မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အမှားအမှန်နဲ့ပတ်သက်တဲ့ ကျမ်းစာစံနှုန်းတွေ အခုချိန်ထိ အရေးပါနေဆဲလား

အမှားအမှန်နဲ့ပတ်သက်တဲ့ ကျမ်းစာစံနှုန်းတွေ အခုချိန်ထိ အရေးပါနေဆဲလား

 အိမ်ထောင်ရေး၊ လိင်အကျင့်နဲ့ဆိုင်တဲ့ ကျမ်းစာစံနှုန်းတွေ ခေတ်နောက်ကျသွားပြီလို့ ခရစ်ယာန်တချို့ကတောင် ပြောကြတယ်။ ခရစ်ယာန် ဘာသာရေးဆရာ တချို့လည်း ကိုယ်ကျင့်တရားဆိုင်ရာ အမှားအမှန်စံနှုန်းကို ခေတ်နဲ့အညီ ဟောပြောသွန်သင်ပေးနေကြတယ်။ အမှားအမှန်နဲ့ပတ်သက်တဲ့ ကျမ်းစာစံနှုန်းတွေ အခုချိန်ထိ အရေးပါနေဆဲလား။ အရေးပါမှန်း ဒီဆောင်းပါးမှာ ရှင်းပြထားပါတယ်။

အမှားအမှန်နဲ့ဆိုင်တဲ့ ဘုရားသခင့်စံနှုန်းတွေ လိုအပ်

 ဖန်ဆင်းရှင်ရဲ့ လမ်းညွှန်မှုကို မျှော်ကိုးဖို့ လူတွေကို ဖန်ဆင်းထားတာ ဖြစ်တယ်။ ‘လူဟာ ကိုယ့်ခြေလှမ်းကို လမ်းညွှန်ပိုင်ခွင့် မရှိဘူး’ လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (ယေရမိ ၁၀:၂၃) ယေဟောဝါ a ဘုရားက လူတွေကို ဆုံးဖြတ်နိုင်စွမ်း ပေးထားပေမဲ့ ဘယ်ဟာ မှားတယ်၊ မှန်တယ်ဆိုတာ သတ်မှတ်ပိုင်ခွင့်၊ သတ်မှတ်နိုင်စွမ်း မပေးထားဘူး။ ဒါကြောင့် ဘုရားသခင်က မိမိကို အားကိုးစေချင်တယ်။—ပညာအလိမ္မာ ၃:၅

 ဘုရားသခင် ချမှတ်ထားတဲ့ ကိုယ်ကျင့်တရား စံနှုန်းတွေကို ကျမ်းစာမှာ ဖော်ပြထားတယ်။ အဲဒီစံနှုန်းတွေ ဘယ်လောက်တောင် အကျိုးရှိသလဲဆိုတာ သိရှိဖို့ အကြောင်းရင်းနှစ်ခုကို သုံးသပ်ကြည့်ပါ။

  •   ဘုရားသခင်က ကျွန်တော်တို့ကို ဖန်ဆင်းတယ်။ (ဆာလံ ၁၀၀:၃) ဖန်ဆင်းရှင် ယေဟောဝါဘုရားက ကျွန်တော်တို့ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာပျော်ရွှင်အောင် ဘာလိုအပ်သလဲဆိုတာ ကောင်းကောင်း သိတယ်။ ဘုရား ချမှတ်ထားတဲ့ ကိုယ်ကျင့်တရား စံနှုန်းတွေကို မလိုက်နာရင် ဘာဆိုးကျိုးတွေ ခံစားရမလဲဆိုတာလည်း သိတယ်။ (ဂလာတိ ၆:၇) ဒါ့အပြင် ကျွန်တော်တို့ကို အကောင်းဆုံးဘဝ ပိုင်ဆိုင်စေချင်တယ်။ ဒါကြောင့် ယေဟောဝါဘုရားက “မင်းတို့ကောင်းကျိုးအတွက် သွန်သင်ပေးတဲ့အရှင်၊ မင်းတို့ လျှောက်သင့်တဲ့ လမ်းအတိုင်း လမ်းညွှန်ပေးတဲ့ အရှင်” ဖြစ်တယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။—ဟေရှာယ ၄၈:၁၇

  •   ကျွန်တော်တို့ရဲ့ စိတ်ဆန္ဒက လမ်းမှား ရောက်စေနိုင်တယ်။ ကိုယ့်ရဲ့ စိတ်အလိုအတိုင်း အမှားအမှန်ကို သတ်မှတ်နိုင်တယ်လို့ လူတွေ ခံယူထားကြတယ်။ ဒါပေမဲ့ “စိတ်နှလုံးဟာ အရာအားလုံးထက် စဉ်းလဲတယ်။ ထင်ရာစိုင်းတတ်တယ်” လို့ ကျမ်းစာ ဆိုတယ်။ (ယေရမိ ၁၇:၉) ဘုရားသခင့်ရဲ့ ဉာဏ်ပညာကို မခံယူဘူးဆိုရင် နောက်မှ နောင်တရစေမယ့် အပြုအမူတွေကို လုပ်မိသွားနိုင်တယ်။—ပညာအလိမ္မာ ၂၈:၂၆။ ဒေသနာ ၁၀:၂

အမှားအမှန်နဲ့ဆိုင်တဲ့ ကျမ်းစာအဆိုကို ဘာသာရေး ဆရာတွေ လျစ်လျူရှုသင့်သလား

 လျစ်လျူမရှုသင့်ဘူး။ ဘုရားသခင်နဲ့ပတ်သက်တဲ့ အမှန်တရားအကြောင်း၊ ဘုရားသခင် လက်ခံတဲ့၊ လက်မခံတဲ့ အမူအကျင့်တွေအကြောင်း ကျမ်းစာမှာ ပါတယ်။ (၁ ကောရိန္သု ၆:၉-၁၁။ ဂလာတိ ၅:၁၉-၂၃) ဘုရားသခင်က လူတွေကို အဲဒီအကြောင်းတွေ သိစေချင်တယ်။ (၁ တိမောသေ ၂:၃၊ ၄) ဒါကြောင့် ခရစ်ယာန် အမှုဆောင်တွေက ကျမ်းစာအဆိုအမိန့်တွေကို သင်ပေးရမယ်။—တိတု ၁:၇-၉

 လူတွေက ကျမ်းစာမှာ ပါတဲ့ ကိုယ်ကျင့်တရား စံနှုန်းတွေကို မသိချင်တော့ဘဲ “ကိုယ် ကြားချင်တာကို ဟောပြောမယ့်” ဘာသာရေး ဆရာတွေကိုပဲ လိုက်ရှာကြတယ်။ (၂ တိမောသေ ၄:၃) ဒါပေမဲ့ ကျမ်းစာမှာ ပြင်းထန်တဲ့ ဒီသတိပေးချက်ကို ဖော်ပြထားတယ်- ‘အကောင်းကို အဆိုး၊ အဆိုးကို အကောင်းလို့ ပြောတဲ့သူတွေ အဖြစ်ဆိုး ကြုံရလိမ့်မယ်။’ (ဟေရှာယ ၅:၂၀) အမှားအမှန်နဲ့ပတ်သက်ပြီး ဘုရားသခင်ရဲ့ မိန့်ဆိုချက်ကို အတိအကျ မသင်ပေးတဲ့ ဘာသာရေး ဆရာတွေကို တစ်နေ့ကျရင် ဘုရားသခင် အရေးယူလိမ့်မယ်။

ကျမ်းစာမှာ ပါတဲ့ ကိုယ်ကျင့်တရား စံနှုန်းတွေကို ဘေးဖယ်ထားလို့ ရသလား

 မရပါဘူး။ ဘုရားသခင့်ရဲ့ စိတ်တော်နဲ့ တွေ့ချင်သူတွေဟာ ယေရှုခရစ်ရဲ့ သွန်သင်ချက်အတိုင်း အသက်ရှင်နေထိုင်ကြတယ်။ တခြားသူတွေကို ပြစ်တင်ဝေဖန်တာမျိုး မလုပ်ဘဲ အားလုံးကို ချစ်ခင်လေးစားဖို့ ယေရှု သင်ပေးခဲ့တယ်။—မဿဲ ၅:၄၃၊ ၄၄။ ၇:၁

 ဘုရားသခင် ချမှတ်ထားတဲ့ ကိုယ်ကျင့်တရား စံနှုန်းတွေနဲ့အညီ အသက်ရှင်နေထိုင်ဖို့ နောက်လိုက်တွေကို ယေရှု သင်ပေးခဲ့တယ်။ ဒါပေမဲ့ အဲဒီစံနှုန်းတွေကို လက်မခံသူတွေ ရှိနိုင်တယ်ဆိုတာကိုတော့ သိထားရမယ်။ (မဿဲ ၁၀:၁၄) တခြားသူတွေ ဘုရားသခင့် စံနှုန်းတွေအတိုင်း နေထိုင်အောင် နိုင်ငံရေး ဒါမှမဟုတ် တခြားနည်းလမ်းတွေကို သုံးပြီး အတင်းအကျပ် မလုပ်ဖို့ နောက်လိုက်တွေကို ယေရှု မိန့်မှာခဲ့တယ်။—ယောဟန် ၁၇:၁၄၊ ၁၆။ ၁၈:၃၆

ကျမ်းစာစံနှုန်းတွေနဲ့အညီ အသက်ရှင်နေထိုင်ရင် ဘာအကျိုးကျေးဇူးတွေ ရရှိမလဲ

 အမှားအမှန်နဲ့ပတ်သက်တဲ့ ဘုရားသခင့် စံနှုန်းတွေနဲ့အညီ ကြိုးစားအသက်ရှင်နေထိုင်သူတွေဟာ အခုရော၊ နောင်ရော အကျိုးကျေးဇူး ခံစားရပါလိမ့်မယ်။ (ဆာလံ ၁၉:၈၊ ၁၁) အဲဒီအကျိုးကျေးဇူးတွေကတော့-

a ယေဟောဝါဆိုတာ ကျမ်းစာမှာ ဖော်ပြထားတဲ့ ဘုရားသခင့်ရဲ့ နာမည် ဖြစ်တယ်။—ဆာလံ ၈၃:၁၈