မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၂၅

ဝတ်ပြုရာခန်းမတွေကို ဘာကြောင့် ဆောက်ရသလဲ။ ဘယ်လို ဆောက်ကြသလဲ

ဝတ်ပြုရာခန်းမတွေကို ဘာကြောင့် ဆောက်ရသလဲ။ ဘယ်လို ဆောက်ကြသလဲ

ဘို​လီး​ဗီး​ယား

နိုင်ဂျီးရီးယား၊ ယခင်​နဲ့ ယခု

တ​ဟီ​တီ

ကျွန်တော်တို့ရဲ့ ဝတ်ပြုရာခန်းမ​တွေကို နိုင်ငံ​တော်​ခန်းမ​လို့လည်း ခေါ်​ကြ​တယ်။ အကြောင်းကတော့ အဲဒီ​မှာ​ဆွေးနွေး​တဲ့ အဓိက​ကျမ်းစာ​သွန်သင်ချက်​က ယေရှု​ အဓိက​ထား​ဟောပြော​ခဲ့တဲ့ ဘုရား​သခင့်​နိုင်ငံ​တော်​အကြောင်း ဖြစ်လို့​ပါပဲ။—လုကာ ၈:၁

ဒေသ​အတွင်း စစ်မှန်တဲ့​ဝတ်ပြုရေး​ရဲ့ ဗဟို​အနေနဲ့ သုံး​ဖို့​ဖြစ်တယ်။ ဒီ​နေရာ​ကို​အခြေပြု​ပြီး သတင်းကောင်း​ဟောပြောခြင်း​လုပ်ငန်းကို လုပ်ဆောင်ကြ​တယ်။ (မဿဲ ၂၄:၁၄) ဝတ်ပြုရာခန်းမ​တွေ​က အရွယ်အစား​နဲ့ ပုံစံကွဲ​ပြား​ပေ​မဲ့​လည်း အလွန်​အကျွံ မွမ်းမံ​ထားတာ​မျိုး၊ မလိုအပ်​ဘဲ ကြီး​လွန်း​တာမျိုး​တွေ မရှိ​ဘူး။ ကမ္ဘာ​တစ်ဝန်း​မှာ ခန်းမ​များစွာ​ကို အသင်း​တော် တစ်ခု​ထက်မက မျှ​သုံး​ကြ​တယ်။ တိုးများလာ​တဲ့​ကြေညာသူတွေ၊ အသင်း​တော်​တွေအတွက်​ သိပ်​မကြာသေး​ခင် နှစ်တွေ​အတွင်း (ပျမ်းမျှ တစ်ရက် ငါးလုံး​နှုန်း​နဲ့) ခန်းမ​ပေါင်း သောင်း​ချီ ဆောက်လုပ်​ခဲ့တယ်။ ဒါတွေ​ကို ဘယ်လိုနည်းနဲ့ လုပ်နိုင်​ကြ​သလဲ။—မဿဲ ၁၉:၂၆

ဝတ်ပြုရာခန်းမ​ဆောက်လုပ်ရေး​အစီ​အစဉ်​အတွက်​​လှူ​တဲ့ အလှူငွေတွေနဲ့ ဆောက်လုပ်​ကြ​တယ်။ အဲဒီ​​အလှူငွေ​တွေကို ဌာနခွဲရုံး​ကို ပို့ပေး​တယ်။ ဒီ​ငွေ​တွေကို ဝတ်ပြုရာခန်းမ ဆောက်လုပ်၊ ပြုပြင်​လို​တဲ့​အသင်း​တော်​တွေ​က ရယူ​နိုင်တယ်။

နောက်ခံ​အမျိုးမျိုး​ရှိတဲ့ လုပ်ခ​မယူ​တဲ့ စေတနာ့ဝန်ထမ်း​တွေ​က ဆောက်လုပ်​ပေးကြတယ်။ နိုင်ငံ​များစွာ​မှာ နိုင်ငံ​တော်​ခန်းမ ဆောက်လုပ်ရေး​အုပ်စု​တွေကို ဖွဲ့စည်းထား​တယ်။ ဆောက်လုပ်ရေး​လုပ်သားတွေ​နဲ့ စေတနာ့ဝန်ထမ်း​တွေ ပါဝင်တဲ့ အဲဒီ​​အဖွဲ့​တွေ​က နိုင်ငံ​တော်​ခန်းမ​တွေ ဆောက်လုပ်ရေး​မှာ ဒေသခံ​အသင်း​တော်​တွေကို​ကူညီ​ဖို့ နိုင်ငံ​အတွင်း တစ်နေရာ​ပြီး​တစ်​နေရာ ပြောင်းရွှေ့​တာ ဝေးလံ​ခေါင်​ဖျား​ဒေသ​တွေ​အထိ ရောက်​ကြ​တယ်။ သတ်မှတ်ထားတဲ့ ဒေသ​အတွင်း ဝတ်ပြုရာခန်းမ​ဆောက်လုပ်ရေး​နဲ့ အကြီးစား​ပြုပြင်ရေး​ကို ကြီးကြပ်​ဖို့​အတွက်​ တချို့​ နိုင်ငံ​တွေမှာ အရည်အချင်း​ရှိတဲ့ သက်သေခံ​တွေကို ခန့်အပ်​ထားတယ်။ ဆောက်လုပ်ရေးလုပ်ငန်း​ခွင်​တိုင်းမှာ အလုပ်​ကျွမ်းကျင်​တဲ့ စေတနာ့ဝန်ထမ်း​တွေ ရှိပေမဲ့ ဒေသခံ​အသင်း​တော်​က အဓိက​လုပ်အား ဖြစ်ပါတယ်။ ဒီ​အလုပ်​​အားလုံး ဖြစ်မြောက်​နေရတာ​က ယေဟော​ဝါရဲ့ စွမ်းအား​တော်​နဲ့ ဘုရား​​လူမျိုးရဲ့ စိတ်နှလုံး​အကြွင်းမဲ့ ကြိုးစားအားထုတ်မှု​တွေကြောင့်​ဖြစ်တယ်။—ဆာလံ ၁၂၇:၁ကောလောသဲ ၃:၂၃

  • ကျွန်တော်တို့ရဲ့ ဝတ်ပြုရာခန်းမ​တွေကို နိုင်ငံ​တော်​ခန်းမ​လို့ ဘာကြောင့် ခေါ်​သလဲ။

  • ကမ္ဘာ​တစ်ဝန်း​က ဝတ်ပြုရာခန်းမ​တွေကို ဘယ်လိုနည်းနဲ့ ဆောက်လုပ်​နိုင်ကြ​တာလဲ။