မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၂၆

ဝတ်ပြုရာခန်းမကို ထိန်းသိမ်းစောင့်ရှောက်တဲ့နေရာမှာ ကျွန်တော်တို့ ဘယ်လို ကူညီနိုင်သလဲ

ဝတ်ပြုရာခန်းမကို ထိန်းသိမ်းစောင့်ရှောက်တဲ့နေရာမှာ ကျွန်တော်တို့ ဘယ်လို ကူညီနိုင်သလဲ

အက်​စ​တိုး​နီး​ယား

ဇ​င်​ဘာ​ဘွေ

မွန်​ဂိုး​လီး​ယား

ပွာ​တို​ရီ​ကို

ယေဟော​ဝါ​သက်သေ​တွေရဲ့ ဝတ်ပြုရာခန်းမ​တိုင်း ဘုရား​သခင်​ရဲ့ သန့်ရှင်းမြင့်မြတ်​တဲ့ နာမည်​ကို ခံယူ​ထားတယ်။ ဒါကြောင့် ခန်းမ​ သန့်ရှင်းပြီး ကြည့်ကောင်းနေအောင် ထားဖို့၊ ကောင်းကောင်း ထိန်းသိမ်းဖို့ ကူညီရတာကို အခွင့်ထူးအဖြစ် ရှုမြင်ပြီး မြင့်မြတ်တဲ့ဝတ်ပြုရေးရဲ့ အရေးကြီးကဏ္ဍ​တစ်ခု​အဖြစ်​ သဘောထားကြ​တယ်။ ဒီ​လုပ်ဆောင်မှု​တွေမှာ အားလုံး ပါဝင်ကူညီ​​ပေး​နိုင်ပါတယ်။

အစည်းအဝေး​​ပြီးတဲ့နောက် သန့်ရှင်းရေး​လုပ်ဖို့ ပါဝင်​လုပ်အားပေး​ပါ။ အစည်းအဝေး​​ပြီး​တိုင်း ညီအစ်ကို၊ ညီအစ်မ​တွေ​က ခန်းမ သပ်သပ်ရပ်ရပ် ဖြစ်အောင် လိုအပ်​သလို သန့်ရှင်းရေး ပြန်​လုပ်ကြတယ်။ ပို​အသေးစိတ်​ကျတဲ့ သန့်ရှင်းရေး​ကိုလည်း ပုံမှန်​လုပ်ကြတယ်။ လုပ်ဆောင်မှု​တွေကို အကြီးအကဲ​တစ်​ဦး ဒါမှမဟုတ်​ အသင်း​တော်​အမှု​ထမ်း​တစ်​ဦး​က ဦးဆောင်​ပေး​ပြီး ပုံမှန်အားဖြင့် သတ်မှတ်ထားတဲ့​ဇယား​အတိုင်း လုပ်ဆောင်ကြ​တယ်။ ညီအစ်ကို/မ​တွေ​က လိုအပ်မှု​အပေါ် မူတည်ပြီး တံမြက်စည်း​လှည်း၊ ကြမ်းတိုက်၊ ဖုန်​သုတ်၊ ခုံစီ၊ အိမ်သာ သန့်ရှင်းရေး၊ ပြတင်းပေါက်​နဲ့ မှန်​သုတ်၊ အမှိုက်​သွန်၊ ခန်းမအပြင်ဘက် သန့်ရှင်းရေး၊ ခြံဝင်း​သန့်ရှင်းရေး​တွေမှာ ပါဝင်​လုပ်အားပေး​ကြ​တယ်။ အနည်းဆုံး တစ်နှစ် တစ်ခါ ခန်းမ​တစ်ခုလုံး​ကို အသေးစိတ်​သန့်ရှင်းရေး လုပ်ကြတယ်။ ဝတ်ပြု​တဲ့​နေရာ​ကို လေးစား​ဖို့ ကလေးငယ်​တွေကို သင်ပေး​တဲ့​အနေနဲ့ တချို့​​အလုပ်တွေ​မှာ သူတို့ကို ပါဝင်ကူညီ​​စေ​ကြ​တယ်။—ဒေသနာ ၅:၁

လိုအပ်​တဲ့​ပြုပြင်မှု​တွေ လုပ်တဲ့အခါ​ ပါဝင်​လုပ်အားပေး​ကြ​တယ်။ ဝတ်ပြုရာခန်းမ​ရဲ့ အတွင်းအပြင်​ကို နှစ်စဉ် သေသေချာ​ချာ စစ်ဆေး​ကြ​တယ်။ တွေ့ ရှိ​လာ​ရာတွေ​ပေါ် မူတည်ပြီး ပုံမှန် ပြုပြင်​ထိန်းသိမ်းရေး​တွေ လုပ်တဲ့အတွက် ခန်းမအခြေအနေဟာ ကောင်းနေပြီး မလိုအပ်တဲ့ ကုန်ကျစရိတ်တွေကို လျော့ချနိုင်တယ်။ (၂ ရာ. ၂၄:၁၃။ ၃၄:၁၀) ဘုရားသခင်ကို ဝတ်ပြုတဲ့နေရာဟာ သန့်ရှင်းနေပြီး ကောင်းကောင်း ပြု ပြင်ထိန်းသိမ်းထားတဲ့နေရာ ဖြစ်သင့်ပါတယ်။ ဒီလုပ်ဆောင်မှုတွေမှာ ပါဝင်ခြင်းအားဖြင့် ကျွန်တော်တို့​ဟာ ယေဟော​ဝါ​ဘုရား​​ကို ချစ်ကြောင်း၊ ဝတ်ပြု​တဲ့​နေရာ​ကို လေးစား​ကြောင်း ပြ​ကြ​တယ်။ (ဆာလံ ၁၂၂:၁) ဒီလို​လုပ်ဆောင်ခြင်း​က ရပ်ကွက်​မှာ ဘုရား​သခင့်​နာမည်​ကို ချီးမွမ်း​စရာ ဖြစ်စေတယ်။​—၂ ကောရိန္သု ၆:၃

  • ဝတ်ပြုရာ​နေရာတွေ​ကို ကျွန်တော်တို့ ဘာကြောင့် ဂရုစိုက်​ကြ​သလဲ။

  • ဝတ်ပြုရာခန်းမ​ကို သန့်ရှင်း​နေ​စေဖို့ ဘာ​အစီ​အစဉ်​တွေ ရှိ​သလဲ။