မာတိကာဆီ ကျော်သွား

ယေဟောဝါသက်သေတွေက ပရိုတက်စတင့်တွေလား

ယေဟောဝါသက်သေတွေက ပရိုတက်စတင့်တွေလား

 မဟုတ်ပါဘူး။ ယေဟောဝါသက်သေတွေက ခရစ်ယာန်တွေဖြစ်ပေမဲ့ ပရိုတက်စတင့်တွေတော့ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲ။

 ပရိုတက်စတင့်ဆိုတာ “ရိုမန်ကက်သလစ် အယူဝါဒကို ဆန့်ကျင်တဲ့ ဘာသာရေးအဖွဲ့” လို့ အဘိဓာန်တစ်ခုက အဓိပ္ပာယ်ဖွင့်ဆိုတယ်။ ယေဟောဝါသက်သေတွေက ကက်သလစ်အယူဝါဒတွေကို လက်မခံကြတဲ့အပြင် ကိုယ့်ကိုယ်ကိုယ် ပရိုတက်စတင့်တွေလို့လည်း မယူမှတ်ကြဘူး။ အောက်ပါအကြောင်းရင်းတွေကြောင့် ဖြစ်ပါတယ်–

  1.  ၁။ ပရိုတက်စတင့်တွေရဲ့ ယုံကြည်ချက်များစွာဟာ ကျမ်းစာ အမှန်တကယ် သွန်သင်ရာတွေနဲ့ မကိုက်ညီဘူး။ ဥပမာ၊ ကျမ်းစာမှာ ဘုရားသခင်က သုံးပါးပေါင်းတစ်ဆူဖြစ်တယ်လို့ မသွန်သင်ဘဲ “ဘုရားသခင်တစ်ဆူတည်း ရှိတော်မူ၏” လို့ သွန်သင်ထားပါတယ်။ (၁ တိမောသေ ၂:၅; ယောဟန် ၁၄:၂၈) ဒါ့အပြင် ဘုရားသခင်က လူဆိုးတွေကို မီးငရဲမှာ အပြစ်ပေးမှာမဟုတ်ဘဲ ထာဝရဖျက်ဆီးမှာဖြစ်တယ်လို့လည်း ရှင်းရှင်းလင်းလင်း သွန်သင်ထားပါတယ်။—ဆာလံ ၃၇:၉; ၂ သက်သာလောနိတ် ၁:၉

  2.  ၂။ ယေဟောဝါသက်သေတွေက ကက်သလစ်အပါအဝင် တခြားဘယ်ဘာသာကိုမှ မဆန့်ကျင်သလို ပြုပြင်ပြောင်းလဲပေးဖို့လည်း မကြိုးစားပါဘူး။ ကျွန်ုပ်တို့ဟာ ဘုရားသခင့်နိုင်ငံတော်နဲ့ဆိုင်တဲ့ သတင်းကောင်းကို လိုက်ဟောပြောကြတယ်။ အဲဒီသတင်းကောင်းကို လူတွေ ယုံကြည်လာဖို့ ကူညီပေးနေကြပါတယ်။ (မဿဲ ၂၄:၁၄; ၂၈:၁၉၊ ၂၀) ဘာသာရေးအဖွဲ့တွေကို ပြုပြင်ပြောင်းလဲပေးဖို့ ကျွန်ုပ်တို့ စိတ်မဝင်စားပါဘူး။ စိတ်ရင်းမှန်နဲ့ သိချင်သူတွေကို ဘုရားသခင်အကြောင်းနဲ့ ကိုယ်တော်ရဲ့ တရားစကားတော်ဖြစ်တဲ့ သမ္မာကျမ်းစာအကြောင်း အမှန်တရားတွေကို ကျွန်ုပ်တို့ သွန်သင်ပေးနေကြပါတယ်။—ကောလောသဲ ၁:၉၊ ၁၀; ၂ တိမောသေ ၂:၂၄၊ ၂၅