မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၅

ကမ္ဘာကို ဘုရားသခင် ဖန်ဆင်းရတဲ့ ရည်ရွယ်ချက်က ဘာလဲ

ကမ္ဘာကို ဘုရားသခင် ဖန်ဆင်းရတဲ့ ရည်ရွယ်ချက်က ဘာလဲ

၁။ ကမ္ဘာ​ကို ဘုရား​သခင် ဘာကြောင့် ဖန်ဆင်း​ခဲ့​သလဲ။

လူတွေ နေထိုင်​ဖို့ ဒီ​ကမ္ဘာ​ကို ဘုရား​သခင် ဖန်ဆင်း​ခဲ့တာပါ။ ပထမ​လူသား​မောင်နှံ အာဒံနဲ့ ဧဝ​ကို ကောင်းကင်မှာ နေထိုင်​ဖို့ ဖန်ဆင်း​ခဲ့တာ မဟုတ်ပါဘူး။ ကောင်းကင်မှာ ကောင်းကင်တမန်​တွေကို ဘုရား​သခင် ဖန်ဆင်း​ထားပြီး​သား ဖြစ်တယ်။ (ယောဘ ၃၈:၄၊ ၇) ဒါကြောင့် ဘုရား​သခင်​က ပထမ​လူယောက်ျား​ကို သာယာလှပ​တဲ့ ဧဒင်ဥယျာဉ်​မှာ နေရာချ​ပေးတယ်။ (ကမ္ဘာဦး ၂:၁၅-၁၇) အာဒံနဲ့ သားစဉ်​မြေးဆက်​တွေကို ဒီ​မြေကြီး​ပေါ်မှာ အဆုံးမဲ့​အသက်တာ​နဲ့ အသက်​ရှင် ပျော်မွေ့နိုင်​ခွင့် ဘုရား​သခင် ပေး​ခဲ့တယ်။​—ဆာလံ ၃၇:၂၉။ ၁၁၅:၁၆ ကိုဖတ်ပါ။

အစ​တုန်းက​တော့ ဧဒင်ဥယျာဉ်​တစ်ခု​ပဲ သာယာလှပ​ခဲ့​ပါတယ်။ ပထမ​လူသား​မောင်နှံ​က သားသမီး​တွေနဲ့ ဒီ​မြေကြီးကို ပြည့်စေ​ရမှာ ဖြစ်တယ်။ နောက်ဆုံးမှာ၊ သူတို့ဟာ ကမ္ဘာကြီး​တစ်ခုလုံး​ကို ကောင်းကောင်း​နိုင်နင်း​ပြီး သာယာလှပ​တဲ့​နေရာ​ဖြစ်အောင် တိုးချဲ့​ပြုလုပ်​ရမှာ​ဖြစ်တယ်။ (ကမ္ဘာဦး ၁:၂၈) ကမ္ဘာကြီး​က ဘယ်တော့မှ ဖျက်ဆီး​ခံရ​မှာ မဟုတ်ဘဲ လူတွေ​ရဲ့ နေအိမ် ထာဝစဉ်​ဖြစ်သွား​မှာပါ။​—ဆာလံ ၁၀၄:၅ ကိုဖတ်ပါ။

ကမ္ဘာ​ကို ဘုရား​သခင် ဘာကြောင့် ဖန်ဆင်း​ခဲ့​သလဲ ဗီဒီယိုကိုကြည့်ပါ။

၂။ အခု​ချိန်မှာ ကမ္ဘာကြီး​က ပရဒိသု​ဥယျာဉ် ဘာကြောင့် မဖြစ်​သလဲ။

အာဒံနဲ့ ဧဝ​တို့ ဘုရား​သခင်​ကို မနာခံ​တဲ့အတွက် ပရဒိသု​ဥယျာဉ်​ကြီး​က​နေ နှင်ထုတ်​ခံ​လိုက်ရ​ပါတယ်။ ဒီလိုနဲ့ ပရဒိသု​ဥယျာဉ် ပျောက်ဆုံး​သွားခဲ့​ရတယ်။ နဂို​အတိုင်း ပြန်​ဖြစ်​အောင် ဘယ်​လူသား​မှ လုပ်ပေး​နိုင်စွမ်း မရှိ​ပါဘူး။ အဲဒီအချိန်ကစပြီး မြေကြီး​ပေါ်မှာ လူဆိုး​တွေ တဖြည်းဖြည်း တိုးများလာတယ်။​—ကမ္ဘာဦး ၃:၂၃၊ ၂၄ ကိုဖတ်ပါ။

ယေဟောဝါ​ဘုရားက လူတွေ​အတွက် မူလ​ရည်ရွယ်ချက်​ကို စွန့်လွှတ်​လိုက်​ပြီ​လား။ မစွန့်လွှတ်​ပါဘူး။ ဘုရား​သခင်​ဟာ အတိုင်းအဆမဲ့ တန်ခိုးရှင်​ဖြစ်တဲ့​အတွက် မ​လုပ်နိုင်​တာ ဘာမှ​မရှိ​ပါဘူး။ (ဟေရှာယ ၄၅:၁၈) ဘုရားရဲ့ မူလ​ရည်ရွယ်ချက်​အတိုင်း ပြန်​ဖြစ်လာ​ပါလိမ့်မယ်။​—ဆာလံ ၃၇:၁၁၊ ၃၄ ကိုဖတ်ပါ။

၃။ ပရဒိသု​ဥယျာဉ် ဘယ်လို ပြန်​ဖြစ်လာ​မ​လဲ။

ကမ္ဘာကြီး​က ဘုရားသခင့် ခန့်အပ်ခံဘုရင်​ဖြစ်တဲ့ ယေရှုရဲ့​အုပ်ချုပ်ချိန်​အတွင်းမှာ ပြောင်းလဲ​သွားပါလိမ့်မယ်။ အာမဂေဒုန်​လို့ခေါ်တဲ့ စစ်ပွဲ​မှာ ယေရှု​က ကောင်းကင်တမန်​တွေကို ဦးဆောင်​ပြီး ဘုရားသခင့်​ရန်သူ​အားလုံး​ကို ဖျက်ဆီး​ပစ်​မှာ​ဖြစ်တယ်။ အဲဒီနောက် စာတန်​ကို အနှစ် ၁,၀​၀​၀ ချုပ်နှောင်​ထားပါ​လိမ့်မယ်။ ဘုရား​သခင်​ကို ဝတ်ပြု​တဲ့​သူတွေ​ဟာ ယေရှုရဲ့ ဦးဆောင်မှု​နဲ့ ကာကွယ်မှု​ကြောင့် ဖျက်ဆီးခြင်းဘေး​က​နေ ကပ်ကျော်​လွတ်မြောက်ပြီး ဒီ​ကမ္ဘာမြေ​ပေါ် ထာဝစဉ် အသက်​ရှင်​သွား​ကြပါ​လိမ့်မယ်။​—ဗျာဒိတ် ၂၀:၁-၃။ ၂၁:၃၊ ၄ ကိုဖတ်ပါ။

၄။ ဆင်းရဲဒုက္ခ​တွေ ဘယ်တော့ ပျောက်ကွယ်​သွား​မ​လဲ။

ဆင်းရဲဒုက္ခ​တွေကို ဘုရား​သခင် ဘယ်တော့ ဖယ်ရှားပစ်​မှာ​လဲ။ အဆုံး​ရောက်လာ​တော့​မယ့်​အချိန်ကို ဖော်ပြ​တဲ့ “နိမိတ်” ကို ယေရှု ပေးခဲ့ပါ​တယ်။ ကမ္ဘာ့အခြေအနေ​တွေ ဒီအတိုင်း​သာ ဆက်ရှိ​သွားမယ်​ဆိုရင် လူသားမျိုးနွယ် ပျောက်ကွယ်​သွား​နိုင်​စရာ​ရှိတယ်။ ဒီ​အခြေအနေ​တွေ​က ကျွန်တော်တို့ဟာ “လောက​စနစ် နိဂုံးပိုင်း” မှာ အသက်ရှင်နေ​ကြ​ရ​မှန်း ဖော်ပြတယ်။​—မဿဲ ၂၄:၃၊ ၇-၁၄၊ ၂၁၊ ၂၂ ကိုဖတ်ပါ။

ယေရှုဟာ ကောင်းကင်​ပေါ်ကနေ မြေကြီးကို​အုပ်ချုပ်မယ့် အနှစ် ၁,၀​၀​၀ အတွင်း ဆင်းရဲဒုက္ခ​တွေကို ဖယ်ရှားပစ်​ပါလိမ့်မယ်။ (ဟေရှာယ ၉:၆၊ ၇။ ၁၁:၉) ဘုရင်​အနေနဲ့​ရော ပုရောဟိတ်မင်း​ကြီး​အနေနဲ့​ပါ ဘုရား​သခင်​ကို ချစ်မြတ်နိုးသူ​တွေရဲ့ အပြစ်​ကို ဖယ်ရှား​ပေးပါ​မယ်။ ဒီလိုနဲ့ ဘုရား​သခင်​ဟာ ယေရှု​အားဖြင့် ဖျားနာမှု၊ အိုမင်း​ရင့်ရော်​မှုနဲ့ သေခြင်း​တို့​ကို ဖယ်ရှားပစ်​မှာ​ဖြစ်တယ်။​—ဟေရှာယ ၂၅:၈။ ၃၃:၂၄ ကိုဖတ်ပါ။

၅။ ပရဒိသု​မြေကြီး​ပေါ်မှာ ဘယ်သူ​တွေ နေထိုင်​ကြ​မ​လဲ။

ဘုရား​သခင်​ကို ချစ်တဲ့​သူတွေ၊ ဘုရားရဲ့ နှစ်သက်လက်ခံမှု​ကို ဘယ်လို​ရရှိနိုင်​တယ်ဆိုတာ သင်ယူ​ချင်တဲ့ သူတွေ​ကို ဝတ်ပြုရာ​ခန်းမ​မှာ တွေ့ရ​ပါမယ်

ဘုရားသခင့်​စကားကို နားထောင်​တဲ့​သူတွေ နေထိုင်​ကြ​မှာ ဖြစ်ပါတယ်။ (၁ ယောဟန် ၂:၁၇) စိတ်နှိမ့်ချ​တဲ့​သူတွေ​ကို ရှာဖွေ​ပြီး ဘုရား​သခင် လက်ခံ​တဲ့​သူ ဖြစ်​လာအောင် သွန်သင်​ပေးဖို့ နောက်လိုက်​တွေကို ယေရှု စေလွှတ်​ခဲ့တယ်။ ဒီနေ့ သန်းနဲ့ချီတဲ့​လူတွေ အနာဂတ်​ကမ္ဘာသစ်မှာ နေထိုင်​နိုင်​ဖို့ ဘုရား​သခင် ပြင်ဆင်ပေး​နေပါတယ်။ (ဇေဖနိ ၂:၃) လင်ယောက်ျား​နဲ့ ဖခင်ကောင်း​တွေ ဖြစ်လာ​နိုင်​ပုံ၊ ဇနီးသည်​နဲ့ မိခင်​ကောင်း​တွေ ဖြစ်လာ​နိုင်​ပုံကို ယေဟောဝါ​သက်သေ​တွေရဲ့ ဝတ်ပြုရာခန်းမ တွေမှာ လူတွေ သင်ယူ​နေကြတယ်။ သားသမီး​နဲ့ မိဘတွေ အတူတကွ ဝတ်ပြု​ပြီး ကျမ်းစာ​အသိ​ပညာက​နေ အကျိုးရရှိနိုင်​ပုံကို သင်ယူ​နေကြ​ပါတယ်။​—မိက္ခာ ၄:၁-၄ ကိုဖတ်ပါ။