မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၅

ကျွန်တော်တို့ရဲ့ အစည်းအဝေးတွေကနေ ဘာအကျိုးရရှိမလဲ

ကျွန်တော်တို့ရဲ့ အစည်းအဝေးတွေကနေ ဘာအကျိုးရရှိမလဲ

အာဂျင်တီးနား

ဆီရာလီယွန်

ဘယ်လ်ဂျီယံ

မလေးရှား

ယနေ့ လူများစွာဟာ ဝတ်ပြုမှုတွေမှာ မပါဝင်ကြတော့ဘူး။ အဲဒီဝတ်ပြုမှုတွေဟာ ဘဝအသက်တာနဲ့ဆိုင်တဲ့ အရေးအကြီးဆုံးမေးခွန်းတွေကို မဖြေပေးနိုင်သလို စိတ်သက်သာမှုလည်း မပေးနိုင်လို့ပဲ။ ဒါဆိုရင် ယေဟောဝါသက်သေတွေရဲ့ အစည်းအဝေးတွေကိုကော ဘာလို့ တက်ရောက်သင့်သလဲ။ အဲဒီမှာ ဘာတွေကို တွေ့ရမလဲ။

မေတ္တာပြည့်ဝပြီး ကြင်နာတတ်တဲ့သူတွေအလယ်မှာ ခံစားရတဲ့ ရွှင်လန်းမှု။ ပထမရာစုမှာ ခရစ်ယာန်တွေဟာ အသင်းတော်တွေအနေနဲ့ ဖွဲ့စည်းပြီး ဘုရားသခင်ကို ဝတ်ပြုဖို့၊ သမ္မာကျမ်းစာကို လေ့လာဖို့နဲ့ တစ်ဦးကိုတစ်ဦးအားပေးဖို့ တွေ့ဆုံစည်းဝေးခဲ့ကြတယ်။ (ဟီဘရူး ၁၀:၂၄၊ ၂၅) မေတ္တာလွှမ်းခြုံတဲ့အခြေအနေမှာ အဲဒီလို အတူစုဝေးတဲ့အခါ ခရစ်ယာန်ညီအစ်ကို၊ ညီအစ်မတွေဖြစ်တဲ့ စစ်မှန်တဲ့မိတ်ဆွေတွေကြား ရောက်နေတယ်လို့ သူတို့ ခံစားခဲ့ကြတယ်။ (၂ သက်သာလောနိတ် ၁:၃။ ၃ ယောဟန် ၁၄) ကျွန်တော်တို့ဟာ ပထမရာစုက ခရစ်ယာန်တွေ လုပ်ခဲ့တဲ့ပုံစံကို တုပနေကြပြီး သူတို့ခံစားရတဲ့ ရွှင်လန်းမှုမျိုး ခံစားနေရပါတယ်။

ကျမ်းစာမူတွေကို ဘယ်လိုကျင့်သုံးရမလဲဆိုတာ သင်ယူခြင်းမှရတဲ့ အကျိုးကျေးဇူး။ ကျမ်းစာမှာ ဖော်ပြထားသလိုပါပဲ၊ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးတွေအားလုံး အတူတကွ စုဝေးကြတယ်။ အရည်အချင်းပြည့်ဝတဲ့ သွန်သင်သူတွေက ကျမ်းစာမူတွေကို နေ့စဉ်ဘဝအသက်တာမှာ ဘယ်လိုကျင့်သုံးနိုင်မလဲဆိုတာကို သိမြင်အောင် ကျမ်းစာသုံးပြီး ကူညီပေးကြတယ်။ (တရားဟောရာ ၃၁:၁၂။ နေဟမိ ၈:၈) ပရိသတ်ပါဝင်ရတဲ့ဆွေးနွေးခန်းမှာနဲ့ သီချင်းဆိုတဲ့အခါမှာ အားလုံးပါဝင်နိုင်ပြီး ကိုယ့်ရဲ့ ခရစ်ယာန်ယုံကြည်ချက်ကို ဖော်ပြခွင့် ရရှိကြတယ်။—ဟီဘရူး ၁၀:၂၃

ဘုရားသခင်အပေါ် ကျွန်တော်တို့ရဲ့ယုံကြည်ခြင်း ပိုခိုင်ခံ့လာတဲ့ အကျိုးကျေးဇူး။ တမန်တော်ပေါလုက သူ့ခေတ်ကအသင်းတော်တစ်ခုကို ခုလိုပြောခဲ့တယ်– “ခင်ဗျားတို့ကို သိပ်တွေ့ချင်တယ်။ . . . ခင်ဗျားတို့ရော ကျွန်တော်ပါ ကိုယ့်ရဲ့ ယုံကြည်ခြင်းအားဖြင့် အပြန်အလှန် အားပေးခွင့်ရချင်လို့ပါ။” (ရောမ ၁:၁၁၊ ၁၂) အစည်းအဝေးတွေမှာ ယုံကြည်သူချင်းတွေနဲ့ ပုံမှန်တွေ့ဆုံခြင်းက ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်းကို ခိုင်ခံ့စေပြီး ကျမ်းစာမူအတိုင်း အသက်ရှင်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ပိုခိုင်မာလာစေတယ်။

ကျွန်တော်တို့ရဲ့ အစည်းအဝေးကို လာတက်ကြည့်ပါ၊ အထက်ဖော်ပြပါ အချက်တွေကို ကိုယ်တိုင် ခံစားကြည့်ပါ။ သင့်ကို လှိုက်လှဲစွာ ကြိုဆိုပါတယ်။ အစည်းအဝေးအားလုံးက အခမဲ့ဖြစ်တယ်။ အလှူငွေ ကောက်ခံတာမျိုး မရှိပါဘူး။

  • ကျွန်တော်တို့ရဲ့ အစည်းအဝေးတွေက ဘယ်ပုံစံကို အတုယူထားတာလဲ။

  • အစည်းအဝေးတွေကို တက်ရောက်ခြင်းကနေ ဘယ်လိုအကျိုးခံစားရနိုင်မလဲ။