မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၂

ဘုရားသခင်က ဘယ်သူလဲ

ဘုရားသခင်က ဘယ်သူလဲ

၁။ ဘုရား​သခင်​ကို ကျွန်တော်တို့ ဘာကြောင့် ကိုးကွယ်​သင့်သလဲ။

စစ်မှန်တဲ့ ဘုရား​သခင်​ဟာ အရာအားလုံး​ကို ဖန်ဆင်း​တဲ့​အရှင်​ပါ။ ဘုရား​သခင်​မှာ အစ​မရှိ​သလို အဆုံး​လည်း မရှိ​ပါဘူး။ (ဆာလံ ၉၀:၂) ကျမ်းစာမှာ​ပါတဲ့ သတင်းကောင်း​ဟာ ဘုရား​သခင်​ဆီက လာ​တာပါ။ (၁ တိမောသေ ၁:၁၁) ဘုရား​သခင်​ကြောင့် ကျွန်တော်တို့ အသက်ရှင်နေ​တဲ့အတွက် ဘုရား​သခင်​ကိုပဲ ကိုးကွယ်​သင့်ပါတယ်။​—ဗျာဒိတ် ၄:၁၁ ကိုဖတ်ပါ။

၂။ ဘုရား​သခင်​ဟာ ဘယ်လို​ပုဂ္ဂိုလ်​မျိုး​လဲ။

ဘုရား​သခင်​ကို ဘယ်သူမှ မမြင်ဖူး​ကြဘူး။ အကြောင်းကတော့ ဘုရား​သခင်​ဟာ လူတွေ​ထက် အဆင့်မြင့်​တဲ့ နာမ်ဝိညာဉ်​ပုဂ္ဂိုလ် ဖြစ်နေ​လို့​ပါပဲ။ (ယောဟန် ၁:၁၈။ ၄:၂၄) ဘုရား​သခင် ဖန်ဆင်း​ထား​သမျှ​အရာတွေ​ထဲမှာ ဘုရားရဲ့ အရည်အသွေး​တွေကို တွေ့ရတယ်။ ဥပမာ၊ မျိုးပေါင်းစုံ​လင်​လှတဲ့ သစ်သီး​ဝ​လံ​တွေ၊ ပန်း​မ​န်​တွေကို အသေအချာ လေ့လာ​ကြည့်ရင် ဘုရားသခင့်​မေတ္တာနဲ့ ဉာဏ်ပညာ​ကို တွေ့မြင်​နိုင်ပါတယ်။ ကျယ်ပြော​လှတဲ့ စကြဝဠာ​ကို ကြည့်​လိုက်ရင်​လည်း ဘုရားသခင့်​တန်ခိုးတော်​ကို တွေ့မြင်​နိုင်ပါတယ်။​—ရောမ ၁:၂၀ ကိုဖတ်ပါ။

ကျမ်းစာကို ဖတ်ရှုခြင်း​အားဖြင့် ဘုရားသခင်ရဲ့ အရည်အသွေး​တွေအကြောင်း ပို​သိလာ​နိုင်ပါတယ်။ ဥပမာ၊ ဘုရား​သခင် နှစ်သက်ရာ၊ မနှစ်သက်​ရာ၊ လူတွေ​နဲ့ ပြုမူဆက်ဆံပုံ၊ အခြေအနေကို​ကြည့်ပြီး တုံ့ပြန်​တတ်​ပုံကို ကျမ်းစာမှာ ဖော်ပြထားပါတယ်။​—ဆာလံ ၁၀၃:၇-၁၀ ကိုဖတ်ပါ။

၃။ ဘုရား​သခင်​မှာ နာမည်​ရှိ​သလား။

“ကောင်းကင်​မှာ စံမြန်းတဲ့ ကျွန်တော်တို့​ရဲ့ အဖ၊ နာမတော် သန့်ရှင်းမြင့်မြတ်​ပါစေ” ဆိုပြီး ယေရှု ပြောခဲ့တယ်။ (မဿဲ ၆:၉) ဘုရား​သခင်​မှာ ဘွဲ့​အမျိုးမျိုး ရှိပေမဲ့ နာမည်က​တော့ တစ်ခုတည်း​ပဲ ရှိ​ပါတယ်။ အဲဒီ​နာမည်ကို ဘာသာစကား​လိုက် အသံထွက်​အမျိုးမျိုးထွက်​ကြ​တယ်။ မြန်မာ​လို​ဆိုရင် “ယေဟောဝါ” လို့ အသံထွက်​ပါတယ်။​—ဆာလံ ၈၃:၁၈။ ယေရမိ ၃၃:၂ ကိုဖတ်ပါ။

ဘာသာပြန်ကျမ်း အတော်များများမှာ ဘုရားသခင့်​နာမည်ကို ဖယ်ထုတ်​ပြီး သခင်၊ ဘုရား​သခင်​ဆိုတဲ့ ဘွဲ့​တွေနဲ့ အစားထိုး​ထား​ကြ​တယ်။ ဒါပေမဲ့ မူရင်း​ကျမ်းစောင်တွေ​မှာတော့ ဘုရားသခင့်​နာမည်ကို အကြိမ်ပေါင်း ၇,၀​၀​၀ နီးပါး ဖော်ပြထားပါတယ်။ လူတွေ​ကို ဘုရား​သခင်​အကြောင်း ယေရှု သွန်သင်​တဲ့အခါ ဘုရားသခင့်​နာမည်ကို ကြားသိစေ​ခဲ့တယ်။​—ယောဟန် ၁၇:၂၆ ကိုဖတ်ပါ။

ဘုရား​သခင်​မှာ နာမည်​ရှိ​သလား ဗီဒီယိုကိုကြည့်ပါ

၄။ ကျွန်တော်တို့ကို ဘုရား​သခင် ဂရုစိုက်သလား။

မေတ္တာပြည့်ဝ​တဲ့ ဒီဖခင် လိုပဲ ဘုရား​သခင်​ဟာ ကျွန်တော်​တို့​ရဲ့ ရေရှည်​ကောင်း​ကျိုး​အတွက် လုပ်ဆောင်​ပေး​နေ

ဆင်းရဲဒုက္ခ​တွေ တိုးများလာ​တာ​က ကျွန်တော်တို့ကို ဘုရား​သခင် ဂရုမစိုက်​ဘူးဆိုတဲ့ သဘော​လား။ ဘုရား​သခင်​က ကျွန်တော်တို့ကို စမ်းသပ်ဖို့ ဆင်းရဲဒုက္ခ​တွေ ခံစေ​တယ်လို့ လူတချို့​က ဆို​ကြပေမဲ့ အဲဒါက မမှန်​ပါဘူး။​—ယာကုပ် ၁:၁၃ ကိုဖတ်ပါ။

ဘုရား​သခင်​ဟာ လူတွေ​ကို လွတ်လပ်​စွာ ရွေးချယ်​ခွင့်​ပေးထား​ခြင်းအားဖြင့် ဂုဏ်တင်​ခဲ့​ပါတယ်။ ဒါကြောင့် အဲဒီလို​ရွေးချယ်ခွင့်​ပေးထား​တဲ့ ဘုရား​သခင်​ကို ကျေးဇူးတင်​သင့်ပါတယ်။ (ယောရှု ၂၄:၁၅) ဒါပေမဲ့ လူအတော်များများ​က​တော့ မကောင်း​တာ​တွေ​လုပ်ဖို့ ရွေးချယ်​ကြတဲ့​အတွက် ဆင်းရဲဒုက္ခ​တွေ ပိုများ​လာ​ရတာ ဖြစ်တယ်။ အဲဒီလို​မတရားမှုတွေကို ဘုရား​သခင် တွေ့​တဲ့အခါ ဝမ်းနည်း​တယ်။​—ကမ္ဘာဦး ၆:၅၊ ၆ ကိုဖတ်ပါ။

ယေဟောဝါဟာ ကျွန်တော်တို့ကို ဂရုစိုက်​တဲ့ ဘုရား​သခင်​ဖြစ်ပါတယ်။ ကျွန်တော်တို့ကို ပျော်ပျော်ရွှင်ရွှင် အသက်​ရှင်​စေ​လိုတယ်။ ဒါကြောင့် မကြာခင် ဆင်းရဲဒုက္ခ​တွေနဲ့ ဆင်းရဲ​ဒုက္ခ ဖြစ်ပေါ်​စေတဲ့​သူတွေ​ကို ဖယ်ရှားပစ်​ပါ​တော့မယ်။ ဒီ​အတောအတွင်း ဆင်းရဲဒုက္ခ​တွေကို ဖြစ်ခွင့်ပြု​ထားတာ​က ဘုရား​သခင်​မှာ အကြောင်းကောင်း​တွေ ရှိလို့​ဖြစ်တယ်။ အဲဒီ​အကြောင်းကို အခန်း ၈ မှာ ရှင်းပြ​သွား​ပါမယ်။​—၂ ပေတရု ၂:၉။ ၃:၇၊ ၁၃ ကိုဖတ်ပါ။

၅။ ဘုရား​သခင်​နဲ့ ရင်းနှီး​အောင် ဘယ်လို​လုပ်​မ​လဲ။

ဘုရား​သခင်​က သူ့​ဆီ ဆုတောင်းပြီး ရင်းနှီး​အောင်လုပ်ဖို့ ကျွန်တော်တို့ကို ဖိတ်ခေါ်​ ထားတယ်။ ကျွန်တော်တို့​တစ်ယောက်ချင်း​စီ​ကို ဘုရား​သခင် စိတ်ဝင်စား​တယ်။ (ဆာလံ ၆၅:၂။ ၁၄၅:၁၈) ဘုရား​သခင်​ဟာ ခွင့်လွှတ်​ဖို့​အသင့်​ရှိတယ်။ ဘုရား​စိတ်တော်​နဲ့​ တွေ့​အောင် ကျွန်တော်တို့ ကြိုးစား​နေတာ​တွေ၊ ကြိုးစား​နေတဲ့​ကြား​က မအောင်မြင်​တာတွေကို​တောင် ဘုရား​သခင် သတိပြုမိတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ မစုံလင် သူ​တွေ ဖြစ်ပေမဲ့​လည်း ဘုရား​သခင်​နဲ့ ရင်းနှီး​အောင် လုပ်နိုင်ပါတယ်။​—ဆာလံ ၁၀၃:၁၂-၁၄။ ယာကုပ် ၄:၈ တို့ကိုဖတ်ပါ။

ဘုရား​သခင်​က ကျွန်တော်တို့ကို အသက်​ပေးထား​တဲ့အတွက် တခြား​သူတွေ​ထက် ဘုရား​သခင်​ကို ပို​ချစ်​သင့်တယ်။ (မာကု ၁၂:၃၀) ဘုရားသခင့်​အကြောင်း ထပ်​လေ့လာပြီး တောင်း​ဆို​ရာ​ကို လုပ်ဆောင်ခြင်း​အားဖြင့် ဘုရား​သခင်​ကို ချစ်ကြောင်း ဖော်ပြ​တာနဲ့​အမျှ ဘုရား​နဲ့ ပို​ရင်းနှီး​လာပါလိမ့်မယ်။​—၁ တိမောသေ ၂:၄။ ၁ ယောဟန် ၅:၃ တို့ကိုဖတ်ပါ။