိုင်ခဲ့သလဲဆိုတာ လေ့လာကြည့်ပါ။

တခြားသူတွေကို ကူညီပေးနိုင်ပြီ

ဟူလ်ရို ခေါရို မတော်မဆထိခိုက်မှုကြီးဖြစ်ခဲ့ပြီးနောက် ဘုရားသခင် ဂရုမစိုက်ဘူးလို့ ခံစားခဲ့ရတယ်။ ထွက်မြောက်ရာ ၃:၇ ပါ ကျမ်းစကားကြောင့် သူ့အမြင် ပြောင်းလဲသွားတယ်။

ဘဝမှာ ကိုယ့်အတွက်ပဲကိုယ်ကြည့်ခဲ့

ခရစ္စတော့ဖ် ဘာဝါဟာ အတ္တလန္တိတ်သမုဒ္ဒရာကို ဖြတ်ပြီး ရွက်လွှင့်နေတုန်း ကျမ်းစာကို အချိန်အများကြီးပေးပြီး ဖတ်ဖြစ်ခဲ့တယ်။ သူ ဘာသိလာသလဲ။

မတရားမှုကို တိုက်ထုတ်ချင်တယ်

ရာဖီကာဟာ လူမှုရေး မတရားမှုကို တိုက်ထုတ်ဖို့ တော်လှန်ရေးအဖွဲ့ထဲ ဝင်ခဲ့တယ်။ ဒါပေမဲ့ ဘုရားသခင့်နိုင်ငံတော် အောက်မှာ ငြိမ်သက်ခြင်းနဲ့ တရားမျှတခြင်းရှိမယ်ဆိုတဲ့ ကျမ်းစာကတိကို သူတွေ့ရှိခဲ့တယ်။

“ကမ္ဘာကြီးကို ကျွန်တော် ပြောင်းလဲရမယ်လို့ မခံစားရတော့ပါဘူး”

လူမှုအခွင့်အရေး ပြုပြင်ပြောင်းလဲသူတစ်ဦးက သမ္မာကျမ်းစာကို လေ့လာတဲ့အခါ လူသားတွေအတွက် စစ်မှန်တဲ့ပြောင်းလဲမှုကို ဘယ်လို တွေ့ရှိခဲ့သလဲ။

ကျွန်မ လက်နက်ချလိုက်ပြီ

ကျမ်းစာက စင်ဒီကို ကြမ်းတမ်းစေသူ မဖြစ်အောင် ဘယ်လို ကူညီပေးခဲ့တဲ့အကြောင်း ဖတ်ကြည့်ပါ

ကျွန်တော့်အတွက်တော့ ဘုရားဆိုတာ မရှိဘူး

ကွန်မြူနစ်ဝါဒနဲ့ ဘုရားမဲ့ဝါဒရဲ့ သြဇာလွှမ်းမှု ခံခဲ့ရတဲ့ လူငယ်တစ်ဦး ဘယ်လိုနည်းနဲ့ ကျမ်းစာလေ့လာဖြစ်သွားသလဲ

သမ္မာကျမ်းစာ​က ဘဝပုံစံ​တွေ​ကို ပြောင်းလဲ​ပေးနိုင်​—နိုဝင်ဘာ ၂၀၁၂

အလုပ်​ကောင်း ရထားတဲ့ အမျိုးသမီး​တစ်ဦး၊ လောင်းကစားသမား​တစ်ဦး၊ ဘဝကို စိတ်ကုန်​နေ​သူ​တစ်ဦး စစ်မှန်​တဲ့​ပျော်ရွှင်မှု ဘယ်လို ရှာတွေ့ခဲ့​သလဲ။

သမ္မာကျမ်းစာက ဘဝအသက်တာတွေကို ပြောင်းလဲပေးနိုင်—အရင်က မိန်းမအများကြီး ယူခဲ့တဲ့သူအဖြစ်ကနေ ခင်ပွန်းကောင်းတစ်ယောက် ဖြစ်လာ

အရင်က မိန်းမအများကြီး ယူခဲ့တဲ့သူအဖြစ်ကနေ ခင်ပွန်းကောင်းတစ်ယောက် ဖြစ်လာဖို့ ဘာက လှုံ့ဆော်သလဲ။

ပြောင်းလဲထားသော ယုံကြည်ချက်များ

“ကျွန်တော့်မှာ အဖြေထက် မေးခွန်းက ပိုများနေတယ်”

ယေဟောဝါသက်သေတွေဟာ ကျမ်းစာအကြောင်း အမှန်တရား သွန်သင်ပေးတယ်လို့ ချာ့ချ်မှာ ဓမ္မဆရာ ဖြစ်ခဲ့ဖူးတဲ့ မာရီယို ဘာကြောင့် ယုံကြည်သွားသလဲ။

ကျွန်မလိုချင်တဲ့ အဖြေကို ကျမ်းစာအမှန်တရားကနေ ရရှိခဲ့

မိုက်လီ ဂွန်ဒါလ်ဟာ သူ့အဖေဆုံးပြီးတဲ့နောက် ဘုရားသခင်ကို အယုံအကြည်မရှိတော့ဘူး။ စစ်မှန်တဲ့ယုံကြည်ခြင်းနဲ့ စိတ်ငြိမ်သက်မှုကို သူ ဘယ်လိုပြန်ရခဲ့သလဲ။

မေးခွန်းတိုင်းကို ကျမ်းစာနဲ့ သူတို့ အဖြေပေး

ကက်သလစ်သီလရှင်ရော ကွန်မြူနစ်အဖွဲ့ဝင်ပါဖြစ်ခဲ့သူ အီဆိုလီနာ လာမဲလ်အာဟာ သီလရှင်ဘဝကိုရော၊ ကွန်မြူနစ်အဖွဲ့ကိုပါ စိတ်ပျက်ခဲ့တယ်။ နောက်ပိုင်း ယေဟောဝါသက်သေတွေနဲ့တွေ့ပြီး ဘဝရည်ရွယ်ချက်အကြောင်း ကျမ်းစာကနေ ရှင်းရှင်းလင်းလင်း နားလည်လာခဲ့တယ်။

“တန်ဖိုးကြီးတဲ့ ပုလဲ” ကို ရှာတွေ့ခဲ့ကြ

မေရီနဲ့ ဘီယောန်းဟာ နိုင်ငံတော် အမှန်တရားကို မတူညီတဲ့ နည်းလမ်းတွေနဲ့ သိလာခဲ့ကြတယ်။ အမှန်တရားက သူတို့ရဲ့ အသက်တာကို ဘယ်လို ပြောင်းလဲပေးခဲ့သလဲ။

ဘာသာရေးကို စိတ်ပျက်ခဲ့

တွမ်ဟာ ဘုရားကို ယုံကြည်ချင်ပေမဲ့ ဘာသာရေးနဲ့ ဓလေ့ထုံးစံတွေကို စိတ်ပျက်လာတယ်။ ကျမ်းစာလေ့လာတာက သူ့ကို မျှော်လင့်ချက် ဘယ်လိုပြန်ရစေခဲ့သလဲ။

“ကျွန်မကို ယေဟောဝါဘုရား ပစ်မထားဘူး”

ဘာသာတရားအလွန်ကိုင်းရှိုင်းတဲ့ ဒီအမျိုးသမီးက လူတွေ ဘာကြောင့်သေရတာလဲ၊ သေပြီးနောက် ဘာဖြစ်သွားသလဲ စတဲ့မေးခွန်းတွေရဲ့အဖြေကို ကျမ်းစာကနေ သိရှိခဲ့တယ်။ ကျမ်းစာအမှန်တရားက သူ့ဘဝကို ဘယ်လိုပြောင်းလဲစေခဲ့သလဲဆိုတာ လေ့လာကြည့်ပါ။

“ခရစ်ယာန်ဘုန်းတော်ကြီးဖြစ်ဖို့ စိတ်ကူးယဉ်ခဲ့တယ်”

ရောဘက်တို ပါချီကိုဟာ လူငယ်ဘ၀ကတည်းက ကက်သလစ်ဘုန်းတော်ကြီးဖြစ်ဖို့ ပန်းတိုင်ထားခဲ့တယ်။ သူ့ရဲ့ဘဝပုံစံ ဘယ်လို ပြောင်းလဲသွားတယ်ဆိုတာ လေ့လာကြည့်ပါ။

“သူတို့က အမှန်တရားကို ကျွန်တော်ကိုယ်တိုင် ရှာဖွေဖို့ အားပေးခဲ့တယ်”

လူးအီစ် အလီဖွန်ဆိုဟာ မော်မန်ခရစ်ယာန်သာသနာပြုတစ်ယောက် ဖြစ်ချင်ခဲ့တယ်။ သမ္မာကျမ်းစာကို လေ့လာပြီးတဲ့နောက် သူ့ရဲ့ပန်းတိုင်တွေနဲ့ ဘဝ ဘယ်လိုပြောင်းလဲသွားသလဲ။

မူးယစ်ဆေးနဲ့ အရက်

“ကျွန်တော် လူရမ်းကား မဟုတ်တော့ဘူး”

မိုက်ကယ် ကန်ဇဲလ် အလုပ်သစ် စဆင်းတဲ့နေ့မှာ “ကမ္ဘာမှာ ဖြစ်နေတဲ့ ဆင်းရဲဒုက္ခတွေဟာ ဘုရားကြောင့်လို့ ထင်သလား” ဆိုပြီး အမေးခံရတယ်။ အဲဒါက သူ့ဘဝကို ပြောင်းလဲသွားစေခဲ့တယ်။

ကျွန်တော့်ဘဝ ထိန်းမနိုင်သိမ်းမရ ဖြစ်လာ

ဆော်လမိုနဲက ပိုကောင်းတဲ့ဘဝရဖို့ မျှော်လင့်ချက်နဲ့ အမေရိကန်ကို ပြောင်းရွှေ့သွားတယ်။ ဒါပေမဲ့ မူးယစ်ဆေးစွဲပြီး ထောင်ကျသွားတယ်။ ဘဝလမ်းမှန်ပေါ် ပြန်ရောက်လာအောင် ဘာက ကူညီပေးခဲ့သလဲ။

လမ်းပေါ်နေဘဝ ရောက်ခဲ့ရ

ကြမ်းတမ်းခြင်း၊ မူးယစ်ဆေးဝါး၊ အရက်သမားလောကမှာ အန်တိုနီယိုအတွေ့အကြုံတွေက ဘဝ ရည်ရွယ်ချက် မရှိဘူးလို့ ခံစားစေခဲ့တယ်။ ဘာက စိတ်ပြောင်းလဲသွားစေသလဲ။

အမျိုးသမီးတွေကိုရော ကိုယ့်ကိုယ်ကိုယ်ပါ လေးစားတတ်လာပြီ

ကျမ်းစာလမ်းညွှန်ချက်တချို့ကြောင့် ဂျိုးဇက် အေယန်ဘိုဂန်ဟာ သူ့ဘဝကို လုံးလုံးပြုပြင်ပြောင်းလဲနိုင်ခဲ့တယ်။

“ကျွန်တော့်ဘဝက ဘယ်ကိုဦးတည်နေသလဲဆိုတာ လေးလေးနက်နက် စဉ်းစားလာမိတယ်”

ဘုရားသခင်ရဲ့ စိတ်တော်နဲ့အညီ အသက်ရှင်နေထိုင်ဖို့ လူတစ်ယောက်ရဲ့ အကျင့်ဆိုးတွေနဲ့ စဉ်းစားတွေးခေါ်ပုံကို ကျမ်းစာမူတွေက ဘယ်လိုပြုပြင်ပြောင်းလဲပေးခဲ့သလဲဆိုတာ ဖတ်ကြည့်ပါ။

ဘဝပုံစံအသစ် ကျွန်တော်ရရှိခဲ့

ဒမီထရီ ကက်ရှနော့ဖ်ဟာ အရက်စွဲနေသူဖြစ်ပေမဲ့ ကျမ်းစာကို နေ့တိုင်း စဖတ်တယ်။ သူ့ဘဝပုံစံ လုံးဝပြောင်းလဲသွားအောင်၊ စစ်မှန်တဲ့ပျော်ရွှင်မှု ရှာတွေ့အောင် ဘာက လှုံ့ဆော်ပေးခဲ့သလဲ။

သမ္မာကျမ်းစာက ဘဝပုံစံတွေကို ပြောင်းလဲပေးနိုင်​—အောက်တိုဘာ ၂၀၁၂

အရက်၊ မူးယစ်ဆေးနဲ့ အကျင့်ဆိုးတွေ စွန့်ပစ်ခဲ့သူနှစ်ဦး ပျော်ရွှင်တဲ့သူတွေ ဘယ်လိုဖြစ်လာကြသလဲ။

“နောက်ဆုံးတော့ လွတ်လပ်မှုအစစ်အမှန်ကို ကျွန်တော် ရှာတွေ့ပါပြီ

ဆေးရွက်ကြီး၊ မူးယစ်ဆေးဝါးနဲ့အရက်ကို ဖြတ်ဖို့ သမ္မာကျမ်းစာက လူငယ်တစ်ယောက်ကို ဘယ်လိုကူညီပေးခဲ့သလဲဆိုတာ လေ့လာကြည့်ပါ။

ရာဇဝတ်မှု၊ အကြမ်းဖက်မှု

“ရာဇဝတ်မှုနဲ့ ငွေတပ်မက်စိတ်က ကျွန်တော့်ကို နာကျင်မှုများစွာ ပေးခဲ့တယ်”

အာတန် ထောင်က လွတ်လာပြီးနောက် ငွေနဲ့ပတ်သက်ပြီး ကျမ်းစာပြောတာ မှန်တယ်ဆိုတာ သိလာတယ်။

“ကျွန်တော်ဟာ ရက်စက်ကြမ်းကြုတ်သူ မဟုတ်တော့ဘူး”

ကြမ်းတမ်းခက်ထန်တဲ့ အပြုအမူတွေကို စွန့်လွှတ်ဖို့ ဘာက စဘေစတင် ကာယာရာကို လှုံ့ဆော်ပေးခဲ့သလဲ။

“ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ”

အယ်လ်ဆာဗေးဒေါနိုင်ငံက လူဆိုးဂိုဏ်းသားဟောင်း ဘာကြောင့် ပြောင်းလဲသွားသလဲ။

လူတွေအပေါ် အမြင်ပြောင်းသွားပြီ

ဆိုဘန်တူဟာ ကြမ်းတမ်းရမ်းကားတဲ့ ဘဝပုံစံကို စွန့်ပြီး ရာဇဝတ်မှုတွေ၊ လူဆိုးတွေတို့ မရှိတော့မယ့် ကမ္ဘာအကြောင်း အိမ်နီးချင်းတွေဆီ လည်ပတ်သွန်သင်ပေးနေပါပြီ။

ကျွန်တော်ဟာ ဒေါသအိုးပါ

ဂိုဏ်းသားဟောင်းတစ်ယောက်က ကျမ်းစာဟာ ပြုပြင်ပြောင်းလဲပေးနိုင်စွမ်း ရှိတယ်ဆိုတာ သူ့ဘဝအသက်တာက သက်သေပဲလို့ ယုံကြည်တယ်။ အခု သူဟာ ဘုရားသခင်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိနေပါပြီ။

ကျွန်တော် စိတ်ကြမ်းလူကြမ်းဖြစ်ခဲ့

မက္ကဆီကိုနိုင်ငံက လမ်းသရဲတစ်ယောက်ကို ​ဘဝပုံစံပြောင်းလဲအောင် ဘာကလှုံ့ဆော်ပေးခဲ့သလဲ။

တစ်နှစ်လောက်ပဲ ငြိမ်းချမ်းပျော်ရွှင်စွာ နေခွင့်ရချင်တယ်

၁ ယောဟန် ၁:၉ ပါကျမ်းစကားကြောင့် အလန် ဘရော်ဂျီရိုရဲ့စိတ် ထိမိသွားတယ်။

ဘဝမှာ အပျော်ဆုံးနေထိုင်နိုင်မယ်လို့ ထင်မှတ်ခဲ့

ပါဗယ်လ် ပီဇာရာဟာ အကြမ်းဖက်၊ မူးယစ်ဆေးသုံးရင်း တစ်ချိန်တည်းမှာ ဥပဒေဘွဲ့ရအောင်လုပ်ခဲ့သူ ဖြစ်ပါတယ်။ လူရှစ်ယောက်နဲ့ သူ ထိုးကြိတ်ခဲ့တဲ့ညတစ်ညမှာ သူ့ဘဝတစ်ဆစ်ချိုး ပြောင်းလဲသွားပါတယ်။

ကမ်းကုန်အောင် ဆိုးမိုက်ခဲ့

စတီဗင် မက်ဒေါဝဲလ်က ဆိုးသွမ်းသူတစ်ဉီးဖြစ်ပေမဲ့ လူသတ်မှုမှာ မပါဝင်ဖြစ်ခဲ့ဘူး။ အဲဒါကြောင့် သူ့ဘဝကို ပြုပြင်ပြောင်းလဲဖို့ ဆုံးဖြတ်ခဲ့တယ်။

ယေဟောဝါဘုရားဟာ ကရုဏာရှိပြီး ခွင့်လွှတ်ပေးတတ်တဲ့ဘုရားဖြစ်မှန်း ကျွန်တော်သိခဲ့

နော်မဲန် ပလက်တီယာအတွက် ကလိမ်ကကျစ်လုပ်တာဟာ မူးယစ်ဆေးလို ဖြတ်မရ ဖြစ်နေတယ်။ ဒါပေမဲ့ သူဖတ်ခဲ့တဲ့ ကျမ်းချက်တစ်ချက်ကြောင့် ဘဝကို ပြန်အဖတ်ဆယ်နိုင်ခဲ့တယ်။

မတရားမှုနဲ့ အကြမ်းဖက်မှုတွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကျွန်တော် တိုက်ဖျက်

အန်ထွမ်ဟာ ကွန်ဖူးပညာကို တတ်ကျွမ်းခဲ့ပေမဲ့ ၁ တိမောသေ ၄:၈ ကြောင့် သူ့ဘဝ ပြောင်းလဲသွားခဲ့ပါတယ်။

သေနတ်မပါဘဲ ကျွန်တော် ဘယ်မှမသွားဘူး

အနွန်းဇီရာတို လူဂါရာဟာ အကြမ်းဖက် ဒုစရိုက်ဂိုဏ်းဝင် တစ်ယောက်ပါ။ ဒါပေမဲ့ ကျမ်းစာအကြောင်း ဆွေးနွေးတဲ့ စည်းဝေးကိုတက်ပြီး သူ့ဘဝ ပြောင်းလဲသွားတယ်။

“လူအတော်များများက ကျွန်တော့်ကို မုန်းခဲ့ကြတယ်”

သမ္မာကျမ်းစာလေ့လာခြင်းကြောင့် ဆိုးသွမ်းတဲ့သူက အေးချမ်းတဲ့သူ ဘယ်လိုဖြစ်လာသလဲဆိုတာ ဖတ်ကြည့်ပါ။

အားကစား၊ တေးဂီတ၊ ဖျော်ဖြေမှု

ဂျေစန် ဝေါစ်– ယေဟောဝါရဲ့အမှုဆောင်တဲ့အခါ အနိုင်ချည်းပါပဲ၊ အရှုံးဆိုတာမရှိဘူး

ဘဝမှာ ယေဟောဝါဘုရားကို အဓိကထားရင် တည်မြဲတဲ့ပျော်ရွှင်မှု အမြဲရမယ်။

အန်ဒရေ နက်စ်မတ်ခ်ျနီ– ဘောလုံးကန်တာက ကျွန်တော်အသက်ရှင်ရတဲ့ အကြောင်းရင်းပါ

ပိုက်ဆံနဲ့အောင်မြင်ကျော်ကြားမှု ရခဲ့ပေမဲ့ အဲဒါတွေထက် ပိုတန်ဖိုးရှိတာကို သူရှာတွေ့သွားတယ်။

လိုတရသူလို့ ထင်ကြ

စတီဗင်ဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်ကျော်ကြားသူ ဖြစ်နေပေမဲ့ ဘဝက အဓိပ္ပာယ်မဲ့ပြီး တစ်ခုခု လိုနေတယ်လို့ ခံစားနေရတယ်။ ဘဝရည်ရွယ်ချက်နဲ့ ပျော်ရွှင်မှုအစစ်ကို သူ ဘယ်လို ရှာတွေ့ခဲ့သလဲ။

အကောင်းတကာ့ အကောင်းဆုံးဆု

ပရော်ဖက်ရှင်နယ် တင်းနစ်ကစားသမားတစ်ယောက်က အချိန်ပြည့်အမှုဆောင် ဘယ်လို ဖြစ်သွားသလဲ

“ကိုယ်ခံပညာကို ရူးသွပ်ခဲ့”

အာဝန် လန်ဖက်စ်က ”ဒီကမ္ဘာမှာ ငါတို့ ဘာလို့ ရှိနေကြတာလဲ” ဆိုပြီး သူငယ်ချင်းတစ်ယောက်ကို မေးဖူးတယ်။ အဖြေရပြီးနောက် သူ့ဘဝ ပြောင်းလဲသွားတယ်။

အကြိမ်ကြိမ်ၡုံးနိမ့်ပေမဲ့ နောက်ဆုံးတော့ အောင်မြင်ခဲ့

အမျိုးသားတစ်ယောက် ညစ်ညမ်းရုပ်ပုံ စွဲစွဲလမ်းလမ်းကြည့်တဲ့အကျင့်ကို ဖြတ်တောက်ပြီး စိတ်ငြိမ်သက်မှု ဘယ်လိုရခဲ့သလဲ။

“ကျွန်တော့်ရဲ့ အပြုအမူက ကြမ်းတယ်”

ဂီတလောကမှာ အီဆာဟာ အောင်မြင်မှုရနေပေမဲ့ သူ့ဘဝက အဓိပ္ပာယ်မဲ့နေတယ်ဆိုတာ သူသိထားတယ်။ ဟဲဗီးမက်တယ် အဆိုတော်တစ်ဦး စစ်မှန်တဲ့ပျော်ရွှင်မှု ဘယ်လိုရရှိခဲ့တယ်ဆိုတာ လေ့လာကြည့်ပါ။

ယေဟောဝါဘုရားကို ဝတ်ပြုကိုးကွယ်မှုကြောင့် ခွန်အားရရှိ

ကျမ်းချက်တစ်ချက်ကြောင့် ဟာလ်ကူလိစ်က ရန်လိုတတ်တဲ့ စရိုက်ကို ချွတ်ပယ်ပြီး အေးဆေးတည်ငြိမ်၊ မေတ္တာပြည့်ဝလာတာလို့ ပြောခဲ့တယ်။

ဘေ့စ်ဘောကို အရာရာထက် ကြိုက်နှစ်သက်တယ်

ဆမ်မြူရယ် ဟမ်မီတန်ဟာ ကြေးစား အားကစားကို စွဲလမ်းနှစ်သက်တယ်။ ကျမ်းစာလေ့လာပြီးနောက် သူ့ဘဝပုံစံ ပြောင်းလဲသွားတယ်။

ကမ္ဘာကြီးက သာယာလှပတဲ့ဥယျာဉ် ဖြစ်လာမယ်ဆိုတဲ့ ကတိကြောင့် ကျွန်တော့်ဘဝ ပြောင်းလဲသွား

အီဗား ဗီဂျူးလစ်ဟာ ကျော်ကြားမှု၊ ဂုဏ်အသရေ၊ စိတ်လှုပ်ရှားစရာတွေနဲ့ ပြည့်နေတဲ့ ဆိုင်ကယ်ပြိုင်ပွဲတွေမှာ ပျော်မွေ့ခဲ့တယ်။ သမ္မာကျမ်းစာအမှန်တရားက သူ့ဘဝကို ဘယ်လိုပြောင်းလဲစေခဲ့သလဲ။