မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သမ္မာကျမ်းစာက ဘဝပုံစံတွေကို ပြောင်းလဲပေးနိုင်

“ခရစ်ယာန်ဘုန်းတော်ကြီးဖြစ်ဖို့ စိတ်ကူးယဉ်ခဲ့တယ်”

“ခရစ်ယာန်ဘုန်းတော်ကြီးဖြစ်ဖို့ စိတ်ကူးယဉ်ခဲ့တယ်”
  • မွေးဖွားတဲ့နှစ်– ၁၉၅၇

  • နေရင်းနိုင်ငံ– မက္ကဆီကို

  • နောက်ခံ– ကျမ်းစာကျောင်းတက်ခဲ့သူ၊ ဒေါသကြီးသူ

အတိတ်–

ကျွန်တော့်ကို တက်စ်ကိုကိုမြို့လေးမှာ မွေးဖွားတာပါ။ အဲဒီအချိန်တုန်းက လမ်းတွေ မခင်းထားတဲ့အတွက် ဖုန်တထောင်းထောင်း ထနေတယ်။ အနီးအနားက ရွာသားတွေဟာ ရောင်းကုန်တွေ တင်ထားတဲ့ မြည်းတွေကို မြို့ထဲ ဆွဲလာနေတဲ့ မြင်ကွင်းက တွေ့မြင်နေကျပါပဲ။ ဆင်းရဲမွဲတေနေတဲ့ ကျွန်တော်တို့မိသားစုမှာ ကလေးကိုးယောက်တောင် ရှိတယ်။ ကျွန်တော်က ခုနစ်ယောက်မြောက် ကလေးပါ။ ကျွန်တော့်အဖေက ဖိနပ်ချုပ်ပြီး မိသားစုကို ရှာကျွေးခဲ့တယ်။ ဒါပေမဲ့ ကျွန်တော် ခုနစ်နှစ်သားအရွယ်မှာ အဖေဆုံးသွားတယ်။ အဲဒီအချိန်ကစပြီး အမေဟာ မိသားစုကို ပင်ပင်ပန်းပန်းနဲ့ ရှာကျွေးခဲ့ရတယ်။

အဘိုးက တယောထိုးတတ်တဲ့အတွက် ဓမ္မတေးသီချင်းကြီးတွေ တီးခတ်တဲ့ သံစုံတီးဝိုင်းမှာ နည်းပြဆရာအနေနဲ့ အလုပ်လုပ်တယ်။ ကျွန်တော့်မိသားစုဝင် အားလုံးနီးပါး တူရိယာတစ်မျိုးမျိုးကို တီးတတ်ကြတယ်။ အမေက ခရစ်ယာန်ဘုရားရှိခိုးကျောင်းက ဓမ္မတေးသံစုံအဖွဲ့မှာ သီချင်းဆိုတယ်။ ဦးလေးကတော့ အော်ပရာအဆိုတော်ဖြစ်တဲ့အပြင် စန္ဒရားဆရာလည်း ဟုတ်တယ်။ ကျွန်တော်တို့မိသားစုက ကက်သလစ်ဘာသာဝင်တွေပါ။ ကလေးဘဝတုန်းက ခရစ်ယာန်ဘုန်းတော်ကြီးရဲ့ ဝေယျာဝိစ္စတွေကို လိုက်လုပ်ပေးရတဲ့ ကျွန်တော်ဟာ ခရစ်ယာန်သာသနာပြုဖြစ်ဖို့ စိတ်ကူးယဉ်ခဲ့တယ်။ တစ်ချိန်တည်းမှာ ကရာတေးရုပ်ရှင်တွေကိုလည်း စွဲစွဲလမ်းလမ်း ကြည့်တဲ့အတွက် ကျွန်တော့်စိတ်တွေ ကြမ်းတမ်းလာတယ်။

ခရစ်ယာန်ဘုန်းတော်ကြီးဖြစ်ချင်လို့ ပွက်ဘလာမြို့မှာ ကျမ်းစာကျောင်း တက်ခဲ့တယ်။ ဒါပေမဲ့ နောက်ဆုံးနှစ်မှာ ကျွန်တော့်အသင်းတော်ကို စိတ်ပျက်သွားတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်လေးစားရတဲ့ အသင်းသားတချို့ဟာ အကျင့်ယိုယွင်းပြီး အပြောနဲ့အလုပ်မညီတာကို တွေ့လိုက်ရလို့ပါ။ နောက်ဆုံးတော့ ခရစ်ယာန်ဘုန်းတော်ကြီးဖြစ်ချင်တဲ့ ကျွန်တော့်ပန်းတိုင်ကို စွန့်လွှတ်လိုက်တယ်။

ကလေးဘဝတုန်းက ခရစ်ယာန်ဘုန်းတော်ကြီးရဲ့ ဝေယျာဝိစ္စတွေကို လိုက်လုပ်ပေးရတဲ့ ကျွန်တော်ဟာ ခရစ်ယာန်သာသနာပြုဖြစ်ဖို့ စိတ်ကူးယဉ်ခဲ့တယ်။ တစ်ချိန်တည်းမှာ ကရာတေးရုပ်ရှင်တွေကိုလည်း စွဲစွဲလမ်းလမ်း ကြည့်တဲ့အတွက် ကျွန်တော့်စိတ်တွေ ကြမ်းတမ်းလာ

ဒါနဲ့ မက္ကဆီကိုစီးတီးမြို့က အမျိုးသားဂီတသင်တန်းကျောင်းတက်ဖို့ ဆုံးဖြတ်လိုက်တယ်။ ကျောင်းပြီးသွားတော့ အိမ်ထောင်ပြုလိုက်တယ်။ မကြာခင်မှာပဲ သားသမီးလေးယောက် ရလာတယ်။ မိသားစုကို ကျွေးမွေးစောင့်ရှောက်ဖို့ မားစ်ပွဲတော်မှာ သီချင်းဆိုပြီး ဝင်ငွေရှာခဲ့တယ်။

လက်ထပ်ချိန်ကစပြီး ကျွန်တော်တို့အိမ်ထောင်ဟာ မသာယာခဲ့ပါဘူး။ ကျွန်တော်တို့ဇနီးမောင်နှံဟာ မနာလိုစိတ်တွေကြောင့် ကြမ်းတမ်းလာကြတယ်။ အစပိုင်းမှာ စကားများကြတယ်၊ နောက်ပိုင်းမှာတော့ ကိုယ်ထိလက်ရောက် လုပ်လာကြတယ်။ ဒါနဲ့ အိမ်ထောင်သက် ၁၃ နှစ်အကြာမှာ ခွဲနေဖို့ ကျွန်တော်တို့ ဆုံးဖြတ်လိုက်ပြီး နောက်တော့ ကွာရှင်းလိုက်ကြတယ်။

သမ္မာကျမ်းစာက ကျွန်တော့်ဘဝပုံစံကို ပြောင်းလဲပေးခဲ့ပုံ–

ခွဲနေဖို့ မဆုံးဖြတ်ခင် ယေဟောဝါသက်သေခရစ်ယာန်တွေနဲ့ ကျွန်တော် စတွေ့ခဲ့တယ်။ သက်သေခံနှစ်ယောက်က ကျွန်တော့်အိမ်ကို ရောက်လာပြီး ကျမ်းစာဆွေးနွေးဖို့ ကမ်းလှမ်းခဲ့တယ်။ ဘာသာရေးအကြောင်း အတော်များများကို ကျွန်တော်သိတယ်လို့ ယူဆထားတဲ့အတွက် သူတို့ရဲ့အမှားတွေကို ထောက်ပြဖို့ အကွက်ချလိုက်တယ်။ သူတို့ဖြေနိုင်မှာ မဟုတ်ဘူးလို့ထင်တဲ့ မေးခွန်းတွေ မေးခဲ့တယ်။ ဒါပေမဲ့ မေးလိုက်တဲ့ မေးခွန်းတိုင်းကို ကျမ်းစာနဲ့ အဖြေပေးသွားတာကို ကျွန်တော် အံ့သြသွားတယ်ဗျာ။ ကျွန်တော်သိထားတာတွေက ဘာမှမဟုတ်ပါလားဆိုတာကို သဘောပေါက်သွားတယ်။ ကျွန်တော့်ဇနီးကတော့ သက်သေခံတွေကို ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံတယ်။ ကျွန်တော်လည်း အလုပ်များနေတဲ့အတွက် နောက်ပိုင်း သူတို့မလာတော့ဘူး။

နောက်ငါးနှစ်အကြာမှာ အယ်ဗီယာလို့ခေါ်တဲ့ အမျိုးသမီးတစ်ယောက်နဲ့ ကျွန်တော် လက်မထပ်ဘဲ အတူနေခဲ့တယ်။ အဲဒီအချိန်မှာ ယေဟောဝါသက်သေ ခရစ်ယာန်တွေနဲ့ ပြန်ဆုံတယ်။ အယ်ဗီယာက သက်သေခံတွေကို မဆန့်ကျင်တဲ့အတွက် သူတို့နဲ့ ကျမ်းစာပုံမှန်လေ့လာဖို့ လွယ်ကူသွားတယ်။ ဒါပေမဲ့ ကျွန်တော့်ဘဝပုံစံကို ပြောင်းလဲဖို့ နှစ်ပေါင်းအတော်ကြာခဲ့တယ်။

ယေဟောဝါဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ ကိုးကွယ်ချင်တယ်ဆိုရင် ပြောင်းလဲမှုကြီးတွေ လုပ်ရမယ်ဆိုတာ ကျွန်တော် သဘောပေါက်လာတယ်။ ဦးဆုံး မားစ်ပွဲတော်မှာ သီချင်းဆိုတာတွေ ရပ်ပစ်ရတော့မယ်၊ ဆိုလိုတာက နောက်အလုပ်တစ်ခုကို ရှာရတော့မယ်။ (ဗျာဒိတ် ၁၈:၄) ဒါ့အပြင် အယ်ဗီယာနဲ့ တရားဝင်လက်ထပ်ဖို့လည်း လိုအပ်လာတယ်။

ကျွန်တော် ပြုပြင်ပြောင်းလဲခဲ့ရတဲ့ အခက်ဆုံးအရာကတော့ ထိန်းမနိုင်သိမ်းမရအောင် ဒေါသထွက်တာကို ချုပ်တည်းဖို့ပဲ။ ယေဟောဝါဘုရားသခင်က အကြမ်းဖက်မှုကို မုန်းတယ်လို့ ဖော်ပြထားတဲ့ ဆာလံ ၁၁:၅ နဲ့ ကျွန်တော့်ဆုတောင်းချက်တွေကို ဘုရားသခင်နားထောင်စေချင်တယ်ဆိုရင် ဇနီးသည်ကို ဂုဏ်တင်ရမယ်လို့ ဖော်ပြထားတဲ့ ၁ ပေတရု ၃:၇ စတဲ့ ကျမ်းချက်တွေကြောင့် ကျွန်တော် ပြောင်းလဲဖို့ အကူအညီရခဲ့တယ်။ အဲဒီကျမ်းချက်တွေကို တွေးတောဆင်ခြင်ပြီး ဘုရားသခင်ဆီ အကူအညီတောင်းတဲ့အခါ တဖြည်းဖြည်းနဲ့ ကျွန်တော့်ဒေါသကို ထိန်းချုပ်နိုင်ခဲ့တယ်။

ကျွန်တော့်ဆုတောင်းချက်တွေကို ဘုရားသခင် နားထောင်စေချင်တယ်ဆိုရင် ဇနီးသည်ကို ဂုဏ်တင်ရမယ်လို့ ကျမ်းစာကနေ သိရှိခဲ့

အကျိုးကျေးဇူးရရှိခဲ့ပုံ–

အခုတော့ ကျွန်တော့်မိသားစု ဘဝဟာ သာယာလာပါပြီ။ အရင်အိမ်ထောင်နဲ့ရတဲ့ သားတွေနဲ့ ပြေလည်ဖို့၊ လက်ရှိအိမ်ထောင်မှာ ယုံကြည်ခြင်းခိုင်ခံ့စေဖို့ ကျွန်တော် ကြိုးစားနေပါတယ်။

ကျွန်တော် ကလေးဘဝတုန်းက ခရစ်ယာန်ဘုန်းတော်ကြီးအနေနဲ့ လူတွေကို ကူညီပေးဖို့ စိတ်ကူးယဉ်ခဲ့တယ်။ အခုတော့ အဓိပ္ပာယ်ရှိတဲ့ဘဝကို ကျွန်တော် ပိုင်ဆိုင်ထားတယ်လို့ ခံစားရပါပြီ။ ဂီတဆရာအဖြစ် အလုပ်လုပ်ပြီး မိသားစုကို ရှာကျွေးနေပါတယ်။ ကျွန်တော် ပြုပြင်ပြောင်းလဲပြီး လူကောင်းတစ်ယောက် ဖြစ်လာတဲ့အထိ စိတ်ရှည်ရှည်နဲ့ စောင့်ပေးတဲ့ ယေဟောဝါဘုရားသခင်ကို ကျေးဇူးအများကြီးတင်ပါတယ်။