မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၁၅

အကြီးအကဲတွေက အသင်းတော်ကို ဘယ်လို ထောက်ကူကြသလဲ

အကြီးအကဲတွေက အသင်းတော်ကို ဘယ်လို ထောက်ကူကြသလဲ

ဖင်လန်

သွန်သင်ခြင်း

သိုးထိန်း​လည်ပတ်ခြင်း

သက်သေခံခြင်း

ကျွန်တော်တို့ရဲ့ အဖွဲ့အစည်း​မှာ လခ​စား ခရစ်ယာန် ဓမ္မဆရာ​အတန်းအစား​ဆိုတာ မရှိ​ဘူး။ အဲဒီ​အစား ခရစ်ယာန်​အသင်း​တော် စ​တည်ထောင်​တုန်းက​လိုပဲ “အသင်း​တော်​ကို ထိန်းကျောင်း” ဖို့ အရည်အချင်း​ပြည့်မီ​တဲ့ ကြီးကြပ်မှူး​တွေကို ခန့်အပ်​ထားတယ်။ (တမန်တော် ၂၀:၂၈) ဘုရား​ရေးရာ အရည်အသွေး​ရှိတဲ့ ဒီ​အကြီးအကဲ​တွေ​က အသင်း​တော်​ကို ဦးဆောင်​ ထိန်းကျောင်း​တဲ့အခါ​ “တာဝန်​အရ​လုပ်တာမျိုး မဟုတ်​ဘဲ ဘုရား​​သခင်​​ရှေ့မှာ စိတ်ပါလက်ပါ လုပ်ဆောင်ကြ” တယ်။ “မ​သမာ​တဲ့​နည်းနဲ့ အမြတ်ထုတ်​ချင်​လို့ မဟုတ်​ဘဲ စေတနာ​စိတ်နဲ့ လုပ်ဆောင်ကြ” တယ်။ (၁ ပေတရု ၅:၁-၃) ကျွန်တော်တို့​အတွက်​ သူတို့ ဘာ​လုပ်ဆောင်​ပေး​ကြ​သလဲ။

ကျွန်တော်တို့ကို ဂရုစိုက်၊ ကာကွယ်​ပေးကြတယ်။ အကြီးအကဲ​တွေ​က ကျမ်းစာ​လမ်းညွှန်ချက်တွေ ပေးကြတယ်။ ယေဟော​ဝါ​ဘုရား​​နဲ့ ဆက်​နီးကပ်​နေ​အောင် ကူညီ​​ပေးကြတယ်။ ဒီအရေးကြီးတဲ့​တာဝန်ကို ဘုရား​​သခင်​ အပ်နှင်း​ထားကြောင်း သိထားကြ​တဲ့အတွက်​ ဘုရား​​လူမျိုး​ကို စိုးမိုး​ခြယ်လှယ်​တာမျိုး မလုပ်​ဘဲ ကျွန်တော်တို့ရဲ့ ကောင်းကျိုး​နဲ့ ပျော်ရွှင်မှု​ကို တိုးများ​စေ​ကြ​တယ်။ (၂ ကောရိန္သု ၁:၂၄) သိုးထိန်း​တစ်​ဦး​က သိုး​တစ်ကောင်​ချင်း​စီ​ကို ကြိုးစား ဂရုစိုက်သလို အကြီးအကဲတွေကလည်း အသင်းသားတစ်ယောက်စီကို သိအောင် ကြိုးစားကြတယ်။—ပညာ. ၂၇:၂၃

ဘုရား​သခင့်​အလိုတော် ဆောင်​နိုင်​ပုံကို သင်ပေး​ကြ​တယ်။ အကြီးအကဲ​တွေ​က ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်း​ကို ခိုင်ခံ့​စေဖို့ ပတ်စဉ် ပတ်​တိုင်း အသင်း​တော် အစည်းအဝေး​တွေကို ဦးဆောင် ကျင်းပ​ပေးကြတယ်။ (တမန်တော် ၁၅:၃၂) ကိုယ့်ကိုယ်ကိုယ် ပေးဆက်​ထားတဲ့ ဒီ​အကြီးအကဲ​တွေ​က ဟောပြောခြင်း​လုပ်ငန်း​မှာလည်း ဦးဆောင်​ပေးကြတယ်။ အမှု​ဆောင်လုပ်ငန်း အမျိုးမျိုး​မှာ ကျွန်တော်တို့​နဲ့အတူ လုပ်ဆောင်​ပြီး လေ့ကျင့်ပေး​ကြ​တယ်။

ကျွန်တော်တို့​တစ်ယောက်စီ​ကို အားပေး​တယ်။ ဒေသခံ အကြီးအကဲ​တွေ​က ကျွန်တော်တို့​တစ်ဦးစီ​ကို ယေဟော​ဝါနဲ့ ဆက်ဆံရေး ကောင်း​နေ​အောင် ကူညီ​ပေးဖို့ အိမ်​ကို လာ​ပြီး​ပဲဖြစ်ဖြစ်၊ ဝတ်ပြုရာ ခန်းမ​မှာပဲ​ဖြစ်ဖြစ် ကျွန်တော်တို့​နဲ့ စကား​ပြော​ဆို​ကြ​တယ်။ ကျမ်းစာနဲ့ နှစ်သိမ့်ပေး​ကြ​တယ်။ —ယာကုပ် ၅:၁၄၊ ၁၅

ကမ္ဘာ​တစ်ဝန်း​မှာ အကြီးအကဲ​အများစု​မှာ အသင်း​တော်​တာဝန်တွေ​အပြင် လောကအလုပ်​တွေ၊ အချိန်​​နဲ့ အာရုံစိုက်မှု လိုအပ်​တဲ့ မိသား​စု​တာဝန်တွေ​လည်း ရှိ​ကြ​တယ်။ အလုပ်ကြိုးစား​တဲ့ ဒီ​ညီအစ်ကို​တွေဟာ ကျွန်တော်တို့ရဲ့ လေးစား​မှုကို ရထိုက်​ပါတယ်။—၁ သက်သာလောနိတ် ၅:၁၂၊ ၁၃

  • အသင်း​တော်​အကြီးအကဲ​တွေရဲ့ တာဝန်​ဟာ ဘာလဲ။

  • အကြီးအကဲ​တွေ​က ကျွန်တော်တို့​တစ်ဦးစီ​ရဲ့ လိုအပ်ရာ​ကို ဂရုစိုက်​ကြောင်း ဘယ်လိုနည်းတွေနဲ့ ပြ​ကြ​သလဲ။